Saturday, September 17, 2011

နိုင်ငံတော်သမ္မတရုံး၏ ထောက်ခံမပါရှိသော ဝန်ကြီး ဦးစိုးသိန်း၏ ကြေညာချက်အပြည့်အစုံ

by The Voice Weekly on Saturday, September 17, 2011 at 11:28pm
 


နေပြည်တော်တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတရုံး၏ ထောက်ခံမှုရှိသော ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံမှာ အောက်ပါတိုင်း ဖြစ်သည်။


“ စက်မှုနိုင်ငံ တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုက နိုင်ငံတော်ကြီး ခေတ်မီဖို့ ဒေသတွင်း နိုင်ငံတွေအကြားမှာ နောက်ကျ မကျန်ဖို့ လူတစ်ဦးချင်းဝင်ငွေ တိုးတက်စေဖို့ ဆင်းရဲမှု လျှော့ချစေဖို့ ကျေးလက်မြို့ပြနေ ပြည်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ဖို့တွေပါပဲ။

ပြည်သူတွေရဲ့ကောင်းရာကောင်းကျိုး ဆောင်ရွက်ဖို့အတွက် ပြည်သူတွေက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊ နိုင်ငံတော်သမ္မတကြီးက တာဝန်ပေးထားတဲ့ အစိုးရ အဖွဲ့ဝင်တွေ ပြည်နယ်/ တိုင်း အစိုးရ အဖွဲ့ဝင်တွေ၊ ၎င်းတို့ အပါအဝင် လူတန်းစား အလွှာအသီးသီးက စုပေါင်းညီညွတ်စွာ ဆောင်ရွက်ပေးနေခြင်းလို့ မှတ်ယူပါတယ်။ ဒါကြောင့် လျှပ်စစ်တွေ ရမယ်၊ ဝင်ငွေရမယ်၊ ကောင်းတဲ့ကိစ္စပါပဲ။ တစ်ဖက်ကလည်း တန်ဖိုးထားတဲ့ သဘာဝ ပတ်ဝန်းကျင်ကိစ္စ၊ အမိ ဧရာဝတီ မြစ်ကြီး တစ်လျှောက် မြစ်ဖျားခံရာကနေ ပင်လယ်ဝအထိ ဒေသများကို ပျက်စီးသွားမယ့် အရေး စိုးရိမ်ပူပန်ကြတဲ့ ကိစ္စ။ ဒါလည်း မဖြစ်မနေ ပူပန်ရမယ့် ကိစ္စ၊ ကောင်းတဲ့ ကိစ္စပါပဲ။

ယခု ဆွေးနွေးသွားတဲ့ ကိစ္စတွေအပေါ် ကောက်နုတ် ဖော်ထုတ်ချက်တွေ ရရှိနေပါပြီ။ လုံလောက်ချင်မှ လုံလောက်မှာ။ ပြည်စုံချင်မှ ပြည့်စုံမှာ။ အချိန်ဆိုတာလည်း ပါပါလိမ့်မယ်။ အချိန်နှင့်အတူ ဆန်းသစ်တဲ့ နည်းပညာတွေ တိုးတက်ပြောင်းလဲ နေတာမို့ ယခင် ဆန်းစစ်ထားပြီး တွေ့ရှိတာတွေကို ထပ်မံစစ်ဆေးဖို့ သင့်မှာပါ။ ဒါက နိုင်ငံတော်အတွက် တကယ်ပြင်လို့မရတဲ့ ကိစ္စလို့ ခံယူတယ်။ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုးဆိုတာထက် ပိုပါတယ်။

တိုင်ပင်ခြင်း မရှိတဲ့ (စီမံကိန်း) က ပျက်စီးတတ်တယ်။ များများတိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံး ဝိုင်းဝန်း တိုင်ပင် ဆွေးနွေးနိုင်မှ အကျိုးများများ ရမယ်။ (အဆိုပါ မှတ်ချက်မှာ ဦးမြင့်က နိုင်ငံတော် သမ္မတထံသို့ မြစ်ဆုံ စီမံကိန်း မလုပ်သင့်ကြောင်း အကြံပြုထားသော စာတွင် ပါဝင်သည့် အဆိုတစ်ခု ဖြစ်သည်။)

Environmental Impact Access (EIA) ၊ Social Impact Access (SIA) ၊ Riverine Eco System၊ Psychology & Mental Impact ၊ Security & Power Issues ၊ Ethnic Unity ၊ Strategic Environment Access ၊ Payment for Environmental  Services ၊ Payment for Social Services ဖော်ပြပါ အချက်များ အားလုံးကို စဉ်းစားသင့်၊ ဆောင်ရွက်သင့်၊ ကြပ်မတ်သင့်ပါတယ်။ Upstream/ Downstream မှာ နိုင်ငံတော် အတွက် အန္တရာယ် ရှိ၊ မရှိ၊ Upstream/ Downstream မှာ သဘာဝ ပတ်ဝန်းကျင်မှာ အန္တရာယ် ရှိ၊ မရှိ တို့ကို အဓိကထား ဆန်းစစ်ဖို့ လိုပါတယ်။

စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ အနေနဲ့ အကြံပြုလိုတာက ဘယ်ဘက်ကိုမှ အပြစ်မတင်ဘဲ နိုင်ငံတော် အကျိုး၊ ပြည်သူအကျိုးငှာ  လိုအပ်တဲ့

၁။         EIA ၊ SIA  … etc ပြန် Review လုပ်သင့်ပါတယ်။ ပြီးရင်ချပြ Transparency ပေါ့။ ပညာရှင်တွေအပြုသဘောနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဝေဖန်သုံးသပ် သင့်ပါတယ်။

၂။         ဆည်တမံတွေ တည်ဆောက်နေရာ ရွေးချယ်တာက တစ်နေရာ တစ်သမတ်တည်းမှ မဟုတ်ဘဲ နေရာ  ၁၊ ၂၊ ၃ ၊၄ စသည်ဖြင့် ရှိတာမို့ ရှိတဲ့ Overall Plan အထဲက လျှပ်စစ်ဓာတ်အား ပမာဏ အတူတူ ရနိုင်တဲ့ ပြည်သူများလည်း လက်ခံနိုင်မယ့် မေခ၊ မလိခ မြစ်တွေရဲ့ အထက်ဘက်ပိုင်း နေရာပြောင်းရွှေ့ တည်ဆောက်ခြင်းကလည်း သားရွှေအိုးထမ်းတာများ ဖြစ်နိုင်မလားလို့ အကြံပြုချင်ပါတယ်။

ကျွန်တော်တို့ ဘယ်လိုပဲ အကြံပြုပြု Government of the people ၊ For the people ၊ By the people၊ By the Law ပါပဲ။ ပြည်သူ့အကျိုး၊ ပြည်သူက ရွေးကောက် တင်မြှောက်ထားတာနဲ့ ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင် ရမှာပါ။ ဒါက Confession (အပြစ်ကို ဝန်ခံ၊ ဖြောင့်ချက်ပေး) ပါပဲလို့ ခံယူပါတယ်။ ကျွန်တော် အပါအဝင် အရာအားလုံးက မြဲတာ မဟုတ်ပါဘူး။ အိုခြင်းတရား၊ သေခြင်းတရား မရှောင်လွှဲနိုင်ပါဘူး။ ယခုရာထူး၊ ရာခံ၊ အခွင့်အာဏာတွေ အားလုံးက ကိုယ်ပိုင်မဟုတ်ပါဘူး။ ရေပွက်ပမာ ခဏပါပဲ။  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးနဲ့ ပြည်သူပြည်သားတွေရဲ့ သားစဉ်မြေးဆက်သော ပြည်သူပြည်သားတွေက ထာဝရ တည်ရှိနေရမှာပါ။ ဒီကိစ္စ၊ ဒီ issue ကြောင့် စည်းလုံးညီညွတ်မှု အားချိနဲ့ မသွားစေသင့်ပါကြောင်း တင်ပြ အကြံပြုအပ်ပါတယ် "

(အထက်ပါ စာတမ်းတွင် နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ ဦးမြင့်က သမ္မတကြီး ဦးသိန်းစိန်ထံ ပေးပို့ထားသော စာပါ အသုံးအနှုန်းများ ပါဝင်နေသည်ကို သတိပြုစေ လိုပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...