Sunday, September 11, 2011

အိမ်ထောင်သည်ဘဝတွင် ဖိုမဆက်ဆံမှုကို စနစ်တကျပြုလုပ်ခြင်းအကျိုးကျေးဇူးများ

by Moenge Aung on Sunday, September 11, 2011 at 3:23pm
 
 အိမ်ထောင်သည်ဘဝမှာ ဖိုမဆက်ဆံမှုကို စနစ်တကျပြုလုပ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ် ဆိုတာကိုသားဖွားနဲ့မီးယပ်ပါရဂူတွေအပါအဝင် ကမ္ဘာ့နိုင်ငံ အချို့က ကျန်းမာရေးအဖွဲ့အစည်းတွေ၊ ပုံနှိပ်နဲ့ အွန်လိုင်းမီဒီယာတွေ စုပေါင်းပြီး အကြံပြုထားတဲ့အချက်ကို တစ်ပေါင်းတည်း စုစည်းဖော်ပြလိုက်ပါတယ်။


၁။ ကိုယ်ဝန်ရှိစဉ်မှာ ဖိုမဆက်ဆံမှု ပြုလုပ်ပါ ကိုယ်ဝန်ရှိစဉ်မှာ ဖိုမဆက်ဆံမှုကို ကိုယ်ဝန် ရှစ်လမတိုင်မီအထိ ပြုလုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကလေးမွေးပြီး နှလုံးအားနည်းတာမျိုး မဖြစ်စေဘူးလို့ ဆိုပါ တယ်။ ဒါ့အပြင်မွေးဖွားပြီးနောက်ပိုင်း လိင်ဆက်ဆံရာမှာ ပြဿနာနည်းသွားစေပြီး နောက်လေးနှစ်အတွင်း ကွာရှင်းတာတွေလည်း ဖြစ်နိုင်ခြေနည်းသွားစေလိမ့်မယ်လို့ ဆိုပါတယ်။

၂။ ငါးမိနစ်ပဲ အချိန်ယူစရာလိုတယ် မကြာသေးမီက ထုတ်ပြန်တဲ့ လေ့လာမှုမှာ ဖော်ပြချက်အရ အမျိုးသားတွေဟာ ပျမ်းမျှအားဖြင့် အိမ်ထောင်ဖက်ကို ကာမဆန္ဒ အထွတ်အထိပ်ရောက်အောင် ၅ ဒသမ ၇ မိနစ်သာ အချိန်ယူတယ်လို့ဆိုပါတယ်။ ကိုယ့်ခင်ပွန်း စိတ်အေးအေးထားနိုင်မယ့်သတင်း ဖြစ်လိမ့်မယ်။ အဲဒီလေ့လာမှုမှာ အကြာဆုံးက ၅၂မိနစ်ဖြစ်ပြီး အမြန်ဆုံးကတော့ ၆ စက္ကန့်ပါတဲ့။

၃။ အဲဒီကိစ္စကို ကိုယ်စီဒိုင်ယာရီရေးပါ Tex Sex Diaries စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်းဆိုရင် စုံတွဲ ၉၈ တွဲကို လိင်ဆက်ဆံခြင်း၊ရှောင်ကြဉ်ခြင်းနဲ့ ပတ်သက်ပြီး ကိုယ်စီဒိုင်ယာရီရေးခြင်းအားဖြင့်အပြန်အလှန် နားလည် မှု ပိုဖြစ်စေတယ်လို့ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

၎။ ပုံမှန်သွားရင် အလုပ်မှာ ဖန်တီးမှု စွမ်းရည် တိုးလာမယ် အမေရိကန်က ဇီဝမနုဿဗေဒ ပညာရှင် ဒေါက်တာ အယ်လင်ဖစ်ရှာရဲ့ သုတေသနအရဖန်တီးမှုရှိခြင်းဟာ မေထုန်မှီဝဲမှုနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ မေထုန်မှီဝဲတဲ့အခါအာရုံကြောနဲ့ ဆဲလ်တွေရဲ့ လှုပ်ရှားမှုကို အထောက်အကူပြုတဲ့ ဒိုပါမင်း ဓာတု ပစ္စည်းလှုံ့ဆော်မှုဟာ မြန်ဆန်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပုံမှန်မေထုန်မှီဝဲသူတွေဟာ အလုပ်ခွင်မှာ ဖန်တီးမှုစွမ်းရည် ပိုရှိလာတယ်လို့ ဒေါက်တာအယ်လင်က ပြောခဲ့ပါတယ်။

၅။ ရေဓာတ်ဆုံးရှုံးရင် ပြဿနာရှိတယ် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝတဲ့ အမျိုးသားတွေဟာ လိင်ဆန္ဒဖြစ်ပေါ်မှု လွယ်ကူပြီး ရေဓာတ်ဆုံးရှုံးတဲ့သူတွေမှာ လိင်ဆန္ဒနိုးကြားမှု ကမောက်ကမဖြစ်တာ တွေ ရှိလာမယ်လို့ The Journal of Sexual Medicine မှာ ဖော်ပြထားပါတယ်။

၆။ အမျိုးသားတွေက စွမ်းဆောင်နိုင်သူလို့ အထင်ခံချင်တယ် ၁၉ ကြိမ်မြောက် လိင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာကွန်ရက်မှာ ဘရာဇီးသုတေသနပညာရှင်တွေက ဘယ်အရာက အမျိုးသားတွေကို ကျေနပ်မှုအပေးဆုံးလဲလို့ဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ အမျိုးသား ၁၂ ရာခိုင်နှုန်းက အသံကြားရတာ၊ သာယာမှုနဲ့ နိုးကြွမှုကို စောင့်ကြည့်ရတာတွေဟာ လိင်ဆက်ဆံချိန်မှာ သူတို့ကို ကျေနပ်မှုပေးတဲ့ အရာတွေ ပါလို့ ဖြေခဲ့ပါတယ်။

၇။ အဆင်ပြေသွားစေမယ့် နည်းလမ်းတွေ ဒိန်းမတ်နိုင်ငံက အဖွဲ့အစည်းတစ်ခုက လိင်ဆက်ဆံတဲ့အခါ ကာမဆန္ဒ ပြီးမြောက်မှုမရှိတဲ့ အမျိုးသမီး ၅၀၀ ကို နည်းလမ်းတွေ ပေးခဲ့ပါတယ်။ သူတို့တွေဟာ အဲဒီလိုဖြစ်နေတာ ပျမ်းမျှ ၁၂ နှစ်ကြာပြီလို့ ဆိုပါတယ်။ နည်းလမ်းတွေကတော့ လိင်အင်္ဂါပိုင်းဆိုင်ရာ လက်သင့်ခံမှု၊ တစ်ကိုယ်ရေဖျော်ဖြေမှု စတာတွေပါတဲ့။ ဒီနည်းလမ်းတွေရအပြီးမှာ သူတို့တွေထဲက
၉၃ ရာခိုင်နှုန်းဟာ အဆင်ပြေသွားကြပါတယ်။

၈။ နိစ္စဓူဝ ဆက်ဆံမှုပြုလုပ်ရင် ကလေးရဖို့အတွက် အလားအလာ ပိုသွားမယ် ကလေးလိုချင်တဲ့ အိမ်ထောင်သည်တွေဟာ နေ့စဉ်ဆိုသလို ဆက်ဆံမှု ပြုလုပ်သင့်ပါတယ်လို့ Sydney IVF က ဒေါက်တာ ဒေးဗစ်ဂရင်းနင်းက ဆိုပါတယ်။ နေ့စဉ် ဆက်ဆံခြင်းအားဖြင့်ပျက်စီးနေတဲ့ သုက်ပိုးတွေဖြစ်ပေါ်မှုကို ၂၆
ရာခိုင်နှုန်း လျော့ကျစေပါတယ်။ အထူးသဖြင့် မမျိုးဥမကြွေမီ ခုနစ်ရက်မှာ နေ့စဉ် ဆက်ဆံခြင်းဟာ အရည်အသွေး အမြင့်ဆုံးသုက်ပိုးတွေကို ဖြစ်ပေါ်စေမယ်လို့ ဆိုပါတယ်။

၉။ ယောဂလေ့ကျင့်တာ ကောင်းတယ်။ ကနေဒါက ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ယောဂလေ့ကျင့် ခန်း ယူသူ အမျိုးသမီးတွေဟာ လိင်ဆန္ဒနိုးကြားမှုနဲ့ ကာမဆန္ဒပြီးမြောက်မှု မြင့်မားတယ်လို့ သိရပါတယ်။ ယောဂလေ့ကျင့်ခန်းကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်အာရုံ အပြည့်အဝရှိတာကလည်း ယောဂ လေ့ကျင့်ခန်းရဲ့ အရေးပါတဲ့သက်ရောက်မှုပါ။

၁၀။ ကိုယ်ဝန်မရအောင် ရှောင်တဲ့နည်းလမ်းတွေ ကြိုစဉ်းစားပါ။ မတော်တဆ ကိုယ်ဝန်ရသွားမှာမျိုး မဖြစ်ရအောင် ကွန်ဒုံးသုံးတာအပြင် ဆေးဆိုင်တွေမှာ လွယ်လွယ်ကူကူဝယ်လို့ရတဲ့ သောက်ဆေးတွေ ကလည်း အရေးပါတယ်လို့ ဆိုပါတယ်။ ပဋိသန္ဓေတားဆေးတွေသုံးလို့ ကိုယ်ဝန်ပျက်ကျတတ်တယ် ဆိုတာ
အယူအဆမှားပါ။ ဒီဆေးတွေက ခန္ဓာကိုယ်ကိုပဲ ပြောင်းလဲသွားစေပြီး ပဋိသန္ဓေမရအောင် ကာကွယ်ပေး တာပါလို့ တောင်သြစတြေးလျတက္ကသိုလ်က ဟယ်လင်ကာလာဗာရက်တိုက ဆိုပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...