Monday, September 5, 2011

မျှော်တိုင်း ဝေးမနေတော့ပါ.........

Htet Aung created the doc:.
မောင်မောင်လတ် - ရွှေအင်းလေးစာပေ။။-
-5-9, 2011။-

ယ္ခုရက်ပိုင်းအတွင်း အကွက်စေ့စေ့ပြင်ဆင်ထွက်ပေါ်လာသော စီးပွားရေး၊လူမူရေး၊နိုင်ငံရေး၊ စစ်ရေးကဏ္ဍ အသီးသီးက သတင်းစုံတွေဖတ်ရင်း ဆန်းစစ်ရင်း အီလက်ထရောနစ် ဥပဒေနှင့်ငြိစွန်းလို့ တက်မတော်အရာရှိဟောင်း တဦးကို ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်တဲ့သတင်း ရောက်မှ ကျနော့်ရဲ့ သံသယအတွေး တခုကို ဖော်ထုတ်ပါစေ၊

၁၉၆၂ခုနစ်မှစတွက်ရင် နှစ်ပေါင်း၅၀နီးနီး သုံးစားမရအောင် ခြစားပျက်စီးလွန်းနေတဲ့စစ်အာဏာရှင်စံနစ်ဆိုးအောက်ကနေ သန့်ရှင်းသောအစိုးရ အဂတိလိုက်စားမှု ကင်းစင်တဲ့အစိုးရ ဖြစ်အောင် တည်ဆောက် ကျိုးစားပါ့မယ်ဆိုတဲ့ သမ္မတကြီးဦးသိန်းစိန်ရဲ့ ဂန္တဝင်မြောက် မိန့်ခွန်းနဲ့ ကန့်လန့်ကာအဖွင့် ဂီတသံစဉ် တီးလုံး တီးကွက် ဆန်းဆန်း ရင်ဖို ရင်မောလုမတတ် အကယ်ဒမီ ပြကွက်များ တကွက်ပြီး တကွက် ပေါ်လာလို့ ဟုတ်လော ဟုတ်လော ဒွိဟသံသယ အတွေးတွေနဲ့ စောင့်ကြည့်နေတုံး ထောင်ဒဏ်(၁၀) ဘီလူးဆိုင်း ကကွက်တခု ပေါ်ထွက်လာမှ အော်...ကန့်လန့်ကာနောက်ကွယ်က ဗိုလ်ချူပ်မှူးကြီးရဲ့အစွယ် ထက်နေတုန်းပါလား...လို့ ကောက်ချက်ချမိပါတော့တယ်၊

၅လသာသာ အချိန်အတွင်း ကသောကမျောပြကွက်တွေတခုပြီးတခုဆက်တိုက်ပေါ်နေတာဟာ တကယ်တော့ တိန့်ရှောက်ဖိန် တကျော့ပြန် အာဏာပြန်ရခါစ လုပ်နည်းလုပ်ဟန် ခြေလှမ်း အတိုင်း မသွေမတိမ်းပါဘဲ 
စီးပွားရေး ၊ လူမှုရေး နဲ့ အခြားအသေးအဖွဲ ကဏ္ဍတွေကို အထိုက်အလျှောက်တံခါးနဲနဲဖွင့်ပေးမယ် အုပ်ချုပ်နေတဲ့ပါတီနဲ့ စစ်တပ်ကိုအပီပြင်ထိန်းချုပ်ထားတဲ့နည်းဗျူဟာပါဗျာ၊ 

ကန့်လန့်ကာနောက်က ဗိုလ်ချူပ်မှူးကြီးကတော့ အချိန်မရွှေးအာဏာ သိမ်းခွင့်ပေးထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့စစ်တပ်ကို တင်းတင်းကျပ်ကျပ် သီးခြားခွဲထုတ် ထိန်းချုပ်ထားမဲ့သဘောပါ၊

လတ်တလော သူလက်လွတ်ပေးလိုက်တဲ့ ဦးစီးချုပ်နေရာမှာဝင်ထိုင်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အတွက် လှုပ်ရှားသာအောင် သြဇာအရှိန်ကြီးအောင် ဗိုလ်ချုပ်ကြီးရဲ့အနီးကပ်ပြိုင်ဘက်တွေ တယောက်ပြီးတယောက်ဖြုတ်ပြလိုက်တယ် ။ 

နယ်မြေအလိုက် စစ်တိုင်းမှူးအပြောင်းအရွှေ့တွေက ဦးစီးချုပ်အသစ်ကို ပေါလစ်တင်ပေးလိုက်တာရယ် နောက်ကွယ်မှာ သူ့အရှိန်အဝါကြီးမားနေဆဲဘဲဆိုတာ လှစ်ဟပြလိုက်တဲ့သဘောပါဘဲ ။ 

ကာကွယ်ရေးဦးစီးချုပ်အသစ်တယောက်အနေနဲ့ စစချင်း ဗိုလ်ချုပ်တွေတယောက်ပြီး တယောက်ဖြုတ်ချ လိုက်တာဟာ သူတို့ရဲ့ဘိုးအေကြီး ဗိုလ်ချုပ်ကြီးနေဝင်းတောင်မလုပ်ရဲ မလုပ်ခဲ့ဖူးပါ ။ 
ဒါတွေကိုထောက်ကြည့်ရင် စစ်တပ်ကို သူပိုင်ပိုင်နိုင်နိုင် ကိုင်ထားနေဆဲပါ ။ 

အလားတူ ဦးသိန်းစိန်ရဲ့အစိုးရအဖွဲ့ထဲ သဘောထားတင်းမာသူ၊ အလယ်အလတ်သူ၊ ပျော့ပြောင်းသူသုံးမျိုး သုံးဖွဲ့ ရှိနေ အားပြိုင်နေတယ်လို့ပြောပြော နိုင်ငံရေးအကဲဖြတ်တွေ လေ့လာစောင့်ကြည့်သူတွေ ခန့်မှန်းမရနိုင်အောင် မျက်လှည့်ဆန်ဆန် ပြကွက်တွေ ဆက်တိုက် ထုတ်ပြနေတာဟာ ဗိုလ်ချုပ်မှူးကြီးနဲ့သူ့အခါတော်ပေးတွေရဲ့လုပ်နည်း လုပ်ဟန်တွေပါဘဲ တချိန်က လူပြောများခဲ့တဲ့ စကားတခွန်းကို သတိရမိလိုက်ပါတယ် ။ 

နောက်ဆုံးတော့ ကျော်ဟိန်းဟာ ကျော်ဟိန်းပါဘဲ၊

မကြာခင်အချိန်အတွင်းမှာ လာပါအုံးမယ် ဒီမိုကရေစီ နဲ့လူ့အခွင့်အရေးစကားလုံးတွေ ဖောင်းပွအောင် မရပ်မနား ပြောဆိုတာတွေ ကြားနေ ရမှာမလွဲပါ။ 

ဒါလဲ သူတို့ရဲ့အရှင်သခင်ကြီးရဲ့နည်းနာစံနစ် လုပ်ဟန်တခုပါဘဲ ။ 
မကြာသေးတဲ့အတိတ်ကာလတခုမှာ သမ္မတဂျင်မီကာတာ လက်ထက် အမေရိကန်သမိုင်းမှာ လူ့အခွင့်အရေး ဒီမိုကရေစီရေးအကြောင်း အများဆုံးပြောဆိုခဲ့တဲ့ သမ္မတဂျင်မီကာတာ လက်ထက် အချိန်... 

နှစ်နိုင်ငံအဆင့်မြင့်အစိုးရအရာရှိတွေ့ဆုံပွဲတခုမှာ တရုတ်ဖက်က ပြောလိုက်တဲ့ဒီမိုကရေစီ နဲ့လူ့အခွင့်အရေး အကြောင်း ဒီမိုကရေစီ နိုင်ငံတော်ကြီး အမေရိကန်တောင် တော်ပါတော့ လျှော့ပါတော့ လို့ တားယူရတဲ့အဖြစ်.........

အခု ကင်တားနားကြီး လာတယ် တွေ့တယ် မေးတယ် တွေ့ချင်တဲ့ပါတီ နဲ့အကျဉ်းသားတွေ ကိုတွေ့ခွင့်ပေးတယ်။ 
နောက် အမေရိကန်အစီုးရအထူးကိုယ်စားလှယ်လဲ လာအုံးမယ် တွေ့မယ် မေးမယ်၊ တွေ့ချင်တဲ့ပါတီ နဲ့ အကျဉ်းသားတွေကို တွေ့ခွင့်ပေးမယ် ပီးရင် ဆက်တိုက် သူတို့ပါးစပ်ဖျားကထွက်လာမယ် ဒီမိုကရေစီကို သူတို့လောက် ဘယ်သူ့မှချစ်မြတ်နိုးတာမမှီဘူး... 

လူ့အခွင့်အရေးကို သူတို့ ဘယ်လို ဘယ်ပုံ ကာကွယ်မယ် ဆိုတာတွေ မစားရဝခမန်း ပြောလာမယ်ဆို ကျနော် ရဲရဲပြောရဲပါတယ် ။ 
ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အရှင်သခင် လမ်းစဉ်တွေမို့ပါ၊ 

ယခင် မဆလ ခေတ်ကောင်းချိန်တုန်းက အမျိုး ဘာသာ သာသနာအတွက်ရယ် နဲ့ ခေါင်းစဉ်တပ်ပြီး မြန်မာနိုင်ငံ အနောက်တောင်ဘက် ဒေသမှာ နဂါးနိုင်စီမံချက်(နာမယ်လွဲနိုင်) နဲ့ လူမျိုးခြားသွေး မရောနှောနိုင်အောင် ကြိုတင် ကာကွယ် တားဆီးမှု လုပ်ခဲ့တာကို သတိရမိပါတယ် ။ 

အခု နဝတ နအဖ ကြံ့ဖွတ်အစီုးရအဆက်ဆက်မှာတော့ မြန်မာနိုင်ငံအရှေ့မြောက်ဒေသက ဘာသာခြား လူမျိုးခြားတွေ တံခါးမရှိ တံတားမရှိ အတားအဆီးမရှိ အုံလိုက် ကျင်းလိုက် ထိုးဖောက်ဝင်လာတာ ထိုင်ကြည့်နေရင်း သတင်းတခု ထွက်လာပါတယ်... 

နိုင်ငံရဲ့အရှေ့မြောက်ဒေသကနေ အနောက်တောင်အရပ်ထိ မြန်မာပြည်အလယ်ပိုင်းကို ဖြတ်ကျော်သွားမဲ့ လျှပ်စစ်ရထားလမ်း စီမံကိန်းသတင်းပါ ၊

ရေတိမ်နစ်ခံရတော့မဲ့ ဧရာဝတီ နဲ့ သံလွင် တို့ရဲ့ကြမ္မာဆိုးတွေ နဲ့ထပ်တူ လူမျိုးတစု ကို လူမျိုးကြီးတစု ဝါးမြိုသွားရမဲ့ အဖြစ် အဆင့်မရောက်ခင် စပ်ကြား ဓါတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးယောင်ယောင် ရထားလမ်းကာကွယ်ရေး ယောင်ယောင် ရထားပေါ်ကကုန်ပစ္စည်းစောင့်ရှောက်ရေးယောင်ယောင် တိုင်းတပါးခြားတို့ရဲ့လက်နက်ကိုင် လုံခြုံရေးအစောင့် တပ်သားတွေ မြင်တွေ့လာမှဖြင့်.................... 

မြိန်တင့် ရွှေပြည်တော် မျှော်တိုင်းဝေးမနေတော့ပါ၊....... 
မြိန် တင့် ရွှေ ပြည် တော် မျှော် တိုင်း ဝေး မ နေ တော့ ပါ၊....... 
မြိန် တင့် ရွှေ ပြည် တော် မျှော် တိုင်း ဝေး မ နေ တော့ ပါ၊........ 
(စကားချပ်--- အတိတ်က အိန္ဒိယမှာ အခြေစိုက်တဲ့ အရှေ့အိန္ဒိယကုမ္မဏီကြီးရဲ့လုံခြုံရေးစစ်တပ်ဟာ သူ့ကုမ္မဏီအကျိုးတွက် မြန်မာနိုင်ငံကိုဝင်ရောက်သိမ်းပိုက်ပြီးမှ ဗြိတိသျှဘုရင်မကြီးကို လက်ဆောင်အဖြစ် ထိုးအပ်ခဲ့တာကို အားလုံးအသိပါ ၊ သမိုင်းအဆက်အစပ်တွေ ရှေးသမိုင်း ခေတ်သမိုင်းတွေဟာ ထပ်တူ ထက်မျှတော့ မဟုတ်ပေမဲ့ ထပ်တူနီးပါး ဆင်တူနီးပါးတွေမို့ပါဗျာ............................)

လေးစားလျှက်


မောင်မောင်လတ် ရွှေအင်းလေးစာပေ။
၅-၉- ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...