Tuesday, September 20, 2011

အသက် ၂၀ ရောက်မှ နားလည်ခဲ့ရသော အတွေးအမြင်စကား ၈ ခွန်း


လူ့ဘ၀ သက်တမ်း အနှစ် ၂၀ ကို ဖြတ်ကျော်ပြီးသည့်နောက်မှာ ... အနှစ်၂၀ ဆိုတဲ့ အချိန်အတွင်း မိုးဒဏ်လေဒဏ် တွေနဲ့ ဘ၀နွံ တွေကို ကျွန်တော်တို့ ဖြတ်ကျော် ခံစားခဲ့ကြရပါတယ်။ အောင်မြင်ခဲ့တာ ရှိသလို ဆုံးရှုံးမှုကို ရင်ဝယ်ပိုက်ခဲ့ရတဲ့ အချိန်တွေလဲ ရှိခဲ့ကြပါတယ်။ ထို့အတူ ဘ၀ ခံစားချက်တွေ၊လောကဓံ သင်ခန်းစာ အတွေ့အကြုံတွေကိုလဲ အဲဒီ နှစ် ၂၀ က လူသားတွေကို ပေးအပ်ခဲ့ပါတယ်။ တကယ်လို့ သင်ဟာ အခု အသက် ၂၀ ရှိပြီ ဆိုရင်... ကျွန်တော်လိုပဲ အောက်ပါ အတွေ့အကြုံ ခံစားချက် ၈ မျိုးကို ရခဲ့ ပြီးပြီလို့ ဆိုနိုင်ပါတယ်။


အဲဒါတွေက တော့...

၁) ချစ်ပြီဆိုရင် နက်နက်နဲနဲ ချစ်ပါ... စွန့်လွှတ်ပြီဆိုရင် အစွန်းဆုံးထိ စွန့်လွှတ်ပါ၊ လှည့်မကြည့်ပါနဲ့။  မဖြစ်နိုင်တာကို စောင့်စားခြင်း ဆိုတဲ့ အရာဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။

၂) လောက အမြင်ရှင်းမှ နာကျင် ခံစားရတာ သက်သာမယ်။ လေ့လာပြီးမှ လုပ်ခြင်းက အမှားနည်းပါတယ်။

၃)  ကိစ္စအများစုက အတွေ့အကြုံရှိမှ နားလည်နိုင်တယ်။ အမှားလုပ်မိလို့ ဆုံးရှုံးဖူးမှ လူ့ဘ၀ရဲ့ လိုအပ်ချက်၊ မလိုအပ်ချက်ကို နားလည်လာတယ်။မှားမှာ မကြောက်ပါနဲ့ ၊ ရှေ့တိုးဆောင်ရွက်ပါ။

၎)ဆောင်းရာသီ ရောက်တာနဲ့ သီးနှံတွေ မှည့်သည်ဖြစ်စေ မမှည့်သည်ဖြစ်စေ အားလုံး ရိတ်သိမ်းကြရတယ်။ ထို့အတူ ဘ၀ရဲ့ကောင်းခြင်း ဆိုးခြင်းတွေကို အချိန်တန်ရင် မိမိဘာသာ ရိတ်သိမ်း ကြရတယ်။ အဲဒီ ကောင်းခြင်း ဆိုးခြင်း တွေက ပေးတဲ့ အမှတ်သညာတွေကို နှလုံးသားထဲမှာ ထည့်ပြီး ရှေ့ဆက်ကြရတယ်။

၅) မိမိဘေးနားက ကံကောင်းခြင်းတွေကို တန်ဖိုးထားပါ။ ကံကောင်းခြင်းတွေ ဆုံးရှုံးတော့မှ နောင်တရတာမျိုး မဖြစ်ပါစေနဲ့။ ဖြစ်နိုင်တာတစ်ခုက သင့်ရဲ့ ဘေးမှာ တကယ်စိတ်ရင်းစေတနာပြည့်ဝတဲ့ သူ တစ်ဦးဦး ရှိနေနိုင်ပါတယ်။ သူ့ကို တန်ဖိုးထား ဆက်ဆံ ပါ။

၆) လူ့ဘ၀ဆိုတာ ကားတစ်စီးနဲ့ ခရီးသွားသလိုပါပဲ။ ကားပေါ်မှာ အရောင်အဆင်း အသွင်အပြင် အမျိုးမျိုးရှိတဲ့ ခရီးသည်တွေ ပါကြတယ်။ အကျင့်စရိုက် အမူအရာ မျိုးစုံနဲ့ ခရီးသည်တွေကို သင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ကားရပ်တဲ့အချိန်မှာတော့ အားလုံးကို လက်ပြကျန်ရစ်ပြီး ကိုယ့်အိမ်ပြန်လမ်းလေးကိုပဲ လျှောက်လှမ်းကြရမှာဖြစ်ပါတယ်။

၇) တချို့လူတွေက ဘ၀တစ်လျှောက်လုံး နာကျည်းဖွယ်ကောင်းတဲ့ လူတွေ ဖြစ်နိုင်ပါတယ်။ တချို့တွေက သင့်ရဲ့ ဘ၀အတွက် အကျိုးတစ်စုံတစ်ရာ ထောက်ပံ့ပေးသူတွေပေါ့။ တချို့တွေက နွေးထွေးကြင်နာမှုတွေ သင့်နှလုံးသားထဲမှာ ချန်ထားရစ်ခဲ့ကြတယ်။ တချို့တွေကတော့ သင့်ရဲ့ အမြင်အာရုံ စူးရှ တောက်ပစေဖို့ အားပေးကူညီ ဖေးမကြတယ်။

၈) သူငယ်ချင်းမိတ်ဆွေအချင်းချင်း အလွန်အကျွံ ပေးကမ်းမှုကို သတိထားပါ။ တစ်ချိန်ကျရင် သူတို့ ပေးတဲ့အရာ တွေအတွက် ကိုယ်ပြန်မပေးဆပ်နိုင်ဖြစ်တတ်ပါတယ်။ ရယူသူထက် ပေးဆပ်တတ်သူဖြစ်ပါစေ။

လူ့ဘ၀ဆိုတာ ဟင်းအိုးကြီး တစ်အိုးနဲ့ တူပါတယ်။ ချို၊ချဉ်၊စပ်၊ခါး  အရသာ အစုံပါတယ်။ မွေးဖွားချိန်နဲ့ သေဆုံးချိန်ကြားမှာ ခံစားမှုတွေ၊ ၀မ်းသာမှုတွေ၊ ပျော်ရွှင်မှုတွေမျိုးစုံနဲ့ တွေ့ကြုံကြရတယ်။ တုန်လှုပ်ခြင်းတွေကြားမှာ ရင့်ကျက်မှုကို ရှာကြရတယ်။ ဘ၀ သင်ခန်းစာ အိပ်မက်တွေနဲ့ အတူ နိုးထကြရတယ်။ တစ်ခါတစ်လေ မိမိကိုယ်ကို ရင့်ကျက်ပြီ လို့ ထင်မှတ်ကြတယ်။ တကယ်တော့ အချိန်တိုင်း မိမိ စိတ်နှလုံး ရဲ့ အတွင်းအောက်ခြေမှာ ရှိတဲ့ စစ်မှန်သော ရင့်ကျက်မှုကို သေချာရှာကြဖို့လိုပါတယ်။

မူရင်း ၊ ၊http://www.duwenzhang.com/wenzhang/shenghuosuibi/20110914/199777.html 20岁以后才能看懂的八句话,你懂了吗?

ကျေနပ်နိုင်ကြပါစေ
(ဇေယျာ) 20/Sep/2011, 9:47 pm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...