Sunday, September 18, 2011

အတွေးမှတ်စုများ (၁၇)

by မီးပြတိုက် on Sunday, September 18, 2011 at 6:47am
 

  • နေ့စဉ်နှင့်အမျှ လူတွေဟာ တိုက်ပွဲနှစ်ခုကို ရင်ဆိုင်ကြရလိမ့်မည်....။ တစ်ခုမှာ အသက် ဆက်လက် ရှင်သန်ဖို့ အတွက် တိုက်ရသော တိုက်ပွဲနှင့် နောက်တစ်ခုမှာ ဂုဏ်သိက္ခာ အတွက် တိုက်ရသော တိုက်ပွဲပင်ဖြစ်သည်။ ဂုဏ်သိက္ခာ ရှိရှိနဲ့ နောက်တစ်ရက်ကို ကူးမြောက် နိုင်သူမှသာ အမှန်တကယ် အောင်နိုင်သူ ပင်ဖြစ်ပေသည်။

  • တစ်ဆင့်ပြီးတစ်ဆင့်၊ ဘယ်ညာဘယ်ညာ.....၊ ငါတို့တွေ နယ်ရုပ်စစ်သားတွေလိုပဲ ကျဆုံးနေကြ၊ အပိုင်းပိုင်းနှင့်... တစစီလွင့်စင်နေကြပြီး ဘယ်တော့မှ အနိုင်မရပေမယ့် တိုက်ပွဲတွေကတော့ ငါတို့အတွက် ရှိနေဆဲ....။


  • စစ်ဆိုတာ လူငယ်တွေအတွက် သေဆုံးခြင်း၊ လူကြီးတွေအတွက် စကားပြောခြင်း။


  • ခေါင်းဆောင်ဆိုသည်မှာ စစ်တိုက်ရန်အတွက်သာ စိတ်ကူးနေ၍မရပေ…။ ရဲမက်များ၏ ဘ၀ များကိုလည်း ကြည့်ရှုတတ်ရန် လိုအပ်ပေသည်။

  • စစ်သည်တွေက ဘုရင်ကိုမမြင်ဖူးပေ။ သို့သော် ဘုရင်ခိုင်းသမျှကို လုပ်ကြ၏။ ဘုရင်အတွက် စစ်တိုက် နေကြ၏။ ဘုရင်ပြောသည့်အတိုင်း သေဆိုလျှင်သေ၊ ရှင်ဆိုလျှင်ရှင်ကြ၏။ အဘယ်ကြောင့်နည်း ????အမိန့်နာခံခြင်းကြောင့်ပင်ဖြစ်သည်။

  • မနက်ဖြန်သို့ ရောက်သော် ယနေ့ဆိုသည်မှာ သမိုင်းဖြစ်သွားလိမ့်မည်။ ယနေ့ သင်လုပ်ခဲ့သမျှအတွက် နောင်တစ်ချိန်တွင် လူတွေက သင်နှင့် သင့်တော်သော ခေါင်းစဉ်တစ်ခု တပ်ပေး ကြပါလိမ့်မည်။ ထိုခေါင်းစဉ်ကို သင် နှစ်သက်ချင်မှ နှစ်သက်လိမ့်မည်၊ သို့သော် ၎င်းမှာ သင်ကိုယ်တိုင် ရေးခဲ့သော သမိုင်းပင် ဖြစ်သည်။

  • ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်။ ယိုသူမရှက် မြင်သူရှက် လို့ ရှေးလူကြီးတွေ ပြောခဲ့ကြသည်။ ကြိုက်၍လည်းမဟုတ်၊ ငိုက်တာလည်းမဟုတ်၊ ငတ်၍လည်းမဟုတ် ထိုသုံးခုလုံးနှင့် မငြိစွန်းပဲ ယနေ့ခေတ်တွင် လူအားလုံး မမြင်လျှင် မြင်အောင် အရှက်ကင်းမဲ့စွာ မျက်နှာပြောင်တိုက်ပြ နေသူများကိုတော့ ထုံးစံအတိုင်း ဗီဇကြောင့်ဟူသော ခေါင်းစဉ်အောက်သို့သာ ဆွဲသွင်းရလိမ့်မည်။

  • ခေတ် ဟူသော စကားလုံးကို ကိုယ်လုပ်ချင်တာလုပ်ရန် အကာအကွယ်ယူပြီး ပြောကြသည့် အကြိမ် အရေအတွက်သည် ကျန်တာအားလုံးထက် အဆပေါင်းများစွာ ပိုနေသည်။

  • ငါမွေးတုန်းက ငါငိုတော့ လူတွေက ပြုံးလို့။ ငါသေခါနီးအချိန် လူတွေ ငိုနေချိန်မှာ သူတို့တွေကို ငါပြန်ပြုံးပြရအုံးမယ်။

  • အထက်ကို တက်သွားတိုင်း တက်သွားတိုင်း အောက်ကို ပြန်ကျနိုင်တာကို သတိထားပါ။ အောက်ကို ကျသွား ချိန်များမှာလည်း ပြန်တက်ဖို့ ဇွဲရှိပါ။

  • သတိ လွတ်တဲ့အခါမှာ မှားသွားတယ်။ ဒါကြောင့် မြတ်စွာဘုရားက သတိနဲ့နေဖို့ ဒီလောက် ဦးစားပေးထားတာ။ လူတစ်ယောက်ရဲ့ စိတ်နေသဘောထား၊ အကျင့်သီလ၊ အသိဥာဏ်၊ လုပ်ရည် ကိုင်ရည်အားလုံး အဆင့် မြင့်မားလာဖို့ အခြေခံအကျဆုံး အချက်က သတိ ပဲ။

  • လောကမှာ အချို့ကိစ္စတွေဟာ အကြောင်းပြချက်မလိုဘူး။ ဥပမာ- အချစ်။

  • ပိုက်ဆံ အကြွေး တင်တာထက် မေတ္တာ အကြွေးတင်တာက ပိုပြီးဆပ်ရခက်တယ်။

  • အချစ်ဆိုတာ ကစားစရာ မဟုတ်ဘူးဆိုပေမယ့် လူ တော်တော်များများကတော့ အချစ်ကို ကစားပြီး ရရှိလာတဲ့ ပျော်ရွှင်မှုကို ကျေနပ် ဂုဏ်ယူနေတုန်းပါပဲ…။

  • လူအချို့က လူတွေကို မုန်းတယ်၊ မုန်းတယ်လို့ ဟစ်အော်ကြတယ်၊ အချို့က လူတွေကိုသနားတယ်လို့ စုပ်သပ်ကြတယ်။ လူတွေက မုန်းစရာလား??၊ သနားစရာလား??။ အမှားမရှိပါဘူး။ မုန်းဖို့ကောင်းတဲ့ မကောင်းမှုတွေထဲမှာ သနားဖို့ကောင်းအောင် မွေ့လျှော်နေတဲ့ အများဆုံးသတ္တ၀ါက လူသားဖြစ်နေလို့ပါ…။

  • အသိအလိမ္မာ ပညာရှိတွေကိုတောင် နစ်မြုပ်ပျက်စီးစေတဲ့ ရှုပ်ထွေးပွေလီတဲ့ မိန်းမတွေကို ရှောင်နိုင်အောင် ကြိုးစားပါ။ ဘယ်လောက်လှလှ အကျင့်ယုတ် ပွေရှုပ်နေရင် အနားမကပ်နဲ့။

  • လူမိုက်တစ်ယောက်ရဲ့လျှာသည် သူ၏ အကြံဥာဏ်များ၊ ထင်မြင်ချက်များကို ပြောဆိုဖို့အတွက် အဓိကအရာကြီး ဖြစ်သည်။ ပညာရှိတစ်ယောက်၏ လျှာသည့် သူ၏ တတ်သိလိမ္မာမှုများကို သိမ်းဆည်းထားသည့် အရာဖြစ်သည်။

  • သဘာဝတရားကြီးက ကျွန်ုပ်တို့ကို နားရွက်နှစ်ဖက်၊ မျက်စိနှစ်လုံးပေးအပ်ထားသည်။ သို့သော် လျှာကိုတော့ တစ်ခုသာ ပေးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘ၀နိဂုံးချုပ်မည့် နောက်ဆုံး အချိန်အထိ ကျွန်ုပ်တို့ပါးစပ်မှ ပြောတာတွေထက် ကျွန်ုပ်တို့၏ မျက်လုံးများနှင့် ကြည့် နားများနှင့် နားထောင်ခြင်းကို ပို၍လုပ်သင့်သည်။

  • ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

  • စမ်းချောင်းလေးတခုတည်းက တူညီတဲ့ ရေများပါပဲ။ ဒါပေမဲ့ တချို့က သူ့ကို ရွှေကရားနဲ့ ထည့်ထားတယ်။ တချို့က ရွှံ့မြေနဲ့ လုပ်ထားတဲ့ ခွက်ငယ်နဲ့ သောက်သုံးကြတယ်။ ရွှေကရားနဲ့ ရွှံ့မြေခွက် မရှိတဲ့သူတို့ကျတော့ လက်ခုပ်နဲ့ သောက်ရုံပဲ ရှိမယ်ပေါ့။

  • ကျေးဇူးပြုပြီး ရွေးချယ်စရာတွေ အများကြီးမပေးပါနဲ့။ ငါ ဟာ ငါ ဖြစ်ဖို့ပဲ မွေးလာတာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...