Sunday, September 11, 2011

ဘ၀လက်ဆောင်ကို သတိရပါ...

 

တကယ်လို့ သင်ဟာ  ရက်စက်တဲ့ စကား တစ်ခွန်း ပြောမယ်လို့စဉ်းစားမိရင်...
စကားမပြောနိုင်တဲ့ သူကို သတိရပါ။

တကယ်လို့ သင်ဟာ သင့်ရဲ့ အလှအပကို အလိုမကျခဲ့ရင်...
ကိုယ်လက်အင်္ဂါချို့တဲ့ နေသူတွေကို သတိရပါ။


တကယ်လို့ သင်ဟာ သင့် အစာရဲ့ အရသာကို မနှစ်မြို့ခဲ့ဘူးဆိုရင်...
အစားအစာ ငတ်မွတ်သူ ကို သတိရပါ။

တကယ်လို့ သင့်အိမ်ထောင်ဖက် (သို့) ချစ်သူ ကို အလိုမကျဖြစ်နေမယ်ဆိုရင်...
ဘ၀လက်တွဲဖော်ကို ဘုရားသခင်ဆီမှာ အသနားခံတောင်းဆို နေတဲ့ သူကို သတိရပါ။

တကယ်လို့ သင့်ဘ၀ကို မကျေမနပ်ဖြစ်နေမယ်ဆိုရင်...
အစောကြီး လောကထဲမှ ထွက်ခွာသွားရတဲ့ ကံဆိုးတဲ့ ကလေးငယ်တွေကို သတိရပါ။

တကယ်လို့ သင့်သားသမီးတွေပေါ်မှာ စိတ်တိုင်းမကျခဲ့လို့၇ှိရင်...
ကလေးလိုချင်ပေမဲ့ သားသမီးမရနိုင်တဲ့ မိဘတွေကို သတိရပါ။

တကယ်လို့ သင့်အိမ် ပေပွညစ်ပတ်နေတာ၊ လူတွေ စည်းကမ်းမရှိတာကို တွေ့ခဲ့ရင်...
လမ်းပေါ်မှာ ဘ၀ကို အသက်ဆက်နေရတဲ့ လူသားတွေကို သတိရပါ။

တကယ်လို့ သင့်ရဲ့ အလုပ်မှာ မောပန်းတယ်.... ငြီးငွေ့တယ်လို့ ခံစားရရင်...
အလုပ်လက်မဲ့ လူတန်းစားကို သတိရပါ။

တကယ်လို့ သူများကို လက်ညှိုးထိုး အပြစ်ပြောချင်တယ်ဆိုရင်တော့....
လူသားတိုင်း အပြစ်နဲ့ မကင်းဘူးဆိုတာကို လက်ခံသတိရပေးပါ။

တကယ်လို့ စိတ်ဓာတ်ကျစရာ အတွေးတွေက အိပ်မက်တွေကို ဖျက်ဆီးတဲ့ အခါ...
သင့် မျက်နှာပေါ်မှာ အပြုံးရိပ်ကို ပန်ဆင်ပြီး၊ လောကကြီးမှာ သင်အသက်ရှင်နေသေးတာကို  သတိရပါ။

မူရင်း ၊ ၊ Life is a gift...
(ဇေယျာ) 12/Sep/2011, Monday, 12:07 pm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...