Thursday, September 15, 2011

ပညာရှိတို့၏ အဆိုအမိန့်များ

by Moenge Aung on Thursday, September 15, 2011 at 7:28pm
 
ပညာရှိတို့၏ အဆိုအမိန့်များ  (ချစ်သူေ၇ဒါလေးဖတ်ထားနော်) ဘ၀ဟာအင်မတန်မှ တိုတောင်းပါတယ် သူများမကောင်းကြောင်း ထိုင်တွေးနေဖို့အချိန်မရှိပါဘူး။ ဖြစ်လာမှာမဟုတ်ဘူးလို့ တွေးကြောက်ပြီး ဘာမှမလုပ်တဲ့သူဟာဘာမှဖြစ်လာမှာမဟုတ်ဘူး။ မလုပ်တတ်ကြောင်းများများပြောလေ မလုပ်တတ် လေဘဲ။

လူ့ဘ၀ဟာစွန့်စားမှုနဲ့ challenge နဲနဲရှိ မှကောင်းတယ်၊ မဟုတ်ရင် ဘ၀ဟာပျင်းစရာကောင်းတယ်။
အခက်အခဲဟာအရည်အချင်းကို ထွက် စေနိုင်တယ်။ ဘာကိုကြောက်လို့ လိမ်နေတာလဲ။
ခရီးရောက်ချင်ရင် ရပ်မနေဖို့ဘဲလိုပါတယ် နှေးနေတာက အရေးမကြီးပါဘူး။ အမှားမရှိပါဘူး အားလုံးကသင်ခန်းစာတွေချည်းပါဘဲ။ အခုသက်သာရင် ရေရှည်မှာမသက်သာဘူး။
စိတ်ရဲ့ ငြိမ်းချမ်းမှုဟာ အပျော်အပါးထက် ကျေနပ်စရာကောင်းတယ်။
(ဆရာတော်ဦးဇောတိက)

“အပြည့်ဝဆုံးနှင့် ပျော်ရွှင်ဖွယ်အကောင်းဆုံး အောင်ပွဲကား... မိမိဘက်မှ ထိခိုက်မှုမရှိပဲ ရန်သူ၏ရည်မှန်းချက်ကို စွန့်လွှတ်အောင် လုပ်ဆောင်နိုင်ချင်းပင်ဖြစ်သည်။”
- ဘယ်လီဆေးရိရပ်(စ)၊ အရှေ့ ရောမအင်ပါယာ စစ်သူကြီး၊ အရှေ့ ပိုင်း စစ်ဦးစီးချုပ်။ Belisarius, Eastern Roman
General, Commander of Armies in East.

“ရန်သူ အဆင်သင့်မဖြစ်ချင်းကို အခွင့်ကောင်းယူပါ။ ရန်သူမမျှော်လိုင့်ဆုံးနေရာမှ ချီတက်၍ ရန်သူစောင့်မနေသောနေရာများကို တိုက်ပါ။”
- စစ်အနုပညာကျမ်း။
ဆွန်ဇူး။
-The Art of War

အကောင်းဆုံးအတွက်မျော်လင့်ထားသလို ၊ အဆိုးဆုံးအတွက်ပြင်ဆင်ထားကြပါ
အနုပညာအတွက်သာ ရှိနေသော အနုပညာသည် အနှစ်မရှိ။ အမှန်တရားအတွက်ရပ်တည်ပေးသော၊
 ကောင်ခြင်းအဖျားဖျာ အလှတရားတို့ နှင့် ပြည့်စုံကုန်သော အနုပညာသာလျှင် ကျွန်ုပ် ရှာဖွေနေသော
ယုံကြည်ကိုးကွယ်ရာဖြစ်တော့သည်။
 ဂျောရှ် ဆန်းဒ် (အန်မန်တိုင်း အော်ရောရ် လူစီးလ် ဒူဖင်)ယ ပြင်သစ် စာရေးစရာမနှင့် မြို့ စားမ။
    “စိန်ပြောင်း မြတံပူ အမြောက်လက်နက်များသာ မပါလျှင်... စစ်ပွဲဟူသည် အရသာမရှိ အနှစ်မရှိသော
ရူံ့ရင်းကြမ်းတမ်းသည့် ဆူညံသော လူသတ်ပွဲမျှသာဖြစ်နိုင်၍ ဂုဏ်မမြောက်နိုင်ပေ။”
 (သို့မဟုတ် တိုက်ရိုက်ပြန်ဆိုပါက)
 “အရသာမရှိသော ဆူညံသည့် လူသတ်ပွဲများအား အမြောက်လက်နက်များက ဂုဏ်တင်ပေးသည်။”
  မဟာ ဖရက်ဒရစ်(ခ)၊ ပရပ်ရှားပြည်မှ ဘုရင်။
“မော်ဒယ်'တီ'ကို ဘယ်အရောင်နဲ့မဆိုရနိုင်ပါပီ။ အဲ... လိုချင်တာက အနက်ရောင်ဖြစ်နေသ၍ပေါ့”
ဟဲန်နရီ ဖို့ဒ်၊ ဖို့ဒ် မိုတို ပိုင်ရှင်။

“ဘဏ်တိုက်များဟာ စစ်တပ်ကြီးများထက် ပိုအန္တရာယ်ပေးနိုင်သည်။” အဒမ် စမစ်
“နောက်ဆုံးကြွင်းကျန်နေခဲ့သည်မှာ အသန်မာဆုံးသတ္တ၀ါများမဟုတ်ပဲ... ပြောင်းလဲမှုကို အမြန်ဆုံး
လက်ခံကျင့်သုံးနိုင်သူများဖြစ်သည်။”
- ချားလ်(စ) ဒါဝင်
“သူဆင်းရဲများကို အစာရေစာပေးကမ်းသောအခါ ကျွန်ုပ်ကို သူတော်စင်ဟု ခေါ်ကြသည်။ ဆင်းရဲသားများ
 အဘယ့်ကြောင့် အစာရေစာ မရှိသည်ကို မေးမြန်းသောအခါ ကျွန်ုပ်ကို ကွန်မြူနစ်ဟု သမုတ်ကြသည်။”
- ဒွန်(မ) ဟယ်လ်ဒါ ခါမာရာ၊ ဂိုဏ်ချုပ် ဘုန်တော်ကြီး။
“ပညာညဏ် အမြော်အမြင်အရှိဆုံးသူများသည် မိမိကိုယ်ပိုင်ဦးတည်ချက်သို့သာလိုက်၏။”
- ယူရိဖိဒီးစ်၊ ခေါမ အလွမ်းဇာတ်ဆရာ။
“တစ်ခုလုံးသည် ၄င်း၏ အစိတ်အပိုင်းများ အားလုံးပေါင်းထက်သာသည်။” - အရစ်(စ)တိုတလ်၊ ခေါမ တွေးခ်ါရှင် နှင့်မဟာအလက်ဇန္ဒား၏ ငယ်ဆရာ။
“အရာရာတိုင်းသည် ၄င်းအားဝယ်ယူအားပေးသူက ပေးသောတန်ဖိုးနှင့်သာ ထိုက်တန်သည်။” ပတ်ဘလိယပ်(စ)
စိုင်းရတ်(စ)၊ ရောမဘာသာဆိုရိုးရေးသူ။

“ဒီမိုခရေစီဟာ အဆိုးရွားဆုံး အုပ်ချုပ်ရေးစနစ်လို့ပြောကြတယ်။ အဲ... ရှေ့က ကြိုးစားကြည့်ခဲ့တာတွေကလွဲလို့ပေါ့။”
- ၀င်စတန်ချာချီ၊ ဗြိတိသျှ ၀န်ကြီးချုပ်နှင့် စစ်ခေါင်းဆောင်။
 တိုင်းပြည်လူထု ညီညွတ်ရေးနဲ့  တိုင်းရင်းသားညီညွတ်ရေး ဒီနှစ်ခုကို မပျက်ပါစေနဲ့  အဲဒါအင်မတန် အရေးကြီးတယ်။ တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးအရ ပြည်သူတွေရဲ့  အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့  မပြီးသေးဘူး။ အဲ့ဒီအစိုးရဟာ ပြည်သူတွေရဲ့  လက်ငင်း စီပွားရေး အဆင့်အတန်းကို အခွင့်အရေးတန်တူရနိုင်တဲ့ အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွတ်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်။
ကိုယ့်ကို အများဆုံးစိတ်ဆင်းရဲ့စေသော ကိုယ့်အတွေးတွေပဲ ဒီစကားကမှားသလားမှန်းသလား ဆိုတာကိုကိုယ့်ကိုကိုယ်ကိုယ့်တွေ့ ဖြစ်အောင် ကိုယ့်စိတ်ထဲမှာ ဘာတွေတွေးနေသလဲဆိုတာကို စောင့်ကြည့်ပါ။ကိုယ့်စိတ်ကိုကိုယ်ပိုသိပြီးကောင်းတဲ့ အခြေအနေမှာထားနိုင်၇င် ကိုယ့်ဘဝ ပိုအဆင်ပြေမယ်။မသိရင်တော့ ခက်လိမ့်မယ်။ လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ မသင့်တော်တာ
မကောင်းတာကိုမြင်ရရင်ပြုပြင်ချင်ကြတယ်။ပြုပြင်ဖို့လိုပါတယ်။ဒါပင်မဲ့ "ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့။ "ဆိုတဲ့ သဘောထားမျိုးနဲ့တော့ လောကကြီးကိုကောင်းအောင်ပြုပြင်လို့ မရပါဘူး။ငါလုပ်သလို့လုပ်ဆိုပြီးကိုယ်ကရှေ့ ကနေကောင်းတာတွေကို လုပ်သွားမှာသာကိုယ့်စကားဟာ ထိရောက်မယ်။လူတိုင်းမရိုးသားတဲ့လူတွေနဲ့ ဆက်ဆံရတဲ့ဒုကွှကိုကြုံဖူးပါတယ်။
လူတွေရိုးသားကြရင်ကောင်းမှာဘဲလိုတွေးမိတယ်။တောင့်တမိတယ်။ရိုးသာတဲ့လူကို လူတိုင်းတွေ့ ချင်မှာဘဲလေ။ကိုယ့်တွေ့ ချင်တဲ့ရိုးသားတဲ့လူကို အပြင်မှာတွေ့ ရရင်ကောင်းမှာဘဲနော်။ ဒါမှမဟုတ် မှန်ထဲမှာမြင်ရရင်သိပ်ကောင်းမှာဘဲ။
(ဆ၇ာတော် ဦးဇောတိက )

"ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့။ " ဆိုတာက အလကား အားနေလို့ပြောတာမဟုတ်ဖူးလေ... ကိုယ်တွေ့တွေအရမှားခဲ့တာတွေ သူများတွေမမှားအောင်ပြောဖို့ ဖြစ်နေတဲ့စကားပဲ။ အရမ်းလဲ တန်ဖိုးရှိပါတယ်။ ကိုယ်မှားခဲ့တာတွေ လိုက်မမှားအောင်မပြောပဲ ငါလုပ်သလိုလုပ်လို့ဆိုရင် အားလုံးဂျောက်မကျကုန်ဖူးလား။ ပီတော့ လူဆိုတာအမြဲလိုလိုအမှားကနေမှ အမှန်ရောက်တာလေ... တကယ့်လက်တွေ့ဘ၀မှာ လူတယောက်က ဘာမှမမှားဖို့ဘာမှမလုပ်မှပဲဖြစ်မှာလေ။ ဘယ်လောက် စစ်မှန်တဲ့ ရှာဖွေတွေ့ရှိမှုမဆို အမှားတွေအများကြီးပီးမှ အမှန်တခုရလာတာပဲ မလား။ မှားမှာ မကြောက်သင့်ဖူး... မှားတာကိုသိသိချင်းပြင်ဖို့ပဲလိုတယ်။ ဒီလိုပဲ... ကိုယ်မှားသလို
နောက်လူတွေမမှားဖို့လဲ သတိပေးဖို့လိုတယ်။ အယ်ဒီဆင်ကသာ မီးလုံးကို ငါပြောသလိုလုပ်လို့ မပြောပဲ ငါလုပ်ခဲ့သလို အလုံးတထောင်လုပ်ကွာလို့ပြောခဲ့ရင် မီးလုံးတလုံးလုပ်တိုင်း အလုံး၁၀၀၀ ပီးမှ ဖြစ်လာ တော့မှာပေါ့။ ဒါကြောင့် "ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့။ " ဆိုတာ ပြောဖို့လို ကိုလိုတယ်
ကိုယ့်ကို အများဆုံးစိတ်ဆင်းရဲ့စေသော ကိုယ့်အတွေးတွေပဲ ဒီစကားက မှားသလား မှန်းသလား ဆိုတာကိုကိုယ့်ကိုကိုယ်ကိုယ့်တွေ့ ဖြစ်အောင် ကိုယ့်စိတ်ထဲမှာဘာတွေတွေးနေသလဲဆိုတာကို စောင့်ကြည့်ပါ။ကိုယ့်စိတ်ကိုကိုယ်ပိုသိပြီးကောင်းတဲ့ အခြေအနေမှာထားနိုင်၇င်
 ကိုယ့်ဘဝ ပိုအဆင်ပြေမယ်။မသိရင်တော့ ခက်လိမ့်မယ်။ လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ မသင့်တော်တာ မကောင်းတာကိုမြင်ရရင်ပြုပြင်ချင်ကြတယ်။ပြုပြင်ဖို့လိုပါတယ်။ဒါပင်မဲ့ "ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့။ " ဆိုတဲ့သဘောထားမျိုးနဲ့တော့လောကကြီးကို ကောင်းအောင်ပြုပြင်လို့ မရပါဘူး။ ငါလုပ်သလို့လုပ်ဆိုပြီးကိုယ်ကရှေ့ကနေကောင်းတာတွေကိုလုပ်သွားမှာသာကိုယ့်စကားဟာ ထိရောက် မယ်။ လူတိုင်းမရိုးသားတဲ့လူတွေနဲ့ဆက်ဆံရတဲ့ဒုကွှကိုကြုံဖူးပါတယ်။ 

လူတွေရိုးသားကြရင်ကောင်းမှာဘဲလိုတွေးမိတယ်။တောင့်တမိတယ်။ရိုးသာတဲ့လူကို လူတိုင်းတွေ့ 
ချင်မှာဘဲလေ။ကိုယ့်တွေ့ ချင်တဲ့ရိုးသားတဲ့လူကိုအပြင်မှာတွေ့ ရရင်ကောင်းမှာဘဲနော်။ဒါမှမဟုတ် မှန်ထဲမှာမြင်ရရင်သိပ်ကောင်းမှာဘဲ။
(ဆ၇ာတော် ဦးဇောတိက )
ငါတွေ့ တာအများစုကတော့သူတို့ကိုယ့်တိုင်တော့ လုပ်ချင်၇ာလုပ်ပြီး ကိုယ်ကျတော့ဒီလိုမလုပ်နဲ့လို့ တားဆီးတဲ့သူတွေကြီးဘဲလေ။အေး နင်ပြောတာမှန်တယ် Daewer Hein။
   "ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့။ " ဆိုတာက အလကား အားနေလို့ပြောတာမဟုတ်ဖူးလေ...
ကိုယ်တွေ့တွေအရ မှားခဲ့တာတွေ သူများတွေမမှားအောင်ပြောဖို့ ဖြစ်နေတဲ့စကားပဲ။ အရမ်းလဲ တန်ဖိုးရှိပါတယ်။
ကိုယ်မှားခဲ့တာတွေ လိုက်မမှားအောင်မပြောပဲ ငါလုပ်သလိုလုပ်လို့ဆိုရင် အားလုံးဂျောက်မကျကုန်ဖူးလား။ ပီတော့လူဆိုတာ အမြဲလိုလိုအမှားကနေမှ အမှန်ရောက်တာလေ... တကယ့်လက်တွေ့ဘ၀မှာ လူတယောက်က ဘာမှမမှားဖို့ ဘာမှမလုပ်မှပဲဖြစ်မှာလေ။ ဘယ်လောက်စစ်မှန်တဲ့ ရှာဖွေတွေ့ရှိမှုမဆို အမှားတွေအများကြီးပီးမှ အမှန်တခုရလာတာပဲမလား။
မှားမှာမကြောက်သင့်ဖူး... မှားတာကိုသိသိချင်းပြင်ဖို့ပဲလိုတယ်။ ဒီလိုပဲ... ကိုယ်မှားသလို နောက်လူတွေမမှားဖို့လဲ သတိပေးဖို့လိုတယ်။ အယ်ဒီဆင်ကသာ မီးလုံးကို ငါပြောသလိုလုပ်လို့ မပြောပဲ ငါလုပ်ခဲ့သလို အလုံးတထောင်လုပ်ကွာလို့ပြောခဲ့ရင် မီးလုံးတလုံးလုပ်တိုင်း အလုံး၁၀၀၀ ပီးမှဖြစ်လာတော့မှာပေါ့။ ဒါကြောင့် "ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့။" ဆိုတာ ပြောဖို့လို ကိုလိုတယ်
 ရေကြည်ကိုလည်းမနှောက်နှင့် သေရည်ကိုလည်းမသောက်နှင့် ၊ ရေကြည်ကိုနှောက်က အနည်မှုန်တို့ ထတတ်သည်သေရည်ကိုသောက်က အပါယ်ဘုံသို့ ရောက်တတ်သည်။
    -ဖိုးသူတော် ဦးနု

    ဒေါသနဲ့  စခဲ့တာမှန်သမျှ ရှက်ရတာနဲ့  အဆုံးသတ်ရတယ်။
    - ဘင်ဂျမင် ဖရင်ကလင်
 မြွေပွေးကို ငယ်တယ်လို့  အလမ္ပယ်မပြနှင့် သူဌေးလိုကြွယ်တယ်လို့  မာန်စွယ်မထနှင့် ၊
မြွေပွေးကို ငယ်တယ်လို့ အလမ္ပယ်ပြက ထိုမြွေခဲ၍ သေဆုံးတတ်သည် သေဌေးလိုကြွယ်တယ်လို့ 
 မာန်စွယ်ထက အကျိုးနဲ၍ ဆုံးရှုံးတတ်သည်။
    -ဖိုးသူတော် ဦးနု
ကလေးကို မြှူသလိုပုံနှင့် မစနဲ့  လူကိုယုံသဖြင့် အကြွေးကို မချနဲ့  ၊ ကလေးကိုမြှူသလိုပုံနှင့်စက
ကလေးအမိုက်မဲမို့  ဆဲတတ်သည် လူကိုယုံသဖြင့် အကြွေးကိုချက ရခဲ၍ ပြတ်စဲတတ်သည်။
    -ဖိုးသူတော် ဦးနု

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...