Monday, August 11, 2014

မက်လုံး



တစ်ဆင့်ကြားပုံပြင်လေးပါ
တစ်ခါက ရွာတစ် ရွာမှာ သားအဖ ၃ ယောက်နဲ့ နွားတစ် ရှဉ်း ရှိသတဲ့ဗျ။
တစ်ည ရွာမှာပွဲလာက တော့ သားတွေက တစ်ညလုံးပွဲကြည့်ကြပြီး
နေ့ဘက်မှာ ပွဲကိုက်လို့ အိပ်နေလိုက်ကြတာ နွားတွေကို ဘယ်သူမှ မ ကျွေးကြဘူးတဲ့။

ဒီအခါမှာ နွားတွေဟာ ဆာလောင်ပြီး တင်းကူတ်မိုးထားတဲ့ သက်ကယ်တွေကို
ဆွဲဖျက်စားပစ်ကြသတဲ့။

ညီအကိုတွေသိတော့ စည်းကမ်းပျက် ရန်ကော ဟု
နွားတွေကို ဝိုင်းဝန်းရိုက်နှက်ကြပါသတဲ့။
ဒီအခါမှာ အဖိုးအိုက သားတွေကိုခေါ်ပြီး
မြက်နှုတ်သူနှုတ် စဉ်းသူစဉ်းစေကာ
နွားများကို ကျွေးစေပါသတဲ့။
နွားတွေက အစာဝပြီးအိပ်နေကြတဲ့အခါမှာ
အဖိုးအိုက သားတွေကိုထပ်ခေါ်ပြီး
သက်ငယ်တွေဖျက်ကာ နွားတွေရှေ့ချကျွေးစေပြန်ပါသတဲ့။
နွားတွေက ဗိုက်ပြည့်နေ တော့ သက်ငယ်တွေကို စားစရာအမှတ်နဲ့
နမ်းတောင် မကြည့်တော့ပါဘူးတဲ့။
ဒီအခါမှာ အဖိုးအိုက
မိမိတို့က ကျွေးရမည်ကို မ ကျွေးဘဲ
အငတ်ထားခဲ့ရာ ငါ့ဝမ်းပူဆာ မ နေသာပဲ
၎င်းတို့ဘာသာ ရှာဖွေစားသောက်ပြန်တော့လည်း
စည်းကမ်းပျက်သည်ဟု ရိုက်နှက်ကြပြန်၏။
ယခုကဲ့သို့ ဝဝလင် လင် ကျွေးမွေးပါမူ မစားအပ်သောအစာအား
လှည့်ပင် မနမ်းသည်ကို မြင်ကြကုန်၏လော။
မိမိတို့ အသိဥာဏ် ရှိသူများအ နေဖြင့်
နာယကဂုဏ်နှင့် ညီညွှတ်အောင်
ကျင့်ဆောင် ပါက ဒင်းတို့သည်လည်း
အစာမဟုတ်သောအရာအား ကြဉ်ရှောင်ကြမည်ကား မချွတ်။
ဟူ၍ သားများအား ဆုံးမ သောဟူ၏။
ဤဆိုထုံးကား အလွန်အဖိုးတန်ပေ၏။
အချို့အရပ်ဒေသ၌ အမျိုးသားရေး
လှုံ့ဆော်သူတို့က ယခုဈေးကွက်အတွင်းဝင် လာသော
ooredoo ဆင်းကဒ်များမသုံးစွဲကြရန်
တားမြစ်ကြ ကြောင်းကြားသိနေရ၏။
ကျုပ်ကိုယ်တိုင် ပင် လျှင်
MPT နှင့် MEC တို့၏ စုတ်ချာချာနိုင် လှသော ဝန်ဆောင် မှုများကြောင့်
ooredoo ၏ မက်လုံးများအား
လက်ခံယုံကြည်မိသဖြင့် ယမန်နေ့က
မိတ်ဆွေတစ်ဦးလက်ဆောင်ပေးသော
ဆင်းကဒ်အား ဝမ်းမြောက်စွာ လက်ခံမိလေသည်။
အမျိုးမချစ်ခြင်းပေ လော။
အမျိုးမစစ်ခြင်းပေ လော။
မသိနိုင် အားတော့။
သက်ကယ်ဖျက်၍စားလေ သော
နွားနှင်နှင် ဖြစ်လေပြီ။
ဤစကားပုံဆိုထုံးကား
သည်နေရာသာမဟုတ်။နေရာတိုင်း၌
ဝင် ဆံ့ပေသည်။
ကျုပ်တို့ဝန်ထမ်းထုတစ် ရပ်လုံးသည်ပင်
အမှီအခိုကင်းကင်းဖြင့် ရပ်တည်နိုင် ပါက
အာခေါင် စူးသော
အနှစ်မပါသော
ဝမ်းရောင်သော
အန္တရာယ် ရှိသော
စည်းကမ်းနှင့်ငြိစွန်းသော
သက်ကယ်ပျစ်များအား
ဖြုတ်စားကြပါမည်လော။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...