ကင်မရာရှေ့မှာ ထမင်း စားပြီး တစ်လကို ကန်ဒေါ်လာ သောင်းချီရတဲ့ အမျိုးသမီး
YoYarLay added 11 new photos.
ကိုရီးယားမှာ Family (မိသားစု) ဆိုတာကို အဓိပ္ပါယ်ဖွင့်ရင် ထမင်းအတူ စားခြင်း လို့ အမည်ရ ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်တည်း မနက်စာ၊ နေ့လည်စာ၊ ညစာ စားသုံးခြင်း တို့က အထီးကျန်ဆန်တယ်လို့ ယူဆ ကြပြီး အများ မျက်စိရှေ့မှာ ဆိုရင် ရှက်စရာ အလေအထ တစ်ခုလို့တောင် ယူဆ ပါတယ်။ ဒါကြောင့်မို့ လူ တစ်ဦးတစ်ယောက်က တစ်ယောက်တည်း စားနေတာကို မြင်ရင် ဒါကို Food Porn လို့တောင် ဆိုကြ ပါတယ်။ ဒီတော့ တောင်ကိုရီးယားမှာ တစ်ယောက်တည်း နေတဲ့ သူတွေ၊ အထီးကျန်ဆန် နေတဲ့ သူတွေကို နွေးထွေးမှု ရရှိအောင်၊ မိသားစု နဲ့ စားတယ်ဆိုတဲ့ ခံစားချက်လေး ရရှိအောင်၊ ကြည့်ရှုသူများ မျက်စိ ပသာဒ ဖြစ်အောင် ရည်ရွယ်ချက်နဲ့ လွန်ခဲ့တဲ့ သုံးနှစ်က စလို့ Diva ဟာ Mok-bang ကိုစတင်ခဲ့ပါတယ်။ Mok-bang ဆိုတာ Food Broadcast လို့ ဘာသာပြန်နိုင် ပါတယ်။
Diva ဟာ ယင်းအလုပ် လုပ်ဖို့အတွက် နေ့ဘက်လုပ်တဲ့ အလုပ်ကနေ ထွက်ခဲ့ခြင်း ဖြစ်ပြီး ယနေ့မှာ သူမ ထမင်းစား၊ မုန့်စားတာကို စောင့်ကြည့်သူ များက သန်းချီ ရှိနေ ပါပြီ။ လစဉ် သူမရဲ့ ဘဏ်အကောင့်ထဲကို ငွေဝင်နေတာ ကလည်း ကန်ဒေါ်လာ ၁ သောင်းနဲ့ ချီနေပြီ ဖြစ်ပါတယ်။
http://www.dailymail.co.uk/news/article-2547254/South-Korean-woman-known-The-Diva-makes-9-400-month-streaming-eating-online-three-hours-day-manages-stay-chopstick-thin.html
အောင်ခမ်း (ရိုးရာလေး)
0 comments:
Post a Comment