Sunday, August 10, 2014

((((((((((( လစ်ဘရယ်အိပ်မက်မှ နိုးတ၀က်၊ မနိုးတ၀က် ဖြစ်နေကြသူများ )))))))))) (သို့မဟုတ်) ‘ လွတ်လပ်စွာ ပြောဆိုခွင့်’ ခေါင်းစဉ်အောက်မှာပင် လွတ်လပ်စွာ ပြောဆိုခွင့်ပျောက်နေကြသူများ (သို့မဟုတ်) ဥာဏ်ကြီးရှင် မျက်နှာဖြူများ”

Save Our-history
Save Our-history's photo.

‘၈ရက်၊ ၈လ၊ ၈၈’ ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ၂၅နှစ်ပြည့်နှစ်ပတ်လည်ကြီး နီးလာပြီမို့ ၁၉၈၈က မြင်ကွင်းတွေနဲ့ ကြွေးကြော်သံတွေကို ပြန်လည်မြင်ယောင်ကြားယောင် မိတယ်ဗျာ။ အဖြစ်အပျက်တွေကို မနေ့တနေ့ကလိုပဲ အစကနေအဆုံးထိ မြင်ယောင်နေပါသေးတယ်။ ဒီအရေးအခင်းကြီးမှာပဲ ကျွန်တော်တို့ ရင်ထဲကနေ ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်တဲ့ ကျွန်တော်တို့အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးရဲ့ သမီးကိုယ်တိုင် ခေါင်းဆောင်ကဏ္ဍက ပါဝင်ဦးဆောင်လာခဲ့တဲ့အချိန်မှာတော့ စိတ်ထဲမှာ အားတက်ခဲ့တာဟာ အတိုင်းနဲ့အလွန်ပေါ့ဗျာ။
ဒီမိုကရေစီအလွန်တရာထွန်းကားပြီး တိုးတက်လှတဲ့ ဥရောပနိုင်ငံကြီးမှာနေထိုင်ကြီးပြင်းလာခဲ့တာဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ကြီးကိုလည်း အင်္ဂလန်နိုင်ငံကြီးလိုပဲ ဒီမိုကရေစီထွန်းကားပြီး အလွန်တရာတိုးတက်အောင် ဆောင်ကြဉ်းပေးတော့မယ်လို့လည်း ယုံကြည်အားတက်မှုတွေ တဖွားဖွား ပေါ်ပေါက်ခဲ့ရပါတယ်။ ၁၉၈၀ ကာလလွန်အချိန်တွေတုန်းဆီက အင်္ဂလန်ဆိုတာ တစ်ကမ္ဘာလုံးက မော့ကြည့်ခဲ့ရတဲ့ အတိုးတက်ဆုံးသောနိုင်ငံကြီးတွေထဲက တစ်နိုင်ငံပေါ့ဗျာ။ ၀န်ကြီးချုပ်မာဂရက်သက်ချာတို့၊ တော်ဝင်မင်းသမီး ဒိုင်ယာနာတို့ရဲ့ ဓါတ်ပုံတွေ၊ သတင်းတွေနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဖမ်းစားထားခဲ့တဲ့ အင်မတန်တောက်ပခဲ့တဲ့ ‘အင်္ဂလိပ်တို့ရဲ့ ရွှေရောင်နေ့ရက်တွေ’ ဆိုပါတော့။
ဒါနေ့ ယနေ့ အင်္ဂလန်ဆိုတာကကော ဘယ်လိုအခြေအနေမျိုးပါလိမ့်လို့ လှမ်းကြည့်လိုက်တော့ …… သာယာရှုမောဖွယ် အင်မတန်ကျက်သရေရှိလှတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးတွေဟာ တစ်ကျောင်းပြီးတစ်ကျောင်း ဗလီကြီးတွေအဖြစ်အသွင်ပြောင်းပြောင်းသွားတာ၊ အကြွေးပင်လယ်ထဲမှာ နစ်သထက်နစ်လာတာ၊ ဗုံးတွေကွဲတာ၊ နေ့ခင်းကြောင်တောင် လမ်းပေါ်မှာတင် ပေါ်ပေါ်တင်တင် သတ်ဖြတ်တာ ……… အစရှိတဲ့ ဘယ်တုန်းကမှ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီ ဆိုတာကို သိလိုက်ရပါတယ်။ ဘာ့ကြောင့်များ ဒီလောက်တောင် ပြောင်းလဲသွားခဲ့ရပါလိမ့် ?????
တကယ်တော့ ၂၀ရာစုမတိုင်ခင်က ‘အင်္ဂလန်ပြည်မှာ မွတ်စလင်မရှိဘူး’လို့ ပြောလို့ရလောက်အောင်ကို နည်းခဲ့ပါတယ်။ အတိအကျဆိုရရင် ၁၉၆၀ ၀န်းကျင်လောက်ကျမှ ပြည်ပကနေ မွတ်စလင်တွေကို စတင်ပြီးခေါ်သွင်းခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၁ မှာ တစ်တိုင်းပြည်လုံး သန်ခေါင်စာရင်းကောက်တော့ မွတ်စလင်လူဦးရေက ၅ သောင်းပဲ ရှိပါတယ်။ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၀.၁၁ % ပေါ့ဗျာ။ ထုံးစံအတိုင်း ဘယ်နေရာရောက်ရောက် လူနည်းစုဖြစ်နေသရွေ့ အင်မတန် ချစ်စရာကောင်းအောင်နေတတ်ကြတဲ့ မွတ်တို့ရဲ့ ထုံးစံအတိုင်း ထိုခေတ်အချိန်ကာလတွေဆီက အင်္ဂလန်ပြည်သူတွေနဲ့ တစ်သားတည်းနေခဲ့ကြလို့ အင်မတန်အေချမ်းခဲ့တဲ့ ပျားရည်ဆမ်းတဲ့အချိန်ကာလတွေ ဆိုပါတော့ဗျာ။ ဒါ့ကြောင့် အင်္ဂလန်အစိုးရကိုယ်တိုင်က လူနည်းစု မွတ်တွေကို အကြင်နာပိုခဲ့ပြီး တစ်သုတ်ပြီးတစ်သုတ် ဖြည်းဖြည်းချင်း ခေါ်သွင်းလာခဲ့တယ်ဗျ။ တစ်ခြားဘာသာဝင်တွေထက်တောင် အရေးပေးခဲ့တယ်ဆိုပါတော့။
ကျွန်တော်တို့ဆီမှာ ၈လေးလုံး မဖြစ်ခင်အချိန်လောက်ကျတော့ မွတ်စလင်လူဦးရေက ၁ ရာခိုင်နှုန်းကျော်ကျော်လောက်တော့ ရောက်လာပါတယ်။ ဒါပေမယ့် ဒီထိတော့ ငြိမ်းငြိမ်းချမ်းချမ်း နေကြသေးတယ်။ တကယ်များများစားစား ခေါ်သွင်းလာတဲ့အချိန်ကတော့ ၁၉၉၇ ကနေ ၂၀၀၇ ခုနှစ်အထိ ၁၀နှစ်တိုင်တိုင် ၀န်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခဲ့တဲ့ တိုနီဘလဲ လက်ထက်မှာပါ။ မဲလိုချင်တာရယ်၊ မွတ်စလင်အလုပ်သမားတွေက ဈေးပေါတာရယ်၊ နိုင်ငံရေးအမြတ်ထုတ်ချင်တာတွေကြောင့်ပေါ့ဗျာ။ ပြည်သူတွေကတော့ အဟုတ်မှတ်လို့ သောင်းသောင်းဖျဖျ မဲတွေပေးခဲ့ကြသဗျ။ ၂၀၁၁ ခုနှစ် ရောက်လို့ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းတွေလည်းကောက်ရော မျက်လုံးပြူးသူတွေက ပြူးတော့တယ်ဗျ။ မွတ်စလင် ရာခိုင်နှုန်းက ၅ % ရောက်သွားလို့ပါ။ ၁၉၆၁ တုန်းကရှိခဲ့တဲ့ မွတ်စလင်လူဦးရေထက် ၅၇ ဆ ကျော်တောင် ခုန်တက်သွားပါတယ်။ [http://en.wikipedia.org/wiki/Islam_in_the_United_Kingdom ]
ဒါတောင်၂၀၁၁ သန်းခေါင်စာရင်းကောက်ချိန်မှာ မိမိကိုးကွယ်ရာဘာသာကို မဖော်ပြဘဲနေချင်လည်း ရတဲ့အတွက် မဖော်ပြကြတဲ့ မွတ်စလင်တွေလည်း များစွာရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ပညာရှင်တစ်ချို့က ခန့်မှန်းတာကတော့ လက်ရှိ အင်္ဂလန်ရဲ့ မွတ်စလင် ရာခိုင်နှုန်းအစစ်အမှန်ဟာ ၁၂% ဖြစ်နိုင်တယ်လို့ တွက်ချက်ကြပါတယ်။ ၁၂% ဆိုတာကို နည်းတယ်လို့များ သွားပြီး မထင်လိုက်ပါနဲ့။ အင်္ဂလိပ်လူမျိုးတွေရဲ့ ခရစ်ယာန် အများစုက အသက် ၆၀ ကျော်တွေ ဖြစ်နေပြီး၊ မွေးကင်းစနဲ့ ၅ နှစ်အောက်ကလေးတွေထဲမှာ မွတ်စလင်တွေတော်တော်လေး များနေပါတယ်။
ဂါးဒီယန်းသတင်းစာကြီးကတော့ ၂၀၆၀ ရောက်ရင် အင်္ဂလိပ်လူမျိုးတွေကိုယ်တိုင် အင်္ဂလန်နိုင်ငံမှာ လူနည်းစု ဖြစ်တော့မယ်လို့ အခိုင်အမာတွက်ပြထား ပြီးပါပြီ။
၂၀၃၀ လောက်ရောက်ရင်တောင် အသက် ၄၀ အောက်လူငယ်တွေထဲမှာ အင်္ဂလိပ်လူငယ်တွေဟာ လူနည်းစု ဖြစ်ပါတော့မယ်။ ဒါကို ပညာရှင်တစ်ချို့ကတော့ သွေးတစ်စက်မှ မထွက်တဲ့ မျိုးတုန်းလူသတ်မှု ‘Bloodless Genocide’ လို့ အမည်ပေးထားပါတယ်။ Ethnic cleansing တစ်မျိုးပါပဲပေါ့ဗျာ။ မျိုးချစ်စိတ်ရှိသေးသူတစ်ချို့ကတော့ ‘ဒီလိုသာ ဖြစ်လာမယ်မှန်းသိရင် တိုနီဘလဲကို လုံးဝမဲမပေးခဲ့ပါဘူးကွာ’လို့ ကြိတ်မနိုင်၊ ခဲမရ ညည်းတွားကြတယ်ဗျ။ အခုအချိန်မှာ ပြန်လည်ကုသလို့ မရတော့ဘူးလား ဆိုတော့ ........... ‘ဘာသာ၊ လူမျိုးမခွဲခြား လူသားမှ လူသား’ ဆိုတဲ့ အစွန်းရောက်လစ်ဘရယ် အယူဝါဒကြီးကို မျက်နှာဖြူ ဥာဏ်ကြီးရှင်တွေရဲ့ ဦးနှောက်ထဲက အချိန်မီမထုတ်နိုင်ရင်တော့ ဆေးမမီတော့ပါဘူး။ ပြည်ပက လူတွေထပ်မံသွင်းရင် မွတ်စလင်ကို ခွဲခြားချန်ထားကာ အခြားလူမျိုး၊ ဘာသာတွေပဲသွင်းတဲ့ လူမျိုးရေးခွဲခြားမှုကို ကျူးလွန်ရမယ်။ မွတ်စလင်တွေရဲ့ ကလေးမွေးနှုန်းတွေကို တားချင်ရင် လူ့အခွင့်အရေးချိုးဖောက်ပြီး တရုတ်ပြည်မှာလို တစ်မိသားစု ကလေးတစ်ယောက်ပဲယူခွင့်ပေးတဲ့ မူဝါဒမျိုးချမှတ်ပေးရမယ်။ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေတွေရဲ့ယိုပေါက်တွေ အများကြီးကိုလည်း ပိတ်ရဦးမယ်ပေါ့ဗျာ။ ဒီလိုပြင်မယ်ဆိုရင်တောင် မွတ်စလင်တွေရဲ့ ဥာဏ်နီ ဥာဏ်နက်တွေကို ကျော်လွှားနိုင်ဖို့ဆိုတာက တော်တော်ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်မှ ရမှာပါ။
အဓိကအခက်အခဲတွေထဲက တစ်ခုကတော့ ‘မွတ်တွေရဲ့ မိန်းမယူနှုန်းနဲ့ ကလေးမွေးနှုန်းကို ဘယ်လိုထိမ်းချုပ်ရမလဲ’ ဆိုတာပါ။ အင်္ဂလန်နိုင်ငံမှာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းပါတယ်။ မွတ်စလင်တွေလည်း ယူခွင့်မရှိ။ ယူရင် ထောင်ဒဏ်ခုနှစ်နှစ်အထိ ချလို့ရ၏။ ဒါပေမယ့် မွတ်စလင်တွေကတော့ ဥပဒေကို လက်တစ်လုံးကြားလုပ်ကာ လေးယောက်ထက်ပိုအောင် ယူတယ်ဗျ။ ဒီလိုပါ … အင်္ဂလန်မှာ welfare system ဆိုတဲ့လူမှုဖူလုံရေး ထောက်ပံ့ကူညီမှုလုပ်ငန်းတွေက အင်မတန်ကောင်းတယ်။ အလုပ်လက်မဲ့တွေအတွက် ခံစားခွင့်၊ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု စတာတွေ အကုန်ပေးပါတယ်။ ဒါပေမယ့် အင်္ဂလိပ်တွေကိုယ်တိုင်မှာက ပြဿနာတစ်ခုရှိတယ်ဗျ။ အဲဒါကတော့ အင်္ဂလိပ်တွေရဲ့ မျိုးပွားနှုန်းကျဆင်းမှုပါ။ သူတို့ဆီမှာက လက်မထပ်ဘဲအတူနေတာတွေက အလွန်များလာ .. ၊ ကလေးမရအောင် တားနည်းမျိုးစုံကိုလည်းသုံးကြ .. ၊ မတော်တဆ ရလာတဲ့ကိုယ်ဝန်တွေကိုလည်း ဖျက်ချကြဆိုတော့ .. ဘိုမတွေရဲ့ ကလေးမွေးနှုန်းက အလွန်ကျဆင်းတယ်ဗျ။ (ယူကေမှာ တစ်နှစ်ကို ကိုယ်ဝန်နှစ်သိန်းလောက် ပုံမှန်ဖျက်ချကြပါတယ်။ ‘မိခင်ကမလိုချင်ဘဲရတဲ့ကိုယ်ဝန်မို့ မိခင်ကဖျက်ချချင်ရင် ဖျက်ချခွင့်ရှိတယ်’ဆိုတာဟာ ‘အမျိုးသမီးအခွင့်အရေး’ တဲ့။ ကျွန်တော့်အမြင်ကတော့ ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်နေတဲ့ မျိုးသုဉ်းလူသတ်မှုပါ။ ဗိုက်ထဲမှာတင် သတ်လိုက်တဲ့ မျိုးတုန်းလူသတ်မှုပေါ့ဗျာ။)
ဒါကြောင့် ကလေးမွေးချင်အောင် အစိုးရက မိခင်နဲ့ ကလေးတွေကိုထောက်ပံ့ပါတယ်။ ကလေးများများမွေးလေ ဦးစားပေးထောက်ပံ့လေပဲ။ ဥပမာ ကလေး ၆ ယောက်မွေးသူကို ကလေး ၁ ယောက်မွေးသူထက် ပိုကောင်းတဲ့အိမ်ကို အစိုးရကစီစဉ်ပေးတာမျိုးပေါ့။ ဒီ့အပြင် တရားဝင်ယူသူတွေကြားမှာလည်း ကွာရှင်းတာတွေက များလေတော့ တစ်ခုလပ်ကလေးအမေ single mother တွေအနေနဲ့ ကလေးတွေကို ကောင်းကောင်းမကျွေးနိုင်မှာစိုးလို့ အစိုးရက အလွန်တရာ ရက်ရောစွာ ထောက်ပံပေးတယ်ဗျ။ မူရင်းစေတနာကတော့ အင်္ဂလိပ်ပြည်သူတွေအတွက် အလွန်ကောင်းပါတယ်။
ဒါပေမယ့် ဘာသာ၊ လူမျိုးမခွဲခြား ခေါင်းမြီးခြုံ တစ်ခုလပ်အမေများကိုပါ အင်္ဂလိပ်အမေများနဲ့ တစ်သားတည်း အပီအပြင်ထောက်ပံ့လေတော့ မုတ်ဆိတ်ဖွားများရဲ့ အကြိုက်တရားဖြစ်ကာ အကွက်ဝင်သွားတယ်ပေါ့ဗျာ။ အကွက်က ဒီလိုပါ …. ။ မွတ်တစ်ယောက်က မွတ်အမျိုးသမီးတစ်ယောက်ယူတယ်။ ကလေးမွေးတယ်။ တစ်လင်တစ်မယားစနစ် ဥပဒေကြောင့် နောက်တစ်ယောက်ထပ်ပြီး တရားဝင်ယူလို့မရဘူး။ အဲ့ဒီတော့ မိန်းမကို ကွာလိုက်တယ်။ မိန်းမက ကလေးရှိတဲ့ တစ်ခုလတ်အမေ single mother ဖြစ်သွားပြီး အစိုးရဆီကနေ အထောက်အပံ့ benefit တွေများစွာရတယ်။ အမျိုးသားကလည်း တစ်ခုလပ် single ဖြစ်သွားတော့ နောက်တစ်ယောက်ထပ်ယူလို့ ရသွားတယ်။ တူရကီ၊ မော်ရိုကို နဲ့ ပါကစ်စတန်၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေကနေ နောက်ထပ်မွတ်စလင် မိန်းမတစ်ယောက်ထပ်ယူပြီး ခေါ်လာတယ်။ ကလေးမွေးပြီး ကွာလိုက်ပြန်တယ်။ ဒုတိယ မိန်းမလည်း single mother ဖြစ်သွားပြီး အစိုးရဆီကနေ အထောက်အပံ့ benefit တွေများစွာရတယ်။ ဒီလိုနဲ့ လေးယောက်၊ ငါးယောက် ပြည့်အောင်ယူတယ်။ ကလေးတွေ တပြုံကြီးမွေးတယ်။ ပြီးတော့မှ အစောက မိန်းမတွေအားလုံးနဲ့ living together ပြန်နေတယ်။ မိန်းမတစ်ယောက်ကို အိမ်ငှားခ တစ်နှစ်စာ စတာလင်ပေါင် တစ်သိန်းကျော် (ဒေါ်လာ နှစ်သိန်းခွဲ) ရတယ်။ ပထမကလေးအတွက် တစ်နှစ်ကို စတာလင်ပေါင် ၁၀၀၀ (ဒေါ်လာ ၁၅၀၀) ရတယ်။ နောက်တစ်ယောက်မွေးတိုင်း စတာလင်ပေါင် ၇၀၀ (ဒေါ်လာ ၁၀၀၀) စီ ထပ်ပြီးရတယ်။ တစ်ခြား အခမဲ့ကျန်းမာရေးနဲ့ ဘာညာသာရကာတွေ အများကြီးရသေးတယ်။ အစိုးရဆီကနေ မိန်းမတွေအတွက်လည်း ပိုက်ဆံတွေတစ်ထောကြီးရ၊ ကလေးထောက်ပံ့စရိတ်တွေလည်း တစ်ထောကြီးရဆိုတော့ မုတ်ဆိတ်ဖွားတို့က အလုပ်တောင်လုပ်မစားတော့ဘူးဗျ။ မိန်းမယူ ကလေးမွေးပြီး ထိုင်ပဲစားတော့တယ်။ သာသနာလည်းပြုရ မိန်းမတွေလည်းအများကြီးရ ထိုင်လည်းစားရဆိုတော့ ဟန်အကျကြီးကျလေတယ်ပေါ့ဗျာ။
အင်္ဂလန်မှာ မွတ်စလင် အမျိုးသား တစ်ဝက်ကျော်က လုံးဝ အလုပ်မလုပ်ဘူး။ မွတ်စလင်အမျိုးသမီး ၄ပုံ ၃ပုံ ကလည်း အလုပ်မလုပ်ကြဘူး။ ဒါကြောင့် တစ်ချို့မုတ်ဆိတ်ဖွားတွေက ‘တွေ့လား .. အင်္ဂလိပ်တွေ တစ်နေကုန်အလုပ်လုပ်နေလိုက်ကြတာ၊ နံနက် ၇ နာရီထ၊ ၉ နာရီမှာ ရုံးသွား၊ တစ်နေ့ ၈နာရီ ၉နာရီ အလုပ်လုပ်၊ ည ၇နာရီမှ အိမ်ပြန်လာ၊ အနှစ် ၄၀ လောက် တစ်သက်လုံး အလုပ်လုပ် .. အဲဒါ ကျွန်ခံတယ်လို့ ခေါ်တယ်ကွ။ ငါတို့ထဲက အထူးချွန်ဆုံးမွတ်တွေဆိုရင် တစ်နှစ်လုံးမှာမှ ၁ ရက်၊ ၂ ရက်ပဲ အလုပ်လုပ်တယ်ကွ။’ လို့ ကြွားဝါကြတယ်ဗျ။ နောက်ထပ်လှည့်နည်း၊ ဘတ်နည်းတွေလည်း အများကြီးကျန်သေး .. ။ [အသေးစိတ်ကို ဒီမှာဆက်ဖတ်ကြည့်ပါ - http://www.dailymail.co.uk/news/article-2041244/Polygamy-Investigation-Muslim-men-exploit-UK-benefits-system.html ]
ဒီလောက်တောင် ရက်ရက်ရောရော ကျွေးနိုင်တယ်ဆိုတော့ အင်္ဂလိပ်အစိုးရရဲ့ ဘတ်ဂျက်တွေ မကုန်ဘူးလားဆိုတော့?? .. ဘာပြောကောင်းမလဲဗျာ .. သောက်သောက်လဲ ကုန်တာပေါ့။ ၀ီကီလိ ၀က်ဘ်ဆိုက်က တွက်ပြလိုက်တော့မှ မွတ်စလင်တွေအတွက်ချည်းပဲ တစ်နှစ်ကို စတာလင်ပေါင် သန်းပေါင်း ၁၃ ဘီလီယံကျော်ကုန်တယ်တဲ့။ အကြမ်းဖျင်း အမေရိကန်ဒေါ်လာသန်းပေါင်း နှစ်သောင်း ၀န်းကျင်ပေါ့။ အလုပ်မလုပ်ဘဲတက်စားနေတဲ့ မွတ်တွေကို ကျွေးရတာ နင့်နေတာပေါ့။ [ http://themuslimissue.wordpress.com/2012/10/09/britains-sinking-welfare-costs-unproductive-muslims-cost-13-billion-a-year/ ] မွတ်စလင်တွေက အင်္ဂလိပ်တွေရဲ့ ဂုတ်ပေါ်မှာ ကောင်းကောင်းတက်ခွ စီးထားတယ်ပေါ့ဗျာ။ ဒီလိုကုန်နေပေမယ့် ကမ္ဘာမှာတောင် အင်္ဂလိပ်အစိုးရက လှည့်ပတ်ပြီး လှုနေနိုင်သေးတယ်ဆိုတော့ တော်တော်ချမ်းသာတာပဲလို့လည်း မတွေးနဲ့ဦးဗျို့။ သူမှာလက်ရှိ အကြွေးက စတာလင်ပေါင် တစ်ထရီလီယံကျော် (over a trillion pounds) တောင် ရှိလေသတဲ့။ ဒေါ်လာ ၁.၅ တစ်ထရီလီယံကျော် ဆိုပါတော့။ (တစ်ထရီလီယံ ဆိုတာ တစ်ရဲ့နောက်မှာ သုည ၁၂ လုံး ရှိပါတယ်။) ဒါကြောင့်လည်း အင်္ဂလန်အကြောင်းကို ကောင်းကောင်းသိကျွမ်းသူများက ‘အထည်ကြီးပျက်နိုင်ငံ လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။
ဒါဆိုရင် မွတ်စလင်တွေအတွက် ဒီလိုထပ်အကုန်မခရံဖို့အတွက် မွတ်စလင်တွေကို ထောက်ပံ့တာတွေလျှော့သင့်ပြီ၊ သူတို့ကလေးမွေးနှုန်းတွေတားဖို့ ဥပဒေတွေထုတ်သင့်ပြီ ဆိုပြန်တော့လည်း … အင်္ဂလိပ်လစ်ဘရယ်ဥာဏ်ကြီးရှင်များက သူတို့သီအိုရီမှားတယ်လို့ ၀န်မခံသေး၊ မလျှော့သေးတဲ့အပြင် သီအိုရီအသစ်တစ်ခုတောင် ထပ်ထုတ်နေကြပြန်သဗျ။ မွတ်စလင်တွေရဲ့မျိုးပွားနှုန်းကို ထိမ်းချုပ်ရမယ့် နည်းလမ်းအမှန်က ‘မွတ်စလင်တွေကို ခေါ်သွင်းတာကိုရပ်ရမှာ၊ ကလေးမွေးနှုန်းထိမ်းချုပ်တဲ့ ဥပဒေတွေထုတ်ရမှာ မဟုတ်ဘူး’ တဲ့။ ရောက်လာတဲ့ မွတ်စလင်အမျိုးသမီးတွေဟာ ပညာကောင်းကောင်းမတတ်ကြလို့ ကလေးတွေ စွတ်မွေးနေတာတဲ့။ အင်္ဂလန်က မွတ်စလင်တွေကို ထောက်ပံ့ပေးနေတယ်ဆိုတာက အခမဲ့ နေစရိတ်၊ စားစရိတ်၊ ကျန်းမာရေးစရိတ်လောက်ပဲ ပေးနေသေးတာမို့လို့ ဒီလိုဖြစ်နေရတာတဲ့။ ‘ပိုက်ဆံထပ်အကုန်ခံပြီး မွတ်စလင်တွေအားလုံးကို ပညာတွေသာ လှိမ့်ပြီးသင်ပေးပစ်လိုက်ရင် သူတို့မွေးနှုန်းတွေ ရပ်သွားမှာသေချာတယ်’ တဲ့။ ကဲ .. ဘယ်လိုလဲ??? စာဖတ်သူတွေကော .. အင်္ဂလန်သွားပြီး မွတ်စလင် မလုပ်ချင်ဘူးလား? မိန်းမကြိုက်သလောက်ယူပြီး ကလေးများများမွေးနေရုံလေးပဲ။ ရှာကျွေးစရာလည်းမလိုတဲ့အပြင် ကိုယ်ပါကပ်စားပြီး ဇိမ်နဲ့နေလို့ရတယ်။ ပြီးရင် ကိုယ့်ကလေးတွေကိုလည်း တစ်ချိန်မှာ အင်္ဂလန်နိုင်ငံရဲ့ ၀န်ကြီးတွေ၊ ၀န်ကြီးချုပ်တွေ ဖြစ်လာတဲ့အထိ ပညာတွေ အခမဲ့သင်ပေးဦးမယ် … ။
စူဠလိပ်ကြီး ရေနှစ်သတ်တဲ့ပုံပြင်ကို သွားသတိရမိပါတယ်။
တစ်ရံရောအခါ စူဠလိပ်ကြီးတစ်ကောင်က အင်မတန်ဆိုးသွမ်းလို့ ဘုရင်ကဖမ်းပြီး သတ်ခိုင်းတယ်။ မိတော့ အမတ်တွေက ဓားနဲ့ခုတ်သတ်သင့်တယ်၊ လှံနဲ့ထိုးသတ်သင့်တယ်၊ မီးနဲ့ ရှို့သတ်သင့်တယ်လို့ အကြံပေးကြတယ်။ ဒီတော့ စူဠလိပ်ကြီးက အားပါးတရ ရယ်တယ်။ ဘာလို့ရယ်လည်းမေးတော့ .. ‘ငါက ဒုတ်ပြီး၊ ဓားပြီးတယ်ကွ၊ မင်းတို့ပြောတဲ့နည်းနဲ့သတ်လို့ မသေဘူးကွ’ လို့ဖြေတယ်။ အဲဒီမှာ အမတ်တစ်ယောက်က ရေနှစ်သတ်သင့်တယ်လို့ အကြံပြုလျှောက်ထားတယ်။ ဒီမှာ လိပ်ကြီးက ချုံးပွဲချငိုပြီး တောင်းပန်ပါလေရော။ ဒါနဲ့ .. ကြည့် .. ‘ဒီလိပ်ကြီးက ရေတော့ကြောက်သားပဲ’ ဆိုပြီး ၀မ်းသာအားရ မဟာသမုဒ္ဒရာထဲကို ပစ်ချပြီး ရေနှစ်သတ်ကြသတဲ့ဗျား .. ။ အခုလည်း အင်္ဂလိပ်လစ်ဘရယ် ဥာဏ်ကြီးရှင်များက မွတ်စလင်တွေရဲ့ မျိုးပွားနှုန်းကို ‘ပညာတွေလှိမ့်ပြီး သင်ပေးပစ်လိုက်တဲ့နည်း’ နဲ့ ရပ်တန့်ပစ်လိုက်ရမတဲ့။ ပညာကို အင်မတန်တန်ဖိုးထားသလို ပညာသင်ပေးတာကိုလည်း အင်မတန်အားပေးပါတယ်ဗျာ။
ဒါပေမယ့်လည်း ………………..… လုပ်သင့်တာတွေကိုတော့ လုပ်သင့်တာပေါ့။
ကဲ .. ထားပါတော့လေ … ဒီလောက်တောင် အမွဲခံပြီး ပြုစုနေတာဆိုတော့ မွတ်တွေက အင်္ဂလိပ်တွေကို သိပ်ကျေးဇူးတင်နေမှာပဲ …… လို့တော့လည်း ထင်မသွားနဲ့ဦး။ မွတ်စလင်များများနေတဲ့အချို့နေရာတွေမှာဆိုရင် အင်္ဂလိပ်အိမ်တွေမှာ အင်္ဂလန်အလံမလွှင့်ဖို့ ပြောကြတယ်ဗျ။ ဒီလို အင်္ဂလန်အလံကြီးလွှင့်ထားတာက သူတို့တတွေကို သိမ်ငယ်စေပြီး လူမျိုးရေးခွဲခြားခံရတယ်လို့ ခံစားရစေလို့ပါတဲ့။ သနာစရာဗျာ .. အားငယ်တတ်ရှာတယ်ဗျ။ ၂၀၀၈ ခုနှစ်က လန်ဒန်မှာကျင်းပတဲ့ 9/11 နှစ်ပတ်လည်မှာ Anjem Choudary ဆိုတဲ့ မွတ်စလင်တရားဟောဆရာတစ်ယောက်က ဘယ်လိုပြောခဲ့သလဲဆိုတော့ ………………
‘‘ဂရိတ်ဘရစ်တိန်ဟာ မွတ်စလင်နိုင်ငံကြီး ဖြစ်ကိုဖြစ်လာစေရမယ်။ ဒီလိုဖြစ်ဖို့ဆိုတာ နိုင်ငံ့အပြင်ကနေ စွမ်းဆောင်လို့တော့ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ခရစ်ယာန်တွေနဲ့လည်း လုံးဝမပူပေါင်းဘူး။ .. အခုအချိန်မှာတော့ အလ္လာကို မယုံကြည်သူတွေရဲ့ပိုက်ဆံကို ယူကိုယူရမယ်။ ဒါဟာ ဂျီဟတ်သမားတွေရဲ့ ရပိုင်ခွင့်ပဲ ဖြစ်တယ်။ ..
ဘရပ်ဆဲ (ဘယ်ဂျီယမ်မြို့တော်) မှာလည်း မွတ်စလင် ၃၀%၊ အမ်စတာဒမ် (ဟော်လန်မြို့တော်) မှာလည်း မွတ်စလင် ၄၀% ရောက်နေပြီ။ … ဥရောပတိုက်ကြီးတစ်ခုလုံးကို ငါတို့တွေသိမ်းပိုက်နေကြပြီ။ ငါတို့တတွေဟာ ဆူနာမီလှိုင်းလုံးကြီးတွေလို ဥရောပတိုက်ကြီးတစ်ခုလုံးကို လွှမ်းမိုးလို့လာနေကြပြီ။ ..
… … ဂျီဟတ်ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်က ရုန်းကန်ကြိုးစားခြင်း ဖြစ်တယ်။ တိုက်ရ၊ ခိုက်ရမယ်လို့ချည်းပဲ နားလည်ရမှာ မဟုတ်ဘူး။ ဒီနိုင်ငံက လူတစ်ယောက်တစ်လေကိုတောင် သတ်ပါလို့ ဘယ်သူ့ကိုမှ မပြောခဲ့၊ မတိုက်တွန်းခဲ့ဖူးဘူး။’’
သူကိုယ်တိုင်ကလည်း အင်္ဂလိပ်အစိုးရဆီကနေ တစ်နှစ်ကို အနည်းဆုံး စတာလင်ပေါင် ၂၅,၀၀၀ ရယူ ခံစားပါတယ်။
[ဒီမှာ ဖတ်နိုင်ပါတယ် http://traitor666.blogspot.com/2013/03/britain-will-become-islamic-state.html, http://www.telegraph.co.uk/news/9875954/Muslim-preacher-urges-followers-to-claim-Jihad-Seekers-Allowance.html ]
လစ်ဗျားခေါင်းဆောင် ကဒါဖီကလည်း ဘယ်လိုကြိမ်းဝါးထားခဲ့သလဲဆိုတော့ …… ‘ဓားမလို၊ သေနတ်မလို၊ တိုက်ပွဲတွေမလိုဘဲနဲ့ ဥရောပတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်အောင်မြင်နိုင်အောင် အလ္လာကိုယ်တော်မြတ်ကူညီနေတယ် ဆိုတာကို ငါတို့တတွေ တွေ့နေရပြီ။ ငါတို့အတွက် အကြမ်းဖက်သမားတွေ၊ အသေခံဗုန်းခွဲမယ့်သူတွေ မလိုပါဘူး။ ဥရောပမှာ လက်ရှိရောက်နေတဲ့ မွတ်စလင် သန်း ၅၀ ကျော်က ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ဥရောပတစ်တိုက်လုံးကို မွတ်စလင်တိုက်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်ပါလိမ့်မယ်။’ [“There are signs that Allah will grant victory to Islam in Europe without sword, without gun, without conquest. We don’t need terrorists; we don’t need homicide bombers. The 50 plus million Muslims (in Europe) will turn it into the Muslim Continent within a few decades.’’]
အခုအချိန်မှာ တူရကီမှာ မွတ်စလင်နောက်ထပ်သန်း ၅၀ ရှိပါတယ်။ အီးယူအဖွဲ့သာ ၀င်ခွင့်ရသွားရင်တော့ ဥရောပကို အရင်ရောက်နှင့်နေတဲ့ မွတ်စလင်တွေနဲ့ ပေါင်းလိုက်ရင် သန်း ၁၀၀ ကျော်ပြီပေါ့ဗျာ။ ဒါဆိုရင် ကဒါဖီမှန်းထားတာထက် ပိုပြီး လျင်မြန်စွာ Eurabia ဆိုတဲ့ မွတ်စလင်တိုက်ကြီး ဖြစ်ထွန်းလာပါလိမ့်မယ်။ ယခုလက်ရှိမှာတောင် အခြားဥရောပနိုင်ငံတွေထဲက အချို့ကို တစ်နိုင်ငံချင်းစီလှမ်းပြီးကြည့်လိုက်ရင် ………… ပြင်သစ်နိုင်ငံရဲ့မြို့တော်ပဲရစ်(စ်) နဲ့ မာဆေးဆိုရင် မွတ်စလင်တွေများလွန်းလို့ မွတ်စလင်မြို့တော်တွေလို့တောင် ခေါ်နေကြပါပြီ။ ဘယ်(လ်)ဂျီယံမှာက မွေးကင်းစကလေးတွေရဲ့ တစ်ဝက်ကျော်က မွတ်စလင်တွေတဲ့။ ဗေဒင်မမေးနဲ့ဗျာ .. အနာဂတ်ကို လှမ်းသာကြည့်လိုက်ပါတော့။ ရုရှားမှာလည်း ထိုနည်း၎င်း .. ။ ဂျာမနီမှာလည်း မွတ်စလင် ၅သန်းကျော်သွားပြီ။ ရိုးသားတဲ့ ဂျာမန်ခေါင်းဆောင်ကြီး အန်ဂီလာမာကယ် (Angela Merkel) ကတော့ အခုလို အမှန်အတိုင်း ၀န်ခံသွားပါတယ် … ‘ကျမတို့တတွေ နှစ်ပေါင်းများစွာ ကျမတို့ကိုယ် ကျမတို့ အမှန်တရားကို ဖုန်းကွယ်ထားခဲ့မိပါတယ်။ ဗလီတွေဟာလည်း အရင်ကထက် အရမ်းကို ပိုများလာတယ်ဆိုတာ အမှန်ပါပဲ။ ဂျာမနီနိုင်ငံဟာလည်း အခြားဥရောပနိုင်ငံကြီးတွေလိုပဲ မကြာခင်မှာ မွတ်စလင်တွေရဲ့ ခိုင်ခိုင်မာမာ ခြေကုပ်ယူကာ အခြေချစရာ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတော့မယ်’။ [http://www.migrationnewssheet.eu/mosques-are-to-become-part-of-the-german-landscape-says-chancellor-merkel ]
အံ့သြစရာတော့ ကောင်းတယ်ဗျ။ လစ်ဘရယ်တွေက သူတို့ရဲ့ မျက်စိတွေ၊ နားတွေနဲ့ ဒီလောက်တောင် မြင်နေရ၊ ကြားနေရပေမယ့် သူတို့ရဲ့ ဦးနှောက်ထဲက ထွက်လာတဲ့ အယူအဆတွေ၊ သီအိုရီကြီးတွေကို ပိုပြီးယုံကြည်ကြတုန်းပဲဗျ။ အင်္ဂလန်ရောက်မွတ်စလင်တွေကိုယ်တိုင်က မဝေးတဲ့အနာဂတ်မှာ အင်္ဂလန်ပြည်ဟာ မွတ်ပြည်ဖြစ်စေရမယ်လို့ ပေါ်ပေါ်ထင်ထင်ပြောနေတာတောင် သူတို့ကြံဆတီထွင်ထားတဲ့ လစ်ဘရယ်သီအိုရီရဲ့ တန်းခိုးအစွမ်းတွေကြောင့် ဘယ်တော့မှ မွတ်ပြည်မဖြစ်နိုင်ဘူးလို့ ယုံကြည်ကြသဗျ။ ‘ငါနဲ့ငါသာ နှိုင်းစရာ’ဆိုတဲ့အတိုင်း သူတို့ကိုယ်သူတို့ ဒီကမ္ဘာမှာ ဥာဏ်အရှိဆုံး၊ အတော်ဆုံးလို့ ယုံကြည်ကြတာဆိုတော့ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ စတဲ့ ဒိတ်ဒိတ်ကျဲ အာရှနိုင်ငံကြီးတွေမှာ မွတ်စလင်လူဦးရေရာခိုင်နှုန်းတွေ များမလာအောင် ဘယ်လိုထိမ်းချုပ်ကြတယ်ဆိုတာတွေကို အတုယူဖို့ စိတ်ကူးထဲတောင် မထည့်ဘူးဆိုပါတော့ဗျာ။ (ဂျပန်မှာ မွတ်စလင် ၀.၂ %၊ တောင်ကိုရီးယားမှာ မွတ်စလင် ၀.၀၄ %ပါ) တကယ်တော့ ဘယ်စနစ်ကိုမှ တရားသေကိုင်စွဲထားလို့ မရဘူးဗျ။ စနစ်တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိကြပါတယ်။ ဒါကြောင့် အာရှဒီမိုကရေစီနိုင်ငံကြီးတွေမှာတော့ ဒီမိုကရေစီစနစ်ရဲ့အပေါ်ကနေ လိုအပ်တဲ့ဥပဒေတွေကို ထပ်ဆောင်းပြဌာန်းကာကွယ်ကြပါတယ်။ အာရှနိုင်ငံကြီးတွေကတော့ အမျိုးသားရေးက နံပါတ်တစ်ပဲဗျ။ ဒါကြောင့်မို့ စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယုနဲ့ မလေးရှားခေါင်းဆောင်ကြီး မဟာသီယာမိုဟာမက်တို့ကတော့ အနောက်တိုင်းသားတွေ ဘာပြောပြော ‘မင်းတို့အနောက်တိုင်းသားတွေမှာ အနောက်တိုင်းသားတို့ရဲ့ စံပေတံတွေဖြစ်တဲ့ လူ့အခွင့်အရေးဆိုတာတွေရှိသလို ငါတို့အာရှတိုက်သားတွေမှာလည်း အာရှသားတို့ရဲ့ စံချိန်စံညွှန်းစံတန်ဖိုးဆိုတဲ့ Asian Values ဆိုတာတွေ ရှိသေးတယ်ကွ’လို့ ပြန်လည် ဟိန်းဟောက်ခဲ့ပါတယ်။ (အနောက်တိုင်းသားတွေကတော့ ‘ဒါဟာ အာဏာမက်လို့ ပြောတာပါ’လို့ ကဲ့ရဲ့တာပေါ့ဗျာ။ ဘယ်သူမှန်တယ်မှားတယ်ဆိုတာကို အချိန်ကတော့ အဖြေပေးနေပါပြီ။)
အင်္ဂလန်အကြောင်းဆက်ပြောရရင် … မွတ်စလင်ရာခိုင်နှုန်းတိုးလာရတဲ့ နောက်ထပ် အကြောင်းတစ်ခု ရှိပြန်သေးတယ်ဗျ။ အဲဒါက ဘာလည်းဆိုတော့ … အင်္ဂလိပ်တွေကိုယ်တိုင် အစ္စလာမ်ဘာသာထဲကို ၀င်နေကြတယ်တဲ့။ အထူးသဖြင့် ငယ်ရွယ်တဲ့ ဘိုမလေးတွေက ပိုပြီး ၀င်ကြတယ်တဲ့။ ဘာကြောင့်လည်းလို့ ဆန်းစစ်လိုက်တော့ … ခရစ်ယာန်ဘာသာဝင် အရေအတွက် ကျဆင်းပြီး ဘာသာမဲ့တွေများလာလို့ပါပဲ။ ဘာလို့ ဘာသာမဲ့တွေများလာသလဲ .. ဆိုတော့ အင်္ဂလိပ်တွေက သူတို့ ခရစ်ယာန်ဘာသာကို သူတို့ကိုယ်တိုင် ပြန်လည်ဖျက်ဆီးခဲ့ကြပါတယ်။ ဇာတ်လမ်းအစကို ပြန်ကောက်ရရင် ၁၉၉၀ ၀န်းကျင်လောက်မှာ ကက်သလစ်ဘုန်းကြီး အချို့ရဲ့ လိင်မှုဆိုင်ရာ အမည်းစက်တွေ ပေါ်ပေါက်လာပြီး ကမ္ဘာကျော်အောင် အမှုတွေဖြစ်ကာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တယ်ပေါ့ဗျာ။ တကယ်ဆိုရင် အပြစ်ရှိတဲ့ ဘုန်းကြီးတစ်ချို့ကိုပဲ အပြစ်ပေးပြီးရင် တော်သင့်ပြီပေါ့။ ကျွန်တော်တို့ဆီမှာတောင် ကာမဂုဏ်မှာမှောက်မှားမိတဲ့ ရဟန်းအချို့ကို လူဝတ်လဲပြီး သာသနာ့ဘောင်ကနေ ပယ်ထုတ်ခဲ့တဲ့သာဓကအချို့ရှိခဲ့ဘူးပါတယ်ဗျာ။ စုန်းပြူးဆိုတာ ရံဖန်ရံခါပေါ်လာတတ်တာ သဘာဝပါ။ ဒါပေမယ့် အဲဒီကိစ္စကိုပဲ အကြောင်းပြုပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေအားလုံးကို သိမ်းကျုံး ရှုံ့ချကာ ဘာသာတရားတစ်ခုလုံးကို အစွန်းရောက်အောင် ပစ်ပယ်ကြပြန်တယ်ဗျ။ ဒီမှာတင် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှန်မှန်တက်တဲ့ အကျင့်တွေပျောက်လာတယ်။ ကလေးတွေပါ ဘာသာတရားနဲ့ ဝေးသထက်ဝေးသွားပြီး ဘာသာမဲ့ ကလေးငယ်တွေအဖြစ်ကြီးပြင်းလာတယ်။ ဒီလိုဘာသာမဲ့တွေများလာတာကိုပဲ ‘လွတ်လပ်စွာစဉ်းစားတတ်မယ့်ကလေး’တွေလို့ မိဘတွေက ဂုဏ်ယူနေကြပြန်ပါတယ်။ ဒါပေမယ့် အပြောကောင်းတဲ့ မွတ်စလင်တွေနဲ့ တွေ့တဲ့အခါ သူတို့လူငယ်တွေရဲ့ ပင်ကိုယ်ဘာသာရေးကိုယ်ခံအားကလည်း မရှိသလောက်နည်းနေလေတော့ ၀င်တဲ့သူတွေ ၀င်ကုန်ကြတယ်ပေါ့ဗျာ။ (အာရှနဲ့အာဖရိကတိုက်တွေမှာ ခရစ်ယာန်သာသနာ အင်မတန်ထွန်းကားလာပေမယ့် ဥရောပသားစစ်စစ် ခရစ်ယာန်ဘာသာဝင်အရေအတွက်တွေကတော့ လျော့ကျလာနေပါတယ်။)
ဒါကြောင့် ကလေးတွေကို ငယ်ငယ်ကတည်းက ဘာသာရေးကိုယ်ခံအားတွေ ကောင်းအောင် သင်ကြားပေးထားဖို့ အင်မတန် အရေးကြီးပါတယ်။ အခုနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ အရှိန်နဲ့ အဟုန်နဲ့ ဖွင့်လှစ်လာနေတဲ့ ဗုဒ္ဓဘာသာယဉ်းကျေးမှုသင်တန်းတွေ၊ ဆန်းဒေး ဓမ္မစကူး(လ်)တွေအကြောင်းကို ကြားနေရတာဟာ အင်မတန်ကျက်သရေရှိလှသလို ဗုဒ္ဓသာသနာတော်အတွက်လည်း အင်မတန်အားတက်မိတယ်ဗျာ။ တကယ်တော့ ‘တရားအလှုဆိုတာ လောကမှာ အမြတ်ဆုံးအလှု’လို့ ဘုရားရှင်ဟောကြားထားတာဆိုတဲ့ ဒီသင်တန်းတွေဖွင့်နိုင်ဖို့ ၀ိုင်းဝန်းလှုဒါန်း ဖေးမကြတာဟာ လောကမှာ အကြီးဆုံးအလှုကို လှုနေကြတာဖြစ်သလို သာသနာကို စောင့်ရှောက်ကြတာလည်းဖြစ်တာမို့လို့ စတက်ထပိုး အားပေးချီးမြှောက်ကျဖို့လည်း ထပ်လောင်းတိုက်တွန်းချင်ပါတယ်။
ဒီနေရာမှာ နောက်တစ်ခုထပ်ဆွေးနွေးချင်တာက ‘Secular State’ လို့ ခေါ်တဲ့ ဘာသာရေးနဲ့ နိုင်ငံရေး လုံးဝပတ်သက်မှု မရှိရတဲ့ ဥပဒေသပါ။ ၈၈ အရေးအခင်းတွေ၊ ရွှေဝါရောင်အရေးအခင်းတွေတုန်းက သံဃာတော်တွေ တစ်တပ်တစ်အားပါဝင်ကာ ဒီမိုကရေစီအရေးတွေ တောင်းဆိုပေးခဲ့တုန်းကတော့ ‘အရှင်ဘုရားတို့ လောကီရေးဝင်မစွက်ပါနဲ့’လို့ မပြောခဲ့တဲ့အပြင် ‘သာသနာ့အာဇာနည်’တွေလို့တောင် ချီးမွမ်းခန်းဖွင့်ပေးခဲ့ကြပေမယ့် အမျိုးစောင့်ဥပဒေကိစ္စကျတော့ အကြီးအကျယ်ကန့်ကွက်ကြတယ်ဗျ။ အချို့ကပြောတာတော့ အခုသံဃာနဲ့ အဲဒီ့သံဃာက မတူဘူးတဲ့လေ။ ဦးဆောင်သံဃာပိုင်းမှာ အနည်းငယ်မတူရင်တောင် ပါဝင်ခဲ့တဲ့ သံဃာထုတစ်ရပ်လုံးကတော့ ဒီသံဃာထုပါပဲ။ မြန်မာပြည်မှာ သံဃာထု နှစ်ရပ်မရှိပါဘူး။ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တုန်းကလည်း ဒီသံဃာထု၊ ၈၈လည်း ဒီသံဃာထု၊ ရွှေဝါရောင်မှာလည်း ဒီသံဃာထု၊ အမျိုးစောင့်ဥပဒေလည်း ဒီသံဃာထု…. အတူတူပါပဲဗျာ။ တကယ်တော့ ‘နောင်ကိုလည်း နိုင်ငံရေးမှာ သံဃာတော်တွေ ၀င်စွက်လေမလား’ဆိုတာကတော့ သိပ်ကို အစိုးရိမ် လွန်လွန်းနေတာပါ။
အခု အမျိုးစောင့်ဥပဒေမှာ ၀င်ပါလာရတယ်ဆိုတာက သာသနာ့အနာဂတ်အတွက် အန္တရာယ်တွေကိုမြင်နေရလွန်းလို့၊ မနေသာလွန်းလို့ ၀င်ပါလာရတယ်ဆိုတာကို အမှန်အတိုင်းမြင်စေချင်ပါတယ်။ ‘တိုင်းပြည်ကိုအုပ်ချုပ်ပါ’ဆိုရင်တောင် ဘုရားသားတော်တွေက မအုပ်ချုပ်ပါဘူးဗျာ။ ဘုရားကလည်း ခွင့်ပြုမထားပါဘူး။ ကျွန်တော်တို့နိုင်ငံက နဂိုကတည်းက secular state ဖြစ်ပြီးသားပါ။ တကယ်တော့ ဒီ secularism ဆိုတဲ့သဘောတရားက ၁၆ ရာစု၊ ၁၇ရာစုလောက်က ဥရောပမှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ့အချိန်မတိုင်ခင်က တိုင်းရေးပြည်ရာအုပ်ချုပ်မှုတွေမှာ ဘုန်းတော်ကြီးတွေကိုယ်တိုင် ပါဝင်ပတ်သက်အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ ၁၆ ရာစု၊ ၁၇ရာစု ရောက်တော့ ဘာသာရေးဂိုဏ်းဂဏတွေကြားမှာ အားပြိုင်ကြရာကနေ စစ်ပွဲကြီးတွေ ဖြစ်ကာလူပေါင်းများစွာ သေကြေခဲ့တယ်။ ဒါ့ကြောင့် နောင်ကို ဒီလိုဘာသာရေးစစ်ပွဲတွေ ထပ်မဖြစ်အောင်ဆိုပြီး secularism ကို စတင်ကျင့်သုံးခဲ့ပါတယ်။ ဒါက သူတို့သမိုင်းပါ။ ကျွန်တော်တို့ဆီမှာ ပုဂံခေတ်ကတည်းက ဘုန်းတော်ကြီးတွေဟာ ဘယ်တော့မှ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေမှာ ၀င်မစွက်ခဲ့ပါဘူး။ တိုင်းသူပြည်သားတွေ အတိဒုက္ခရောက်ချိန်ကျမှသာ အရှင်ဒိသာပါမောက်၊ ဦးဥတ္တမ၊ ဦးဝိစာရ အစရှိတဲ့ ဆရာတော်တွေ ပါဝင်ကူညီ တိုက်ပွဲဝင်ပေးခဲ့ကြတာပါ။
ဥရောပသားတွေနဲ့ ကျွန်တော်တို့က သမိုင်းကြောင်းချင်း မတူရေးချ မတူပါ။ ဒါကိုပဲ လစ်ဘရယ်အစွန်းရောက်အချို့က ဆရာတော်တွေကပဲ ဒီမိုကရေစီမှာ ၀င်ရှုပ်နေသယောင် ပြောကြဆိုကြတယ်ဗျ။ … အဲ .. အစောက ဥရောပသမိုင်းဆက်ပြောရရင် အဲဒီလို ၁၇ ရာစုမှာ ဘုန်းတော်ကြီးတွေကို ဘေးကိုတွန်းပို့လိုက်ပေမယ့် အဲဒီခေတ်အခါတွေတုန်းက ဥရောပမှာက ခရစ်ယာန်တွေချည်းပဲ နေခဲ့ကြတာဆိုတော့ ဘုန်းတော်ကြီးတွေ ဘေးရောက်သွားလည်း သိပ်မသိသာဘူးပေါ့ဗျာ။ အတိအကျဆိုရရင် အင်္ဂလန်ပြည်မှာ ၁၈၁၂ ခုနှစ်အထိ Trinitarian Act နဲ့ မွတ်စလင် ဖြစ်ခွင့်ကိုတားထားခဲ့တဲ့အတွက် တရားဝင်မွတ်စလင် လူဦးရေက သုညပါ။ မွတ်စလင်မရှိခဲ့တဲ့နိုင်ငံပါ။ ဒါပေမယ့် ယနေ့ခေတ်မှာ ဥရောပတစ်ခုလုံး မွတ်စလင်တွေများစွာ ရောက်ရှိလွှမ်းမိုးလာချိန်မှာတော့ ကာကွယ်စရာ ကိုယ်ပိုင်ဘာသာတရား ပျောက်ဆုံးနေပြီမို့ ခံတပ်တံတိုင်းကြီး မရှိတော့ကိုတွေ့ရပါတယ်။ လစ်ဘရစ်တွေ မျက်စိလျှံသွားခဲ့တာက ဘာသာနဲ့ လူမျိုးသိပ်ဆက်စပ်နေတော့ ဘာသာပျောက်ရင် လူမျိုးပါပျောက်သွားနိုင်တယ်ဆိုတဲ့ အချက်ပါ။ အခုအချိန်မှာ မျိုးချစ်စိတ်၊ ဘာသာချစ်စိတ်တွေ ပြန်လည်ထူထောင်ဖို့ ဆိုတာက ကြက်ဥအစရှာမရသလို အစပျောက်နေပါပြီ။ ကိုယ့်သားသမီးတွေကို ဘာသာမဲ့ဖြစ်အောင်လည်း သွန်သင်ခဲ့ပြီးပြီ။ ကလေးမထွက်တဲ့ living together စနစ်တွေလည်းတီထွင်ပြီးပြီ။ ကိုယ်လူမျိုးကို ကိုယ့်ဗိုက်ထဲမှာတင် လူမျိုးတုန်းသတ်လို့ရတဲ့ ‘အမျိုးသမီးအခွင့်အရေးဥပဒေ’တွေလည်း ပြဋ္ဌာန်းပေးပြီးပြီ။ မျိုးချစ်စိတ်တွေလည်း ဖျက်သိမ်းပြီးပြီပေါ့ဗျာ။ နားလည်တဲ့ အင်္ဂလိပ်ပညာရှင်တစ်ချို့ကတော့ ၁၉၅၀ ၀န်းကျင်က အင်္ဂလန်ပြည်မှာ ရှင်သန်ခဲ့တဲ့ သူတို့မိဘတွေရဲ့ ‘ဘာသာချစ်စိတ်၊ မျိုးချစ်စိတ်၊ စည်းစနစ်ကိုမြတ်နိုးစိတ်’ စတဲ့ အတိတ်ကစိတ်နေစိတ်ထားတွေနဲ့ စိတ်ဓါတ်အရည်အသွေးတွေကို ပြန်လည်တမ်းတကြတယ်ဗျ။ အချိန်တော့ တော်တော်နှောင်းနေပါပြီ။ ကျွန်တော်တို့တတွေကတော့ အချိန်မီပါသေးတယ်။ အချိန်မီသတိပေးကြတဲ့ ဆရာတော် သံဃာတော်များကို အင်မတန် ကျေးဇူးတင်ထိုက်တယ်ဗျ။
ဒါကိုပဲ ဆရာတော်တွေကို ဟစ်တလာနဲ့ နှိုင်းတဲ့သူတွေက နှိုင်းကြသေးတယ်ဗျာ။ ဒီနေရာမှာ ဟစ်တလာအကြောင်းကို အနည်းငယ်တော့ ဆွေးနွေးချင်တယ်ဗျ။ (ဟစ်တလာကို မထောက်ခံဘူးဆိုတာကိုတော့ ရှင်းအောင် အရင်ဆုံးပြောထားချင်ပါတယ်။) တကယ်တော့ သမိုင်းကို လေ့လာရင် နှစ်ဖက်ကြည့်မှပဲ ပြည့်စုံတယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ သူရဲကောင်းဟာ တစ်ဖက်နိုင်ငံသားတွေရဲ့ မျက်စိထဲမှာတော့ လူဆိုးကြီးပေါ့ဗျာ။ ဒီသဘောပါ။ ဟစ်တလာကို ဥရောပသားတွေက သေအောင်မုန်းကြတယ်ဗျ။ ဂျူး ၆သန်းကို လူမျ
Like

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...