`` ရော့ခ်သီချင်းနဲ့ ပုတီးစိပ်တဲ့သမီးတော် ´´
သမီးတော်တွေဟာ သွားလေရာမှာ ပြေစမှတ်တွင်အောင်ကို စွမ်းဆောင်နိုင်ကြ
တော်ကြပါပေတယ်၊ ခက်တာက အာဏာရှင်ကြီးရော သူ့ဇနီးကရော
သမီးတော်တွေနဲ့ပတ်သတ်ရင် ဒီလိုတော့မလုပ်နဲ့၊ ဟိုလိုတော့မလုပ်နဲ့ဆိုပြီး
ဆုံးမပဲ့ပင်ခြင်း လုံးဝမရှိတာပဲ၊ သားသမီးတွေအပေါ် အလွန်တရာမှ
သည်းခံအလိုလိုက်တဲ့ မိဘတွေဖြစ်တယ်၊ မိဘတွေအလိုလိုက်လေလေ သမီးတော်တွေက
ဆိုးလေလေဖြစ်တယ်၊ သမီးတော်တွေကလည်း တစ်ပါးနဲ့တစ်ပါး မတည့်ကြလေတော့
ဘယ်သွားသွား ဘာလုပ်လုပ် သမီးတော်တစ်ပါးစီအတွက် ကားဆိုလည်း သီးသန့်တစ်စီးစီ၊
သွားချင်တဲ့နေရာလည်း သီးသန့်စီလုပ်ပေးရတယ်၊ ခက်တာက
သမီးတော်တွေနဲ့ပတ်သတ်ရင် ဘယ်သူမှမျက်နှာမရဘဲ ပြဿနာတွေချည်း ရနေတာပဲ။
သမီးတော်တွေလာတော့မယ်ဆိုတာနဲ့ လာမယ့်ဒေသကတပ်မှူးတွေရော တပ်မှူးကတော်တွေရော
သမီးတော်များကို ပြုစုဆက်ဆံနည်းဆိုတဲ့ အရေးပေါ်အလုပ်ရုံ အစည်းအဝေးပွဲကို
လုပ်ရတယ်၊
သမီးတော်တွေကို ဘာမှပြန်မပြောရ၊ ဘာအကြံမှမပေးရဆိုတာက အရေးကြီးဆုံးဖြစ်တယ်၊ မျက်နှာလို မျက်နှာရလုပ်ပြီး အကြံတစ်ခုခုသွားပေးလို့ကတော့ သေမယ်သာကြံပေတော့၊ အဲဒီအကြံနဲ့ ဆန့်ကျင်ဖက် ထော်လော်ကန့်လန်တွေလုပ်ပြီး ဒုက္ခပေးပြပါလိမ့်မယ်။
သမီးတော်တွေကို ဘာမှပြန်မပြောရ၊ ဘာအကြံမှမပေးရဆိုတာက အရေးကြီးဆုံးဖြစ်တယ်၊ မျက်နှာလို မျက်နှာရလုပ်ပြီး အကြံတစ်ခုခုသွားပေးလို့ကတော့ သေမယ်သာကြံပေတော့၊ အဲဒီအကြံနဲ့ ဆန့်ကျင်ဖက် ထော်လော်ကန့်လန်တွေလုပ်ပြီး ဒုက္ခပေးပြပါလိမ့်မယ်။
၂၀၀၃ခုနှစ်
သင်္ကြန်ကာလမှာတော့ လားရှိုးကို သမီးတော်တွေက ချဉ်ခြင်းတပ်ပါတယ်၊
ထုံးစံအတိုင်း မိသားစုလိုက် သင်္ကြန်ပွဲတော်ကို လာရှိုးမှာဆင်နွဲရင်း
ညဖက်မှာဈေးဝယ်ချင်တဲ့ချဉ်ခြင်း က ထပ်တက်လာပြန်ရော၊ အဲဒီအချိန်က
မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွာရေးကစနေပြီဆိုတော့  အရင်ကလို လာရှိုးမှာ
မှောင်ခိုခေတ်မဟုတ်တော့ဘူး၊ ဘာပစ္စည်းမဆို ရန်ကုန်မှာ ဈေးအပေါဆုံးနဲ့
ဝယ်လို့ရနေချိန်ဖြစ်ပေမယ့် သမီးတော်တွေကို ဘယ်သူကဘာပြောရဲမှာလဲ၊
ဒီလိုနဲ့ညခုနှစ်နာရီမှာ သမီးတော်တစ်သိုက်ကို
လားရှိုးကတရုတ်ကုန်စုံဆိုင်တစ်ခု ကို ပို့ပေးရတာပေါ့၊ သမီးတော်တွေက ဆိုင်ထဲက
ပစ္စည်းတစ်ခုကိုဆွဲလိုက်၊ ဘေးကရံရွေတော်တွေက ကားတွေပေါ်သွားတင်ပေးလိုက်နဲ့
ညကိုးနာရီကျော်တဲ့အထိ ဝေသာလီပြည် ဘီလူးဝင်သလို ပစ္စည်းတွေကို
ကားပေါ်တင်လိုက်ကြတာ ဆိုင်ရှင်တရုတ်ဆို စာရင်းတောင်မှတ်လို့မနိုင်အောင်
ဖြစ်သွားတယ်။
သမီးတော်တွေလည်း ပြန်သွားရော ဆိုင်ရှင်က
ယူသွားတဲ့စာရင်းကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဈေးဝယ်တာဝန်ခံကိုပြတော့
အဲဒီအရာရှိခမျာ ဘာလုပ်ရ ဘာကိုရမှန်းမသိကို ဖြစ်သွားတယ်၊ သူ့လက်ထဲမှာ
ပါလာတာက ကျပ်ငါးသိန်း၊ သမီးတော်တွေဝယ်သွားတာက ၆၈ သိန်း၊ လွန်ခဲ့တဲ့ ၁၁
နှစ်ကဈေးနော်၊ ဒီတော့ ဘာလုပ်ရမှန်းမသိပဲ
တိုင်းမှူးကိုပြေးပြောရတော့တာေ ပါ့၊ တိုင်းမှူးမှာလည်း အဲဒီလောက်ပိုက်ဆံက
မရှိလေတော့ ကြံရာမရတွေဖြစ်၊ ခေါင်းကိုတွင်အောင်ကုတ်ရင်း လားရှိုးမှာရှိတဲ့
လေးကောင်းဂျင်ဝိုင်းတွေကို ညတွင်းချင်းဖမ်းစေဆိုပြီး အကြံကုန် ဂဠုန်ဆားချက်
အမိန့်ထုတ်ရတော့တယ်။
ဒါနဲ့ တိုင်းစစ်ဌာနချုပ်က အရာရှိတွေက
ရဲကိုမေးပြီး အကြီးဆုံးလေးကောင်ဂျင်ဝိုင်းလု ပ်နေတဲ့ အိမ်ကိုဝိုင်းတော့
ထိုးသားတွေ အကုန်ထွက်ပြေးကြတာပေါ့၊ အမှန် အစကတည်းက
လူကိုဖမ်းချင်တာမှမဟုတ်တာ၊ လူကိုဖမ်းမိရင် တရားရုံးကိုတင်ရမှာလေ၊
ဖမ်းမိတာတွေက နိုင်ငံတော်ဘဏ္ဍာဖြစ်သွားမှာ၊ အခုက
ငွေအရေးတကြီးလိုနေတာမဟုတ်လား၊ ဒီတော့ ဟန်ဆောင်ပန်ဆောင် ဖမ်းမယ်လုပ်ပြတော့
အကုန်လုံးထွက်ပြေးကြတာ ဝိုင်းထဲမှာ လောင်းကြေးက ၁၅ သိန်းကျော်မိလိုက်တယ်၊
ဒါနဲ့လည်း စတိုးဆိုင်မှာ ရှင်းရမယ့်ငွေက မလောက်သေးတော့
ထိုးသားတွေထားပစ်ခဲ့တဲ့ ကားနှစ်စီးကို သိမ်းလာခဲ့ရပြန်ရော၊ နောက်နေ့မှ
အဲဒီကားနှစ်စီးကို ရောင်းလိုက်သလား၊ မူလပိုင်ရှင်တွေကို လည်ပင်းညစ်ပြီး
ပြန်ရွေးခိုင်းသလားတော့မသိဘူး၊ သိန်းငါဆယ်ထပ်ရလာလို့ အဲဒီငွေနဲ့
စတိုးဆိုင်ကို ရှင်းလိုက်ရတော့တယ်။
သမီးတော်တွေဈေးဝယ်ကောင်းလို့
သူ့ဟာသူ လိုင်းကြေးပေးပြီးဖွင့်နေတဲ့
လေးကောင်ဂျင်ဝိုင်းတောင်မနေရဘူး ဆိုပြီး လားရှိုးက
လောင်းကစားသမားတွေလောကမှာလည်း တစ်ခါထဲနာမည်ကြီးသွားတော့တာပေါ့ ၊
သမီးတော်တွေကိုယ်တိုင်တောင် ဒါကို သိမှာမဟုတ်ဘူး၊ ဒါကတော့
ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမကြီးပေါင်ကျိုးတဲ့
ဇာတ်လမ်းပေါ့ဗျာ။
လားရှိုးမှာကဲပြီးတော့ သမီးတော်တွေက
ပြင်ဦးလွင်ကို ဆက်ဆင်းကြတယ်၊ ပြင်ဦးလွင်မှာတော့ သမီးတော်တစ်ပါးက ညဖက်
ဆီးဆောစီးချင်တယ်ဆိုလို့ ကန်တော်ကြီးထဲက ဆီးဆောရှိရာကို
အချိန်မတော်လိုက်ပို့ကြရတယ်၊ အဲဒီမှာ သူကတစ်ဖက်ကထိုင်လိုက်ရင် တစ်ဖက်က
ထိုင်နေတဲ့ ပိန်ပိန်သေးသေးရံရွေတော် တပ်မှူးကတော်တွေက လေထဲကို
မြောက်မြောက်တက်သွားတာကို သဘောကျအရသာခံပြီးမှ ပြန်ပြီးဆက်တော်ခေါ်တော်မူတယ်၊
နောက်နေ့မနက် မန္တလေးကို အားလုံးက ရဟတ်ယာဉ်နဲ့ဆင်းကြပေမယ့်
သမီးတော်တစ်ပါးကတော့ လေယာဉ်မစီးချင်ဘူး၊ ကားနဲ့ပဲ မန္တလေးကိုဆင်းမယ်လို့
အမိန့်တော်ချပြန်ရော၊ ဒီတော့ ကဗျာကရာကားတွေ စီစဉ်ရပြန်တာပေါ့၊ အဲဒီ
သမီးတော်ကကားနဲ့အဆင်း ပြင်ဦးလွင်နာရီစင်ကြီးရှေ့က
တွန်းလှည်းနဲ့ရောင်းနေတဲ့ မုန့်ဟင်းခါးကိုမြင်တော့ ကားရပ်ပြီး
မုန့်ဟင်းကားနှဏ်ပွဲ ကားပေါ်မှာထိုင်ပြီး ဆွဲလိုက်သေးတယ်။
စားသောက်လည်းပြီးရော သမီးတော်တွေလာတိုင်း ကားမောင်းပို့ရလေ့ရှိတဲ့ ကားဆရာက
သမီးတော်အကြိုက် ဇော်ဝင်းဝဋ်ရဲ့ ရော့ခ်သီချင်းတွေ
အသံအကျယ်ကြီးဖွင့်လိုက်ချိန်မှာ သမီးတော်က မျက်စိကိုပိတ်၊
ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ပြီး လက်ထဲမှာကိုင်ထားတဲ့ ပုတီးကြီးကို
တစ်ဂျောက်ဂျောက်နဲ့စိပ်ရင်း မန္တလာကို ကြွချီသွားပါလေရောဗျာ ----///
( လက်စောင်းထက် )https://www.facebook.com/ye.
0 comments:
Post a Comment