Sunday, August 17, 2014

မြန်မာ့ဆက်သွယ်ရေးကို ကန်ဒေါ်လာသန်း ၁၈ဝ ရလိုမှုဖြင့် တရားစွဲမည်


မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းအား အမေရိကန်နှင့် အိန္ဒိယ နည်းပညာကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းလုပ် ကိုင်သည့် ဆက်သွယ်ရေးကုမ္ပဏီ I.I(W.S)မှ ကန်ဒေါ်လာ သန်း ၁၈ဝ ရလိုမှုဖြင့် တရားစွဲဆို မည်ဖြစ်ကြောင်း အဆိုပါ I.I(W.S)မှ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာမြတ်နုခိုင်က ပြောသည်။

''လွန်ခဲ့တဲ့ ၁၉၉၉ လောက် ကတည်းက အန်တီတို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတာပါ။ ခုဆက်သွယ်ရေးဘက် က စာချူပ်ပါအချက်အလက်ကို ချိုးဖောက် ခဲ့လို့ နစ်နာကြေးရလိုမှုနဲ့ တရားစွဲမှာပါ''ဟုI.I(W.S) ဒါရိုက်တာအဖွဲ့ဝင် ဒေါက် တာမြတ်နုခိုင်က ပြောသည်။
I.I(W.S)နှင့် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းတို့ ပူးပေါင်းကာ မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေးလုပ်ငန်း အဆင့်မြှင့် တင်ရန် TT Project အမည်ရှိ စာချုပ် တစ်ခုအား လွန်ခဲ့သော ၁၅ နှစ်ခန့်က အကျိုးတူချုပ်ဆိုခဲ့ကြောင်း အမေရိကန် I.I(W.S) မှ ပြသသော ဓာတ်ပုံမှတ်တမ်း များအရ သိရသည်။
အဆိုပါစာချုပ် ချုပ်ဆိုသည့် အခမ်းအနားတွင် လွန်ခဲ့သော ၁၉၉၉ ခုနှစ်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမောင်မောင်တင်၊ အင်ဂျင်နီယာချုပ် ဦးတင့်လွင်နှင့် ဝန်ကြီး ဗိုလ်ချုပ်ဝင်းတင်တို့ ပါဝင်လက် မှတ်ရေးထိုးခဲ့ကြသည်။
စာချုပ်ပါ အကြောင်းအရာ များမှာ အမေရိကန်နှင့်အိန္ဒိယ ပူးပေါင်း လုပ်ဆောင်သည့် ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတွင် ဂြိုဟ်တုလှိုင်းအား မြန်မာနိုင်ငံ လေနယ်နိမိတ်အပေါ်မှ ဖြတ်သန်းသွား လာခွင့်ပြုရန်၊ အဆိုပါလှိုင်းအား မြန်မာ့ ဆက်သွယ်ရေးအတွက် ဖြတ်ယူ သုံးစွဲခွင့် ပြုခြင်းနှင့် လှိုင်းဖြတ်သန်းခနှုန်း တစ်လ လျှင် ကန်ဒေါ်လာ ငါးသန်းခန့်အား မြန် မာနိုင်ငံအစိုးရသို့ ပေးဆောင်မည်ဖြစ် ကြောင်း စသည့်အချက်အလက်များ ထည့် သွင်း ချုပ်ဆိုထားသည်။
အဆိုပါစာချုပ် ချုပ်ဆိုပြီး လုပ်ငန်းစတင်ချိန် တစ်နှစ်အကြာတွင် မြန် မာအစိုးရပိုင်းမှ ဝန်ကြီးအပြောင်းအလဲ များဖြစ်ကာ အဆိုပါ စာချုပ်ပါစီမံကိန်း မှာ အလိုအလျောက် ရပ်ဆိုင်းသွားခဲ့ကြောင်း အမေရိကန်ရှိ I.I (W.S) မှတ်တမ်းများအ ရ သိရသည်။
အဆိုပါလုပ်ငန်း ရပ်ဆိုင်းသွား မှုကြောင့် အမေရိကန် I.I(W.S) အနေ ဖြင့် ကန်ဒေါ်လာ သန်း ၃ဝ ကျော်တန် ဖိုးရှိ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ဆုံးရှုံးခဲ့ရကာ လုပ်ငန်းအချို့လည်း ရပ် ဆိုင်းခဲ့ရသည်။
''လက်ရှိ အမေရိကန် I.I(W.S)ရဲ့ ညွှန်ကြားချက် အရ မြန်မာနိုင်ငံကို ရောက်နေတာပါ။ ဆက်သွယ်ရေးကို တရားစွဲ ဆိုဖို့ပါ။ နိုင်ငံတော်အဆင့် ချုပ်ဆိုထား တဲ့လုပ်ငန်းကို အကြောင်းပြချက်မရှိ ရပ် ဆိုင်းလိုက်ပြီး စာချုပ်ကို တရားမဝင် ဖျောက်ဖျက်လိုက်တဲ့အတွက်ပါ။ စာချုပ် က မူရင်းနှစ်စုံဖြစ်ပြီး အမေရိကန်မှာက တစ်စုံ ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက လုပ်ခဲ့တဲ့ ဆက်သွယ်ရေးလုပ်ငန်းကို အစဖျောက်ခဲ့ကြတာဖြစ်တယ်'' ဟု ဒေါက်တာမြတ်နုခိုင် ကပြောသည်။
လက်ရှိတွင် I.I(W.S) အနေ ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တရားစွဲဆိုမည်ဖြစ်ကြောင်း အသိပေးအ ကြောင်းကြားစာကို ယခုနှစ် မေလနှင့် သြဂုတ်တို့က ပေးပို့ထားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင် နီယာချုပ် စောဆလိုင်းထွန်းက လွန်ခဲ့ သော ၁၅ နှစ်က ပြုလုပ်ခဲ့သောကိစ္စဖြစ် ၍ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြန်လည် စစ်ဆေးနေသည်ဟု ဆိုသည်။
(ဓါတ်ပုံ - ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမြတ်နုခိုင် )

ဇွဲမာန်၊ ကျော်စိုးဦး - Flower News Journal အတွဲ (၁၀)၊ အမှတ် (၃၂)။
ရန်ကုန်၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...