Sunday, August 10, 2014

`` မင်္ဂလာသတင်း´´


ယနေ့နံနက် ၇ နာရီအချိန်တွင် ကုလသမဂ္ဂဌာနချုပ် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်မှ အရေးပါသော မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်
ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားရာတွင်...
`` ဒီနေ့ ကျွန်မတို့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အဆင်မပြေမှုတွေက လတ်တလောဖြစ်ပေါ်မှုတွေ သာ ဖြစ်ပါတယ်...၊
အစိုးရနဲ့ အတူ ကျွန်မတို့လည်း ၀ိုင်းဝန်းပူးပေါင်း ဖြေရှင်း ဆောင်ရွက်နေပါတယ်..။ မကြာခင် အားလုံးအဆင်ပြေသွားမှာပါ....။
ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်အရ ပူးပေါင်းဆွေးနွေး ၀ိုင်းဝန်း အဖြေရှာရင်း... ရှေ့ ခရီးကို ကျွန်မတို့ ပြည်သူတွေနဲ့အတူ ရဲရဲကြီး ချီတက်နေပါတယ်...။
မတူညီတာတွေကို အတိတ်မှာ ချန်ထားခဲ့ပါပြီ..... သင်ခန်းစာတွေကိုတော့ အမိအရဆုပ်ကိုင်ထားပါတယ်...။
ဒါကြောင့် ကမ္ဘာ့အလည်မှာ အထီးကျန်ဆန်နေခဲ့တဲ့ ကျွန်မတို့နိုင်ငံကို ပစ်မထားကြပါနဲ့ ... ရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်ပေးကြပါ... နည်းပညာအပါအ၀င် ဒီမိုကရေစီရဲ့ အနှစ်အဓိပ္ပါယ်တွေကို ယူဆောင်လာပေးကြပါ.... လို့ တိုက်တွန်း မေတ္တာရပ်ခံပါတယ်...´´ ဟူ၍ ဖြစ်ပါသည်။
===============================
`` ဖေဖေ... ဒီသတင်းက တကယ်လား´´`
ကျွန်တော်ရေးထားတဲ့ သတင်း စာရွက်အကြမ်းလေးကို ကြည့်ရင်း သားကြီးက မေးလာတယ်....။
`` မဟုတ်ပါဘူး သားရယ်... ဖေဖေ ဖြစ်စေချင်တာလေး... မျှော်လင့်တာလေး ရေးထားတာပါ´´
`` ဟာ ဖေဖေကလည်း မဟုတ်တဲ့ သတင်းများ ရေးနေရတယ်လို့´´
`` မဟုတ်ပေမယ့်လည်း ဖြစ်စေချင်တာ မျှော်လင့်တာလေ... အဲလိုလေး ရေးလိုက်တော့ ဖေဖေ စိတ်ထဲမှာ ပျော်သွားတာ မင်းမှ မသိပဲ.....´´
`` အော်..... ဖေဖေက ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်ပြီး အပျော်ရှာနေတာကိုး... သနားပါတယ်ကွာ... ငါ့ဖေကြီး´´ ပြောရင်းသားက ကျွန်တော့ကို ဖက်လိုက်တယ်....
ကျွန်တော့် အတွေးထဲမှာတော့ မတ်တပ်ရပ်ရင်း လက်ခုပ်တီးပေးနေကြတဲ့ ကုလသမဂ္ဂအစည်းအဝေးခန်းမထဲက မြောက်များလှစွာသော နိုင်ငံခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြုံးလျှက်မြင်တွေ့နေလေရဲ့......။
ကျွန်တော်စိတ်ကူးယဉ်ထားတာလေး တကယ်ဖြစ်ရင် တော်တော် ကောင်းမယ်ဗျာ.... အခုတော့ တကယ်ဖတ်လိုက်ရတာက-
`` မျက်ကန်းသဖွယ် စီးပွါးရေး ၀င်ရောက်ရင်းနှီးမြှုပ်နှံခြင်း မပြုကြရန် ဥရောပ လုပ်ငန်းရှင်များအား ဒေါ်အောင်ဆန်းစုကြည် သတိပေး...´´ တဲ့။
(ကွန်ဆူးမား)(၂၂-၁၁-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...