Tuesday, August 12, 2014

စေတနာကောင်းရင် ကံကောင်းတယ်

Min Burma's photo.

ကျိုက်ဝိုင်းဘုရားမှ ဥာဏ်သိပ်မပြည့်ရှာသော ဇော်ကြီး ဖြစ်ပါတယ်။ သူကတော့ ဘဝပေးကံ အကျိုးပေး မကောင်းသဖြင့် အသက်က ကြီးသော်လည်း ဥဏ်ရည်မှာ ကလေးတစ်ယောက်သာသာပဲ ရှိရှာ သူလေးလည်း ဖြစ်ပါတယ်။ သူက မွေးကထဲက ခွေးအရမ်းချစ်ပါတယ်။ ပလူးပလဲနေပါတယ်။
အစာစားလည်း တစ်ပန်းကန်ထဲ သူတစ်လုပ် ခွေးတစ်လုပ်စားတဲ့ထိပါ။ သူ့စေတနာ မေတ္တာတွေက အရမ်းအကျိုးပေးပါတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်က သူ့ကို ထမင်းစားဖို့ သူများ မုန့်ဖိုးပေးလိုက်တဲ့ ပိုက်ဆံငါးရာကို သူထမင်း မစားပဲ ထီထိုးလိုက်ပါတယ်။
အရောင်းသမားက သူ့ကို ဘာမှ မေးလို့မရပဲ ကျပ်မပြည့်တာ သိတော့ သူ့ပုံကို ph နဲ့ ရိုက်ယူထားလိုက်ပါတယ်။ လကုန်လို့ ထီပေါက်တော့ သူ သိန်းငါးဆယ်ကျော် ထီပေါက်ပါတယ်။ အရောင်းသမားလည်း ခေါင်းမီးတောက်သွားပါတယ်။ အဲ့ဒါနဲ့ သူ့ပုံပြပြီး ကျိုက်ဝိုင်းမှာ လိုက်ရှာလိုက်တာ နောက်ဆုံးတော့ သွားတွေ့ပါတယ်။ သူက လူချစ်လူခင်လည်း ပေါပါတယ်။ ဇော်ကြီးဆို မသိတဲ့သူ မရှိသလောက်ပါပဲ။ဘဝအကျိုးပေးံမကောင်းသော်လည်း စေတနာကောင်းခဲ့လို့ ယခုလို ကံကောင်းတာ ဖြစ်ပါတယ်။

သူ့အိမ်ကလည်း စိတ်ပူသွားပါတယ်။ ထီလက်မှတ်ရှာမတွေ့လို့ပါ။ ကံကောင်းချင်တော့ တစ်လလုံးလုံး လုံးဝမလျှော်ပဲ ချောင်ထဲ ထည့်လိပ်ထားတဲ့ အင်္ကျီ အဟောင်းထဲက ဆုပ်ခြေလျက်သားလေး ပြန်ရှာတွေ့ခဲ့ပါတယ်။ သူ့အစ်မတွေက ဘဏ်မှာ အပ်ထားပေးတယ်လို့ သတင်းကြားရပါတယ်။ ကျိုက်ဝိုင်းမှာ ရှိသမျှအရူးတွေက ကားတိုက်ခံရပြီး သေတဲ့သူသေ ကျိုးတဲ့သူ ကျိုးကြပါတယ်။ ဒါပေမယ့် သူက လမ်းမလယ်ခေါင် တက်ပြီး နေ့တိုင်း ယဉ်ထိန်းရဲလုပ်တိုင်း ဆော့တာတောင် ကားမတိုက်ပါဘူး။ လက်ဖက်ရည်ဆိုင်လည်း မနက်ဖြစ်စေ ညဖြစ်စေ တန်ရာတန်ကြေး အများနည်းတူ ပိုက်ဆံပေးသောက်ပါတယ်။သူ့မှာ မုန့်ရှိရင်လည်း လာလာကျွေးတတ်ပါသေးတယ်။ မျက်နှာ ပြောင်စပ်စပ်နဲ့ သွားလေး ခေါခေါပြီး ရီပြတတ်တဲ့ သူ့ကိုတွေ့ရင် ကျိုက်ဝိုင်း ရပ်ကွက်ထဲက ခွေးတစ်အားချစ်တတ်တဲ့ ဇော်ကြီး ဖြစ်ပါတယ်ဆိုတာ သတိရပေးကြပါရှင် ။စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာ သူက သက်သေတစ်ခုပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...