သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၈)
သစ်ထူးလွင် |
- ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေမှု ၆ ရက်မြောက်အထိ ထူးခြားမှုမရှိသေး (ရုပ်/သံ)
- ဝေါဟာရ စကားလုံးများထက် အရေးကြီးသည့် မူပိုင်းဆိုင်ရာများ ဆွေးနွေးရန် NCCT အကြံပြု
- နမ့်ခမ်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အသစ် ပြန်ဖွဲ့စည်း ပေးဖို့ ကျားဖြူ ထပ်မံ တောင်းဆို
- ငွေဖြည့်ကတ်ဖြင့် အောရီဒူး စတင်အသုံးပြုနိုင်ပြီ
- မြန်မာလူငယ် ၆၀ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေ
- အမျိုးသားတဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
- မြေပုံမြို့နယ်၌ နိုင်ငံသားပြုခွင့် စိစစ်ခွင့်ပြုသွားမည်
- မော်ဒယ်ဖြစ်သွားသည့် တိုင်းရင်းသူ ရွှေ့ပြောင်းအလုပ်သမား
- တာချီလိတ်တွင် အိမ်ခြေ ၂၀၀ ကျော် ရေလွှမ်း
- အိန္ဒိယ-မြန်မာ ပေါင်းကူးစင်္ကြန်လမ်း စီမံကိန်းကြီးတွေ ၂ဝ၁၆ မှာ ပြီးစီးဖွယ်ရှိ
- မြန်မာနဲ့ အာရှဒေသ လူ့အခွင့်အရေးမြှင့်တင်ဖို့ ဂျွန်ကယ်ရီ ထပ်မံတိုက်တွန်း
- လေဆိပ် အကြမ်းဖက်သမား ၆ ဦးလုံးကို ပစ်သတ်ခဲ့ကြောင်း ပါကစ္စတန်ပြော
- ဘန်ကောက်ရှိ သန္ဓေသားမျိုးစပ် ဆေးခန်းကို ထိုင်းရဲတပ်ဖွဲ့ စီးနင်း
- စားကျက်မြေကျူးကျော်သူ လယ်သမား (၂၂) ဦးကို ပုဏ္ဏားကျွန်းမြို့နယ်တွင် တရားစွဲ
- PR စနစ်ကျင့်သုံးပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အခွင့်အလမ်းပိတ်
- တယ်လီနော(မြန်မာ) အလုပ်အမှုဆောင် အရာရှိချုပ်နှင့် တွေ့ဆုံမေးမြန်းချက်
- နတ်မောက်မြို့ တွင် ဗိုလ်ချူပ်နှစ်တစ်ရာပြည့် မွေးနေ့ အခမ်းအနားကို ခမ်းနားစွာ ကျင်းပမယ်
- မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်နှစ်ထပ်ရပ်ပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်
- ဆယ်ကျော်သက် လူမည်း ပစ်ခံရမှု သီးခြားစုံစမ်းမည်
- ဆီးကြိတ်ကင်ဆာ ကုထုံးသစ် ထင်ထားတာထက် ထိရောက်မှုရှိ
- ဖွဲ့စည်းပုံပြင်ဖို့ သုံးသပ် ပြီးစီး
- ဒွန်ညက်စ်မြို့လည် လက်နက်ကြီးကျည်တွေ ကျနေ
- အီရတ် ဝန်ကြီးချုပ် Maliki ရာထူးက နုတ်ထွက်
- အရေးကြီးတဲ့ ရွေးချယ်မှု မြန်မာခေါင်းဆောင်တွေ လုပ်ရမယ်
- အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွ ခံတပ်ကို အမေရိကန် ဖြိုခွင်းခဲ့
Posted: 15 Aug 2014 05:17 AM PDT
ဓမ္မစေတီ ခေါင်းလောင်းရှာဖွေမှု ၆ ရက်မြောက်နေ့ အထိ ထူးခြားမှု မရှိသေးပေမယ့်
စိတ်ဝင်စားသူများ အဆက်မပြတ်လာရောက် ကြည့်ရှု နေကြ ပါတယ်။ ဦးသူရိန်က
ပေးပို့ထားပါတယ်။ DVB TV - 15.08.2014
|
Posted: 15 Aug 2014 05:09 AM PDT
သြဂုတ်
၁၅ရက်၊ ၂၀၁၄ခုနှစ်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်း (Single
Text)ရရှိရေးအတွက် ဝေါဟာရစကားလုံးများ ထက် အရေးကြီးသည့်
မူပိုင်းဆိုင်ရာအချက်များကို ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့(NCCT)က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေ
|
Posted: 15 Aug 2014 05:00 AM PDT
ဩဂတ်စ် ၁၅ ရက်၂၀၁၄
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အား
ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ ကျားဖြူပါတီက
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
|
Posted: 15 Aug 2014 04:58 AM PDT
တယ်လီဖုန်းအော်ပရေတာ အော်ရီဒူးက မိုဘိုင်းဖုန်း ဆင်းကတ်တွေကို
မြို့နယ်ပေါင်း ၆၈ မြို့နယ်မှာ တရားဝင် စတင်သုံးစွဲနိုင်တဲ့ ၀န်ဆောင်မှုကို
ဒီနေ့ တရားဝင်စတင်လိုက်တဲ့အတွက် သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ
ဖုန်းသုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။
သြဂုတ် ၂ ရက်နေ့က ရန်ကုန်၊ မန္တလေး နေပြည်တော်က ကွန်ရက်တွေကို အခမဲ့
စမ်းသုံးခွင့် စီစဉ်ပေးထားပြီးတဲ့နောက် အော်ရီဒူးဖုန်းတွေကို ဒီကနေ့
ငွေဖြည့်ပြီး စတင်
|
Posted: 15 Aug 2014 04:55 AM PDT
မြန်မာနိုင်ငံမှာ
လူငယ် ၆၀ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့နဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံ
လူငယ်များ အစည်းအရုံးရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဧရာဝတီ၊ ရန်ကုန်တိုင်းက အသက် ၁၆ နှစ်ကနေ ၃၅ နှစ်ကြား လူငယ် ၂၀၀၀ ဆီကနေ
စစ်တမ်းကောက်ခံခဲ့တာဖြစ်ပြီး လူငယ် ၁၀ ဦးမှာ ၆ ဦးဟာ အလုပ်လက်မဲ့
ဖြစ်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကြောက်တရားတွေ ရှိနေသလို ပြောင်းလဲလာတဲ့
နိုင်ငံရေးစနစ်နဲ့ြ
|
Posted: 15 Aug 2014 02:28 AM PDT
သြဂုတ်လ ၁၃ ရက် နံနက် ၈နာရီခွဲခန့်ချိန်တွင် လွိုင်ကော်မြို့၊
လောဓမ္မရပ်ကွက်တွင် အသက် (၅၈)နှစ်အရွယ် အမျိုးသားတစ်ဦး မိမိနေအိမ်တွင်
ကြိုးဆွဲချသေဆုံး နေသည့် ဖြစ်ရပ်ခု ဖြစ်ပွားခဲ့ကြောင်း လွိုင်ကော်မြို့
ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက် မဇ္ဇျိမလမ်း အိမ်အမှတ် လ⁄၎
တွင်နေထိုင်သေား ဦးမြင့်သန်း အသက်(၅၈) နှစ် သည် ၎င်း၏ နေအိမ်အပေါ်ထပ်
ဧည့်ခန်းတွင် တံခါးများပိတ်ကာ သစ်သားထိုင်ခုံပေါ်တတ်
|
Posted: 15 Aug 2014 01:56 AM PDT
ရန်ကုန် သြဂုတ် ၁၄
၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားစိစစ်မှုတွင် မြန်မာနိုင်ငံ သား(သို့)
မြန်မာနိုင်ငံသားပြုခွင့် အဖြစ် လာရောက် လျှောက်ထား လိုပါက ရခိုင်ပြည်နယ်
မြေပုံမြို့ ၌ ယခုလ ၅ရက်မှ စတင်ဆောင် ရွက်ပေးလျက်ရှိရာ ယခုလ ၁ဝ ရက်အထိ
လာရောက်လျှောက် ထားသူပေါင်း ၁ဝ၉၄ ဦးရှိနေပြီ ဖြစ်ကြောင်း မြေပုံမြို့နယ်
စိစစ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့နိုင်ငံသားအဖြစ်(သို့) ပြုခွင့်လျှောက်ထားလိုသူများ
|
Posted: 15 Aug 2014 01:32 AM PDT
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကနေ ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ပြီး
မော်ဒယ်ဖြစ်သွားတဲ့ ရှမ်းတိုင်းရင်းသူ အလုပ်သမားလေး တယောက်အကြောင်း
ထိုင်းလူမှု ကွန်ရက် စာမျက်နှာတွေမှာ ကျော်ကြားနေပါတယ်။
သူမရဲ့ ကျော်ကြားမှုကြောင့် ပို့စ်တူဒေးသတင်းဌာနက သူမအလုပ်လုပ်နေတဲ့
ချင်းမိုင်မြို့ စူပါဟိုက်ဝေး လမ်းမကြီး အမှတ်- ၁၊ ဆန်ဖီဆေ့ ရပ်ကွက်ရှိ
လာပ်တွန့်ယန်း စားသောက်ဆိုင်ကို သြဂုတ်လ ၁၄ ရက် ညနေပိုင်းက သွားရောက်ေ
|
Posted: 15 Aug 2014 01:28 AM PDT
ထိုင်း-မြန်မာနယ်စပ်
တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်ထဲမှာ မိုးဆက်တိုက်ရွာသွန်းပြီး
မယ်ဆိုင်ချောင်း ရေလျှံ ကျတာကြောင့် ရာနဲ့ချီတဲ့ နေအိမ်တွေရော၊ အနီးနား
ပတ်ဝန်းကျင် ကျေးရွာနဲ့ လယ်ယာ စိုက်ခင်း တွေမှာ ရေလွှမ်းနေပါတယ်။
တာချီလိတ် မြို့ပေါ်က ၀ိန်းကျောဝ်၊ မယ်ခေါင် နဲ့ ရန်အောင်မြေ ရပ်ကွက် ၃
ခုနဲ့ မုံးကိုးကျေးရွာအုပ်စုထဲမှာ သြဂုတ် ၁၄ ရက်နေ့ မနက်ပိုင်းကနေ ရေ
တဖြည်းဖြည်း စတင်ဝင်ရောက်လာပြီး
|
Posted: 15 Aug 2014 01:26 AM PDT
လာမယ့် ၂၀၁၆ ခုနှစ်ကျရင် အိန္ဒိယကနေ မြန်မာနဲ့ ထိုင်းအထိ အဝေးပြေး
လမ်းမကြီးက တဆင့် ဆက်သွယ် နိုင်တော့မယ့် အလားအလာရှိကြောင်း အိန္ဒိယအစိုးရ
အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီး မစ္စတာ VK Singh က
ပြောပါတယ်။
အိန္ဒိယနဲ့ မြန်မာကြား ဆက်သွယ်ရေး ပေါင်းကူးစင်္ကြန်လမ်းတွေကို
ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြန်လမ်းတွေ အဖြစ် အသွင်ပြောင်းလဲရေးဆိုတဲ့
ပညာရှင်ဆွေးနွေးပွဲတစ်ခုမှာ ၀န်ကြီး VK Singh က ပြောကြားခဲ့တာပါ။
|
Posted: 15 Aug 2014 01:24 AM PDT
မြန်မာနိုင်ငံအပါအဝင် တရုတ်နဲ့ တခြားအာရှနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေး အခြေအနေတွေကို မြှင့်တင်ကြဖို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းတောင်းဆိုခဲ့ပြီး ဒီကိစ္စဟာ
အမေရိကန်ရဲ့ နံပါတ်တစ် ဦးစားပေးကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ အာရှဦးစားပေး အစီအစဉ်တစ်ရပ်အနေနဲ့ အာဖဂန်နစ္စတန်၊
ဩစတြေးလျ၊ မြန်မာနဲ့ ဆော်လမွန်ကျွန်းစုတွေကို သွားရောက်ခဲ့ပြီး၊
ဟာဝိုင်ယီမှာ
|
Posted: 15 Aug 2014 01:10 AM PDT
ပါကစ္စတန်အနောက်ပိုင်းက ကွက်အ်တာ (Quetta) လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့
အကြမ်းဖက်သမား ၆ ယောက်လုံးကို ပစ်သတ်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေးတွေက
ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့က ပြောဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးလည်း ဒဏ်ရာရ
ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်သမားတွေက လေဆိပ်ကို တိုက်ခိုက်ခဲ့ကြပေမယ့် လေဆိပ်ထဲကို
ဝင်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ကြပါဘူး။
လေဆိပ်နဲ့ တွဲလျက်ရှိတဲ့
|
Posted: 15 Aug 2014 01:08 AM PDT
ထိုင်းအစိုးရက တရားမ၀င် အငှား ကိုယ်ဝန်ဆောင်မှု တိုက်ဖျက်ရေး
ဆောင်ရွက်ချက် အနေနဲ့ မြို့တော် ဘန်ကောက်က သန္ဓေသား မျိုးစပ်တဲ့ ဆေးခန်းကို
ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့က ၀င်ရောက် စီးနင်း ခဲ့ပါတယ်။
ဇူလိုင်လက ဖွင့်တဲ့ ဘဝသစ် သန္ဓေသား မျိုးစပ်ဆေးခန်းကို ဝင်စီးခဲ့တဲ့
ရဲအရာရှိတွေနဲ့ ကျန်းမာရေး ဝန်ကြီးဌာန အရာရှိ တွေကတော့ ဒီဆေးခန်းဖွင့်ဖို့
မှန်ကန်တဲ့ လိုင်စင် မရှိဘဲ ဆရာဝန်ကလည်း ထိုင်းဆေးကောင်စီမှာ
|
Posted: 14 Aug 2014 09:16 PM PDT
အများပိုင်
စားကျက်မြေအပေါ် ကျူးကျော် ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို
ပုဏ္ဏားကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ပြီး သြဂုတ်လ ၁၄
ရက်နေ့က တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ အနီးရှိ အများပိုင်မြေ စားကျက်
(၁၆၃) ဧကတွင် ကျူးကျော် လယ်ထွန်ယက်စိုက်ပျိုးသူ လယ်သမား (၂၂) ဦးကို
ပုဏ္ဏားကျွန်း မြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်
|
Posted: 14 Aug 2014 09:07 PM PDT
လာမည့်
မြန်မာ့ ရွေးကောက်ပွဲတွင် Proportional Representation (PR) System ခေါ်
အချိုးကျ ကိုယ်စားပြုစနစ် ကို ကျင့်သုံးမည် ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ပြင်ဆင်ရေး အတွက် အခွင့်အလမ်းရှိတော့ မည်မဟုတ်ကြောင်း
ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD) ဥက္ကဌ ဦးငိုင်ဆာခ့်က ပြောသည်။
“ ဒါကကျိန်းသေတယ်၊ ဘာလို့လဲဆိုတော့ ပါတီတစ်ခုတည်းက အပြတ်အသတ်
နိုင်ရတာမျိုးက အင်မတန်မှ နည်း တော့မှာဖြစ်တယ်၊ နည်းတော့မှာ ဖြစ်တဲ့အတွက်
|
Posted: 14 Aug 2014 08:54 PM PDT
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ခွင့်
ရရှိထားတဲ့ နော်ဝေပိုင် တယ်လီနော ကုမ္ပဏီဟာ စက်တင်ဘာလ အတွင်း ကျပ် ၁၅၀၀
ထက်မပိုတဲ့ ဆင်းကတ်နဲ့ ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဆင်းကတ်တွေ စတင်
ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။
တယ်လီနောက မြန်မာနိုင်ငံအတွင်း ဘယ်လိုနည်းပညာနဲ့ ၀န်ဆောင်မှုတွေပေးမှာလဲ
စတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး တယ်လီနော(မြန်မာ)ရဲ့
အလုပ်အမှုဆောင်အရာရှိချုပ် မစ္စတာ ပတ်တာ ဖော့ဘတ်ဂ် (
|
Posted: 14 Aug 2014 08:42 PM PDT
နတ်မောက်မြို့တွင်
ဇူလိုင်လ(၁၉)ရက်၊ ဇူလိုင် (၂၃)ရက်၊ ဇူလိုင် (၂၆) ရက်နှင့် ဩဂုတ်လ (၆)နေ့
များတွင် အမျိုးသား ခေါင်း ဆောင် ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏
နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားကို ကြီးကျယ် ခမ်းနားစွာ ကျင်းပရန်
ဗိုလ်ချုပ် ကိုချစ်ကြသူ နတ်မောက်သားများ အနေဖြင့် စုစည်းတိုင်ပင် ဆွေးနွေး
ပွဲများကို နတ်မောက်မြို့၊ ဆုတောင်းပြည့်၊ ဘုရားကြီး ကျောင်းတိုက်တွင်
(၄)ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
|
Posted: 14 Aug 2014 08:18 PM PDT
မန္တလေး
သြဂုတ် ၁၄
မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ၏ နယ်နိမိတ်အတွင်း စားသောက်ဆိုင်၊
လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်နှင့် စီးပွားရေး လုပ်ငန်းအချို့
ဖွင့်လှစ်ထားသည့် လမ်းမနေရာများတွင် ယာဉ်နှစ်ထပ်ရပ်နားပါက
ဆိုင်ဖွင့်လှစ်ခွင့် ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း သြဂုတ် ၁၂ ရက်က
မန္တလေးမြို့တော် ခန်းမ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး
|
Posted: 14 Aug 2014 07:44 PM PDT
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းက Missouri ပြည်နယ် St.Louis မြို့
ဆင်ခြေဖုံးတခုမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တယောက်ကို ရဲအရာရှိတဦးက
ပစ်သတ်ခဲ့တာကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ အပေါ်၊ အေးအေးချမ်းချမ်း
တည်တည်ငြိမ်ငြိမ်ရှိကြဖို့ဆို
|
Posted: 14 Aug 2014 06:46 PM PDT
ဆီးကြိတ်ကင်ဆာ ကုထုံး နည်းလမ်းသစ် တမျိုးကြောင့် ကင်ဆာရောဂါ
ပြန့်နှံမှုကို သိသိသာသာ လျော့ကျသွား စေတယ်လို့ သြစတြေးလျ ဆရာဝန်တွေက
ဆိုပါတယ်။
ထိရောက်တဲ့ ဆီးကြိတ်ကင်ဆာ ကုသမှု စနစ်သစ်ထဲမှာ အမျိုးသား တွေရဲ့
ဟော်မုန်း ထုတ်လုပ်တဲ့ နေရာကို ထိန်းချုပ် နိုင်တဲ့ ကုထုံးနဲ့ ၁၈လ
အထိ ဆေးကုသမှု လုပ်ဆောင်ရမှာ ဖြစ်ပြီး အဲဒီရဲ့ နောက်ဆက်တွဲမှာတော့
ကင်ဆာရောဂါ ကုသဆေးဝါးနဲ့ ဓါတ်ရောင်ခြည်ကင်
|
Posted: 14 Aug 2014 06:42 PM PDT
အခြေခံဥပဒေပြင်ဆင်ရေး ၃၁ဦး လွှတ်တော် ကော်မတီက ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး
အတွက် ပုဒ်မအားလုံး ဖြစ်တဲ့ ၄၅ရ ခုကို ဆန်းစစ်ပြီးပြီလို့ ဆိုပါတယ်။
ကော်မတီအနေနဲ့ မပြင်ဆင်တဲ့ ပုဒ်မ အနည်းငယ် ရှိပေမယ့်၊ အခြေခံ ဉပဒေ
ပြင်ဆင်နိုင်ရေးမှာ အရေးကြီးတဲ့ ပုဒ်မ ၄၃၆ အပါအဝင် အတော်များများ ကို ၃၁ ဦး
ကော်မတီ အနေနဲ့ ပြင်ဆင်ခဲ့တယ်လို့၊ အဲဒီ့ ကော်မတီဝင် ဒေါက်တာ အေးမောင်က
ပြောပါတယ်။
၂၀ဝ၈ အခြေခံ ဥပဒေ နောက်ဆက်တွဲ ဇယား ၅ ခု
|
Posted: 14 Aug 2014 06:40 PM PDT
ယူကရိန်း နိုင်ငံ အရှေ့ခြမ်း၊ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ
ထိန်းချူပ်ထား ရာ၊ ဒွန်းညက်စ်ခ် မြို့လည်ကို၊ လက်နက်ကြီး ကျရောက်
ပေါက်ကွဲမှု တွေ အပြင်းအထန် ဖြစ်ပေါ် ခဲ့ပြီးနောက်၊ လူ ၂ ယောက် သေဆုံး
သွားပြီး၊ အများအပြား ဒဏ်ရာ ရခဲ့ကြပါ တယ်။
ဒွန်းညက်စ်မြို့ ကို၊ ယူကရိန်း အစိုးရတပ်တွေ က ဝိုင်းထားကြ တာ ဖြစ်ပြီး၊
သူပုန်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေကြပေ မယ့်၊ အခု ဒွန်းညက်စ် မြို့လည်မှာ
ကျရောက်ခဲ့ တဲ့၊
|
Posted: 14 Aug 2014 06:35 PM PDT
နိုင်ငံရေး
အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရတ် ၀န်ကြီးချုပ် Nouri al-Maliki က
သူ့အနေနဲ့ ရာထူးက ဆင်းပေးမယ့် အကြောင်းနဲ့ သူ့နေရာမှာ အစားထိုးဖို့
ရွေးချယ်ထားတဲ့သူကို ထောက်ပံ့ ပေးသွား မယ့် အကြောင်း ပြောကြား လိုက်ပါတယ်။
ရာထူးက ဆင်းပေးဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ အကြီးအကျယ် ခံနေရတဲ့
မစ္စတာ မာလီကီးက သူ့အနေနဲ့ ရာထူးက ဆင်းပေးမယ့် ဆုံးဖြတ်ချက်ကို ကြာသပတေးနေ့
နှောင်းပိုင်းက တနိုင်ငံလုံးကို
|
Posted: 14 Aug 2014 06:32 PM PDT
မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာ လုပ်ဆောင် စရာတွေ
ကျန်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အစိုးရကို တွန်းအားပေး သွားမှာ
ဖြစ်သလို၊ ကူညီဆောင်ရွက် နိုင်တာ မှန်သမျှ ကိုလည်း အကူအညီပေး သွားမယ်လို့
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဒါပေမယ့်လည်း
အရေးကြီးတဲ့ ရွေးချယ်မှု တွေကိုတော့ မြန်မာခေါင်းဆောင်ပိုင်းက လုပ်ဆောင်ရမှာ
ဖြစ်တယ်လို့ ၀န်ကြီးကယ်ရီက ပြောခဲ့ပါတယ်။
|
Posted: 14 Aug 2014 06:28 PM PDT
အီရတ်နိုင်ငံ
Sinjar တောင်ပေါ်မှာရှိတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခံတပ်ကို
အမေရိကန်က ဝေဟင်တိုက်ခိုက်မှုကနေ ဖြိုခွင်းပစ်နိုင်ခဲ့ပြီလို့ အမေရိကန်
သမ္မတ ဘာရက် အိုဘားမားက ပြောပါတယ်။
ဆူနီစစ်သွေးကြွတွေရဲ့ လက်ချက်ကြောင့် သောင်းနဲ့ချီတဲ့လူတွေ အီရတ်နိုင်ငံ
မြို့တွေကနေ တောတောင်တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အစာရေစာ
ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အခုလို စစ်သွေးကြွတွေရဲ့
|
0 comments:
Post a Comment