Friday, August 8, 2014

" All-inclusive PR"

PR ကို အမျိုးသားလွှတ်တော်မှာ တင်တုန်းက ဘာမှ လှု ပ်လှုပ်ရှားရှား မဖြစ်။ ပြည်သူ့ လွှတ်တော်မှာတင်တော့ ဆန္ဒပြပွဲတွေ ဘာတွေနဲ့ ပိုပြီး ပွဲစည် မြိုင်ဆိုင်လာပါလား။ ဒေါ်စု ပါနေတဲ့ လွှတ်တော်ဖြစ်လို့ လား။ စဉ်းစားစရာပဲ။ သတင်းတွေဖတ်မိသလောက်တော့ အမျိုးသားလွှတ်တော်မှာ PR က အသေအချာ လုပ်မယ့်ပုံပဲ။ လေ့လာစုံစမ်းရေး ကော်မရှင်ကိုက အမျိုးသားလွှတ်တော်မှာ ဘယ်လိုPR စံနစ်နဲ့ ကအဆင်ပြေဆုံးဖြစ်မလဲ ဆိုထားမင့်ကိုး။ တကယ်က ပြည်သူ့ လွှတ်တော်ထိတော့ PR ကို မလုပ်သင့်ဘူးထင်တယ်။ လွှတ်တော်တစ်ခုဆို တော်ရောပေါ့။ မြေစမ်းခရမ်းပျိုး။ PR သမားတွေတွက်တဲ့အတိုင်း မဖြစ်ရင် အထိအခိုက်နည်းတာပေါ့။

အခြေအနေ အားလုံးကို ထောက်ဆကြည့်ရင် PR ဟာ အရောအနှောပုံစံ mixed system နဲ့ လာဖို့ များနေပြီ။ ကိုယ်တွေလည်း PR ကို သဘောကျပေမယ့် ဒီလို mixed ပုံစံပဲသဘောကျမိတယ်။ အရောအနှောထဲမှာမှ MMP ထက် ဦးခိုင်မောင်ရည်ရဲ့ ပုံစံမျိုး Parallel ကို ပို သဘောကျတယ်။MMP က ခြေဥ ပြင်ရမယ့် အပိုင်းတွေပါနေတယ်။ ပြည်သူ့ လွှတ်တော်ကို လက်ရှိစံနစ်နဲ့ သွား။ အမျိုးသားလွှတ်တော်ကို list-PR တစ်ခုခု (closed list, open list, free list စသဖြင့်) နဲ့ ပြောင်း။ ပြည်နယ်/တိုင်းဒေသကြီး တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်သတ်မှတ်။ ၁၂ ယောက်စီရွေး။ Quota အတွက်Threshold ကို ၈.၃၃၃ သတ်မှတ်လိုက်။ ပြီးရော။ ဘယ်လောက်ရိုးစင်းလွယ်ကူသလဲ။ အချိန်၊ ငွေ၊ လုပ်အား သက်သာစေမယ့်ပုံစံပဲ။ မဲပေးရမယ့် ပြည်သူအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ။
နောက်တစ်ချက်က တိုင်းဒေသကြီးတွေပဲကွက်ပြီး PR လုပ်ရမယ်ဆိုတာလည်း သဘောမကျဘူး။ ဖက်ဒရယ်အော်နေတဲ့အချိန်မှာ ဗမာနဲ့ တိုင်းရင်းသား အကွဲကို ရွေးကောက်ပွဲစံနစ်က ပိုခွဲပေးတဲ့လမ်းပေါ်ရောက်နေတယ်။ တိုင်းဒေသကြီးတွေမှာ ဗမာပါတီကြီးတွေက ပါတီငယ်တွေကို ထိုင်ခုံနေရာခွဲမပေးချင်သလို ပြည်နယ်တွေထဲမှာလည်း ပြည်နယ်နာမည်ရ လူများစုတိုင်းရင်းသားက ကျန်တိုင်းရင်းသားလူနည်းစုတွေကို ထိုင်ခုံနေရာ ခွဲမပေးလိုတဲ့ သဘောထားကိုမြင်နေရတယ်။အများနဲ့ ဗိုလ်ကျခြင်းဆိုတဲ့ tyranny of majority ကို တနည်း Internal colonization ကို တားဆီးရာမှာ ရွေးကောက်ပွဲနည်းအားဖြင့်လည်း သွားသင့်တယ်။ PR ကဒါအတွက် အဖြေပဲ။ ပြည်နယ်တွေမှာ ပါတီကြီးတွေ ၀င်မပြိုင်သင့်ဆိုတာဟာလည်း ယထာဘူတ မကျလှဘူး။ တကယ်က ၀င်ပြိုင်မယ့် ပါတီကြီးတွေရဲ့ အမတ်စာရင်းမှာ တိုင်းရင်းသား အမတ်တွေထဲ့ဖို့ ပဲလိုတာမဟုတ်လား။ ဒါကို ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဋာန်းပေါ့။
ကြံ့ဖွတ်ကတော့ PR ကို မဖြစ်ဖြစ်အောင်လုပ်တော့မှာပဲ။ ဒီတော့ ပါတီတွေအကြား အပြန်အလှန်တိုက်ခိုက်နေကြမယ့်အစား အချင်းချင်းပြိုင်လည်းပြိုင်၊ ပူးလည်းပူးပေါင်း လုပ်တတ်အောင် ပြင်ဆင်ထားသင့်ပြီ။ လမ်းရိုးဟောင်းကနေ ခွဲထွက်မယ့် နိုင်ငံရေးပတ်ဝန်းကျင်သစ်ကိုတော့ မျှော်မှန်းမိ မျှော်လင့်မိတာတော့အမှန်ပဲ။ PR က FPTP ထက် နိုင်ငံရေးလှုပ်ရှားခွင့် နယ်ပယ်အေရိယာကို ပိုချဲ့ ပေးနိုင်တော့ လူငယ်တွေ နိုင်ငံရေးလုပ်ကြဖို့ နှိုးဆော်နေချိန်မှာ PR ကိုဆန့် ကျင်နေတာဟာ ရှေ့ နောက်မညီသလိုပဲ။
PR တင်သူတွေ (အထူးသဖြင့် ကြံဖွတ်) ရဲ့  စေတနာ ဟာ သဘောရိုးမဟုတ်လို့ ဆိုနေတဲ့ သူတွေ တွေ့ နေမြင်နေရတယ်။ တကယ်က ရွှေခွက်စစ်ရင်တော့ အနူလက်နဲ့ ကမ်း လည်း တန်ဖိုးပျက်သွားမယ်မဟုတ်ဆိုတာကို မမေ့ဖို့ တော့လိုလိမ့်မယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...