Wednesday, August 1, 2012

နာဆာတွင် မြန်မာပညာရှင် ၅၀၀ နီးပါးခန့် ရှိ



ကမ္ဘာ့အကြီးဆုံး သုတေသန ဌာန ဖြစ်သည့် နာဆာ (National Aeronautics and Space Administration (NASA) တွင် မြန်မာပညာရှင် ၅၀၀ နီးပါးခန့် ရှိကြောင်း နာဆာဂြိုလ်တု မှတဆင့် မြန်မာနိုင်ငံ အတွင်းရှိ အဖိုးတန်တွင်းထွက် သိုက်ကြောများကို ရှာဖွေပေးနေသူ ဘူမိဗေဒ ပါမောက္ခ (အညိမ်းစား) ဦးစိုးသိန်းက the voice weekly သို့ပြောကြားသည်။ ကုလသမဂ္ဂ အတွင်းရေးမှုး ဦးသန့် လက်ထက်မှ စတင်၍ မြန်မ
ာပညာရှင် အမြောက်အများသည် မိမိတို့ သင်ယူတက်မြောက်ထားသော ပညာရပ်များမှာ မြန်မာနိုင်ငံတွင် အသုံးချရန် မကိုက်ညီသဖြင့် ပြည်ပသို့ထွက်ခွါခဲ့ကြပြီး အာကာသသိပံ္ပ ပညာ အပါအဝင် နျူကလီးယား နည်းပညာများ တက်မြောက်ထားသော မြန်မာ ပညာရှင်များအနေဖြင့် နာဆာတွင် အလုပ် လုပ်ကိုင်လျှက် ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် ပညာရှင်များ ၊ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ အမိနိုင်ငံတိုးတက်ရေးအတွက် ပြန်လာရန် မေလ၁၁ ရက်နေ့က ဒုတိယအကြိမ်မြောက် ထပ်မံ ဖိတ်ခေါ်ခဲ့သည်။

"ပြန်လာဖို့မှာ အဓိက က နိုင်ငံချစ်စိတ်ပါပဲ" ဟု ပြည်ပရောက် မြန်မာ စီးပွါးရေးပညာရှင် ဦးဘိုဘိုကျော်ညိမ်းက
သုံးသပ် ပြောကြားသည်။

"ဒီမှာ ခုံဖိနပ်လုပ်ဖို့အတွက် လောက်နဲ့တော့ ဒီပညာရှင်တွေက ပြန်လာမှာ မဟုတ်သေးဘူး" ဟု လက်ရှိ
ဖွံ့ဖြိုးတိုးတက်မှု အခြေနေအရ အဆိုပါ ပညာရှင်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးကြောင်း ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်းက ၎င်း၏ ထင်မြင်ချက်ကို ထုတ်ဖော် ပြောကြားသည်။

NASA တွင် အာကာသသိပံ္ပပညာ လေ့လာမှု သာမက ဆေးပညာ၊ ဇီဝဗေဒ၊ သိပံပညာနှင့် ဆိုင်သော ပညာရေးတိုးတက်မှုများ၊ ကမ္ဘာ့မိုးလေဝသ၊ ဘူမိဗေဒ၊ နျူကလီးယား စွမ်းအင် သုတေသနက အစ လေ့လာ လုပ်ကိုင်
ကြကြောင်း၊ ယင်းအပြင် အခြားအခြားသော အစိုးရ သုတေသနများ ဖြစ်သည့် National Institute of Health N/H၊ အမျိုးသား ပင်လယ်ပြင်နှင့် မိုးလေဝသဗေဒ အဖွဲ့စသည့် အစိုးရအဖွဲ့ ပေါင်းစုံအပြင် ပုဂ္ဂလိက
စက်မှုလုပ်ငန်းကြီးများ ဖြစ်သော Boeing၊ Rockwell Internatoinal တို့နှင့်လည်းကောင်း၊ ကမ္ဘာ့နာမည်ကြီး ဆေးရုံကြီးများဖြစ်သည့် Cleueland Clinic, Mayo Clinic တို့နှင့်လည်းကောင်း၊ အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အများအပြားကို ထောက်ပံ့ကြေး ပေးလျှက် သုတေသန လုပ်ငန်းများစွာကို လုပ်ကိုင်နေကြောင်း နာဆာတွင် လက်ရှိ တာဝန်ထမ်းဆောင် နေသော မြန်မာလူမျိုး အာကာသသိပံ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောကြားသည်။ နာဆာတွင် သိပံပညာရှင်ပေါင်း ၁၂၀၀၀ ကျော်ရှိပြီး အိန္ဒိယ ပညာရှင် ၃၂ ရာခိုင်နှုန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း ယင်းသုတေသန ဌာန၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

By Valuu G AungFrom- (edinooyin) via through Movie Crazies

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...