Wednesday, August 1, 2012

အမျိုးသားရေးဆိုတာ နှစ်ခါတွေးရသတဲ့လား


by Myo Set on Wednesday, August 1, 2012 at 9:10am


ဆလိုင်းတင်မောင်ဦးရဲ့ ညီမဆိုသူက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ကို ပုဂ္ဂိုလ်ရေး ခပ်ပါးပါးထည့်ပြီး "ပုတ်" ပြလိုက်တဲ့ စာကိုဖတ်လိုက်ရတယ်။ သူ့စာထဲမှာ ပထမဆုံးမြင်ရတာက စစ်အာဏာရှင်တွေ နှိပ်စက်လိုက်တဲ့ ဒဏ်ရာဒဏ်ချက်တွေပါပဲ။ သူ့အကို သေဒဏ်၊ သူက ထောင်ကိုးနှစ်၊ သူ့မောင်က ထောင် ၇ နှစ်၊ သူ့မိဘတွေက ထောင်ငါးနှစ်စီ ဆိုပြီး စိတ်မကောင်းဖွယ်ရာ အတိတ်ကိုလှစ်ဟ ပြသွားတာကိုတွေ့ရတယ်။

ဒါက စစ်အစိုးရရဲ့ အကျည်းတန်တဲ့သမိုင်းဖြစ်တယ်။ဖုံးကွယ်လို့လဲမရသလို၊ ခံစားခဲ့ရသူတွေဟာလည်း အမှန်အတိုင်းပါပဲ။


ဒါပေမယ့် သူမက သူမရဲ့ Rewarding Sacrifice (အဲ့လိုပဲသုံးပါရစေ။ ဘာလို့လဲဆိုတော့ သူမက ကိုကိုကြီးတို့၊ ကိုပေါ်တို့လိုလိုအခုမှ ထောင်ကထွက်ပြီး အထောက်အပံ့ခံနိုင်ငံရေးလှုပ်ရှားနေသူမဟုတ်ဘဲ ကနေဒါလို ကြွယ်ဝတဲ့နိုင်ငံမှာနေထိုင်နေပါတယ်) ကို ထုတ်ပြပြီး ရိုဟင်ဂျာကိစ္စကို အစ ဆွဲထုတ်လာတယ်။

နောက်ပြီး ၈၈ ကိုကိုကြီးရဲ့စကားမှာ တိုင်းပြည်အရေးကို ပြည်ပစွက်ဖက်မှုပါလာရင် တပ်မတော်နဲ့လက်တွဲတိုက်ထုတ်ရမယ်ဆိုတဲ့ စကားကို ဆတ်ဆတ်ခါ နာနေဟန်တူပါတယ်။

အံ့သြမိတာက ၁၉၈၈ လှုပ်ရှားမှုကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူလဲဖြစ်ပြီး ယနေ့အသက်အရွယ်အရ၊ ဘဝအတွေပအကြုံနဲ့ နိုင်ငံရေးရေချိန်အရ အကောင်းအဆိုး ခွဲခြားနိုင်သူ ဖြစ်သင့်ပါလျက်နဲ့ သူမရဲ့ ပုဂ္ဂလိက အမုန်းနဲ့ ပြည်ထောင်စုကိစ္စကို ခွဲမမြင်နိုင်တာပါပဲ။

ကျနော်တို့တိုင်းပြည်ဟာ နှစ်တစ်၇ာကျော် သူ့ကျွန်ဖြစ်ခဲ့ရတယ်။ အခုလွတ်လပ်ရေးပြန်ရတာ ဆယ်စုနှစ်ခြောက်စုကျော်ကျော်ပဲရှိပါသေးတယ်။ လွတ်လပ်ရေးရဲ့ တန်ဘိုး ဆိုတာကို ကျွန်ဘဝရောက်ဖူးသူတွေက ပိုနားလည်ပါတယ်။ ဒီတော့ ဒီကျွန်ဖြစ်ခဲ့သူတွေ ရေးသားခဲ့တဲ့ စာကောင်းပေမွန်တွေကို ဖတ်ပြီး ကိုယ့်တိုင်းပြည်ရဲ့ ရေ၊မြေ၊လေ အားလုံးကို အထိမခံ ကာကွယ်ချင်တဲ့ စိတ်ဓါတ်တွေကို ထုံကူးသလို ကူးယူခဲ့ကြတယ်။

တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာဆိုတာ တန်ဘိုးမဖြတ်နိုင်ပါဘူး။ လွတ်လပ်ရေးဆိုတာ နှိုင်းစရာမရှိပါဘူး။ ကိုယ့်တိုင်းကိုယ့်ပြည်ထဲ အလုံးအရင်း ဝင်ရောက်နေထိုင်ပြီး ကိုယ့်တိုင်းရင်းသားတွေနဲ့ ပြဿနာတက်၊ အကြမ်းဖက်မှုတွေဖန်တီး၊ ကမ္ဘာကို မျက်ရည်ခံထိုးပြပြီး လုပ်ဇာတ်တွေခင်းလို့ ကိုယ့်တိုင်းပြည်ကို အကြမ်းဖက်သမားတွေက ခြိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို စကားမျိုးကို စာရေးသူမိုင်ပိုပိုအောင် ဘယ်လို ဦးနှောက်မျိုးနဲ့ပြောထွက်သလဲဆိုတာကို နားမလည်နိုင်လောက်အောင်ဖြစ်မိတယ်။

နောက်ပြီး တရုတ်-ဗမာအရေးအခင်းကို ပြန်လည်သက်သေပြပြီး လက်ရှိ ရခိုင်-ဘင်္ဂလားအရေးအခင်းဟာ ဦးနေဝင်းလုပ်ရပ်ကို ပြန်ပုံတူကူးချသလို လုပ်နေတဲ့ပုံစံရေးပြသွားတယ်။ မျက်စိကို ဖွင့်ကြည့်စေချင်ပါတယ်။ တရုတ်-ဗမာအေ၇းအခင်း၊ ၁၉၈၈ ကာလတွေတုန်းက လူငယ်တွေရဲ့ မျက်စိဒီလောက်အထိမပွင့်ခဲ့ဘူး။ ယနေ့ ဒီလို အိုင်တီခေတ်မျာ လူငယ်တွေရဲ့ ဆင်ခြင်ဥာဏ်ဟာ ထင်သလောက်မသေးသိမ်ပါဘူး။ စာရေးသူ မိုင်ပိုပိုအောင် တို့ မျက်စိကို ဒီထက်ဖွင့်ကြည့်ဖို့လိုနေပြီထင်ပါတယ်။ ဒီ ရခိုင်ကိစ္စကို သိချင်ရင် ရခိုင်ပြည်နယ်က ရခိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ကနေဒါကနေ ကိုယ်တွေးမိတွေးရာတွေးပြီး စိတ်ကူးနဲ့ ဇာတ်လမ်းရုပ်ရှင်ရိုက်ပြီး ၈၈ ကိုကိုကြီးကို စော်ကားတာမျိုးက အဓိပ္ပါယ်ကင်းမဲ့ပါတယ်။ ကိစ္စရပ်တစ်ခုမှာ ဒင်္ဂါးပြားရဲ့ မျက်နှာနှစ်ဖက်လို ဘက်နှစ်ခုကနေ မျှတွေးဖို့လိုတယ်ဆိုတာကို လက်ခံပါတယ်။ ဒီတော့ စာရေးသူက ရိုဟင်ဂျာတွေတင် ရခိုင်တွေအပေါ်လုပ်တာမဟုတ်၊ ရခိုင်တွေကလည်း ပြန်လုပ်တယ်လို့ ဘက်မျှတွေးသလို ဒီကိစ္စဟာ စစ်အစိုးရက ရန်တိုက်ပေးတာထက် ဒီဘင်္ဂလားတွေကိုယ်တိုင် ၂ဝ၁၄ သန်းခေါင်စာရင်းကောက်မယ့်သတင်းထွက်လာအပြီးမှ ထဖြစ်တာ၊ ဒေါ်စုနိုင်ငံခြားသွားပြီး မြန်မာအပေါ်အာရုံစိုက်လာတဲ့အချိန်နဲ့ကွက်တိထဖြစ်တာ ဒါတွေဟာ ဘာကြောင့်လဲဆိုတာကိုလဲ တစ်ဖက်ကနေတွေးဖို့လိုပါလိမ့်မယ်။

နောက်ပြီး ရိုဟင်ဂျာတွေအပေါ် သတ်ချင်သလိုသတ်၊ အမျိုးသားရေးဆိုပြီး ရက်စက်ချင်သလို ရက်စက် လုပ်နေတာမျိုးကို ရှုံ့ချတယ်ဆိုပဲ။ စာရေးသူ မိုင်ပိုပိုအောင်အနေနဲ့ UNHCR လို ရုံးမျိုးကို တိုက်ရိုက်ဆက်သွယ်ပြီး သေမှုသေခင်းစာရင်းကို တောင်းသင့်ပါတယ်။ အန်ဂျီအိုတွေနဲ့ ကုလသမဂ္ဂအဖွဲ့တွေ မောင်တောမှာ မနည်းမနောတည်ရှိနေပါတယ်။
ရခိုင်က ဘုန်းကြီးတွေ၊ ရခိုင်သူ ရခိုင်သားတွေ ဒီယူအန်၊ အန်ဂျီအို အထောက်အပံ့ကိုမယူဘဲ ဘာကြောင့်ငြင်းပယ်ရသလဲဆိုတာကို ထောက်လှမ်းကြည့်ဖို့ကောင်းပါတယ်။

ကမ္ဘာပေါ်မှာ နိုင်ငံတွေ၊ အစိုးရတွေဆိုတာရှိနေသရွေ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာမထိပါးရေးကိုပဲ ဦးစားပေးကြပါတယ်။ အမေရိကန်ကအစ၊ မြောက်ကိုးရီးယားအဆုံး ဒီလိုချည်းပါပဲ။ ဒီလိုမဟုတ်ဘဲ ကျွန်စိတ်များနေမယ်ဆိုရင်တော့ တိုင်းပြည်ပျောက်တတ်တယ်။ ဘင်္ဂလားတွေကို သတ်ဖြတ်နေစရာမလိုပါဘူး။ ဒါပေမယ့် သတ္တိရှိရှိ ကိုကိုကြီးပြောသလို ဘင်္ဂလားတွေဟာ တိုင်း၇င်းသားမဟုတ်ဘူးလို့ ဆလိုင်းတင်မောင်ဦးရဲ့ ညီမဖြစ်သူက ပြောရဲပါ့မလား။ ကိုမြအေး လို လူတစ်ဦးပြောသလို ပြောထွက်နိုင်ပါ့မလား။

ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ဒီရိုဟင်ဂျာကိစ္စမှာ ပါဝင်ပတ်သက်နေတာကို မကြိုက်ဘူးလို့ ကိုကိုကြီးပြောသွားတာကို မိုင်ပိုပိုအောင်က အတော်နာနေဟန်တူပါတယ်။ ဟန်ညောင်ဝေနဲ့ လက်မှတ်ထိုးနေတဲ့ အာရပ်တွေ၊ ဝေနှင်းပွင့်သုန်တို့ရဲ့လုပ်ရပ်တွေ၊ မြန်မာသံရုံးေ၇ှ့ဆန္ဒပြတယ်ဆိုတိုင်း မြန်မာတွေမပါဘဲ မွတ်စလင်တွေချည်းဖြစ်နေတာတွေ. ဒါတွေက မပြေးသော်လဲ ကန်ရာရှိနေပြီမဟုတ်လား။ ဒီတော့ ဒီလိုစကားထွက်လာတာဟာ ဒီပုတ်ထဲက ဒီပဲမို့ပဲဆိုပြီး ထပ်တွေးချင်စရာဖြစ်တာ အမှန်ပါပဲ။

Genocide လုပ်နေတာကို လက်မခံနိုင်ဘူးလို့ပြောတယ်။ ဟုတ်ပါတယ်။ လက်ခံနိုင်စရာ တစ်စက်ကလေးမှမရှိပါဘူး။ ဒါပေမယ့် ပြောချင်တာက ကချင်လိုဒေသမျိုးမှာတောင် Genocide မဖြစ်ဘဲ ဘာလို့ ရခိုင်လိုဒေသမှာ Genocide ဆိုတဲ့ စကားလုံးကို အီရန်ကလူရဲ့ လေသံကို လိုက်ပြီး သမိုင်းအစဉ်အလာရှိတဲ့ မိသားစုထဲက မိုင်ပိုပိုအောင်က သုံးစွဲသလဲဆိုတာကို အံ့သြမိပါတယ်။ ဒီလိုစကားလုံးမျိုး၊ လေသံမျိုးကို သုံးပြတာဟာ ဒီခေါင်းစဉ်ဖက်ကို တမင် မရောက်ရောက်အောင်လုပ်တဲ့သဘောဆောင်ပါတယ်။ သံချေးတက်နေတဲ့ ဓါးတုံးတုံးတွေ၊ ဝါးချွန်တွေနဲ့ ကိုယ့်အိမ်ကို စောင့်ရှောက်နေရတဲ့ ကိုယ့်တိုင်းရင်းသား ရခိုင်တွေက ဒီ ဂျီနိုဆိုက်ကို ကျူးလွန်နေနိုင်တယ်လို့ မသိတဲ့ကမ္ဘာက ထင်ယောင်ထင်မှားဖြစ်လာအောင် Repeatedly ပြောပေးတာပဲလား။ စကားလုံးတစ်လုံးကို မျက်စိထဲ ခဏခဏ စွဲလာရင် စိတ်ထဲတစ်ကယ်ထင်လာတတ်တယ်ဆိုတဲ့ သဘောတရားအတိုင်းပဲ အီရန်က လူရဲ့လေသံကိုလိုက်လို့ မြန်မာနိုင်ငံကို Genocide ကျူးလွန်တဲ့နိုင်ငံဖြစ်အောင် တစ်မင်ရေးပြတာလား ဆိုတာ ကာယကံရှင်ပဲသိပါလိမ့်မယ်။ 

"ရိုဟင်ဂျာကိစ္စကို အမျိုးသားရေးကိစ္စလို ဘာလို့သတ်မှတ်ရတာလဲ" ဆိုပြီး ၈၈ ကိုကိုကြီးကို သူမကဝေဘန်လိုက်တဲ့စကား၊  ပြောတဲ့စကားကို ဖတ်ရတဲ့အခါမှာ စိတ်အပျက်ကြီးပျက်ရုံသာမက မျက်လုံးတွေပါ ကန်းသွားလိုက်ချင်ပါတော့တယ်။ ကိုယ့်နိုင်ငံရဲ့ ရေ၊မြေ၊နယ်နိမိတ်ကို ခြိမ်းခြောက်လာနိုင်တဲ့အနေအထား...သန်းတစ်ရာ့ငါးဆယ်သော နိုင်ငံနဲ့ဘေးချင်းကပ်နေပြီး ရခိုင်ပြည်နယ်ကို လူနဲ့တက်သိမ်းလို့ရနိုင်တဲ့အနေအထားမှာ ရခိုင်တွေနဲ့ ထပ်တူကျစွာ ဗမာတွေ၊ ကျန်နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တစ်သားတည်းရပ်နေတဲ့ဖြစ်ရပ်၊ ကိုယ့်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို အကြမ်းဖက်အဖွဲ့တွေက ခြိမ်းခြောက်၊ ကိုယ့််နိုင်ငံသံရုံးကို သူတစ်ပါးတွေက သတင်းတု၊ သတင်းမှားတွေနဲ့ စော်ကားမော်ကားလုပ်နေတဲ့ဖြစ်ရပ်မျိုးကိုမှ အမျိုးသားရေးလို့မသတ်မှတ်ရင် အမျိုးသမီးရေးလို့ သတ်မှတ်သင့်သလားလို့ပဲ ဘုတောချင်ပါတော့တယ်။


၈၈ ထဲက ကျောင်းသားအများစုဆိုသူတွေက ဒီလိုဦးနှောက်နဲ့လူတွေလား။ ဒီလိုအမြင်ကျဉ်းပြီး စိတ်ခံစားချက်လောက်သာ လိုက်တတ်၊ တိုင်းပြည်အကျိုးကို မငဲ့တတ်သူတွေလား လို့ နောက်မျိုးဆက်တွေမေးလာရင် ဘယ်လိုဖြေပါမလဲ။ ကိုယ့်လုပ်ရပ်၊ ကိုယ့်စကားက ကိုယ့်ခေတ်က လှုပ်ရှားမှုကြီးကို သိက္ခာကျသွားစေနိုင်တယ်ဆိုတာကို နားလည်သင့်ပါတယ်။ စစ်အာဏာ၇ှင်ကို တော်လှန်ရေးဟာအမျိုးသားရေးလှုပ်ရှားမှုလို့ နားလည်ထားရင် ကိုယ့်နိုင်ငံမြေပုံပဲ့ထွက်သွားနိုင်တဲ့ကိစ္စကို ဘယ်လို ဦးနှောက်မျိုးနဲ့ အမျိုးသားညီလာခံလို စုံညီတိုင်းရင်းသားတွေခေါ်ပြီး "ဤကားအမျိုးသားရေးကိစ္စရပ်ဖြစ်တော့သကိုး" လို့ သတ်မှတ်စေချင်နေရတာလဲ နားမလည်နိုင်တော့ပါဘူး။ အမျိုးသားရေးကိစ္စရပ်ဆိုတာ တိုင်ပင်ထားစရာမလိုဘဲ လူတိုင်းရင်ထဲက နိုးကြားလာတဲ့ တိုင်းပြည်ချစ်စိတ်တွေနဲ့ နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုတွေပဲမဟုတ်ဘူးလား။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ဒီစိတ်င်္ဓါတ်တွေနဲ့ ရှင်သန်လှုပ်ရှားခဲ့တာမဟုတ်ဘူးလား။ အခု ဒီလိုမျိုးပဲ ကိုယ့်ရခိုင်သွေးချင်းတွေရဲ့ "မြေ" ကိုယ့်နိုင်ငံပိုင်နက်အတွက် ပူပန်သောကရောက်နေတဲ့ သာမန်ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေရဲ့ စကားသံတွေဟာ အမျိုးသာရေး လှုပ်ရှားမှုအသံတွေပဲမဟုတ်ဘူးလား။ 

ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလို့ရရိုးထုံးစံမရှိပါဘူး။ မပြေးသော်လည်းကန်ရာရှိနေတတ်တဲ့ ပြည်ပရောက် ရိုဟင်ဂျာပွဲစားတွေတစ်ဖြစ်လဲ ဒီမိုကရေစီအရေးလှုပ်ရှားသူလို့ ဆိုတဲ့ Money Making Politicians ဆိုသူတွေထဲက လူတစ်ယောက်က ၈၈ ထဲက တောက်ပတဲ့ လူတစ်ဦးဖြစ်သော ကိုကိုကြီးကို တိုက်ခိုက်တဲ့စာလို့ပဲ မှတ်ထားလိုက်ပါဦးမယ်။ ပြည်ပမှာ ကျင်လည်ဖူးသူတစ်ဦးအနေနဲ့လဲ ဒီအဖွဲ့တွေရဲ့ စည်းလုံးမှုနည်းပါးပုံ၊ ထောက်ပံ့ကြေးတွေအတွက် ပြဿနာတက်တတ်ပုံတွေကို နားနဲ့မဆန့်အောင်ကြားခဲ့ရပါတယ်။ ကိုယ်နဲ့လဲ မဆိုင်တာမို့ ဘာမှ သိပ်မပြောချင်တော့ပေမယ့် အခုလို ကိုယ့်တိုင်းပြည်ရဲ့ ကိစ္စအပေါ် ပြဿနာထပ်ရှာလာတော့ ဒီလို တစ်ယောက်နဲ့တစ်ယောက်ရန်င်္ဖြစ်နေတတ်တဲ့လူတွေကို ပြန်မြင်ယောင်လာပါတယ်။

ရင်ကတော့ လေးမိပါတယ်။ ဇာဂနာက အင်္ဂလိပ်သတင်းစာမှာ သေချာမသိဘဲ တက်ရေးခဲ့ပါတယ်။ နေဘုန်းလတ်ရေးတဲ့စာကို ရိုဟင်ဂျာပွဲစားတွေက ကောင်းကောင်းအသုံးချနေပါတယ်။ အခု ဆလိုင်းတင်မောင်ဦးရဲ့ နာမည်နဲ့ သူ့ညီမဆိုသူရေးတဲ့စာအတွက် ဘင်္ဂလားပွဲစားတွေ အားရနေသလောက် ရခိုင်ပြည်သူတွေက မချိမဆန့်ခံနေရဦးမှာပါပဲ။

သြော်..ဒီလိုလူတွေ ဘယ်လောက်ထပ်ထွက်လာဥိးမလဲ။ ကျနော်တို့ တိုင်းပြည်ထဲက ရခိုင်တွေ ဘယ်လောက်ထပ်ခံစားနေရဦးမလဲ။ ကျနော်တို့ဆီမှာ ဦးနှောက်နည်းပြီး နာမည်ကြီးတဲ့သူပေါနေသရွေ့ ရခိုင်တွေကတော့ လှိမ့်ပြီး ခံနေရဦးမှာအသေအချာပါပဲ။ လူသတ်ဖို့ အားပေးမနေတဲ့လူတွေကြားမှာ Genocide ဆိုပြီး အစဆွဲထုတ်လာကြတယ်၊ နောက်သံယောင်လိုက်ကြတယ်၊ နောက် စွပ်စွဲကြတယ်။
အခုအနေအထားက ဟုတ်ဟုတ်မဟုတ်ဟုတ် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ညံ့ဖျင်းမှုနဲ့ မြန်မာအစိုးရရဲ့ နာမည်ဆိုးကြောင့် တစ်ကယ်ပဲဟုတ်နေသယောင်ယောင် အထင်ခံနေရပါပြီ။ ကျနော်တို့ တိုင်းပြည်ထဲက ယဉ်ကျေးတဲ့ ရခိုင်လူမျိုးတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ပျော်မွေ့တဲ့သူတွေလို့ အစွပ်စွဲခံနေရပြီ။ ဒီလိုဖြစ်လာရခြင်းအကြောင်းရင်းထဲမှာ ကိုယ့်တိုင်းပြည်ထဲက ကိုယ့်လူမျိုး ဥာဏ်နည်းပါးပြီး နာမည်ရှိတဲ့လူတွေရဲ့ မိုက်မဲတဲ့လုပ်ရပ်တွေပါနေတယ်ဆိုတာ သိရလေလေ ရင်နာရလေလေပဲ။

နှစ်ခါတွေးစရာမလိုဘဲ ရင်ထဲ ဝင်လာတဲ့အရေးဟာ အမျိုးသားရေးဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စဟာ အမျိုးသားရေးဟုတ်သလားလို့ နစ်ခါတွေးနေတဲ့သူဆိုရင်တော့ အဲ့ဒီလူဟာ မြန်မာနိုင်ငံနဲ့ မပတ်သက်သင့်တော့တဲ့လူပဲဖြစ်ပါတယ်။ ကျမက စစ်တပ်ကို မမုန်းပါဘူးလို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်စကားကို ကျနော်ထပ်ခါ တလဲလဲတွေးနေမိစဉ်မှာတော့ မိုင်ပိုပိုအောင်ဆိုတဲ့ စာရေးသူတစ်ဦးက အာဏာသိမ်းစစ်ဘီလူးနဲ့ တိုင်းပြည်အတွက် ချစ်ချစ်မုန်းမုန်း လိုနေတဲ့ စစ်တပ်ကို မကွဲပြားဘဲ တစ်သားတည်း အမုန်းကြီးမုန်းပြီး ဘင်္ဂလားတွေလက်ထဲ ရခိုင်ပြည်ထိုးအပ်ရေးအတွက် ၈၈ မျိုးဆက်ကိုကိုကြီးကို ထိုးနှက်လို့နေပါတော့တယ်။
Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...