သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၈)
သစ်ထူးလွင်
|
- အမွေကိစ္စစကားများရာမှ မယားညီအစ်ကိုနှစ်ဦး ဓားရေးယှဉ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
- စစ်ဘေးရှောင်ရွာသား ၁၀၀၀ ခန့် ဖားကန့်သို့ ရောက်ရှိ
- က၀ ရေဘေး ဒုက္ခသည်တွေ အကူအညီလိုအပ်နေ
- ရခိုင်ပြည်နယ်ပြဿနာ ပြည်တွင်းရေးသာဖြစ်ကြောင်း အစိုးရ ကြေညာ
- စွန့်ပစ်မြေဇာ လယ်ယာမြေများတွင် မစွန့်ပစ်ရေး ဒေသခံများ အရေးဆို
- မျှော်လင့်ချက်ပျောက် အိမ်ခြေမဲ့ဘ၀များ
- ဗုဒ္ဓဆင်းတုတော်ကို အကြည်ညှိ ပျက်ဖွယ်ပြုမူ ခဲ့သည့် ပြင်သစ် ခရီးသွား သုံးဦးအား သီရီလင်္ကာတရားရုံး အပြစ်ပေး
- မလေးရှားတွင် ဓာတ်ငွေ့ဖြည့်ဂိုဒေါင် ပေါက်ကွဲ၍ မြန်မာလုပ်သား သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ
- သြဂုတ်လ (၂၃) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၂၄
- SHADE ဂျာနယ်၊ အတွဲ(၆)၊အမှတ်(၃၀)၊သြဂုတ်လ(၂၂)
မှ(၂၈)ရက်နေ့ထိ။ - ပြည်တွင်းရုပ်သံလိုင်းများ ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်လာပြီးနောက် ...
- ငြိမ်းချမ်းရေးမရသေးခြင်းနှင့် သဘာဝဘေး မြန်မာ့စီးပွားရေးအား နှောင့်နှေးစေ
- ရေကြီးရေလျှံ အဖျက်ခံရသော လယ်မြေများအရေး သဘာဝဘေးရန်ပုံငွေမှ သမ္မတ သုံးစွဲခွင့်ပြု
- ပြည်တွင်းကုမ္ပဏီအများစု၏ ပိုင်ဆိုင်ငွေ မပွင့်မလင်း စာရင်းမရှိခြင်းသည် ပြည်ပနှင့် လက်တွဲရန် အဓိကအဟန့်အတားဖြစ်
- သြဂုတ်လ (၂၃) ရက်နေ့ ထုတ် Venus News Weekly
- သြဂုတ်လ (၂၃) ရက်နေ့ ထုတ် The Hot News Weekky
- ကေအိုင်အို(ငြိမ်း)အဖွဲ့ပိုင် မြရည်နန္ဒာကွင်းနေ ကျူးကျော်သူများ အင်အားသုံး ဖယ်ရှားခံရ
- သတင်းလွတ်လပ်ခွင့် တိုးပေးဖို့ ပြည်တွင်းမီဒီယာတောင်းဆို
- သမ္မတနှင့် NESAC အဖွဲ့ ဝင်များ တွေ့ ဆုံဆွေးနွေး
- အမျိုးသား လွှတ်တော်က အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှု စတင်ပြုလုပ်မည်
- ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် တိုးချဲ့မည်
- တိုက်ဆောက်သူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သိန်းချီ၍ပေးနေရ
- ဘီအိုစီခေတ်က ရေနံတွင်းဟောင်းကို ခိုးယူတူးဖော်ရာက ပေါက်ကွဲမှုဖြစ်ပွား
- မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်
- ဆင်ဘိုတွင် ကြွက်ကျ၊ ပြောင်းခင်းများ ဖျက်ဆီးခံရ
Posted: 22 Aug 2012 04:09 AM PDT
အမွေကိစ္စဖြင့် မယားညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားဖြင့် အပြန်အလှန် တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ရွှေပြည်သာမြို့နယ် ရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၁၃ ရက်က ရွှေပြည်သာမြို့နယ်နေသူ အသက် ၂၄ နှစ်ရှိ ကိုညီညီထွန်း ၎င်း၏ဇနီး မ...တို့နှင့် မယားညီအစ်ကိုတော်သူ အသက် ၄၁ နှစ်ရှိ ကိုဝင်းဇင်သည် ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက် မဟာမြိုင်လမ်းဘေးတွင် စကားများရန်ဖြစ်ပြီး ဓားကိုယ်စီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရန်ဖြစ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ကိုညီညီထွန်းမှာ သေဆုံးသွားပြီး ကိုဝင်းဇင်မှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။ သေဆုံးသူ ညီညီထွန်းက အရိုးအသွား ၁၁ လက်မခွဲခန့်နှင့် ဗြက် ၄ လက်မခန့်ရှိ အသားလှီးဓားဖြင့် ကိုဝင်းဇင်ကို ခုတ်ခဲ့ပြီး ကိုဝင်းဇင်က အရိုးအသွား ၁၃ လက်မခန့်ရှိ ဦးချွန်နှစ်ဘက်သွားဓားဖြင့် ကိုညီညီထွန်းကို ထိုးခဲ့ခြင်းဖြစ်သည်။ အမှုကို ရွှေပြည်သာရဲစခန်းက (ပ) ၈၉၅/၁၂ ပုဒ်မ ၃၀၂/ ၃၂၆၊ (ပ) ၈၉၆/၁၂ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်။ 7Day News Journal | ||
Posted: 22 Aug 2012 04:03 AM PDT
ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်ေ
ဖားကန့်မြို့ အနောက်မြောက်ဘက် မှော်မောင်းချောင်းဖျားတ၀ိုက်က မော်မောင်းကြီး၊ မှော်မောင်းနဲ့ သူဌေးကုန်း စတဲ့ရွာက ဒေသခံတွေ ၁ ထောင်နီးပါး ဖားကန့်မြို့ပေါ်ဘက်ကို ရှောင်ပြေးလာခဲ့တယ်လို့ ဖားကန့်ဒေသခံ ကိုလာဆိုင်းက ပြောပါတယ်။ “မြန်မာ့တပ်မတော်က ကင်းလှည့်တဲ့အချိန်မှာ နှစ်ဖက် တွေ့တဲ့ပုံစံဖြစ်တော့ ဟိုဘက်က ပစ်တော့မလို ဒီဘက်ကလည်း ပစ်တော့မလို ဖြစ်တဲ့အနေအထားမှာ စိုးရိမ်ပြီး ကေအိုင်အေတွေက ဖားကန့်ကို ပြောင်းသွားဖို့အတွက် မေတ္တာရပ်ခံတဲ့ အနေအထားပေါ့။ အဲဒါကြောင့် ဖားကန့်ကို ရွှေ့ပြောင်းနေကြတာပါ။ တနင်္ဂနွေနေ့ကစပြီး ဖားကန့်ထဲကို ၀င်လာကြတာဗျ။” သူတို့ရွာနားမှာ တိုက်ပွဲတွေ မဖြစ်သေးပေမယ့်လည်း ကေအိုင်အေ စစ်သားတွေ တည်ရှိရာ အဲဒီဒေသဘက်ကို အစိုးရတပ်တွေ ၀င်ရောက်လာမယ့် သတင်းတွေ ရထားတဲ့အတွက် ရင်ဆိုင်တိုက်ပွဲမဖြစ်ခင် ဘေးလွှတ်မယ့်နေရာ ရှောင်သွားဖို့ ကေအိုင်အိုအရာရှိတွေက ပြောထားတယ်လို့ ဆိုပါတယ်။ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ၊ ကျောင်းသားတွေ ပါဝင်တဲ့ ဒုက္ခသည်တွေကို ဖားကန့်မြို့ မရှီကထောင်းနဲ့ ငှက်ပျောတော ရပ်ကွက်ထဲမှာရှိတဲ့ ဘုရားရှိခိုးကျောင်း ၃ ကျောင်းမှာ နေရာချထားပြီး မြို့ခံတွေ၊ တာဝန်ရှိသူတွေနဲ့ ခရစ်ယာန် အဖွဲ့အစည်းတွေကပါ စားနပ်ရိက္ခာထောက်ပံ့ ကူညီထားတယ်လို့ ဒေသခံက ပြောပါတယ်။ ဖားကန့်ဒေသ ကျောက်တူးလုပ်ကွက်ရှိရာ မှော်တွေမှာလည်း အစိုးရ အထူးတိုက်ခိုက်ရေးရဲတွေက လိုက်လံဖမ်းဆီးနေတဲ့အတွက် စားဝတ်နေရေး အခက်တွေ့နေရတယ်လို့ ကိုလာဆိုင်းက ပြောပါတယ်။ “လက်လုပ်လက်စားသမားတွေက အလုပ် လုပ်စားနေတာကို အထူးတိုက်ခိုက်ရေး ရဲတွေက တပတ်တကြိမ်သော်လည်းကောင်း၊ တလတကြိမ်သော် လည်းကောင်းသွားပြီး အဲဒီလူတွေကို ဖမ်းဆီးတာရှိတယ်။ မနေ့ အယောက် ၂၀ လောက် ဖမ်းသွားတယ်။ စက်လည်း ၂ လုံး ၃ လုံး ဖမ်းတယ်။ ဆိုင်ကယ်တွေရော ဖမ်းသွားတာရှိတယ်။ တဦးကို ၅ သောင်း၊ စက်တလုံးကို ဘယ်လောက်ပေါ့ အဲဒီလိုမျိုးနဲ့ လွှတ်ပေးတာ ရှိတယ်။” ဖားကန့်မှာ မိုးတွင်းကာလ ဘေးအန္တရာယ်လုံခြုံရေးနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးအတွက် ကျောက်တူးလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ သတ္တုတွင်း ၀န်ကြီးဌာနက ပြီးခဲ့တဲ့ မေလတုန်းက တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ရှားပါးပြီး ဒီကျောက်တူးလုပ်ငန်းကိုပဲ အမှီပြုနေရတဲ့သူတွေအတွက် အဖမ်းအဆီးတွေကြားမှာ လုပ်ကိုင်စားသောက်နေရတဲ့အတွက် အစိုးရက တားမြစ်ချက် ထုတ်ပြန်မယ်ဆိုရင် သူတို့နေ့စဉ်ဘ၀ လုပ်ကိုင်စားသောက်ရေးအတွက်လည်း ထည့်စဉ်းစားပေးသင့်တယ်လို့ ဒေသခံက ပြောပါတယ်။ by နန်းမြနဒီ (ဒီဗွီဘီ) | ||
Posted: 22 Aug 2012 03:40 AM PDT
ပဲခူးတိုင်း က၀မြို့နယ်တွင် ရေကြီးမှုဟာ တော်တော်ဆိုးရွားနေပါတယ် ။ ကျေးရွာ အုပ်စုပေါင်း (၉၆)အုပ်ရှိ ကျေးရွာပေါင်း (၁၃၆)ရွာမှာ ရေဘေးသင့် ရွာပေါင်း(၄၀)ကျော် ရှိပါတယ်။
သတင်းမရသေးတဲ့ ရေဘေးသင့်ကျေးရွာတွေလည်း ရှိပါတယ်။ လောလောဆယ်မှာ အိမ်ခြေ(၂၅၀၀)ကျော်၊ လူဦးရေ(၁၅၀၀၀)ကျော်ဟာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင် နေရတယ်လို့  သိရပါတယ်။ ရေစတက်တဲ့ (၂၆/၂၇-၇-၂၀၁၂) ဖြစ်ပြီး ရေဘေးအတွက် စတင် လှူဒါန်းတဲ့ နေ့ မှာ(၄-၈-၂၀၁၂)နေ့ ၊ က၀တမြို့နယ်လုံး အတိုင်းအတာ ဖြစ်တယ်။ က၀မြို့နယ် အုန်းနှဲကျေးရွာ အုပ်စုမှာ (၅)ရွာရှိပြီး ၁-အုန်းနှဲ- ၂-ခမဲပြင်- ၃-အောင်ဇေယျာ- ၄-ဘန်နာ- ၅-ဗမသက်ရွာ ရေဘေးဒုက္ခသည်(၂၂၀၀)ကျော်ရှိတယ်။ ထို(၅)ရွာ အတွက် တနေ့လျှင်(၆) သိန်းကျော်လှူဒါန်း နေရတယ်။အုန်းနှဲရွာ အုပ်စုမှာ လယ်မြေဧက(၆၀၀၀) ရှိတယ်(၄၀၀၀)ဧကဟာ ရေဘေးကြောင့် ပျက်စီးခဲ့တယ်။ အုန်းနှဲရေဘေး စခန်း ကတော့-၁-အုန်းနှဲဘုရားကြီး-၂-ကု သက္ကလရွာအုပ်စုမှာတော့ အိမ်ခြေ(၄၀၀)လူဦးရေ(၁၂၀၀)ရေးေ ရေဘေးကြောင့် ဖျားနာ၊ ၀မ်းပျက်ဝမ်းလျှော၊ တုပ်ကွေးရောဂါ တွေဖြစ်တယ် ကျန်းမာရေး စောက်ရှောက်မှု မရှိဘူး အားနည်းတယ်။ကယ်ဆယ်ရေး စခန်းများကို ကျေးရွှာရှိပရဟိတ လူငယ်တွေနဲ့ NLD တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးမျိုးခိုင် တို့ တိုင်ပင်ပြီးဖွင့်ထားရတယ်။ အာဏာပိုင်ကတော့ လာရောက်မေးမြန်း မှုတော့ရှိတယ် ဒီနေ့အထိတော့ ကူညီမှုမရသေးကြောင်း ဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။ | ||
Posted: 22 Aug 2012 03:19 AM PDT
ဒီကြေညာချက်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ အုပ်စုချင်း အပြန်အလှန် တုံ့ပြန် အကြမ်းဖက်မှု သာဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာဖြစ်ပြီး ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက် ညှဉ်းပန်းမှုကြောင့် ဖြစ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Aug 2012 03:07 AM PDT
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆည်တဲ၊ ၀က်မှေး၊ ဇီးတော၊ ကန်တော၊ ဖေါင်းကား၊ မိုးကြိုးပြင်၊ တုန်ရွာ၊ ရွှေလှေ၊ ထန်းတော၊ ကျော်ရွာ၊ ညောင်ပင်ကြီး စတဲ့ ၂၆ ရွာက ရာနဲ့ချီတဲ့ တောင်သူတွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက စွန့်ပစ်မြေဇာတွေ ဒေသခံပိုင် ယာမြေတွေမှာ မစွန့်ပစ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အရေးဆိုကန့်ကွက်ခဲ့တယ်လို့ ၀က်မှေး ဒေသခံ တဦးက ပြောပါ တယ်။ “ဆားလင်းကြီးဝင်းထဲတော့ ရောက်ပြီ၊ အုပ်ချုပ်ရေးမှူးက အကုန်လုံးနဲ့ အတွေ့မခံပါဘူး။ ဒါကြောင့် အကုန်စုဝေးပြီးတော့ တရွာကို ပြောနိုင်တဲ့သူ တယောက်ပဲ ခေါ်နေပါတယ်။ အကုန် ရှိတာတော့ ၂၆ ယောက်ပါ။ အကုန်လုံး ၆၀၀၊ ၇၀၀ လောက်တော့ ရှိပါတယ်။” မြို့နယ်အုပ်ချုပ်ရေးမှူးကို လယ်ယာမြေတွေထဲ စွန့်ပစ်မြေ မပုံရေး၊ ရွာမရွှေ့ရေး၊ ဘုန်းကြီးကျောင်းတွေ ပြန်လည် ဖွင့်ပေးရေး၊ ယာမြေတွေပေါ်မှာ အဆောက်အဦ မဆောက်ရေး စတဲ့ အချက် ၄ ချက်ကို ဒေသခံတွေက ဆွေးနွေးတောင်းဆိုတယ်လို့ သိရပါတယ်။ မုံရွာမြို့အနောက်ဘက်ကမ်းက လက်ပန်းတန်းတောင်စီမံကိန်းကို ဒေသခံတွေ တားနေသည့်ကြားက ကျေလည်အောင် ညှိနှိုင်းခြင်း မရှိသေးဘဲ အခုလို မြေဇာတွေကို စွန့်ပစ်တာလို့ ၀က်မှေးရွာခံတွေက ပြောပါတယ်။ လယ်ယာမြေတွေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့ အတွက် ဒေသခံ တောင်သူတွေက တားဆီးကန့်ကွက်ပြီး ညှိနှိုင်းနေတုန်းမှာ အခုလို လာရောက် စွန့်ပစ်တာလည်း ဖြစ်ပါတယ်။ ကြေးနီစီမံကိန်းက စွန့်ပစ်မြေဇာတွေ ယာမြေတွေကို ထိခိုက်တယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောဆိုပါတယ်။ “သူတို့ မြေတွေကို ကျမတို့ထဲ လာစွန့်ပစ်တော့ ကျမတို့ လယ်တွေ ထိခိုက်တယ်။ လယ်ယာမြေတွေထိခိုက်တာက ကျမတို့အတွက်ကို တနှစ်ထိခိုက်တာလည်း မဟုတ်ဘူး တသက်တာအတွက် ထိခိုက်သွားတာ။ ကျမတို့ စိုက်ပျိုးစားတဲ့ လယ်ယာမြေထဲကို သူတို့မြေတွေ လာပုံတော့ ဘယ်နေရာသွားပြီး လုပ်ကိုင်စားသောက်ရမှာတုန်း။ ” လက်ပံတန်းတောင် ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ by မင်းလွင် | ||
Posted: 22 Aug 2012 01:33 AM PDT
ကျွန်မတို့လည်း တကယ် နေရတော့မယ် ထင်ပြီး လက်မှတ် ထိုးခဲ့တာပါ'' ဟု ပြောရင်းမှ စီးကျ လာသော မျက်ရည်များကို သူမက ကပျာကယာ သုတ်လိုက်သည်။ဓမ္မကာရီ ဘုန်းကြီးကျောင်းဝင်း မြေလွတ်တစ်ခုပေါ်မှ ၁ဝပေ ပတ် လည် တဲအိမ်ငယ်ပေါ်တွင် ခပ်ရို့ရို့ ထိုင်ကာ ပြောပြနေသော အသက် ၅၃ နှစ်ရှိ ဒေါ်ခင်မာကြူ၏ မျက်နှာမှာ သင်္ချိုင်းနှင့်အမှိုက်ပုံဘေး အနံ့အသက် ဆိုးများအောက် နှစ်ပေါင်းများစွာ နေလာခဲ့သည့် ဒဏ်ကြောင့်ပင်လား မသိ။ အနည်းငယ် ဖောယောင်ကာ ခပ်အမ်းအမ်း ဖြစ်နေသည်။''သင်္ချိုင်းမှူး အုန်းချစ် တောင်း ခဲ့တာပါ။ အခု ဖျက်လည်းဖျက်ရော သူ့ကို ဘယ်နားရှာရမှန်းတောင် မသိဘူး။ ပုန်းနေတယ်''ဟု သူမက တစ်သက်တာနေထိုင်နိုင်ရေးအတွက် ဟု ယုံကြည်ကိုးစားကာ ပေးခဲ့သော ငွေငါးသောင်းနှင့် အချည်းနှီးဖြစ်ခဲ့ သောဘဝအတွက်သြဂုတ်လ ၁၇ရက် ညနေတွင် တွေ့ဆုံခဲ့စဉ်က ယူကျုံး မရစွာ ပြောသည်။ ၂ဝ၁၂ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်အချို့ရှိ စည်ပင်သာယာပိုင် မြေ များပေါ် နှစ်ပေါင်းများစွာ အခြေချ နေထိုင်နေသော ကျူးကျော်အိမ်များ အား ဖျက်ဆီးဖယ်ရှားခဲ့ပြီးနောက် လူဦးရေ ထောင်နှင့်ချီ၍ အိမ်ခြေမဲ့ ဖြစ်ခဲ့ပြီး ၄င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ကလေးငယ်များ အတွက်ပါ အကာအကွယ်နှင့် မျှော် လင့်ချက်မဲ့သော ကံကြမ္မာတစ်ခု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည်။ရွှေပြည်သာမြို့နယ်၊ သံဒင်ချောင်း အနီး၊ မြေတိုင်း ၃၅ ရပ်ကွက်၊ ကျူချောင်သုသာန်ဘေး၊ မြေကွက် အမှတ် (၁ဝ၅၃) ချောင်းကောပလပ် မြေပေါ်မှ တဲအိမ် ၂၂ လုံးနှင့် စိုက် ခင်းများအား ဇူလိုင်လ ၁၈ ရက်တွင် စည်ပင်သာယာဌာနမှ လာရောက် ၍ ဖျက်ဆီးဖယ်ရှားခဲ့သည်။ ယင်း အတွက်ကြောင့် မိသားစု ၂၃ စု၊ ကလေးငယ်ပေါင်း ၄ဝ ကျော် အပါ အဝင် လူဦးရေ ၉ဝ ကျော်တို့ အိမ် ခြေမဲ့ ဖြစ်ခဲ့ရသည်။ ၄င်းနေရာ၌ ၂ဝဝဝ ပြည့်နှစ် ကတည်းက မိသားစုအချို့ အခြေချ နေထိုင်ခဲ့ခြင်းဖြစ်ပြီးအများစု ယင်းနေရာတွင် နေထိုင်သူများအား ငွေကြေးကောက် ခံခြင်းနှင့် ပတ်သက်၍မူ ၄င်းက ''၂ဝ၁ဝ တုန်း ကပါ။ ဘယ်သူမှမနှောင့်ယှက်အောင် အခွန်ဆောင်ရမယ်လို့ သင်္ချိုင်းမှူးက ပြောတယ်။ ဒါကို အိမ်ကမိန်းမတွေက ဖြတ်ပိုင်းရရင် တစ်သက်လုံးနေရမယ်ထင်ပြီး ယောက်ျားတွေမသိအောင် ခိုးပြီး သွားပေးကြတယ်။ ပြန်ပြီး ကျလာတော့ သင်္ချိုင်းမြေငှားခ ဆိုပြီး ကျလာတယ်''ဟုပြန်ပြောင်းပြောသည်။ ထိုကဲ့သို့ သချိုင်းမြေအဖြစ် သတ်မှတ်ခြင်းကို ၄င်းတို့အနေဖြင့် သိရှိခြင်းမရှိဘဲ နိုင်ငံတော်မြေ၊ ချောင်းကောပလပ်မြေဟုသာ သက် ဆိုင်ရာကပြောခဲ့ကြောင်း သိရသည်။''၂ဝဝ၁ တုန်းက တစ်ယောက် ဆုံးလို့ ဒီမှာမြှုပ်မယ်ဆိုတုန်းက တောင် သင်္ချိုင်းမြေ မဟုတ်ဘူး။ မမြှုပ်နဲ့၊ သင်္ချိုင်းမှာပဲမြှုပ်၊ တိုင်ရင် အရေးယူခံရလိမ့်မယ်လို့ ပြောခဲ့တာ တွေရှိတယ်''ဟုဦးလှမြင့်ကပြောသည် စားဝတ်နေရေးအတွက် မှီခိုနေ ရသော စိုက်ခင်းနှင့် မွေးမြူရေးခြံ များလည်း မရှိတော့။ ယောက်ျား သားများက ကြုံရာကျပန်း လုပ်ကိုင် နိုင်ရန် ကြိုးစားနေ ရသည်။ အချို့ မိန်းကလေးငယ်များကတော့ စက်ရုံ အလုပ်ရုံနှင့် နီးစပ်ရာ။ ''သားနှစ်ယောက်က ဘုရင့် နောင်ပွဲရုံမှာ ကျပန်းသွား လုပ်နေရတယ်။ သမီးနှစ်ယောက်ကိုတော့ စက်ရုံမှာ ဝင်ခိုင်းထားရတယ်လေ။ ကျွန်မကတော့ကျန်းမာရေး မကောင်းတော့ အိမ်မှာပါပဲ''ဟုဒေါ်ခင်မာကြူက လက်ရှိဘဝအခက်အခဲကိုပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာန အနေ ဖြင့်မူ သုသာန်မြေဧရိယာအတွင်းမှ ဖျက်သိမ်းပြောင်းရွှေ့ရေးအတွက် ၂ဝ၁၂မတ်လ ၁ရက်တွင် တစ်ကြိမ်၊ ဧပြီလ ၂ ရက်တွင် ဒုတိယအကြိမ်၊ ဧပြီလ ၂၅ ရက်နေ့တွင် တတိယ အကြိမ် နှိုးဆော် အကြောင်းကြားခဲ့ပြီး ဇူလိုင် လ ၁၈ ရက်တွင် ဖယ်ရှားခြင်း မပြုသဖြင့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဆိုင်ရာ နည်းဥပဒေများ အခန်း (၁၁)၊ နည်းဥပဒေ (၄၇) (၄၈) တို့အရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်း ထားသော ရှင်းလင်းဖယ်ရှားရေး အဖွဲ့ဖြင့် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဌာနပေးပို့စာအရ သိရသည်။ အဆိုပါ အခြေအနေကြောင့် ရွှေ့ပြောင်းခံ မိသားစုများ ကလေး ငယ်များမှာ ပညာသင်ကြားမှုများ ရပ်ဆိုင်းထားခဲ့ရပြီး အချို့မှာ ကျောင်း စရိတ်နှင့် အထွေထွေပြဿနာများ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ယင်းအတွက်ကြောင့် သက် ဆိုင်ရာနှင့် အစိုးရအဖွဲ့ထံ အသနား ခံစာ တင်ခဲ့သော်လည်း အကြောင်း မထူးသဖြင့် ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်သွားရန် အဆင်သင့်ဖြစ် နေကြကြောင်း ၄င်းတို့ကဆိုကြသည်။ ရွှေပြည်သာမြို့နယ်၊ ကြံ့ခိုင်ရေး ပါတီမှ အမျိုးသားလွှတ်တော် အမတ် ဦးမောင်မောင်ဝင်းက စည်ပင်နှင့် စကားပြော၍ ညှိနှိုင်းပေးမည် ဖြစ် ကြောင်း ဆိုသည်။''ကျွန်တော့်မှာတော့ မြေမရှိလို့ နေစရာမပေးနိုင်ပါဘူး'' ဟု ၄င်းက ပြောသည်။အလားတူပင်ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မှ ထားဝယ်ချောင်တွင်လည်း ဇွန်လ ၂၅ ရက်တွင် ကျူးကျော် အိမ်များ ဖျက်ဆီးဖယ်ရှားခံခဲ့ရပြီး မိသားစု ၁၃ စု၊ ကျောင်းနေ အရွယ် ကလေး ၁၆ ဦးအပါအဝင် လူဦးရေ ၆၂ ဦးတို့ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၄င်းတို့အနေဖြင့် နီးစပ်ရာဘုန်းကြီးကျောင်းများ တွင် ခွင့်တောင်း၍ နေနေကြရပြီး စားဝတ်နေရေး ပြဿ နာများကြုံတွေ့နေရကြောင်းရွှေ့ြေ ထားဝယ် ချောင် ပလပ်မြေတွင် ၄င်းတို့ မိသားစုအခြေချခဲ့သည်က ၁၉၉ဝ ပြည့်နှစ်။ ၂၂ နှစ်ကြာပြီးနောက် လက်ရှိတွင် ကျူးကျော်အဖြစ် အဖျက်ဆီးခံအိမ်နှင့် ခိုကိုးရာမဲ့ဘဝ။''အခုဆိုရင် ကျွန်တော်တို့က ဒုက္ခသည်စခန်းလို ဖြစ်နေတယ်။ ကျွန်တော်တို့ မြို့နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လှူထားလို့ ဒီထားဝယ်ချောင် အမှိုက် ပုံတန်းလျားမှာ နေ နေရတာပါ။ ငမိုးရိပ်ရေတက်လာရင် ကျွန်တော်တို့ မအိပ်ရဘူး။ ရေတစ်ဝက်လောက် တက်တော့ရေကျမှပြန်အိပ်နိုင်တယ်' ယင်းကာလ အတွင်း နိုင်ငံတော်သမ္မတနှင့် ဌာန ဆိုင်ရာများသို့ သနားခံစာ တင်ခဲ့ သော်လည်း ထူးမလာခဲ့။ ထိုသို့ဖြင့် ၂ဝ၁၂ ခုနှစ် ဇွန်လ ၂၅ ရက်တွင် စည်ပင်၊ ရဲနှင့် မီးသတ် တပ်ဖွဲ့များ အင်အား ၄ဝဝ ခန့် ပါဝင်သည့်အဖွဲ့ အောက်တွင် သူတို့၏ အိမ်များနှင့် သူတို့၏ဘဝများ တစ်စစီ ပျက်စီး ပျောက်ကွယ်သွားခဲ့ရသည်။''စဖျက် ထိုကဲ့သို့ နေရာအစားပြန်စီစဉ် ပေးမှု မရှိဘဲ ကျူးကျော်များအား ဖယ်ရှားခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်း သားဟောင်းများ အဖွဲ့မှ ကိုမြအေးက ''ဒါတွေက ကျွန်တော်တို့ နိုင်ငံသားတွေ။ ဒါတွေကို လက်လွတ်စပယ်လုပ်တဲ့ ဟာမျိုး သဘောမတူပါဘူး။ ထိုက် တန်တဲ့နေရာ ပြန်ပေးရမယ်။ အခု ဆင်းရဲမွဲတေမှု ပပျောက်ရေးလေဗျာ။ ဒါက ဆင်းရဲမွဲတေမှုပဲ။ နေစရာ လေးတော့ စီစဉ်ပေးရမယ်။ မိုးတွင်း ပိုဆိုးတယ်။ ဒီလိုဖျက်ချင်သလို ဖျက်၊ သွားချင်သလိုသွားဆိုတာတော့ လုံးဝ သဘောမတူဘူးဗျာ''ဟုပြောသည်။ ၄င်းတို့အဖွဲ့အနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့ နံနက် တွင် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းရှိ ကျူးကျော် အိမ် ၉၄ လုံးအား မြေသယ်ယာဉ် များဖြင့် ဖျက်ဆီးခဲ့စဉ်ကလည်း နေထိုင်သူများ အကူအညီတောင်းခံမှု အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ မေတ္တာရပ်ခံစာပေးပို့ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။အဆိုပါနေရာ ယင်းကဲ့သို့ ပြဿနာကို ဒဂုံ မြို့သစ်တောင်ပိုင်းရှိ သိမ်ချောင်း သုသာန် ဟောင်းအနီး မြေဧရိယာ အတွင်း နေထိုင်သူ မိသားစု ၄၄ စု လည်း ရင်ဆိုင်ရဖွယ် ရှိပြီး စည် ပင်မြေတွင် ဝန်ထမ်းမဟုတ်ဘဲ နေ ထိုင်ပါက ကျူးကျော်အဖြစ် သတ် မှတ်၍ ရှင်းလင်းဖယ်ရှားသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်မှ အရာရှိ တစ်ဦးက ဆိုသည်။၎င်းဧရိယာ၏ရာအိမ်မှူး ဦးသိန်း ဆွေက မိသားစု ၄၄ စုလုံး စည်ပင် ဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်း ဆောင်ရန် ကြိုးစားနေပြီး မိသားစု တစ်စုမှာမူ နေအိမ်ကိုဖျက်သိမ်း၍ ပြောင်းရွှေ့သွားကြောင်း ဆိုသည်။ ထိုမျှနှင့် မပြီးသေး။ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်ဘေးရှိ ပုဏ္ဏားစု ဘုရား ကျောင်းဝင်း ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြား နေရာရှိ ကျူး ကျော်များလည်း ယခုတော့ ကျရာ နေရာ ပျဉ်ခင်းကာ တာလပတ်ဖြင့် ရွက်ဖျင်ထိုး၍ မိုးထဲလေထဲ ခိုကိုး ရာမဲ့နေခဲ့ပြီဖြစ်သည်။ထိုနေရာမှ မိသားစု ၁၇ စု၊ ကျောင်းသား ၁၅ ယောက် အပါ အဝင် လူဦးရေ ၈၅ဦးမှာအဆိုပါ ဖယ် ရှားခံ နေရာအနီးအနားတွင်ခိုကပ် နေကြပြီး အချို့မှာ ဘုန်းကြီးကျောင်း များတွင် ကပ်ရပ်နေနေကြသည်။ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက် နံနက် ၈ နာရီခန့်တွင် မီးရ ထားဝန်ထမ်းများမှ လာရောက်ရှင်း လင်းခဲ့ခြင်းဖြစ်ပြီး ကြိုတင်အကြောင်း မကြားသည့်အပြင် ဖယ်ရှားခံရမည် ဟု မထင်ကြသည့်အတွက် မည်သို့မျှ ပြင်ဆင်ချိန် မရခဲ့ကြောင်း ရွှေ့ပြောင်းခံ မိသားစုအချို့က ဆိုသည်။နေထိုင်သူ အများစုမှာ မီးရ ထားဝန်ထမ်းဟောင်းများ အများစု ဖြစ်ပြီး မြေနေရာ ငှားခမပေးရ၍ ၄င်း တို့ဘာသာ အိမ်ဆောက်၍ နေခဲ့ ကြခြင်းဖြစ်သည်။ ထိုအထဲမှ အငြိမ်း စား ဝန်ထမ်းအချို့ အခြေချ နေထိုင် ခဲ့သည်မှာ နှစ်ပေါင်း ၄ဝ ကျော်ခဲ့ပြီး ယခုအချိန် မှသာ နီးစပ်ရာ နေရာများ ၌ တာလပတ်ကာ ဝါးအိမ်များထိုး၍ နေနေရခြင်း ဖြစ်သည်။ ၄င်းနေရာ၌ နေထိုင်ခဲ့သည်မှာ ၄၅ နှစ်ရှိပြီဖြစ်ပြီး မိသားစု ငါးဦး ရှိသူ အသက် ၅ဝ ဝန်းကျင်ရှိ ဒေါ် သန်းသန်းဝင်းက ''အဖေက ဝန်ထမ်း၊ သူဆုံးသွားတော့ မြေကွက်ရရဲ့သားနဲ့ နှစ်လလိုတယ်ဆိုပြီး မပေးတော့ဘူး။ အစကအမှန်ပဲထင်လို့ နောက်မှ သူတို့ ရောင်း စားကြမှန်းသိတာ။ မြေကွက် မရလို့ရတဲ့နေရာလေးမှာ အိမ်ဆောက် နေရတာ။ ဒါကို ကိုယ်ချင်းစာစိတ် မရှိဘဲလုပ်တာ။ မြေကြီးဆိုတာ ဘယ်သူမှ အပိုင်ယူထားလို့ရတာ မဟုတ်ဘူး။သေရင်ထားခဲ့ရမှာပဲ'' ဟု သူမကလေသံပြတ်ပြတ်ဖြင့်ဆိုသည်။ဖျ အခြေချနေထိုင်မှု အနှစ် ၂ဝ သက်တမ်း ရှိပြီဖြစ်သော ဒေါ်သီကလည်း ''မဖျက်ခင် ကြိုမပြောဘူး။ ဒီအတိုင်းလာပြီး အိမ်ကို တွန်းလှဲ သွားတာ။ အဲဒီလိုလုပ်တော့ လူတွေ မိုးထဲ၊ ရေထဲနေရတယ်။ အရမ်းအေး လို့ တာလပတ်ခြုံနေရတာပါ။ ယောက်ျားက အအေးမိပြီး ဆုံးတယ် ပြောရမယ်။ သူက အဓိက ရှာကျွေး နေတာပါ။ အခု သူလည်း မရှိ၊ နေစရာလည်း မရှိတော့ပါဘူး'' ဟု ငိုသံတစ်ဝက်ဖြင့် ပြောသည်။မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်း ကြောင်းသည် ယခုမှ ခြေချရန်ပင် ဖြစ်သည်။ သို့သော် သက်ဝင်နေ သေးသည့် တည်ဆဲဥပဒေများက တော့ လည်ပတ်တုန်းပင် ဖြစ်သည်။ စည်ပင်သာယာကော်မတီ၏ ဥပဒေ များအရ ကျူးကျော်များမှာ တရား မဝင်ဟုဆိုသော်လည်း ကြိုတင်ပြင်ဆင်မှု မရှိ၊ နေရာချထားပေးနိုင်မှုမရှိဘဲ နှစ်ပေါင်းများစွာ မတို့ မထိထားခဲ့ပြီးမှ လတ်တလော ဆောင်ရွက်ခြင်းများ ကြောင့် ဘဝပေါင်းများစွာ အခြေပျက် ခဲ့ခြင်း ဖြစ်သည်။မိသားစုများ၏ ဘဝ၊ စီးပွားရေး နှင့်ကျန်းမာရေးသည်သာမကကျောင်း စာသင်ခန်းမှ လမ်းပေါ်ရောက်လာ နိုင်သည့် ကလေးများ၏ အနာဂတ် သည်လည်း မိုးထဲရေထဲ အကာအကွယ်မဲ့ ဖြစ်နေနိုင်ပေ သည်။''အစဉ်အလာအားဖြင့်၁၉၅၈ ကာလ အိမ်စောင့်အစိုးရတက်လာ ပြီး ကျူးကျော်ဖြေရှင်းတဲ့ ပုံစံမျိုးတွေ။ ကျူးကျော်ဆိုတာ နေစရာမရှိလို့ မှီခိုကုတ်ကတ်ပြီး နေရတဲ့လူတွေ များတယ်။ ဆင်းရဲသားတွေများတယ်။ အသိဥာဏ်မဖွံ့ဖြိုးသေးတဲ့ လူတွေ များတယ်။ ခွဲခြားဆက်ဆံပြီး ပြောတာမဟုတ်ဘူး။ သူတို့ကို ကယ် မယ်ဆိုရင် သူတို့နဲ့ ထိုက်တန်တဲ့ နေရာစီစဉ်ပေးရမယ်။ အခု လက်ရှိ မြေတွေအားလုံးကို အစိုးရက ပိုင်တယ်ဆိုတဲ့ ဝါဒက ရှိနေတာကို။ အဲဒီတော့ ဖယ်ချင်ဖယ်၊ သွားချင်သွား ဆိုတော့ ဒီနေရာကနေ ပျောက်ပြီး တခြားနေရာတွေမှာ ပြန်ပေါ်လာ မယ်'' ဟု ၈၈ အဖွဲ့မှ ကိုမြအေးက သုံးသပ်သည်။မည်သို့ပင်ဖြစ်စေ တာမွေ၊ ဒဂုံ မြို့သစ် ထားဝယ်ချောင်၊ ကြည်စု သုသာန်၊ ရွှေပြည်သာကျူချောင် သုသာန်များမှ အိမ်များ၊ မိသားစု များနှင့် ၄င်းတို့၏ ဘဝများစွာမှာ မျှော်လင့်ချက် ပျောက်ဆုံးသွားခဲ့ပြီး အိမ်ခြေမဲ့ ကံကြမ္မာသည်လည်း သာ၍ဆိုးဖို့ရန် မည်သူတွန်း ပို့သည် ဟု လက်ညှိုးထိုးယိုးစွပ်စရာ ပေါ် လာဦးမည်ဟု မသိနိုင်တော့ပါ။ P.News Group by Popular Myanmar News Journal | ||
Posted: 22 Aug 2012 01:20 AM PDT
ကိုလံဘို၊ သြဂုတ် - ၂၂
သီရီလင်္ကာ နိုင်ငံတွင်းရှိ ဗုဒ္ဓဆင်း တုတော်ကို အကြည်ညှိ ပျက်ဖွယ် ဖြစ်အောင် ပြုမူခဲ့သည် ပြင်သစ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား သုံးဦးအား တရားရုံးက ဆိုင်းငံ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 22 Aug 2012 12:57 AM PDT
မလေးရှားနိုင်ငံ ကူးလင်းမြို့ ဘာသ၀က်ရပ်ကွက်တွင် ဓာတ်ငွေ့ဖြည့်လုပ်ငန်း ဂိုဒေါင်တစ်ခု ပေါက်ကွဲခဲ့ရာ မြန်မာလုပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ပီနန်မြို့ရှိ မြန်မာနာရေးကူညီမှုအသင်း တာဝန်ခံ ကိုဝင်းသန်းထွန်းကပြောသည်။
သြဂုတ် ၄ ရက် နံနက် ၃ နာရီခန့်က မြန်မာအလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံတွင် (ဓာတ်ငွေ့)ဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး မြန်မာအလုပ်သမားသုံးဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိကာ ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားသည်။ ကျန်နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။ “ကျန်တဲ့နှစ်ယောက်က ၅၀ ရာခိုင်နှုန်းစီပဲ အခုချိန်ထိ သတိမရသေးဘူး။ မလေးနှစ်ကူးနဲ့ တိုက်နေလို့ နောက်တစ်ပတ်ကျရင် သေဆုံးသူသုံးဦးကို သင်္ဂြိုဟ်မယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ သေဆုံးသူသုံးဦးအနက် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် အောင်သာရွာဇာတိနှင့် ပုဂံညောင်ဦးခရိုင်၊ ငါးသရောက်မြို့နယ်၊ ထန်းငယ်တောရွာဇာတိ ဇော်လင်းတို့၏ နေရပ်လိပ်စာကိုသာ စုံစမ်းသိရသည်။ သို့သော်လည်း သေဆုံးသူ မိုးလွင်အပါအ၀င် ဒဏ်ရာရရှိပြီး သတိမေ့နေသူ ကရင်နှင့် ကိုထွန်းဆိုသူ သုံးဦးမှာ အဆက်အသွယ် မရရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။ ၎င်းတို့ လုပ်ကိုင်သော ဓာတ်ငွေ့ဖြည့် ဂိုဒေါင်စက်ရုံသည် တရားမ၀င် စက်ရုံဖြစ်ပြီး လုပ်ကိုင်သူငါးဦးမှာ တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်လုပ်ကိုင်သော သူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ရန်ကုန်က အောင်ဆန်းဦးဆိုတဲ့ တစ်ယောက်က ပို့ပေးတာ။ ဟိုကိုရောက်တာ ရှစ်လနဲ့ ရက်နှစ်ဆယ်ရှိပြီ။ ရွာက လုပ်ဖော်ကိုင်ဖက်တွေက အကြောင်းကြားလို့ သိရတာ။ ကျွန်မ မယုံဘူး”ဟု ကိုဇော်မျိုးခိုင်၏ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးထွေးကပြောသည်။ by 7Day News Journal | ||
Posted: 22 Aug 2012 12:49 AM PDT
| ||
Posted: 22 Aug 2012 12:53 AM PDT
| ||
Posted: 21 Aug 2012 11:31 PM PDT
ပြည်တွင်း အခပေး ရုပ်သံလိုင်း တစ်ခုဖြစ်သော စကိုင်းနက် (Sky Net)က ယခုနှစ် အတွက် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ် များကို ပြသနိုင်တော့မည် မဟုတ်ကြောင်း ယင်းရုပ်သံလိုင်း၏ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ ယမန်နှစ်က စကိုင်းနက် ရုပ်သံလိုင်းများတွင် ပြသနိုင်ခဲ့သည့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်များကို ယခုနှစ်ရာသီတွင် ပြသနိုင်ခြင်း မရှိခြင်းမှာ ၎င်းတို့၏ လုပ်ငန်းတူ ရုပ်သံလိုင်းတစ်ခုဖြစ်သော Forever Group က ယင်းဘောလုံးပွဲစဉ်များကို တစ်ဦးတည်း မူပိုင်ထုတ်လုပ်ခွင့် ရရှိသွားခြင်းကြောင့်ဖြစ်သည်။ “ကျွန်တော်တို့ ပရီးမီးယားလိဂ်ပွဲတွေကို အိမ်အရောက် ၀န်ဆောင်မှုစနစ်နဲ့ ပြသဖို့အတွက် သွားပြီးဝယ်ယူခဲ့တဲ့အခါ နိုင်ငံခြားကုမ္ပဏီက ကျွန်တော်တို့ကို မရောင်းပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနက ဟိုဘက်ကကုမ္ပဏီ (Right Owner) ကို ကျွန်တော်တို့ဟာ ဒီတီအိတ်(ချ)စနစ်နဲ့ ပြသနေတဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်တယ်လို့ ထောက်ခံပေးတာတောင် ၀ယ်လို့မရတာပါ”ဟု အထက်ပါရုပ်သံလိုင်းမှ တာဝန်ရှိသူက ပြောသည်။ ကြည့်ရှုသူများအတွက် အရှုံးခံ ထုတ်လွှင့်ပြသနေရသည်ဟုဆိုသည့် စကိုင်းနက် ရုပ်သံလိုင်းအနေဖြင့် ယခုနှစ်၏ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှ ဖိုင်နယ်ပွဲစဉ်များနှင့် ယူရိုပါလိဂ်ပွဲစဉ် အစဆုံး၊ စပိန်လာလီဂါပွဲစဉ်များ၊ အီတလီစီးရီးအေ၊ ဂျာမန်ဘွန်ဒက်စ်လီဂါ၊ အက်(ဖ)အေကပ်၊ ကားလင်းကပ်၊ မေဂျာလိဂ် အစရှိသည့် လူကြိုက်များသည့် ဘောလုံးပွဲစဉ်များအပြင် အခြားသော အားကစားပြိုင်ပွဲများကို ဆက်လက်ထုတ်လွှင့် ပြသပေးသွားမည်ဟု ဆိုသည်။ သို့သော် စကိုင်းနက် ၀ယ်ယူထားသူများကမူ ယခင်နှစ်ကကဲ့သို့ ပရီးမီးယားလိဂ် ပွဲစဉ်များ ကြည့်လိုပြီး၊ အခြားရုပ်သံဖမ်းစက် ထပ်မံဝယ်ယူရပါက ကုန်ကျစရိတ် ပိုလာမည်ကို ပူပန်နေကြသည်။ ယူရို-၂၀၁၂ ဘောလုံးပွဲစဉ်များတွင်မူ စကိုင်းနက်ကသာ ပြသခွင့်ရရှိပြီး၊ Forever Group ၏ ပရိသတ်များ အခက်တွေ့ခဲ့သည်။ စကိုင်းနက်မှ တာဝန်ရှိသူက “ကျွန်တော်တို့က အစကတည်းကတော့ ပရီးမီးယားလိဂ် ရမယ်ဆိုပြီး အာမခံချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ ကြေညာတဲ့လိုင်းတွေမှာ မပါတဲ့လိုင်းတွေကို ထုတ်လွှင့်ပေးတာလည်း ရှိပါတယ်။ ပရီးမီးယားလိဂ်မရလို့ မကြည့်တော့ဘူးဆို ကျန်တဲ့လိုင်းတွေကို မကြည့်ပဲ အလွတ်ခံမှာလား ဆိုတာတော့ ရှိပါတယ်”ဟု ပြန်လည်ပြောကြားသည်။ သို့သော် လာမည့်နှစ်များတွင်မူ စကိုင်းနက်ဘက်မှ ပရီးမီးယားလိဂ်ပွဲစဉ်များ ထုတ်လွှင့်ပြသနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များကို တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ပြသခွင့်ရရြှိ ပြည်တွင်း အခပေးရုပ်သံလိုင်းများ တစ်ခုနှင့်တစ်ခု ဈေးကွက်တွင် ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ၀ယ်ယူသုံးစွဲသူများအတွက် အခွင့်ပိုသာလာမည်ဟု ထင်ထားကြသော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက်အခြေအနေ တချို့နှင့် ရင်ဆိုင်နေရကြောင်း ရုပ်သံလိုင်း ၀ယ်ယူတပ်ဆင်ထားသူ တချို့ကပြောသည်။ by 7Day News Journal | ||
Posted: 21 Aug 2012 11:17 PM PDT
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအား ပြည်တွင်း၌ ငြိမ်းချမ်းရေး မရရှိသေးမှုနှင့် သဘာဝဘေး ကျရောက်မှုများက အဓိက စိန်ခေါ်ချက် ဖြစ်နေသည်ဟု အာရှဖွံ့ဖြိုး တိုးတက်ရေး ဘဏ်(ADB)မှ လက်ထောက် စီးပွားရေး ဆိုင်ရာ အကြီးအကဲ Ms. Cyn-Young Park က ပြောသည်။
သြဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသော ADB ဘဏ်၏ မြန်မာနိုင်ငံ အပေါ်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အစီရင်ခံစာ အပေါ် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ရာ၌ ၄င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် ''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုကို အဓိကစိန်ခေါ်ဟန့်တားနေ တာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းငြိမ်း ချမ်းရေး မရရှိသေးတာနဲ့ သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျ |
[Message clipped] View entire message
0 comments:
Post a Comment