ဦးဦးမှော်ဆရာ သတင်းစုစည်းမှု (၄-၈)
မုဒိမ်းမှုကျူးလွန်သူ အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသားကို မြန်မာရဲတပ်ဖွဲ့ကဖမ်းဆီး
မဲဆောက်၊ ဇူလိုင် ၂၄

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကို မြန်မာရဲတပ်ဖွဲ့ကဖမ်းဆီးပြီး
ယနေ့ညနေပိုင်းတွင်မြ၀တီမှတဆင့် မဲဆောက်ဘက်ရှိ ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်သည်။ အဆိုပါနိုင်ငံသားသည်အမှုရင်ဆိုင်နေရစဉ် ထိုင်းနိုင်ငံမှတဆင့် ကရင်ပြည်နယ် ဘားအံမြို့၌ သွားရောက်တိမ်းရှောင်နေစဉ် ယခင်လ ၂၄ ရက်နေ့က ကရင်ပြည်နယ် ရဲတပ်ဖွဲ့၏ ဖမ်းဆီး ခြင်းကိုခံရပြီးနောက် ယနေ့ညနေပိုင်းတွင် မဲဆောက်ဘက် လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။
ကျန်းမာရေးကြောင့်လမ်းမလျှောက်နိုင်တော့သည့် Mr Karl ကို မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး မျိုးဆွေ ဦးဆောင်သည့်အဖွဲ့က လာရောက်ပို့ဆောင်ခဲ့ပြီး ထိုင်းဘက်ရှိတာ့ခ်ခရိုင် လ၀ကအဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်တွင် ကလေးငယ်နှစ်ဦးကို မဖွယ်မရာပြုမှုဖြင့် အမှုရင်ဆိုင်နေရ သည့် Mr Karl သည် အာမခံရရှိပြီးနောက်ပျောက်ဆုံးသွားပြီး
မြန်မာနိုင်ငံဘက်တွင် ပြန်လည်တွေ့ရှိခြင်းဖြစ် ပြီး မြန်မာဘက်တွင်အချိန်မည်မျှကြာနေထိုင်ခဲ့သည် ကိုပြောကြားရန် သတင်းထောက်များ၏ မေးခွန်းကိုထိုင်း ရဲက ငြင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံသည် မြ၀တီမြို့တွင် ယခင်လကဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြတိုက်မှုတွင် ပါဝင်ပတ်သက်သူဟုယူဆရသူ ကိုလင်းဆိုသူကိုလည်း ဘန်ကောက်မြို့တွင်ဖမ်းဆီး၍ ပြီးခဲ့သည့်အပတ်က မဲဆောက်မှတဆင့် မြ၀တီရဲတပ်ဖွဲ့ သို့လွှဲပြောင်းပေးအပ်ခဲ့သည်။
သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်

burmese/?p=1553
notes/mizzima-news-in-burmese/%E1%80%9C%E1%80%BD%E1%80%BA%E1%80%95%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%BB%E1%80%95%E1%80%80%E1%80%B9-%E1%80%82%E1%80%BA%E1%80%AC%E1%80%94%E1%80%9A%E1%80%B9%E1%80%A1%E1%80%99%E1%82%88-%E1%80%95%E1%80%A5%E1%81%A5%E1%80%99%E1%80%A1%E1%82%80%E1%80%80%E1%80%AD%E1%80%99%E1%80%B9-%E1%81%BE%E1%80%80%E1%80%AC%E1%80%B8%E1%80%94%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%86%E1%80%B8/451789221522655
--
မဲဆောက်၊ ဇူလိုင် ၂၄
ထိုင်းနိုင်ငံချင်းမိုင်မြို့တွ
ယနေ့ညနေပိုင်းတွင်မြ၀တီမှတဆင့် မဲဆောက်ဘက်ရှိ ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်သည်။ အဆိုပါနိုင်ငံသားသည်အမှုရင်ဆိုင်
ကျန်းမာရေးကြောင့်လမ်းမလျှောက်န
မြန်မာနိုင်ငံဘက်တွင် ပြန်လည်တွေ့ရှိခြင်းဖြစ် ပြီး မြန်မာဘက်တွင်အချိန်မည်မျှကြာေ
သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်
မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည်
by Mizzima - News in Burmese on Friday, August 3, 2012 at 9:16pm ·
ကျော်ဖုန်းကျော် | သောကြာနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၅ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ကြောင်းကို သက်သေ အထောက်အထားများဖြင့် ရှင်းလင်းသွားမည်ဟု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သောကြာနေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ပြောသည်။
ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲကာ သေဒဏ်၊ တသက်တကျွန်းနှင့် ထောက်ဒဏ် ၁၉ နှစ် တပေါင်းတည်း ကျခံရန် စီရင်ခြင်း ခံရပြီး ဆိုးရွားလှသည့်
ကျန်းမာရေး အခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ရန်ကုန်မြို့တွင် သတင်းထောက်များကို
ပြောကြားလိုက်ခြင်း ဖြစ်သည်။
“X2O ဗုံးခွဲမှုမှာ ဖြိုးဝေအောင် ကျူးလွန်လား မကျူးလွန်ဘူးလား ဆိုတာကို တရားဝင် အမှုတွဲထဲက တရားလို သက်သေခံ အထောက်အထားတွေနဲ့
ရှင်းပြသွားမယ်” ဟု ကိုဖြိုးဝေအောင် က ပြောသည်။

အင်းစိန်မြို့နယ်ဆေးရုံ၌ တက်ရောက် ကုသခံနေရသော ကိုဖြိုးဝေအောင် ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
၂ဝ၁ဝ ခုနှစ်၊ သင်္ကြန်အတွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ၎င်းအား စွပ်စွဲခံခဲ့ရသည်။
ကိုဖြိုးဝေအောင်၏ အဆိုအရ သံသယတရားခံများ ထွက်ပြေးသွားပြီးနောက် ၎င်းကို အပြစ်ရှိသည်ဟု ဝန်ခံလာရန် စစ်ကြောသူများက
နှိပ်စက်ညှဉ်းပမ်းခဲ့သည်ဟု ဆိုသည်။
“ပထမပိုင်းကတော့ မေးတယ်ရိုက်တယ်၊ မေးတယ်ရိုက်တယ်။ နောက်ပိုင်းကျတော့ ဝန်မခံ ရိုက်တယ်၊ ဝန်မခံ ရိုက်တယ်။ ဝန်မခံမခြင်း ရိုက်မယ်လို့ ကျနော့်ကို ပြောတယ်။ နောက်ဆုံး ကြိုက်တာယူလာခဲ့ လက်မှတ်ထိုးပေးမယ် ဆိုပြီး ထိုးပေးလိုက်ရတယ်” ဟု ကိုဖြိုးဝေအောင်က စစ်ကြောရေး အတွေ့အကြုံကို ပြန်ပြောပြသည်။
၎င်းအား မတရား စီရင်ခံရမှုကို အများပြည်သူ သိရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲ တရပ်ကိုလည်း လပိုင်း အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း
ကိုဖြိုးဝေအောင်က ဆိုသည်။
ကိုဖြိုးဝေအောင် စွပ်စွဲခံခဲ့ရသော အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင်
ဗုံး သုံးလုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ
အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော်
သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။
ကိုဖြိုးဝေအောင် ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ ၂ဝ၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် စီရင်ချက် ချမှတ်ခံခဲ့ရသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် တွေ့ဆုံပြီး လေးရက်မြောက် နေ့တွင် လွတ်မြောက်လာခြင်း ဖြစ်သည်။
လက်ရှိတွင် အင်းစိန်မြို့နယ်ဆေးရုံ၌ တက်ရောက် ကုသခံနေရသော ကိုဖြိုးဝေအောင်တွင် အသည်း အကြိတ် (၆ စင်တီမီတာခန့်)ဖြစ်ပေါ်နေသည့် ဝေဒနာ ခံစားနေရပြီး လွန်ခဲ့သည် ရက် ၂ဝ ခန့်မှ စတင်၍ သူ၏ ခါးအောက်ပိုင်း လှုပ်၍ မရတော့ကြောင်းလည်း ၎င်းက ပြောသည်။
ယခု ကိုဖြိုးဝေအောင် လွတ်မြောက်လာသည်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄ဝ၁ (၁)အရ လွတ်မြောက်လာခြင်းဖြစ်သည်။

ကင်တေးနားခရီးစဉ် ရခိုင် အတွက် အကျိုး မရှိနိုင်ဟု တွေ့ဆုံခဲ့သူ ဦးအေးသာအောင်က ပြောကြား
မောင်ရမ္မာ
“ ကင်တေးနား ပြောတဲ့စကားတွေ အပေါ်မှာ သုံးသပ်လိုက်ရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာမှာ ရခိုင် ဒုက္ခသည် တွေ အပေါ်မှာ အာရုံမစိုက်ဘဲ ဘင်္ဂလီ ဒုက္ခသည်တွေ အပေါ်မှာဘဲ အာရုံ စိုက်တာကို တွေ့ရတယ်။ အဲဒါကြောင့် ကင်တေးနား လာတဲ့ ခရီးစဉ်အပေါ်မှာ ဘကြီးတို့ကတော့ ထူးထူးခြားခြား ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို အကျိုးပြုလိမ့်မယ်လို့ မထင်ဘူး”ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တေးနားနဲ့ တွေ့ဆုံခွင့်ရခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် က ပြောသည်။
ဦးအေးသာအောင်နှင့် ကင်တေးနားတို့ ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံပြီးခဲ့သည်။ သူ့နှင့် တွေ့ဆုံ ခဲ့ပြီးနောက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေပေါ်မှာ ဘယ်လို မြင်ပါသလဲလို့ နိရဉ္စရာမှ မေးမြန်းရာမှာ ဦးအေးသာအောင်က အထက်ပါ အတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနားသည် ဦးအေးသာအောင် ယခု ဖြစ်နေသော ရခိုင်ပြည်နယ် ပြဿနာအား မည်ကဲ့သို့ ဖြေရှင်းလျှင် ကောင်းမည်နည်းဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။
အဆိုပါ မေးခွန်းကို ဦးအေးသာအောင်က သမ္မတကြီး ပြောကြားသည့်အတိုင်း ဖြေရှင်းသင့် ကြောင်း ဖြေကြားလိုက်သည်ဟု ဆိုသည်။
“တွေ့တာ သုံးလေးရက်ရှိပြီ၊ ရခိုင်ပြည်ကို မသွားခင်က တွေ့တာဖြစ်ပါတယ်။ ဘကြီးက အကောင်းဆုံး ဖြေရှင်းနည်းကတော့ သမ္မတ ဦးသိန်းစိန်ပြောထားတဲ့အတိုင်း တဖက် နိုင်ငံက ခိုးဝင်လာတဲ့ သူတွေကို စစ်ဆေး အရေးယူရမယ်။ စခန်းတခုမှာ ထိန်းသိမ်းထားရမယ်လို့ ဖြေကြားလိုက်ပါတယ် ” ဟု ဆိုသည်။
ဦးအေးသာအောင်မှ မစ္စတာ ကင်တေးနားအား ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်းနှင့် လက်ရှိ အခြေအနေများကို အသေးစိတ် လေ့လာရန်လိုပြီး အခြေအနေမှန်ကို တိတိကျကျ သိမှ ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
“ ဘကြီး အဓိကပြောတာက ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အခါ နောက်ခံ သမိုင်းတွေကို သိရှိအောင် ချဉ်းကပ် ကြိုးစားဖို့ လိုတယ်။ မဟုတ်ရင် အဖြေမှန်ကို ရမှာ မဟုတ်ဘူး။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်တွေ့အခြေအနေဟာ နိုင်ငံတကာက အဖွဲ့အစည်းတွေ အပါအ၀င် ကုလသမဂ္ဂ အမြင် တွေနဲ့ လုံးဝခြားနားနေတယ် ဆိုတဲ့ အကြောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ရခိုင် လူမျိုးတွေဟာ ဘင်္ဂလီတွေရဲ့ မီးရှို့တာ၊ သတ်ဖြတ်တာကို ခံရတဲ့အကြောင်း၊ စစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တလျှောက်မှာတော့ခါ နှစ်ဖက် အပြန်အ လှန် မီးရှို့ဖျက်စီးမှုတွေ ရှိတဲ့ အကြောင်းကို ပြောပြလိုက်ပါတယ်” ဟုဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး တိကျ မှန်ကန်သော အစီရင်ခံစာမျိုး ထွက်လာပါမှ ကမ္ဘာပြည်သူများ အနေဖြင့် အဖြစ်မှန်ကို သိရှိကြမည် ဖြစ် သဖြင့် ၎င်းကဲ့သို့ အစီရင်ခံမျိုးကို ဘက်မလိုက်ဘဲ ရေးသားပေးရန် လိုအပ်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့ တွင် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU က မစ္စတာ ကင်တားနားထံ စာရေးသား တောင်းဆိုခဲ့သည်။
http://www.narinjara.com/‘လျှပ်တစ်ပြက်’ ဂျာနယ်အမှု ပဉ္စမအကြိမ် ကြားနာစစ်ဆေး
by Mizzima - News in Burmese on Friday, August 3, 2012 at 8:30pm ·
သစ်ငြိမ်း | သောကြာနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၇ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်နှင့် ရိုဟင်ဂျာ မူဆလင် အရေးအခင်း သတင်းနှင့် သတင်းဓာတ်ပုံများ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လျှပ်တစ်ပြက် ဂျာနယ်အား တရားစွဲဆိုထားမှုကို ပဉ္စမအကြိမ်အဖြစ် ပုဇွန်တောင်မြို့နယ် တရားရုံးတွင် သောကြာနေ့က ကြားနာစစ်ဆေးခဲ့သည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝ၅ (ခ) (ဂ) အရ ဂျွန်လ ၂၉ ရက်က တရားစွဲဆိုထားခြင်း ဖြစ်သည်။
သောကြာနေ့ ကြားနာမှုတွင် တရားလိုပြသက်သေတဦးဖြစ်သည့် ပုဇွန်တောင်မြို့နယ် ရဲစခန်းမှူးအား ဂျာနယ်တွင်
ဖော်ပြခဲ့သည့် သတင်း၊ ဓာတ်ပုံကိစ္စရပ်များ၏ အများပြည်သူ အပေါ် သက်ရောက်မှုကို နှစ်ဖက်ရှေ့နေများက အဓိကထား မေးမြန်းခဲ့ကြသည်
စစ်ဆေးကြားနာမှုကို ပြုလုပ်စဉ်တွင် တရားခွင်သို့ ပရိသတ် ၃၀ နီးပါးနှင့် သတင်းမီဒီယာ အချို့ တက်ရောက် နားထောင်ခဲ့ကြသည်။ ဆဋ္ဌမအကြိမ်မြောက်
ကြားနာမှုကို သြဂုတ် ၁၄ ရက် သို့ ချိန်းဆိုလိုက်သည်။
နှစ်လ နီးပါးကြာ ရပ်ဆိုင်းခံထားရးသည့် လျှပ်တစ်ပြက် ဂျာနယ်ကိုမူ သြဂုတ်လ ၁ ရက်က စတင်ပြီး စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဂျာနယ်တိုက်မှ အယ်ဒီတာတဦးကပြောသည်။
“အခုတော့ ပထမ ဂျာနယ်စာမူ စီစစ်ရေးတင်ဖို့ လုပ်နေတယ်။ ခွင့်ပြုတာကတော့ သြဂုတ် ၁ ရက်နေ့ ကတည်းကပဲ။ လာမယ့် သောကြာ သြဂုတ် ၁ဝ ရက်နေ့မှာ မှာတော့ ဈေးကွက်တင် ထုတ်ဝေနိုင်မှာပါ” ဟု လျှပ်တစ်ပြက် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။
The Voice Weekly နှင့် Envoy ဂျာနယ်တို့ကိုလည်း စာပေ စိစစ်ရေးဆိုင်ရာ စည်းကမ်းလိုက်နာမှု မရှိဟုဆိုကာ ဇူလိုင် ၃၁ ရက်မှ စတင်ပြီး ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားသည်။
ထိုကဲ့သို့ မီဒီယာများအား ကန့်သတ်ပိတ်ပင်မှုများနှင့် ပတ်သက်၍ သမ္မတကြီးအား တင်ပြ ဆွေးနွေးသွားမည်ဟု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်သည့် လျှပ်တစ်ပြက် ဂျာနယ်ရှေ့နေ ဦးသိန်းညွန့် က ပြောသည်။
“မီဒီယာတွေကို ကန့်သတ်တာ၊ ပိတ်ပင်တာတွေဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမှာ အထောက်အကူ မဖြစ်ဘူး။ ဒါကို မနက်ဖြန် သြဂုတ် ၄ ရက်နေ့ သမ္မတကြီးနဲ့ တွေ့တဲ့အခါမှာ တင်ပြသွားမယ်” ဟု မဇ္ဈိမကို ပြောသည်။
တရားလွှတ်တော် ရှေ့နေကြီးတဦး ဖြစ်သော ဦးသိန်းညွန့်သည် သတ္ထုတွင်း ဝန်ကြီးဌာနမှ The Voice ဂျာနယ်အား တရားစွဲဆိုထားသည့် အမှုကိုလည်း လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်သည်။
လျှပ်တစ်ပြက် ဂျာနယ်အား စာပေစိစစ်ရေးမှ အရေးယူပြီးဖြစ်၍ အမှုကို ပြန်လည်ရုတ်သိမ်းပေးရန် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီက ရန်ကုန်တိုင်း အစိုးရသို့ တောင်းဆိုထားသည်။
https://www.facebook.com/--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0---------------------------------
( ) 0ooo
\ ( ( )
\_) ) /
(_/
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0-------------
( ) 0ooo
\ ( ( )
\_) ) /
(_/
0 comments:
Post a Comment