ပို့ဆောင်ရေးဝန်ကြီးနှင့် မြန်မာ့လေကြောင်း
by Nyatnaykhing Thadin on Monday, August 6, 2012 at 3:27am ·
ပြုပြင်ပြောင်းလဲမှုများနှင့်အတူပြည်ပနိုင်ငံများ၏စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့်ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဈေးကွက်အလားအလာကောင်းမွန်လာနိုင်မည်ဟုသုံးသပ်ခဲ့ကြပါသည်။
ဒီအချိန်မှာပဲမြန်မာ့လေကြောင်းကိုစီးပွားရေးဆန်ဆန်လုပ်ရမယ်ဆိုတဲ့အကြောင်းပြချက်နှင့်နှစ်ပေါင်းများစွာ ပြည်သူအတွက် အရှုံးခံပြေးဆွဲခဲ့တဲ့မြန်မာ့လေကြောင်းရဲ့တွက်ချေကိုက်တဲ့ခရီးစဉ်တော်တော်များများကို.. ဆန်းဖားခရီးသွားလုပ်ငန်းကို စင်းလုံးငှားအဖြစ်ပေးလိုက်ပြီး မကိုက်တဲ့ ခရီးစဉ်တွေကို မြန်မာ့လေကြောင်း ကပဲ ပြည်သူ့အခွန်ကနေ အရှုံးခံပြီးဆက်ဆွဲနေရပါတယ်။ မော်လမြိုင်-ထားဝယ်-မြိတ်ကော့သောင်း ညအိပ်ခရီးစဉ်ကို မြန်မာ့လေကြောင်းတစ်ခုပဲပျံသန်းခွင့်ပြုမည်ဆိုပြီးစာထွက်လာပါတယ်။
ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးက..ကျွန်တော်တို့အရှုံးခံလုပ်နေတဲ့သူတွေကို ပြန်မကြည့်တော့ဘူးဗျာဟုစိတ်ပျက်လက်ပျက်ပြောကြားခဲ့ပါသည်။
ဝန်ကြီးဦးဥာဏ်ထွန်းအောင်ဟာအပြင်ဗန်းမှာအေးဆေးပုံရပြီးအမှန်တကယ်တော့လောဘကြီးသူတဏှာကြီးသူတစ်ဦးဖြစ်ကြောင်းသိရှိရပါသည်။ Cambodia နိုင်ငံမှာကျင်းပခဲ့တဲ့ 17th ASEAN Transport Minister Meeting ကျင်းပနေတုန်း Sofitel Phnom Penh Hotel မှာမဒီကညာတစ်သိုက်နဲ့ပျော်ပါးနေတာကို မျက်ဝါးထင် ထင်တွေ့ခဲ့ရသူ Cambodia နိုင်ငံသားကပြောပါတယ်။ ၀ါသနာပါတာပါတာပေါ့အခုလိုမြန်မာနိုင်ငံကိုယ်စား ပြုပြီးလာတက်ရတဲ့အစည်းအဝေးမှာတော့ မလုပ်သင့်ပါ။၂၀၁၁ ခုနှစ်ဒီဇင်ဘာလကဖြစ်ပြီး ၀န်ကြီးနှင့်ပျော်ပါးခဲ့သူ မိန်းကလေး၏ အမည်မှာ Miss Kunthea ဖြစ်ပါတယ်။
သမ္မတကြီးကိုသိစေချင်ပါသည်။နိုင်ငံဂုဏ်သိက္ခာကိုတောင်ဂရုမစိုက်ခဲ့တဲ့လူမျိုးအစိုးရအဖွဲ့ထဲရှိနေ
တာကိုပါ။
0 comments:
Post a Comment