Monday, August 20, 2012
နိုင်ငံခြားရောက် မြန်မာတွေနဲ့  စိတ်ကျရောဂါ (အပိုင်း ၂ ) အမေရိကန်
USA00_2011_1101_0040
17
2
မဲပေးပါ
FNG၊          ၊အမေရိကန် နိုင်ငံ တွင်း ရောက် ရှိ နေထိုင် ကြ သည့် မြန်မာ လူမျိုးတို့ ၏ စိတ်ဖိစီးမှုကား အခြားနိုင်ငံ များ တွင် ရောက် ရှိ နေသည့် မြန်မာ တို့  ထက် ဆယ်ဆ မက ပိုမို သာလွန် နိုင် သည် ဟုစင်္ကာပူ ၊ ဂျပန် ၊ ကိုရီးယား  နှင့် အင်္ဂလန် နိုင်ငံ  များ တွင် နေ ခဲ့ ဖူး ပြီး ယ ခုနောက် ဆုံး ကာလီဖိုး နီးယား ပြည် နယ် ဆန်ဒီယေးဂိုး မြို့  ရှိ အမေရိကန် ဘဏ် တွင် တာဝန်ထမ်းဆောင် နေသည့် ကို အေးထွန်းဦး က FNG သို့  ပြော သည်။
လူမှုရေး ၊စီးပွားရေး စိမ် ခေါ် မှု များ အပြည့် ရှိ နေသည့် အမေရိကန် နိုင်ငံ တွင် အနောက်တိုင်း
ပို ရင် ဆိုင် ရ နိုင် ကြောင်း အမေရိကန် အစိုးရ လူဝင်မှုကြီးကြပ်ရေး ဌာန ကိုယ်တိုင် က နိုင်ငံ
တွင်း ၀င် ရောက် လာသူ များ ကို တရား ၀င် အသိပေး ထား ပြီး ဖြစ်သည်။
အမေရိကန် နိုင်ငံ တွင်း ဉ် အခြေ ချ  နေထိုင် သည့် မြန်မာ ပြည် မှ ပြောင်း ရွှေ့  လာသူ များ ကို
အုပ်စု ခွဲ ကြည့် လျှင် အဓိက အုပ်စုကြီး သုံး ခု အဖြစ် တွေ့  နိုင် သည်။
ငွေကြေး ကြွယ်ဝ ချမ်း သာ မှု ကြောင့် ပညာ သင် ကြား ခြင်း (သို့ မဟုတ်) အသက်မွေး ၀မ်းကျောင်း
အလုပ် စသည်  တို့ လုပ်ကိုင် နိုင်ရန် အမေရိကန် သို့  ပြောင်းရွှေ့  အခြေ ချကြ သူများ ဖြစ်သည်။
ဤ လူတန်း စား သည် အမေရိကန် သို့ လာရောသည့် မြန်မာ လူမျိုး များ တွင် အစော ဆုံး ဖြစ်ပြီး
၁၉၇၀ ပြည့် လွန် နှစ် များ မှ စ၍ ငွေကြေး တတ် နိုင် သည့် မြန်မာ များ က ဤ နည်း အား ဖြင့် အမေ
ရိကန် သို့  လာရောက် ကြသည်။
၁၉၈၅ ခုနှစ် တွင် အမေရိကန် ချီကာဂို မြို့  သို့  ပညာသင်ကြား ရန် ရောက် ရှိ လာပြီး ယခု အချိန်
ထိ နှစ် ပေါင်း ၃၀ နီး ပါး အမေရိကန် တွင် အခြေ ချ နေ ထိုင် သူ တစ်ဦး ဖြစ်သည့်  ဦးဝဏ္ဏထွန်း က
“ကျွန်တော် တို့  အမေရိကန် ကို လာတဲ့ အချိန် က အမေရိကန် ကို မြန်မာ ပြည်က နေ လာတဲ့ သူ
နည်းသေးတယ် ၊ တစ်နှစ် ကို အယောက် ၁၀၀ လောက် က အလွန် ဆုံး ဘဲ။ အမေရိကန် က လည်း
ရွှေ ခောတ် ၊ အလုပ် အတွက် ပင်ပင် ပန်းပန်း ရှာစရာ မလို ဘူး ၊ ဟမ်ဘာဂါ ဆိုင် နှစ် ဆိုင် သုံး ဆိုင်
လောက် ၀င် မေး လိုက် ရင် တစ် ဆိုင် လောက် မှာ အလုပ် ရဖို့  သေချာ သလောက် ရှိတယ် ဟု
သူ ၏ အတွေ့ အကြုံ  ကို ပြောပြာသည်။
၁၉၉၀ ပြည့် လွန် နှစ် နောက် ပိုင်း များ တွင် အမေရိကန် သို့  ပြောင်း ရွှေ့ အခြေ ချ သည့် မြန်မာ ဦး
ရေ က ပို ပြီး များ ပြား လာခဲ့ သည်။
ဒုတိယ အုပ် စု တွင် ဂရင်း ကဒ် ခေါ် ( အမြဲတမ်း နေထိုင် ခွင့် ထီ ပေါက်မှု) ကြောင့် ၎င်း ၊ အလုပ်ခေါ်
စာ သို့  မဟုတ် သင်္ဘောသား အဖြစ် မှ အမေရိကန် တွင် ဆင်း နေ ခဲ့ ခြင်း တို့  လည်း ပါဝင် သည်။
၂၀၀၀ ပြည့်လွန် နှစ် များ က စ ပြီး မြန်မာ နိုင်ငံ တွင်း နေ ထိုင် ခဲ့ သူ တို့  က အမေရိကန် နိုင်ငံ တွင်း
သို့  ဒုက္ခ သည် အဖြစ် ၀င်ရောက် မှု ပို မို မြင့် တက် လာ သည်။  ဒုက္ခသည် အဖြစ် ရောက်ရှိ လာသူများ
မှာ အမေရိကန် နိုင်ငံ သို့  ငွေကြေး တစ်ပြား တစ်ချပ် မှ မကုန် ဘဲ နှင့် ရောက် ရှိ လာ နိုင် သူများ ဖြစ်
သဖြင့် ကံ အလွန် ကောင်း သည် ဟု ဆို ရမည် ဖြစ် ပြီး နိုင်ငံ တွင်း ရောက် ရှိ သည့် အခါ တွင် လည်း
နေထိုင် စားသောက် ရေး နှင့် အခြေခံ ပညာရေး က အစ ပူ စရာ မလို မလို သည့် ဘ၀ အခြေအနေ
ဖြစ်သည်။
ဒုတိယ အုပ် စု ၀င် များ မှာ အခက် အခဲ နှင့် ပိုမို ရင် ဆိုင် ရ ပြီး ကနဦး ကာလ အခြေချ နေထိုင် ရေး
တွင် အခက် အခဲ များ နှင့် ကြုံ တွေ့ ရသည်။ အလွယ် အား ဖြင့် ခေါ် သည့် ဂရင်း ကဒ် ပေါက် သဖြင့်
အမေရိကန် သို့  ရောက် ရှိလာ သူ များ ကို အစိုးရ ဧဂျင်စီ များ နေထိုင် စား သောက် ရေး တို့  ကို ကန
ဦး စီစဉ် ပေး သော် လည်း နောက် ပိုင်း (အထူး သဖြင့် အမေရိကန် စီးပွားရေး ) ကျဆင်း ပြီး နောက်
ပိုင်း တွင် အလုပ် အကိုင် ကို  မိမိဘာသာ ရှာ ကြ ရ သည်။
အမေရိကန် စီးပွား ရေး အကျ ဘက် ရောက်လာ သည့် အခါ  မျှော်လင့် ချက် ကြီး စွာ ဖြင့် အမေရိကန်
သို့  ပြောင်း ရွှေ့  လာ သူများ မှာ မပျော် နိုင် ကြ ၊ သုခ ဘုံ ဆိုသည့် စိတ်ကူး မျှော်လင့် ချက် ကြီးသည်
လည်း စီးပွားရေး ကျဆင်း မှု နှင့် တစ်နွယ်ငင် တစ် စင်ပါ အဖြစ် အပျက် များ ကြား တွင် ပင် လွင့် ပျောက်သွား ခဲ့ ရသည်။
အမေရိကန် ရောက် အာရှ တိုက် သား များ အနက် မြန်မာ လူ မျိုး များ သည် အချင်း ချင်း ကူညီရိုင်းပင်းမှု အနည်း ဆုံး ဟု ဘော်စတွန် ပြန်လည် ထူထောင် ရေးဌာန မှ အာဗေရီ ဒိုနို ၀က်ဂါ က FNG ကို မှတ်ချက် ပြု ပြောသည်။
“မြန်မာ ပြည်က လာ တဲ့ လူ တွေ မှာ လူမျိုး တွေ ကွဲ နေတဲ့ အတွက် တစ်ယောက် နဲ့  တစ်ယောက် ကူညီတာ ၀ါသနာ မ ပါ ဘူး  လို  ဖြစ်နေတယ် ” ဟု ပြောသည်။
အမေရိကန် တွင် အနေကြာ သည့် မြန်မာ များ ကလည်း ထပ်မံ ရောက် ရှိ လာသည့် မြန်မာ များ ပေါ် တွင်ကူညီမှု နည်း လှ ပြီး လတ်တလော အခြေ ချ နေ ထိုင် သည့် အမေရိကန် ရောက်ခါ စ မြန်မာ များ ကလည်းယဉ် ကျေး မှု ၊ ကွာဟာ မှု နှင့် အထက်တန်း လွှာ လူမှု အသိုင်း အ၀ိုင်း ထဲ ကို ၀င် ဆန့် ရန် အား နည်း သည့်အချက်များကို မြန်မာလူမျိုး အချင်း ချင်းမှာ ပင် ကွာ ဟ ချက် ကြီး မားသွားခဲ့သည်။
၂၀၀၅ ခုနှစ် နောက် ပိုင်း တွင် မြန်မာ နိုင်ငံ မှ ဒုက္ခသည် အဖြစ် အမေရိကန် သို့  ရောက် ရှိ လာသည် ဘာသာစကား တတ်ကျွမ်း မှု အား နည်း လှသည့် ပြင် အမေရိကန် နှင့် အစိမ်း သက်သက် ဖြစ်နေသည့် အနေ အထားကြောင့် အမေရိကန် လူ့  အဖွဲ့  အစည်း အတွင်း သို့  ပထမ မျိုး ဆက် များ ကဲ့ သို့  အလွယ် တကူ တိုး မ၀င် နိုင်ခဲ့။ ထို လူ့  အဖွဲ့  အစည်း သည် မြို့  ကြီး ပြကြီး များ နှင့် လည်း အလှမ်း ဝေးခဲ့ သည်။ များသော အား ဖြင့် (FortWayne) လို အမေရိကန်မြို့ ငယ် လေးများ တွင် သာ နေ ပြီး ရေ အိုင် ထဲ က ဖား သူ ငယ် ပင် ဆက်ဖြစ်နေကြသည်။
ကြာတော့ ရာသီဥတု (Climate) ၊ ယဉ်ကျေးမှု (Culture) ၊ လူမှု ဘ၀ (Social Life) ၊ ပညာရေး (Education)ကွာခြား ချက် များ က ပို ၍ စိတ် ဖိ စီး လာ စေသည်။
အမေရိကန် တွင် အခြေချ နေ ထိုင်သည့် မြန်မာ အချင်း ချင်း ကွဲပြား ခြားနား မှု တစ်ဦး အပေါ် တစ်ဦး ချစ် ခင်ခြင်း မရှိ ခြင်း တို့  နှင့် ပတ်သက် ပြီး ” ရှေ့ က ရောက် တဲ့ မြန်မာ တွေ ထဲ မှာ တကယ် ပဲ နောက် ရောက်လာ တဲ့သူ ကို အကူ အညီ ပေးတာ တို့  စိတ်ထား ပြည့် ၀ ပြီး ပညာတတ် တာ တို့  ရှိ ပါတယ်။ ကျွန် တော် တို့ ဆီမှာ တစ်ယောက် ရှိ တယ် ၊ ရောက်တာ ၁၅ နှစ် ဆို တော့ ဆရာ ကြီး လေ သံ ပေါ့။ ဟို နေ့ က အမေရိကန် မိတ်ဆွေ တစ်ယောက် လုပ် တဲ့ မွေး နေ့  ပွဲ မှာ Cheese Set ယူလာ ပေး ပါ ဆို စဥ့် နှီတုံး ပဲ ရှိတယ် ပြန် ပြော တော့ မှာ သူ့ အကြောင်း အား လုံး က သိသွား ကြ တာ။ (Cheese Set ဆိုသည် မှာ အမေရိကန် နှင့် ဥရောပ တိုက် သားများအရက် သေစာ သောက် စား ချိန် အထူး သဖြင့် ၀ိုင် သောက် ချိန် တွင် အကောင်း စား ချိစ်များ ကို သစ်သားပြား ပေါ် တင် ပြီး Cheese Knife များ ဖြင့်လှီး ဖြတ် စား ရခြင်း ဖြစ်သည် ) အနေကြတာ တဲ့ အမေရိကန် တိုင်းလဲ အထင် မကြီး နဲ့  မက်ဒေါ် နယ် လောက် တောင် ပုံမှန် စား ဖူးတာ မဟုတ် ဘူး ၊ စား သောက် ဆိုင်ကြီး တွေဆို မမှာ တတ် လို့  မသွား တတ် တဲ့ သူ တွေ ရှိတယ်  မြန်မာ အချင်း ချင်း ကို ဘူ ဘူ ချင်း တစ် လုံး ပို ရှု နေကြ
တာ ဟု ဂျော် ဂျီယာ ပြည်နယ် တွင် ၁၅ နှစ် ကြာ နေ ခဲ့ သည့် ကိုမောင်စန်း က ပြောသည်။
ကျန်ရှိ သည့် ဒုတိယ ပိုင်း ကို သောကြာ နေ့ တွင် စောင့်မျှော် ဖတ် ရှု ပါ။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...