Wednesday, August 15, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၈)


Posted: 15 Aug 2012 07:18 AM PDT
ဘယ်လ်ဂျီယံနိုင်ငံ ထိပ်တန်းတက္ကသိုလ်တခုက ပေးအပ်မယ့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို သမ္မတဦးသိန်းစိန်က လက်ခံလိုက်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ de Liege တက္ကသိုလ်က ဒုတိယပါမောက္ခချုပ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးနောက် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံမယ်လို့ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Aug 2012 06:38 AM PDT
၉၀ ရွေးကောက်ပွဲ တုန်းကလို အခြေအနေမျိုး မဖြစ်အောင် တစ်နိုင်ငံလုံးမှာ လှည့်လည် စည်းရုံးနေကြတာလို့ ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့ က ပြောဆို လိုက်ပါတယ်။ ဦးကိုသက် တင်ဆက်။ ရိုက်ကူး အောင်စိုးထိုက် DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Aug 2012 06:38 AM PDT
ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေးဦးစီးချူပ် (ရေ) ဗိုလ်ချူပ်ကြီးဥာဏ်ထွန်းကို ရွေးချယ်ပြီး ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ ဒီအကြောင်း ဦးကိုသက် တင်ဆက်။ ရိုက်ကူး ခွန်ခေါင် DVB TV News

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Aug 2012 06:10 AM PDT


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်း စုကြည် သည်၂၀၁၂ခု ၊သြဂုတ်လ (၁၅)ရက် ညနေ(၅) နာရီက
ဇဗ္ဗူသီရိမြို့နယ် ၊သပြေကုန်း ရပ်ကွက်၌ အဖွဲ့ချုပ် နေပြည်တော် ရုံးခန်းအား
ဖွင့်လှစ်ပေးခဲ့သည်။

National League for Democracy

Posted: 15 Aug 2012 05:58 AM PDT
သြဂုတ်လ(၁၆)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၂၃

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Aug 2012 06:02 AM PDT
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အမျိုးသမီးငယ် ၁၃ ဦးအား စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်ရန် တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ (မြန်မာငွေ ၂၆၀,၀၀၀ ကျပ်)ဖြင့် ဆက်သွယ် ပို့ဆောင်ပေးမည့်သူကို သန်လျင်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စင်င်္ကာပူမှာ သေကြောင်း ကြံစည်တဲ့ မြန်မာအိမ်ဖော်မလေး။



Posted: 14 Aug 2012 10:34 PM PDT
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းမှြ့ပည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ် ။ ဓါတ်ပုံ - Eleven Media Group
သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)အား ဒုတိယသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့ ကြောင်း Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

 ယင်းနေ့ နံနက်ပိုင်းတွင် ဒုတိယသမ္မတ အဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာ ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် "ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင် ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီညွတ်ခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်" ဟူ၍ ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေအရ ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သောကြောင့် ယင်းနေရာတွင် လစ်လပ်သွားသည့် ဒုတိသမ္မတ နေရာတွင် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ဒုတိယသမ္မတသည် အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့က စိစစ်ခဲ့ကြောင်း သိရသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ရွေးချယ်တင်သွင်းသော ဒုတိယသမ္မတသည် အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရန် စိစစ်ရေးအဖွဲ့ကို ဇူလိုင်လ ၁၂ ရက်နေ့တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းခဲ့သည်။
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေအရ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဒုတိယသမ္မတရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်ပါကြောင်း ၁-၇-၂၀၁၂ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၇ နှင့်အညီ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ 
VP2
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းအား ပြည်ထောင်စု လွှတ်တော်တွင် တွေ့ရစဉ်

ဒုတိယသမ္မတရာထူး လစ်လပ်နေရာ ဖြည့်စွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားရာတွင် ''ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး ချို့ယွင်းမှုကြောင့် ၁၈-၄-၂၀၁၂ မှ ၁-၅-၂၀၁၂ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ပါသည်။ ဆေးကုသမှုခံယူရာမှ ပြန်လည်ရောက်ရှိပြီး အနားယူရန် လိုအပ်သဖြင့် ၁-၅-၂၀၁၂ မှ ၃၀-၆- ၂၀၁၂ ရက်နေ့အထိ နေအိမ်၌ ဆေး ကုသစောင့်ရှောက်မှုခံယူရန် ရည်ညွှန်းချက်ပါစာဖြင့် တင်ပြချက်အရ ခွင့်ပြုပေးခဲ့ပါသည်။ ထိုသို့ ဆေးကုသမှု ခံယူသော်လည်း သက်သာပျောက်ကင်းမှု မရှိခြင်းကြောင့် အချိန်ကာလတစ်ခုအထိ ဆေးကုသ စောင့်ရှောက်မှုခံယူရန် လိုအပ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၇ တို့အရ ဒုတိယသမ္မတရာထူး တာဝန်ထမ်းဆောင်ခြင်းအား ၁-၇-၂၀၁၂ ရက်နေ့မှစ၍ နုတ်ထွက်ခွင့်ပြုပါရန် ရည်ညွှန်း ၂ ပါစာနှင့်တင်ပြလာပါသည်။လစ်လပ်သွားသော ဒုတိယသမ္မတရာ ထူးနေရာဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (စ)ပါ ပြဋ္ဌာန်းချက်အရ သ၀ဏ်လွှာ ပေးပို့အပ်ပါသည်''ဟု နာယကက ဇူလိုင်လ ၄ ရက်နေ့က ဖတ်ကြားခဲ့သည်။

လစ်လပ်နေသော ဒုတိယသမ္မတနေရာအတွက် ကနဦးတွင် ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်တင်သွင်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက သတင်းထောက်များ၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ထမင်းစားရပ်နားချိန်အတွင်း ပြောကြားခဲ့ကြောင်းသိရသည်။ ယင်းသို့ ပြောကြားခဲ့ပြီးနောက် အချိန်ကြာမြင့်စွာ ဒုတိယသမ္မတ ခန့်အပ်ခြင်းအား ဆိုင်းငံထားခဲ့ပြီး ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ) ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား မည်သည့်အကြောင်းကြောင့် ဒုတိယသမ္မတ အဖြစ် ခန့်အပ်နိုင်ခြင်း မရှိသည်နှင့် ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခန့်အပ်ရာတွင် ဖွဲ့စည်ပုံအခြေခံဥပဒေပါ ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပြည်စုံသူကိုသာ ရွေးချယ်ခန့်အပ်ရကြောင်း ဖွဲ့စည်ပုံအခြေခံဥပဒေအရ သိရသည်။

မြန်မာနိုင်ငံတွင် ဒုတိယသမ္မတ နှစ်ဦးရှိပြီး  ဒုတိယသမ္မတတစ်ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိသည်။
နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည်  ငါးနှစ်ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရဟု သိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည် ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

Eleven Media Group

Posted: 14 Aug 2012 10:25 PM PDT
ဒုတိယ သမ္မတသစ် ဦးဥာဏ်ထွန်း ကျမ်းသစ္စာ ကျိန်ဆိုပွဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ဒုတိယ သမ္မတသစ် ဦးဥာဏ်ထွန်း ကျမ်းသစ္စာ ကျိန်ဆိုနေပုံ။
ယနေ့ ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးဥာဏ်ထွန်းက ဒုတိယ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒုတိယ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့  တက်ရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ တက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြောက် ခံရသူ ဦးဥာဏ်ထွန်းမှာ စစ်တက္ကသိုလ် အမှတ်စဉ် ( ၁၆ ) ကျောင်းဆင်း တစ်ဦး ဖြစ်ပြီး ကိုယ်ပိုင် အမှတ်စဉ်မှာ (ရေ - ၁၁၉၆ )ဖြစ်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ( ရေ ) ရာထူး၌ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် ပထမဦးဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးက ပြောကြားသည်။

The Voice Weekly

Posted: 14 Aug 2012 10:04 PM PDT
ဒုတိယ သမ္မတအဖြစ်ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း ကျမ်းသစ္စာပြုစဉ် Popular Myanmar News Journal


ပြည်ထောင်စုလွှတ်တော် တတ်ရောက်လာသည့် ဒုသမ္မတ ဦးဥာဏ်ထွန်း Popular Myanmar News Journal

DSA အပတ်စဉ် ၁၆ မှ အသက် ၅၉ နှစ် အရွယ်ရှိ တပ်မတော်ရေ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း ဒုသမ္မတအဖြစ် ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုစဉ်။ ဓါတ်ပုံ - 7Day News Journal

ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် စောင့်ဆိုင်းနေသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဥာဏ်ထွန်း(ညာစွန်) ဓါတ်ပုံ - 7Day News Journal



Posted: 14 Aug 2012 10:18 PM PDT
ငါးသိုင်းချောင်းမြို့ပေါ်ရပ်ကွက် အချို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင်
အဆက်မပြတ် ရွာသွန်းသော မိုးနှင့်အတွင်းရေတက်လာပါသဖြင့်
လူနေအိမ်များ ရေကြီးနစ်မြုတ်လျှက်ရှိပါသည်။

ရေဘေးကယ်ဆယ်ရေးကြီးကြပ်မှုကော်မတီမှ ရေဘေးကယ်ဆယ်ရေးစခန်း (၇) ခု ဖွင့်
လှစ်လျှက် ရေဘေးဒုက္ခသည်များ၏ အခက်အခဲများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ
၊ လူမှုအဖွဲ့အစည်းများ ၊ ပါတီအဖွဲ့အစည်းများ
ပူးပေါင်းလျှက် ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။ ဧ၇ာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ ငွေကြေးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို
14.08.2012 နေ့တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဦးတင်စိုးနှင့်အဖွဲ့မှ
လာရောက်ကူညီသကဲ့သို့ မြို့ပေါ်မှစေတနာရှင်များမှာလဲ ငွေကြေးနှင့်
ဆန် အစရှိသောစားသောက်ကုန်ပစ္စည်းများကို
ပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိပါသည်။

အမျိုးသားခန်းမတွင် ရေဘေးကယ်ဆယ်ရေး
ကြီးကြပ်မှုကော်မတီမှ ကယ်ဆယ်ရေးစခန်းအသီးသီးရှိ
ရေဘေးဒုက္ခသည်များလက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိ
ရေးအတွက်စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ရေဘေးဒုက္ခသည်များ၏
လတ်တလောအခက်အခဲများ ဖြေရှင်းရေးတွင်လိုအပ်မည့် ဆန်နှင့်
စားသောက်ကုန်များ ပံ့ပိုးနိုင်ရေးအတွက် အမျိုးသားခန်းမတွင်
အလှူခံဌာနဖွင့်လှစ်လျှက် အလှူငွေနှင့် ပစ္စည်းများလာရောက်လှူတန်းနိုင်ရန်
စီစဉ်ဆောင်ရွက်လျှက်ရှိပါသည် စေတနာရှင်များ လာရောက်လှူတန်းနိုင်ပါကြောင်း
အသိပေးနှိုးဆော်အပ်ပါသည်။

ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ


ဆက်သွယ်လှူတန်းနိုင်ရန် ဖုန်းနံပါတ်များ
မြို့နယ်ခွဲ့အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး - ၀၉ ၄၉၇၀၁ ၉၇၆၇
ဦးကျော်ရှိန် - ၀၉ ၄၉၃၃၀ ၁၀၄
ဦးစိန်ဝင်း - ၀၄၆ ၆၀၁၉၆
ဦးထွန်းလင်းဦး - လူငယ်ပရဟိတအဖွဲ့ - ၀၉ ၄၉၇၅၀ ၇၃၂
ဦးစိုးဝင်း - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ၀၉ ၇၃၁၉ ၈၈၁၉
ဦးမြင့်ခင် - စေတနာလူမှုကူညီရေးအသင်း - ၀၉ ၄၉၇၅၀ ၂၉၉
ဦးမောင်မောင်သိန်း - ၀၉ ၈၅၈၃ ၁၄၀
ပြည်ခိုင်ဖြိုးပါတီ - ၀၄၆ ၆၀၁၈၅

ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ

ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 

ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 

ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 





Posted: 14 Aug 2012 09:30 PM PDT
ဘယ်လ်ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ် တစ်ခုဖြစ်သည့် Universite de Liege က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တစ်စိုက် မတ်မတ် ဆောင်ရွက်နေသည့် သမ္မတ ဦးသိန်းစိန်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့် မည့်အကြောင်း ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Aug 2012 09:14 PM PDT

၂ဝ၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေသစ်တွင် မှတ်ပုံ မတင်မနေ ရပြဌာန်းချက်
အရမိမိ သဘော ဆန္ဒအလျှောက် မှတ်ပုံတင်နိုင် မည်ဖြစ်ကြောင်း သြဂုတ်
လ(၁၃)ရက်နေ့တွင် ကျင်းပသည့်ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်း
 ဝေးလွှတ်တော်တွင် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်းက
 ပြောကြားခဲ့သည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Aug 2012 08:51 PM PDT

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၅၀၀ ကေဗွီ မဟာ ဓါတ်အားလိုင်း တစ်ခုကို ဂျပန် ကိုရီးယားနှင့် ဆားဗီးယား နိုင်ငံတို့ ၏အကူအညီဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေး တစ်ဦး ကပြောကြားသည်။--

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Aug 2012 08:42 PM PDT

အိုးအိမ်ရုံးရှေ့ ဆန္ဒပြခဲ့ကြသည့် လယ်သမားများနှင့် ၀ါဝါ၀င်းကုမ္ပဏီအကြား ညှိနှိုင်းမှုများ သဘောတူညီမှုမရ ဖြစ်ခဲ့သည့်အတွက် လယ်သမားများက နေပြည်တော်သို့ သွားရောက်ဆန္ဒပြမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Aug 2012 07:57 PM PDT

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ မြို့နယ်တရားရုံးတွင်
13.8.2012 နေ့တွင်ပြစ်မှုကြီးအမှုအမှတ် ၆၅၁/၂၀၁၁ အား မုဒိမ်းသမား တရားခံများ
ဖက်မှ ဘက်လိုက်စီရင်နေမှု ဖြစ်ပွားခဲ့ပါသည်။

အမှုဖြစ်စဉ်မှာ တရားလို မိန်းကလေး (မခင်စန်းထွေး) အားတရားခံ(၂)ဦးမှ
အတင်းအဓမ္မ ဆွဲခေါ်ပြီး သားမယားအဖြစ် ပြုကျင့်ကာ ခြိမ်းခြောက် အကြပ်ကိုင်၍
လက်ထပ်စာချုပ်တွင် လက်မှတ် ထိုးခိုင်းမှုဖြစ်သည်---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Aug 2012 08:04 PM PDT

မကွေးတိုင်း ဒေသကြီး ၊ ဆင်ပေါင်ဝဲမြို့ နယ်တွင် က.ပ.စ(၈)မှ အမှန်တကယ်လိုအပ်
သည်ထက် လယ်ယာဧကမြောက်များစွာကို တရားဥပဒေနှင့်အညီ ကာလတန်းဖိုးဖြင့်
ပေးလျော်မှုမရှိပဲ သိမ်းယူခြင်း၊ ပိုနေသော လယ်ဧကမြောက်များစွာကို တဖန်ပြန်၍
ဗိုလ်မှူးအဆင့်မှသည် ဒုတပ်ကြပ်အဆင့်အထိ ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး--

သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Aug 2012 12:39 PM PDT
သြဂုတ်လ(၁၄)ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၇

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Aug 2012 12:30 PM PDT
ဧရာဝတီတိုင်း ဟင်္သာတ မြို့နယ်မှာရှိတဲ့ ကျေးရွာ ၆အုပ်စုက လယ်သမား တွေဟာ အင်းလုပ်ငန်း လုပ်ကိုင် သူတွေကြောင့် သူတို့ရဲ့ စိုက်ပြီးသား လယ်ဧက သုံးထောင်ကျော် ရေနစ်မြုပ်ကုန် တာကို အရေးယူပေးဖို့ ဟင်္သာတမြို့ပေါ် အုပ်ချုပ်ရေး မှူးတွေဆီကို တက်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 14 Aug 2012 12:17 PM PDT
ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေဟာ ပြစ်မှု တခုကို အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေး တို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်းကို နားဆင်ပါရှင်။

မေး။    ။ အခုဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုက အထူးသဖြင့် ရခိုင်ပြည် ရိုဟင်ဂျာ ကိစ္စ ပါပဲ။ အခုဆိုရင် မကြာခင်မှာ လူအခွင့်အရေး ကော်မရှင် အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ ကုလသမဂ္ဂ အစည်းဝေးတွေ လုပ်မယ်။ နိုင်ငံတကာ အစ္စလာမ်မစ် ကောင်စီ အစည်းအဝေးတွေ လုပ်တော့မယ် ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရှိ နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့ မူဆလင်တွေ ပေါ့ သူတို့ကို ဗမာနိုင်ငံက အများစုက လူအခွင့်အရေး ချိုးဖောက်မူတွေ ရှိနေတယ်လို့ စွပ်စွဲမူတွေ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ ဆိုပြီးတော့ ဆော်ရေအာရေဗီးယားနိုင်ငံက ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေးဝန်ကြီးက အကူအညီတွေ ပေးသွားတာတွေ ရှိနေတယ် ဆိုတော့ မြန်မာနိုင်ငံမှာ သမ္မတကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာက နေပြီးတော့ လူအခွင့်အရေးဆိုပြီးတော့ ထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မူတွေ ရှိနေတယ် ဆိုပြီး ထောက်ပြမှုတွေ ကြားနေရပါတယ်။ အဲ့တော့ အဲ့ဒီ့ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့ အမြင်ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

ဖြေ။     ။  ဒီဟာတော့ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို ချီတက် နေတဲ့နေရာမှာ မမျှော်လင့်ပဲနဲ့ ဒါ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။  ဒီရခိုင်မှာဖြစ်ပျက်တဲ့ ကိစ္စ ကလည်း တစ်ကယ်တော့ ဒီလူတစ်စုကနေပြီးတော့  ဒီ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူတစ်ခုကို ကျူးလွန်လိုက်တဲ့ အတွက် ဒီအပေါ်မှာ မခံမရပ်နိုင် ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးတော့ အုပ်စုကြီးက ကြီးထွားလာတယ်။ ကြီးထွားလာပြီးတော့ အချင်းချင်း သတ်တဲ့ ဖျက်တဲ့ အဆင့်ရောက်လာတယ်။ နောက်တစ်ခါ ဆိုးတာက ခုနကလို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတယ်။ ဒီဘက်ကလည်း မီးရှို့ သူတို့ဘက် ကလည်း မီးရှို့ တစ်ခါ  ဆိုရင် ကိုယ်အိမ် ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေ ရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ဒီရာဇ၀တ်မူ တစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်တဲ့ အတွက်ကြောင့် လူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ တကယ်တော့လည်း အဲ့ဒီ့မှာ နေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူး ပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်ပေါ့လေ မတွေ့ခဲ့ရပါဘူး။ ကျွန်တော် ပြောချင်တာက ဒီလိုဖြစ်ပျက်မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။ လူမျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေ ဖြစ်ပြီးတော့ တစ်ဘက်နဲ့ တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေ နဲ့ ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တစ်ကယ့် တစ်ကယ်ကြတော့လည်း တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့ စာရင် ပမဏအားဖြင့် အင်မတန် အင်မတန်မှ နည်းပါတယ်။ သေဆုံးတာ ဆိုရင်လည်း ရာဂဏန်း တောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာ ဆိုရင်လည်း တစ်ရာ တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ သို့သော်လည်း အိမ်တွေကို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတဲ့ အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွားတာပါ။ ငါးထောင်နီးပါး လောက် မီးလောင်တဲ့ အတွက် ဒီအိမ်တွေမှာ နေနေကြတဲ့ ဒီဘက်ကလည်း ရခိုင် တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေ ဆိုကြပါစို့၊ အိုးမဲ့အိမ်မဲ့တွေ ဖြစ်သွားကြတာပေါ့။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက် လောက်ရှိလဲဆိုတော့ ဒီကနေ့  ခြောက်သောင်း လောက်ရှိတယ်။ ခြောက်သောင်း လောက်ရှိတဲ့
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...