Wednesday, August 15, 2012

သမ္မတကြီးထံပေးစာ (၁၅-၈)


ချစ်ခင်လေးစားအားထားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျာ

ကျွန်တော်သည် မြန်မာ့စီးပွားရေးဘဏ် မှဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်တို့ ၀န်ထမ်းများ တွေ့ကြုံခံစားနေရ သော ရင်ထဲမှ ခံစားချက်များ ကို သမ္မတကြီးသိရှိနိုင်ရန် တင်ပြခွင့်ပြုပါ ဟုလေးစားစွာ တောင်းဆိုအပ်ပါသည်။ ကျွန်တော်တို့ မြန်မာ့စီးပွားရေးဘဏ်တွင် ၀န်ထမ်းများ ရာထူးရယူရာ၌ ရာထူးယူမည် ဆိုလျှင် နယ်ပြောင်းရမည် ဟု ဆောင်ပုဒ် တစ်ခုလို ကျင့်သုံးနေသော ကြောင့်ရာထူးရယူ လိုပါသော်လည်း အဆိုပါကျင့်စဉ်ကိုကြောက်ရွံ့၍ လုပ်သက် (၁၀)နှစ်(၂၀) နှစ်သမားများ လက်ရှိရာထူး အဖြစ်နှင်သာ ရပ်တည်နေရပြီးရာထူးတိုးခြင်းလည်းမခံရပါ။ ရာထူးရယူသော ၀န်ထမ်းများကျပြန်တော့ မိမိ၏လစာဖြင့်ရပ်တည်နေရသောအမိအို ၊ အဖအိုတို့အားအနီးကပ်ပြုစုဆောက်ရှောက်လုပ်ကျွေးမှု မပြုနိုင်တော့ ဘဲဖြစ်သလိုထားရစ်ခဲ့ရပါသည်။ သားသမီးဝတ်တရားမျက်ကွယ်ခဲ့ရပါသည်။
အရွယ်မရောက်သေးသောသားသမီးများကို ပညာသင်ကြားရန် အထောက်အကူမပြုနိုင်သလိုဇနီးမယားကို ငွေကြေးမပံ့ပိုးနိုင်၍ဒုက္ခရောက်ရခြင်းကြောင့်တစ်နယ်တစ်ကျေးတွင်တာဝန်ထမ်းဆောင်ရန်အတွက်
နေထိုင်ရန် အခက်အခဲ အဖြစ်စတင်တွေ့ကြုံရပါသည်။အိမ်ထောင်ဦးစီးဝတ်တရားတို့ပျက်ကွယ်ခဲ့ရပါသည်။

အရာထမ်းလည်းဝန်ထမ်း ၊ အမှုထမ်းလည်းဝန်ထမ်းဖြစ်သော်လည်း အရာထမ်းများ အတွက်အဆင်ပြေ
ချင်ပြေပါလိမ့်မည်။ အမှုထမ်းများအတွက်မူမိမိကိုယ်ပိုင်ငွေကို ခြစ်ချုံ့၍ ငွေကြေး အခက်အခဲကြားမှ မိမိအိမ်ခန်းငှား နေရန် ဖြေရှင်းရပါသည်။
တစ်အိုးတစ်အိမ်ခွဲ၍ချက်ပြုတ်စားသောက်ရသောဝန်ထမ်းများ၏အခက်ခဲ အကျပ်အတည်းများကျန်းမာ
ရေးအခက်ခဲများစွာလည်းရှိပါသေးသည်။

ထိုအချက်များကိုကြည့်ခြင်းအားဖြင့်သက်ရှိအစိုးရသစ်လက်ထက်နိုင်ငံတော်သမ္မတကြီး၏ မိဘပြည်သူများနိုင်ငံဝန်ထမ်းများ၏ သက်သာချောင်ချိရေး ၊ စားဝတ်နေရေးဖူလုံရေးအစီ
အမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်ဆန်ကျင်ဖက်ဖြစ်နေသည်ဟု ထင်မြင်မိပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံဝန်ထမ်းများအား မိမိနေထိုင်ရာ တိုင်း/ပြည်နယ် ဒေသကြီး အတွင်းနှင်နီးစပ်ရာမြို့များ
တွင် သာ တာဝန်ပေးစေခိုင်းမည်ဆိုပါက နိုင်ငံတော်သမ္မတကြီး၏ ချမှတ်ချက်ထားသော မူဝါဒလမ်းစဉ် များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရာရောက်မည်ဟု ထင်မြင်ယူဆမိပါသည်။
ထို ဖြစ်စဉ်အကြောင်းရာများအား သက်ဆိုင်ရာဝန်ကြီးဌာန နှင့် ဌာနဆိုင်ရာအကြီးများကို မေးမြန်းမည်ဆိုပါက အဖြစ်မှန်ကိစ္စရပ်များကိုဖုံးကွယ် ၍ အထက်လူကြီးတစ်ယောက် အဆင်ပြေ လက်ခံနိုင်သော အဖြေတစ်ခုကိုသာပေးပါလိမ့်မည်။

နိုင်ငံတော် သမ္မတကြီးမှ မိဘပြည်သူများနှင့် နိုင်ငံဝန်ထမ်းများအား မိဘသဖွယ်ပြုမူဆောင်ရွက်နေမှု
နှင့် သားသမီးများသဖွယ်စောက်ရှောက်မှုများကို ကျွန်တော်၏မြန်မာ့စီးပွားရေးဘဏ်မှ ပြောင်းရွှေ့ အာဏာပိုင်ဆိုင်ထားသော အထက်လူကြီးများက တစ်စိတ်ကလေးမျှလိုက်နာကျင်သုံးနိုင်ခဲ့ပါသော်......

နိုင်ငံတော်သမ္မတကြီးအား
ယုံကြည်လေးစားအားကိုးစွာဖြင့်

ဘဏ်ဝန်ထမ်းတစ်ဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...