Wednesday, August 22, 2012

ကတ္တီပါဖိနပ်စီးကာ ရွှေထီးဆောင်းထားသည့် အရိုင်းအစိုင်းများ


by 7Day News Journal on Wednesday, August 22, 2012 at 9:52pm ·

မောင်သာချို

(တစ်)
    ထိုသူတို့သည်ကား သူတို့၏ လက်ထဲ၌ ဓားလှံလက်နက် ကျောက်တုံး၊ ကျောက်ခဲများကို ကိုင်ဆောင်ထားခြင်း မရှိပါ။ ထို့ ပြင်သစ်ရွက်သစ်ခက်များဖြင့် လည်း သူတို့၏အရှက်ကို ဖုံးကွယ် ထားခြင်း မရှိပါ။ သူတို့၏ လည် ပင်း၊ သူတို့၏ နားရွက်၊ သူတို့၏ လက်စသည်များတွင်လည်း တိရစ္ဆာန်တို့၏ ဦးချိုများ အရိုး များကို အဆောင်အယောင်အ ဖြစ်ဝတ်ဆင်ထားခြင်း မရှိပါ။ သူ တို့၏ လက်ထဲတွင် ဗုံတွေဘာတွေ မရှိ။  သူတို့၏ နံဘေးနားမှာက လည်း မီးပုံတွေဘာတွေ မရှိ။ သို့ သော် သူတို့နှင့် ထိတွေ့ဆက်စပ်ရသော သူတိုင်းက သူတို့ကိုအရိုင်းအစိုင်းတွေ ပါလားဟူသော အဓိပ္ပာယ်ဖြင့် လှမ်းကြည့်ကြရစမြဲ ဖြစ်ပါသည်။
    ထိုသူတို့သည်ကား အင်္ကျီအ ကောင်းစားတွေကိုလည်း ၀တ်ချင်ဝတ်ထားတတ်ပါ၏။
ပုဆိုး (သို့မဟုတ်) ဘောင်းဘီအပျံစားတွေကိုလည်း ၀တ်ချင်ဝတ်ထားတတ်ပါ၏။ ဖိနပ်ကအစ နာရီအဆုံးလက်ကိုင်ဖုန်း အပါအ၀င် ကွန့်နိုင်သမျှ ကွန့်ညွန့်နိုင်သမျှ ညွန့်ကာ မည်သို့ပင် ခေတ်သစ်၏ လူသား ဟန်ဆောင်သော်လည်း တော၏ ဥပဒေသ(ဲကညါူနူတေ)ကြီးစိုးရာ ကျောက်ခေတ်က လူသားများအ တိုင်း ရိုင်းစိုင်းလျက်ရှိသည်ကို တွေ့ရနိုင်မည် ဖြစ်ပါသည်။
    အဝေးကြီးမဟုတ်ပါ။ သင် တို့ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ သည်လို အဆင်အကွက်များစွာ ကို နိစ္စဓူဝတွေ့နေကြရပါသည်။ မြို့ပြ၏ ပလက်ဖောင်းများပေါ် မှာ၊ စားသောက်ဆိုင်ထဲမှာ၊ ကား တွေ၊ ရထားတွေပေါ်မှာ၊ လေဆိပ် ထဲမှာ၊ အများဆုံး သန့်စင်ခန်းထဲ မှာ။ အရိုင်းတွေ အစိုင်းတွေ။ ကတ္တီပါဖိနပ်ကြီးများတောင် စီးလို့။  ရွှေထီးကြီးများတောင် ဆောင်း လို့။

(နှစ်)
    မြို့တော်၏ ပလက်ဖောင်း တစ်နေရာရာဟုဆိုကြပါစို့။ လူနှစ် ယောက် ပခုံးချင်းတိုက်မိသည်ဟု ပဲ ဆိုကြပါစို့။ အခုနောက်ပိုင်းတစ် ယောက်ကို တစ်ယောက် အား တုံ့အားနာဖြစ်စွာဖြင့် ဆောရီး(သို့ မဟုတ်) မတော်လို့ဗျာ(သို့မဟုတ်) ကန်တော့နော်စသော စကားလုံး များဖြင့် တောင်းပန်သမှုပြုသည် မျိုးတွေက ရှားပါးသထက် ရှားပါး လာသည်ကို သတိပြုမိပါသည်။ ခပ်တည်တည်ဖြင့် ကိုယ့်လမ်း ကိုယ်ဆက်လျှောက်သွားလျှင် လည်း ဆက်လျှောက်သွား၊ ဒါမှ မဟုတ်  တစ်ယောက်ကို တစ် ယောက် ဘုကြည့်ကြည့်လျှင်လည်း ကြည့်စသည်ဖြင့်သာ ကိစ္စပြီးသွား ကြသည်က များပါသည်။ မတော် တဆ ဖြစ်မှုအတွက် တောင်းပန် လိုက်ဖို့ဆိုသော ယဉ်ကျေးဖွယ်ရာ သည့် စိတ်မျိုး မဖွံ့ဖြိုးကြပါပေတော့။
    ကျွန်တော် နိုင်ငံခြားသား များနှင့် မကြာခဏဆိုသလို ဆုံ တွေ့ရပါသည်။ အထူးသဖြင့် လေ ဆိပ်ဝန်းကျင် အရပ်ဒေသများမှာ  ပဲ ဖြစ်ပါသည်။ လေဆိပ်ခန်းမနှင့် လေယာဉ်ဆီသို့ အကြိုအပို့လုပ် ပေးသည့် ဘတ်စ်ကားတွေပေါ် မှာ၊ ကားအတက်အဆင်း လေ ယာဉ်အတက်အဆင်းတွေမှာ၊  သူတို့တစ်တွေ ဘယ်တုန်းကမှ လုယက်တက်နေသည်မျိုးကို ကျွန်တော် မတွေ့ခဲ့ရဖူးပါ။ ကားပေါ်သို့ တက်ရန် (သို့မဟုတ်) လေ ယာဉ်ပေါ်သို့ တက်ရန် နှစ်ဦးသား
ဆုံစည်းနေကြသောအခါ မျိုး၌ သူတို့လုပ်ပုံက ပထမလူကို ကြည့်မည်။ ထို့နောက် ပြုံးပြမည်။ ၎င်းနောက် ကိုယ်ကိုနည်းနည်းကလေးယို့ကာ အရှေ့က တက်ပါ
ဟူသော အဓိပ္ပာယ်ဖြင့် လက်ဟန်အမူအရာပြမည်။ ဒါပဲ ဖြစ်ပါ သည်။ နေရာတိုင်းမှာ ငါသာအ ရင်၊ ငါသာ ပထမ၊ ငါ့စိတ်ကြိုက်၊ ငါ့သဘောဆိုသည့် ကျွန်တော်တို့
ဆီက အချို့အချို့တို့၏ စိတ်မျိုး တွေကို လျော့ပါးအောင် သူတို့ လေ့ကျင့်ထားကြပုံရပါသည်။
    တစ်ခါက အဝေးပြေးဘတ်စ် ကားတစ်စီးဖြင့် ခရီးသွားစဉ် ကား ပေါ်၌ စီးကရက်သောက်သုံးသူ တစ်ဦးလိုက်ပါလာပါသည်။ သူက ကားရှေ့ပိုင်းခပ်ကျကျနေရာ၌ လိုက်ပါခဲ့ပြီး စီးကရက်ကို တော် တော်ကလေးကြိုက်ဟန်တူရာ တော်ကြာနေ တစ်လိပ်သောက်လိုက်၊ တော်ကြာနေ တစ်လိပ်သောက်လိုက်နှင့် လုပ်လာခဲ့ရာ တစ်ခါမှာတော့ ဆေးလိပ်နံ့မခံနိုင်သူတစ်ဦးက စီးကရက်မသောက်ဖို့ပြော ပါသည်။ ဤနေရာ၌ စိတ်ယဉ် ကျေးမှု မြင့်မားသူတစ်ဦးသာဆိုလျှင် တောင်းပန်စကားဆိုကာ ဆေးလိပ်ကို မီးငြှိမ်းသတ်ဖို့ ဖြစ် ပေါ်လည်း ထိုသူကရန်စကားပင် ဆိုနေပြန်ပါသေးသည်။
      ထမင်းဆိုင်ကြီးများ စား သောက်ဆိုင်ကြီးများ ရှိရာဆီသို့ ၀င်သွားမိသော အခါ၌လည်း သည်အတိုင်းပဲ ဖြစ်ပါသည်။ ဘေး တွင်ချထားသည့် အမှိုက်ပုံးထဲသို့ နှပ်ချေးတွေ ညှစ်ချလိုက်၊ သလိပ် တွေ ဟပ်ကာထွေးချလိုက်နှင့် လုပ်နေသော သူများကို မကြာခဏ  ကျွန်တော်တို့ တွေ့ကြရလေ့ရှိပါ သည်။ အများသောက်ရန် ချထား သည့် ၀ိုင်းအလယ်ခေါင်က ဟင်း ချိုခွက်ကိုပင်လျှင် ကိုယ့်ပါးစပ် အောက်သို့ ဆွဲယူကာ အရည် တွေ တတောက်တောက် ကျအောင်တရှူးရှူး တရှဲရှဲ သောက်ပြီးမှ ၀ိုင်းအလယ်သို့ ပြန်တွန်းပို့လိုက်သည့် သူတွေကိုလည်း ကျွန်တော်တို့ တွေ့ကြရမြဲဖြစ်ပါသည်။
    နေရာက အများသူငါနှင့် သက်ဆိုင်သည့် ရုံးခန်းလိုနေရာ။ စားပွဲက အများသူငါတို့၏ စားပွဲ များကြားကစားပွဲ။ ထိုစားပွဲပေါ်၌ မိမိအိမ်က ယူလာသည့် ရေဒီယို (သို့မဟုတ်) စီဒီစက်ကိုတင်ကာ သီချင်းနားထောင်ရင်း အလုပ် လုပ်နေသည့် သူတစ်ယောက်ကို လည်း ကျွန်တော်တွေ့ဖူးပါသည်။ အခြားအခြားသော အလုပ်လုပ်နေ သူတွေ မကြားချင်ရင် နားသာပိတ် ထားတော့ဟူသည့်သဘော။
    ဆူးလေဘုရား လမ်းမကြီး တစ်နေရာတွင် လက်ထဲရှိ ငှက် ပျောခွံနှင့် အအေးဘူးအလွတ်ကို စွန့်ပစ်ရန်အတွက် လမ်းဘေးတစ် လျှောက် မည်သည့်နေရာတွင်များ အမှိုက်ပုံး ရှိပါလေမလဲဟုဆိုကာ ကျီးကန်းတောင်းမှောက်လိုက်လံ ရှာဖွေနေသည့် ကမ္ဘာလှည့်ခရီး သွားတစ်ယောက်ကို ကြည့်နေမိ စဉ်မှာတော့ ဆတ်ခနဲဆို တိုက် ပေါ်က  လွှင့်ပစ်၊ ဆတ်ခနဲဆို ကား ပေါ်က လွှင့်ပစ်၊ ဆတ်ခနဲဆို ရထားပေါ်က လွှင့်ပစ်လုပ်တတ် ကြသည့် ကျွန်တော်တို့ဆီက အ မှိုက်စွန့်ပစ်သူ တချို့ကို ကျွန်တော် သတိရနေမိတတ်ပြန်ပါသည်။

(သုံး)
    ကျွန်တော်တို့က ယဉ်ကျေး မှုဆိုသည်ကို ခေါင်းပေါင်းကြီးနှင့် မှ၊ တောင်ရှည်ပုဆိုးကြီးနှင့်မှ၊ ရင် ဖုံးအင်္ကျီနှင့်မှ၊ ထိုင်မသိမ်း ထဘီ
ကြီးနှင့်မှဟု ထင်နေကြပုံရပါသည်။တကယ့်  လူ့အဆင့်အတန်းကို ပြဋ္ဌာန်းသည်က စိတ်ယဉ်ကျေးမှုပဲဖြစ်ပါသည်။
    ခေတ်ပေါ် အ၀တ်အစား တွေ ဘယ်လောက်ပဲ ၀တ်ဝတ်၊ ခေတ်ပေါ်အသုံးအဆောင်တွေ ဘယ်လိုပဲ သုံးသုံး လူချင်းတိုက် မိလို့မှ တောင်းပန်ဖော်မရ၊ မည် သည့် နေရာတွင်မဆို ကိုယ်ပထမ ရဖို့ နေရာဦး၊ လူစုလူဝေးအလယ် တွင် စီးကရက်သောက် သီချင်း နားထောင်၊ ဟင်းချိုခွက်ကို ကိုယ့် ဆီယူသောက်၊ နှပ်ချေးညှစ်သလိပ် ဟပ်၊ တွေ့ရာ နေရာအမှိုက်ပစ် စသည်စသည်ဖြင့် ပြုပြုသမျှသော အမူအကျင့်တို့က ကတ္တီပါ ဖိနပ် ကြီးစီး၍ ရွှေထီးကြီးဆောင်းထား စေကာမူ အရိုင်းဟာ အရိုင်းပါပဲဟု လှစ်ဟပြနေပြီးသား ဖြစ်ပါသည်။
      လက်ကိုင်ဖုန်းကြီး ခါးမှာ ချိတ်ကာ အပျံစားဇိမ်ခံကားပေါ်က ဆင်းလာသော်လည်း ကျောက် ဂူထဲကနေ  ကျောက်လက်နက်ကိုင်စွဲလျက် ထွက်ချလာသော လူ သားထက် ဘာမှမပိုနိုင်ပါလေ။
    စိတ်ဓာတ်တည်ဆောက်ပုံ အထားအသို မြင့်မားမှသာ အ ဆင့်မြင့်လူသား စာရင်းဝင်သည့် လူယဉ်ကျေးဖြစ်နိုင်ကြောင်း သတိထားအပ်ပါသည်။             ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...