သီတဂူဆရာတော်ကြီးနှင် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခြင်း
ဒီကနေ့ ဘုန်းကြီးတို့ ပြောဆိုတဲ့ တရားစကား လာရောက် နားထောင်ကြတဲ့ အမျိုးသား အမျိုးသမီး အားလုံးဟာ ဘုန်းကြီးတို့ရဲ့ ဘ၀ဟောင်းက ညီအစ်ကို မောင်နှမဟောင်းတွေပါလို့ ဘုန်းကြီးတို့ ဒီလို သဘောထားပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ် လုပ်ကြတဲ့ လုပ်ငန်းဟာ ဘာလုပ်ငန်းလဲ? ဘုရားလောင်း လုပ်ငန်း, အဲဒါကြောင့် ဘုရားလောင်းကျင့်စဉ် (၁၀)ပါးကို Leadership quality-များအနေနဲ့ ဘုန်းကြီးတို့ ဒီကနေ့ ပြောပြပါတယ်။ နိုင်ငံမှာ ခေါ
င်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ လူလူချင်း တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ယောက်အကျိုးစီးပွားကို တစ်ယောက်က ဆောင်ရွက်တဲ့အခါမှာ ဘာသာရေး ခေါင်းဆောင်များသည်ပင် ဒီအတိုင်း ပါရမီ (၁၀)ပါးလမ်းစဉ်အတိုင်း (Ten kinds of perfections)ဆိုတဲ့ ပါရမီ (၁၀)ပါးအတိုင်း အားလုံးကျင့်သုံးနိုင်ကြမယ် ဆိုရင် တိုင်းသူပြည်သား လူအများလည်း သူတို့ရဲ့ အကျိုးစီးပွားတွေ ဘာဖြစ်လာမလဲ? Perfect- တိုင်းသူပြည်သား လူအများရဲ့ အကျိုးစီးပွားလည်း perfect-ဖြစ်လာအောင်၊ ခေါင်းဆောင်တွေ အားလုံးကလည်း ဘာဖြစ်လဲ? Perfect men-တွေ ဖြစ်လာအောင် ဒီ ten kinds of perfection-ဆိုတဲ့ ပါရမီ (၁၀)ပါး အားလုံးကို လိုက်နာ ကျင့်သုံး ပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားအားလုံး ပြည့်စုံအောင် ကျင့်သုံးကြပါ၊ ကျင့်သုံးနိုင်ကြပါစေဆိုတာ ဘုန်းကြီးက လေးနက်စွာ တိုက်တွန်းလိုက်ပါတယ်။
0 comments:
Post a Comment