Friday, August 10, 2012

အမြုတေ စာနယ်ဇင်းကောင်စီဟူသည်ကို မည်သို့နားလည်သင့်သနည်း။


 ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသစ်က သြဂုတ်လ (၉) ရက်နေ့စွဲဖြင့် အမြုတေစာနယ်ဇင်း ကောင်စီကို ဖွဲ့စည်း ပေးလိုက်ကြောင်း သိရသည်။ ယင်းကောင်စီသည် သတင်းလွတ်လပ်ခွင့်ကို ဖေါ်ဆောင်ပေးမည့် အဖွဲ့အစည်း မဟုတ် ဖိနှိပ်ရေး ကိရိယာသစ် တရပ်သာ ဖြစ်ကြောင်း (၂) ပိုင်း ခွဲ၍ အောက်ပါအတိုင်း သုံးသပ်ပါသည်။

 ပထမပိုင်း။     ဖိနှိပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများ နောက်ခံဖြင့် ဖွဲ့စည်းပေးလိုက်ခြင်း


(၁) ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၅၄ အရ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို "နိုင်ငံတော်လုံခြုံရေး” ဟူသော အကန့်အသတ်ဖြင့် ထိမ်းချုပ်ထားမှုအား အကောင်အထည်ဖေါ်ရမည့် အဖွဲ့အစည်းဖြစ်သည်။
(၂) ဖိနှိပ်ရေး ဥပဒေ ဟူ၍ သတင်းသမားများနှင့် လူထုအများစုက လက်ခံထားသော ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဆိုင်ရာဥပဒေ ကိုသာ ဖေါ်ဆောင်ရမည့် အဖွဲ့အစည်းဖြစ်သည်။
(၃) လူထုများ မေးမြန်းပိုင်ခွင့် ရရှိစေမည့် သတင်းဆိုင်ရာ ဥပဒေ Information Act မရှိသဖြင့် The Right to Know ဟုခေါ်သည့် လူထု၏ သိရှိပိုင်ခွင့် ကို ဖေါ်ဆောင်ပေးမည့် အဖွဲ့အစည်း မဟုတ်။
(၄) သတင်းလုပ်ငန်းနှင့် မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်မည့် သတင်းနှင့် မီဒီယာ ဆိုင်ရာ ဥပဒေ မရှိသဖြင့် သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်ကို ဖေါ်ဆောင်ပေးမည့် အဖွဲ့အစည်း မဟုတ်။

ဒုတိယပိုင်း။    ဖွဲ့စည်းမှုအရ လွတ်လပ်မှုလုံးဝ ကင်းမဲ့ခြင်း

သတင်း ဆိုင်ရာ ကော်မရှင်များအား လွတ်လပ်မှု အခြေခံအရဖွဲ့စည်းခြင်း၊ သတင်းဆိုင်ရာအတတ်ပညာ အခြေခံ ကောင်းရှိသူ ပညာရှင်များဖြင့် ဖွဲ့စည်းခြင်း၊ သို့မဟုတ် အဆိုပါ အင်္ဂါရပ်နှစ်ခုကို ပေါင်းစည်း၍ ဖွဲ့စည်းခြင်း စသဖြင့် ဖွဲ့စည်းကြလေ့ရှိသည်။ အဆိုပါ ကော်မရှင်မျိုးများအား အခွင့်အာဏာ ပိုမိုပေးအပ်စေလိုပြီး အားကောင်းစေလိုလျှင် အစိုးရ ၏ ပါဝင်ပတ်သက်မှုကိုပါ ထည့်သွင်း ဖွဲ့စည်းနိုင်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံရှေ့နေများကောင်စီက အဆိုပြု ထားသော လူထုသတင်း ဖြန့်ချီရေးဆိုင်ရာ မီဒီယာ ဥပဒေမူကြမ်းတွင် အလွှာသုံးမျိုးကို ပေါင်းစည်းပါဝင်စေခြင်းဖြင့် ဖွဲ့စည်းစေရန် ဖြစ်ကြောင်းတွေ့ရသည်။
                                   သတင်းနှင့် စာနယ်ဇင်း ဆိုင်ရာ ကော်မရှင်
(က) သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ဆိုင်ရာလုပ်ငန်း လုပ်ကိုင်လျှက်ရှိသော ပုဂ္ဂိုလ်များကို                     ကိုယ်စားပြု၍ ဖွဲ့စည်းထားသော အသင်းအဖွဲ့များမှ ရွေးချယ်စေလွှတ်သူ   ၉           ဦး
(ခ) သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဆိုင်ရာ တက္ကသိုလ်များမှပညာရှင်               ၃           ဦး
(ဂ) ပြန်ကြားရေးဝန်ကြီးဌာနမှ ခန့်  အပ်စေလွှတ်သော ပုဂ္ဂိုလ်                    ၃           ဦး
                                                                                     -----------------
-                                                စုစုပေါင်း                              ၁၅          ဦး   

အသေးစိပ်သိလိုပါလျှင် https://docs.google.com/open?id=0BzC8VZhwp11AWmJUY3hBeUZXMDg င့်ခ် တွင် ရှုပါ၇န်။


စစ်အစိုးရ တဦးတည်းက ၄င်းစိတ်ကြိုက် ခေါင်းခေါက်ရွေးချယ်ကာ အမြုတောနယ်ဇင်း ကောင်စီကို ဖွဲ့စည်းပေးလိုက် သော အခါ အဖွဲ့ဝင်များအနက် သတင်း ပညာရှင် တချို့ပင်ပါဝင်ပါစေဦး၊ ၄င်းတို့သည် 

အသုံးချခံဘ၀တွင်သာ နိဂုံးချုပ် ရမည့် အနေ အထားဖြစ်သည်။ သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်ကို ဤ အမြုတေ စာနယ်ဇင်းကောင်စီ သည် မည်သို့မျှ ဖေါ်ဆောင်နိုင်မည် မဟုတ်ပါ။


အောင်ထူး (ရှေ့နေ)

၂၀၁၂ ခုနှစ် သြဂုတ်လ (၁၀) ရက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...