Friday, August 10, 2012

ကားလ်မတ်လည်း မကယ်နိုင်ဘူး - ရဲမြင့်သူ


by Ye Myint Thu on Thursday, August 9, 2012 at 11:19pm


ကဲဒါဆိုသင့်ကျောကုန်းမှာရိုက်နှိပ်ထားတဲ့ ဘားကုဒ်နံပါတ်ကို အလွတ်ရအောင်ရွတ်ဆိုပြီး
သင့်ထုတ်ကုန်တန်ဖိုးကို ဘယ်တော့မှမပြီးဆုံးတဲ့ တူညီမျက်နှာပုံသဏ္ဍာန် ၀က်ဝံရုပ်တွေ၊

အရာဝထ္တုတွေ မရေမတွက်နိုင်အောင် အာရုံတောအုပ်မှာ ဘ၀ဟာ ဖန်ချည်မျှင်ကေဘယ်ကြိုး
တွေသွယ်တန်းပြီး ရောင်းဝယ်ဖောက်ကား လေလံတင်ဖို့ အခြေခံအရည်အသွေးတွေပွတ်တိုက်
မှုကြောင့်ထွက်လာတဲ့ တိုက်ရိုက်တောက်ပမှု။သင့်ရဲ့ ပွက်လောညံအောင်တောင်းဆိုမှုတွေ
သီဝရီအသစ်၊ကြေငြာစာတမ်းအသစ်၊အတွေးအခေါ်အသစ်တွေဟာ လူမှုရေးဆိုင်ရာအဆောက်အအုံ
ကို ခက်ခဲရှုပ်ထွေးစွာပေါ်ထွက်။ငွေစက္ကူရိုက်စက်တွေဟာ လူတန်းစားဖိနှိပ်ရေးကိရိယာအဖြစ်။
တကယ်တော့ အချိန်ကသိပ်မကျန်တော့ဘူး။ရေရေရာရာမရှိတဲ့အရာတွေနဲ့ လေးလံနေပြီး
မိမိတို့ ရဲ့ ဖြစ်စဉ်ကို အရှိန်နဲ့ တွန်းဝင်လာတဲ့ ဈေးဝယ်လှည်းထဲကိုအရောက်ပို့ ပေးနိုင်ဖို့ 
အတွက်။ မိမိတို့ ရဲ့ လိုချင်တက်မက်မှုကို လေဘောလုံးထဲ့ပြီးပေါ့ပါးနိုင်ဖို့ အတွက်။
အထဲမှာကွဲရှနိုင်တဲ့အရာတွေပါတယ်ဆိုတာသိရှိနိုင်အောင် ဘူးခွံမှာ 'သတိနှင့်ကိုင်တွယ်ပါ'
စာတန်းကိုအသုံးပြုထားတယ်။ မှုန်ဝါးထွေပြား နောက်ဆုံးပျောက်ကွယ်ဆီမှာပဲဘ၀အတွက်
ဒီတစ်ခုမဟုတ်ရင် အခြားတစ်ခုရွေးချယ်မှုပုံစံဟာ လူကြိုက်များတယ်။ထူးခြားချွင်းချက်ဖြစ်တဲ့
ခေတ်ရဲ့ အော်သံကိုနှလုံးသားတွေတဆတ်ဆတ်ခုန်စေပြီး သင့်ရဲ့ ထုတ်ကုန်အမှတ်တံဆိပ်ဟာ
သင့်အမည်၊သင့်သွေးသားခန္ဓာအဖြစ်၊မှန်အိမ်ထဲမှစားသုံးလိုသော ရုပ်ဝထ္တုအဖြစ်၊ဒါမှမဟုတ်
ဒီ့ထက်ပိုတယ်။နောက်ဆုံးစားသုံးသူဝါဒရေကူးကန်ထဲ ဒိုင်ဗင်ထိုးချနိုင်ဖို့ အတွက် ကုတ်ခြစ်
ရုန်းကန်ရင်းးခန္ဓာကိုယ်မှာ မော်တော်ယာဉ်အချက်ပြမီးလိုဟာမျိုးတွေတပ်ဆင်ပြီးအချက်ပြ။
သံဗူးဖောက်ကိရိယာတွေနဲ့ သင့်လုပ်အားရင်းမြစ်ကို ဖွင့်မဖောက်ခင် သတိနှင့်ကိုင်တွယ်ပါ
စာတန်းကို မျက်စိလျင်လျင်နဲ့ ပြန်ကြည့်ကြ။ဘားကုဒ်ဖတ်စက်နဲ့ ဖတ်လိုက်တော့သင့်ကုန်ထုတ်
တန်ဖိုးဟာ ခြစ်ခြစ်တောက်ပူတဲ့ စက်တွေ တရားမမျှတတဲ့လုပ်အားခ။လုပ် အား အား အား ခ
လို့ မြည်တယ်။လူ့ အဖွဲ့ အစည်းရဲ့ ဆာလောင်မှုမြောက်များစွာအတွက် ဘယ်လိုဆိုပိုပြီးသင့်တော်
မလဲဆိုတဲ့အဖြေကမသေချာသေးဘူး။ ဘားကုဒ်မျဉ်းကြောင်းတွေကတွက်ချက်ပေးမယ့်
သင့်တန်ဖိုးကို သင်လက်ခံနိုင်ဖို့ ဒါဟာအိပ်မက်မဟုတ်ဘူး။ တကယ်ပဲ။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...