Thursday, August 9, 2012

မြသန်းတင့်



ပခုက္ကူခရိုင်၊ မြိုင်မြို့၌ အဖ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့က ၁၉၂၉-ခု၊ မေလ ၂၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားသည်။ မွေးချင်း ၇ယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးမြသန်းဖြစ်သည်။ မြိုင်မြို့ တိုင်းရင်း မြန်မာအထက်တန်းကျောင်းတွင် စတုတ္ထတန်းအောင်မြင်ပြီးနောက် ပခုက္ကူမြို့ မြန်မာ-အင်္ဂလိပ် ဗုဒ္ဓဘာသာ အထက် တန်းကျောင်းသို့ ပြောင်းရွှေ့ရာ ပထမတန်းမှပြန်၍ ပညာသင်ခဲ့။
၁၉၄၁ - ပဉ္စမတန်းရောက်ခဲ့။
၁၉၄၂ 
- ဂျပန်ခေတ်တွင် ကျောင်းပြန်တက်ခဲ့။ 'ကျောင်းလက်ရေးမဂ္ဂဇင်း'ကို ဦးစီးထုတ်လုပ်ခဲ့။ (ထိုစဉ်က ၁၃ နှစ်အရွယ်မျှသာ)။ ဇိနတ္ထပကာသနီ၊ ငါးရာ့ ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဟိတောပဒေသ၊ ကိုးခန်းပျို့၊ မဃဒေ၀လင်္ကာသစ်နှင့် နတ်သျှင်နောင်ရတုများ၊ မြန်မာဂန္ထ၀င်စာပေများဖတ်ခဲ့။ တစ်ဖက်တွင် ခေတ်ပေါ်စာပေများဖြစ်သော သက်စောင့်မဂ္ဂဇင်း၊ ဘားမားဂျာနယ်၊ ဆယ်သန်း၊ ဒဂုန်၊ စာဆိုတော်၊ ဂန္ထလောကနှင့် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းများကို လေ့လာခဲ့။ အထူးသဖြင့် ကာလပေါ်ဝတ္ထုများနှင့် နဂါးနီစာအုပ်များကို ဖတ်ရှုခဲ့။ စာပေနှင့် နိုင်ငံရေး ကို စတင်စိတ်ဝင်စားလာခဲ့။
၁၉၄၃ - အာရှလူငယ်များအဖွဲ့၌ တက်တက်ကြွကြွ ပါဝင်ခဲ့။
၁၉၄၄ - ဂျပန်တော်လှန်ရေး၊ မြေအောက်ကလပ်စီးများနှင့် ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေးကြီးတွင် ပါဝင် ခဲ့။ မန္တလေးနှင့်မြင်းခြံခရိုင် လျှို့ဝှက်မြေအောက်လုပ်ငန်းများတွင် တာဝန်ယူခဲ့။
၁၉၄၅ - ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး၊ သခင်မော်တင်နှင့် မြိုင်မြို့ဘုန်းတော်ကြီး ဦးစရိယ(မြိုင် ဖ.ဆ.ပ.လအမတ်ဟောင်းဦးသက်ရှည်)တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားခဲ့။ (မြေအောက်လှုပ်ရှားမှု)
၁၉၄၅ - ၄၇ - ဒု-ကမ္ဘာစစ်အပြီး မြင်းခြံခရိုင်တွင် တာဝန်ကျခဲ့။ မန္တလေးခရိုင်၊ အထက်မြန်မာပြည် ဖ.ဆ.ပ.လ အဖွဲ့ချုပ် မန္တလေးခရိုင်ကွန်မြူနစ်ပါတီတို့တွင် အချိန်ပြည့်တာဝန်ထမ်းဆောင်။ မြင်းခြံခရိုင်၊ ကွန်မြူနစ်ပါတီကို စတင်တည်ထောင်၍ ခရိုင်ကော်မတီဝင်အဖြစ်ဆောင်ရွက်ခဲ့။ အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့တွင် အလုပ်အမှုဆောင်။ ''ဖြူးလယ်သမား ကွန်ဂရက်ကြီး''သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်။ သီးစားခမပေးရေး တိုက်ပွဲဝင်။ အင်္ဂလိပ်အစိုးရ၏ ရုံးမင်းတစ်ထိုင် ပြစ်ဒဏ်ကျခံခဲ့။
၁၉၄၇ - မကျန်းမမာသဖြင့် တာဝန်မှအနားယူကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေ။ ပခုက္ကူခရိုင်၊ ကျောင်းသားများ သမဂ္ဂဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့။
၁၉၄၈ - ရန်ကုန်တက္ကသိုလ်သို့တက်ရောက်ခဲ့။ မာ့က်စ်ဝါဒလေ့လာရေးအဖွဲ့တွင်ပါဝင်ခဲ့။ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း အင်္ဂလိပ်စာစာတည်းအဖြစ်ဆောင်ရွက်။ တက္ကသိုလ်တွင် ၄ နှစ်နေခဲ့သော်လည်း မည်သည့်စာမေး ပွဲ မှမဖြေဖြစ်ခဲ့။
၁၉၄၉ - ပထမဆုံးရေးသည့်'ဒုက္ခသည်'၀တ္ထုတိုကို (တာရာ မဂ္ဂဇင်း) အတွဲ ၃၊ အမှတ် ၂၁ တွင်ပုံနှိပ်ဖော်ပြခံရ။
၁၉၅၀ - စာပေသည် ပြည်သူ့အတွက်ဟူသော ကြွေးကြော်သံဖြင့် ''စာပေသစ်မဂ္ဂဇင်းကို ကိုသန်းတင်၊ ဒဂုန် တာရာ၊ မောင်ကြည်လင်၊ အောင်လင်းတို့နှင့်အတူ ဦးဆောင်ထုတ်ဝေခဲ့။
၁၉၅၁ - ပထမဦးဆုံးဘာသာပြန်လက်ရာအဖြစ် ဂေါ်ကီ၏ ''မာလ်ဗာနှင့်အခြားဝတ္ထုတိုများ'' ကိုရေးသားပြီး ကျော်လင်းစာပေမှ ဖြန့်ချီ။
၁၉၅၂ - ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင် အဖြစ်ဆောင်ရွက်ခဲ့။ စာရေးဆရာအသင်းထုတ် 'စာပေမဂ္ဂဇင်း'တွင် တာဝန်ခံအယ်ဒီတာ။ ''ပြည်တော်သစ်ဂျာနယ်'' တွင် အယ်ဒီတာချုပ်။ ''တိုးတက်ရေးသတင်းစာ''တွင် နိုင်ငံခြားရေးအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့။ ဒုတိယမြောက် ဘာသာပြန်အဖြစ် ဂေါ်ကီ၏အတ္ထုပ္ပတ္တိ ''မက္ကဇင်ဂေါ်ကီ''စာအုပ်၊ ဗန်းမော်စာအုပ်တိုက်မှ ထွက်ရှိ။
၁၉၅၃ - ပထမဦးဆုံး ပင်ကိုယ်ရေးလုံးချင်းဝတ္ထု ''မေတ္တာအသင်္ချေ'' ထွက်ရှိ။
၁၉၅၄ - ရန်ကုန်တက္ကသိုလ်စာမေးပွဲကို ဆက်တိုက်ဖြေဆို အောင်မြင်ခဲ့။ အင်္ဂလိပ်စာပေ၊ ဒဿနိက၊ နိုင်ငံရေး သိပ္ပံပညာတို့ဖြင့် ၀ိဇ္ဇာဘွဲ့ရယူခဲ့။
၁၉၅၅ - သခင်ကိုယ်တော်မှိုင်းဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေးဗဟိုကော်မတီတွင် အတွင်းရေးမှူးတစ်ဦး အဖြစ် ဆောင်ရွက်ခဲ့။
၁၉၅၆ - ဥပဒေဘွဲ့ကို ''နိုင်ငံတကာဥပဒေဘာသာ ဂုဏ်ထူး''၊ ''ပြစ်မှုဆိုင်ရာဥပဒေဂုဏ်ထူး''ဖြင့်ရရှိခဲ့။
၁၉၅၇ - ''ပြည်သူ့တိုးတက်ရေးပါတီ'' ပေါလစ်ဗျူရိုလူကြီး။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)အတွင်း ရေးမှူးချုပ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ဗျူရိုအဖွဲ့ဝင်လူကြီးဖြစ်ခဲ့။
၁၉၅၈ - ရှမ်းပြည်နောက်ခံ၊ ''ပဒေသရာဇ်ဆန့်ကျင်ရေးဝတ္ထု''၊ ''လိုက်ခဲ့တော့မြနန္ဒာ''ကို မြ၀တီမဂ္ဂဇင်းတွင် ရေးသားခဲ့။ အထိန်းသိမ်းခံဘ၀၊ ကိုကိုးကျွန်းသို့ရောက်ခဲ့ရ
၁၉၆၀ - ''စာရေးဆရာကလပ်'' အမှုဆောင်။ ''အမှောင်ရိပ်ဝယ်'' ၀တ္ထုရေးခဲ့။ ဗိုလ်တထောင်သတင်းစာတွင် နေ့စဉ်အခန်းဆက်အဖြစ် 'နွံထဲကကြာ' (နှစ်နှစ်နီးပါး) သိန်းဖေမြင့်နှင့်ပူးတွဲရေးခဲ့။ ထိုစာအုပ်မှစ၍ 'မြသန်း' ကလောင်အမည်မှ 'မြသန်းတင့်' သို့ပြောင်း။
၁၉၆၁ - အထိန်းသိမ်းခံဘ၀မှလွတ်မြောက်ခဲ့။ ယင်းနှစ်မှာပင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကျင်းပသော 'ငြိမ်းချမ်းရေးကောင်စီ' အစည်းအဝေးသို့ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ (မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ် တက် ရောက်ခဲ့။ ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ငြိမ်းချမ်းရေးကော်မတီများ၏ ဖိတ် ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခဦးအောင်လှတို့နှင့်အတူ သွားရောက်ခဲ့။
၁၉၆၂ - ''စာရေးဆရာသမဂ္ဂ''တွင် အမှုဆောင်ဖြစ်ခဲ့။
၁၉၆၃ - ''ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဝင်'' နှင့် ပြည်သူ့ကော်မတီဝင်''တစ်ဦးအဖြစ် တာဝန်ယူခဲ့။ ပြည်တွင်းငြိမ်း ချမ်းရေး တွေ့ဆုံဆွေးနွေးပွဲပျက်သောအခါ အထိန်းသိမ်းခံခဲ့ရ။ ဒုတိယအကြိမ် ကိုကိုးကျွန်းရောက်ခဲ့ရ။
၁၉၇၂ - အထိန်းသိမ်းခံဘ၀မှလွတ်မြောက်ခဲ့။ တော်စတွိုင်း၏ ''စစ်နှင့်ငြိမ်းချမ်းရေး'' ၀တ္ထုဘာသာပြန် ၁၂-တွဲဖြင့် ၁၉၇၂-ခုနှစ်အတွက် အမျိုးသားစာပေ-ဘာသာပြန်ဆု (ကျပ် ၃၀၀၀)ရရှိခဲ့။ စန္ဒာမဂ္ဂဇင်းတွင် 'အယ်ဒီတာချုပ်' အဖြစ် ဆောင်ရွက်ခဲ့။
၁၉၇၃ - ''ဓားတောင်ကိုကျော်၍ မီးပင်လယ်ဖြတ်မည်'' ၀တ္ထုရှည်ရေးသားထွက်ရှိခဲ့။
၁၉၇၄ - ''နှစ်ဆယ်ရာစု ကမ္ဘာ့ဂန္ထ၀င်ဝတ္ထုတိုများ'' စာအုပ် ထွက်။
၁၉၇၅ - ''မြန်မာကျေးတောနေတို့၏ကဗျာများ'' စာအုပ် ထွက်။ 'မာယာဘုံ' ၀တ္ထု (ပထမပိုင်း) ထွက်။
၁၉၇၆ - 'မာယာဘုံ' ၀တ္ထု (ဒုတိယပိုင်း) ထွက်ရှိ။
၁၉၇၇ - 'မီးလောင်မြေ' စာအုပ်ထွက်။ 'မှော်ရုံတောမှာ မောလှပြီ' စာအုပ်ထွက်။
၁၉၇၈ - မာဂရက်မစ်ချယ်၏ 'လေရူးသုန်သုန်'၀တ္ထု ဘာသာပြန် ၂ တွဲထွက် (ယင်းစာအုပ်ဖြင့် ၁၉၇၈အမျိုးသာားပေ ဘာသာပြန်ဆု ကျပ် ၅၀၀၀ိ/- ရရှိ)
၁၉၈၀ - ''ငွေသောင်ယံဟွန်ဒါယဉ်ကျေးမှု'' စာအုပ်ထွက်။
၁၉၈၂ - 'ပါရီကျဆုံးခန်း ၃ တွဲထွက်။ ပြိုင်မြင်းငွေကြာပျောက်ဆုံးမှုနှင့် အခြားဝတ္ထုတိုများ'' ၂ တွဲထွက်ရှိ။
၁၉၈၃ - ''ရှားလော့ဟုမ်းပြန်လာပြီ' ဘာသာပြန်ထွက်။
၁၉၈၄ - ''ရှားလော့ဟုမ်း၏အမှုတွဲ'' ''ရှားလော့ဟုမ်း၏ စွန့်စားခန်း'' ''ရှားလော့ဟုမ်း၏နောက်ဆုံးဦးညွတ်ခြင်း'' စာအုပ်များ၊ ''ဘ၀တက္ကသိုလ်စာပေ'' မှ ထွက်ရှိ။
၁၉၈၅ - ''ရှားလော့ဟုမ်း၏သဲထိတ်ရင်ဖို'' ထွက်။
၁၉၈၆ - ''ရွှေပြည်တော် မျှော်တိုင်းဝေး'' (၈-တွဲ) ထွက်ရှိ။
၁၉၈၇ - ''ချစ်သောယွန်းခင်ခင် (၃-တွဲ)ထွက်။
၁၉၈၈ - ''ခန်းဆောင်နီအိပ်မက်'' (၉-တွဲ) ထွက်ရှိ။
၁၉၈၉ - ''ကြေးနီရောင်အချစ်နှင့်ဝတ္ထုတိုများ ၁ ထွက်ရှိ။
၁၉၉၀ - ''ခေတ်သစ်သမိုင်းဋီကာ'' စာအုပ်ထွက်။ နိုင်ငံတကာရသစာတမ်းငယ်များ ၁ ထွက်။ ဧကရာဇ်တို့ ဘဏ္ဍာတိုက်ထွက်။
၁၉၉၁ - ကြေးနီရောင်အချစ်နှင့်ဝတ္ထုတိုများ ၂ ထွက်။ ''တော်စတွိုင်း၏ဘ၀အမြင်'' စာအုပ်ထွက်။ ''နိုင်ငံ တကာခေတ်ပေါ်ကဗျာရှည်သုံးပုဒ်'' စာအုပ်ထွက်။ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ ၃ တွဲထွက်။
၁၉၉၂ - မိန်းမအလှဋီကာကျမ်း။ မြသန်းတင့် အင်တာဗျူး။ နိုင်ငံတကာခေတ်သစ် ဂန္ထ၀င်ဝတ္ထုတိုများ ၄ တွဲ။ 'တွိုင်ဘီနှင့်ငြင်းခုံခြင်း' စာအုပ်များထွက်။ 'သုခမြို့တော်' စာအုပ်ထွက်။
၁၉၉၃ - တဂိုးကဗျာ ဘာသာပြန် ကူးတို့၊ ချစ်သူ့လက် ဆောင်၊ ဂီတဉ္ဇလီ၊ တိမ်းရှောင်သူ၊ ဥယျာဉ်မှူး၊ သစ်သီးခူး၊ လေလွင့် ငှက်ငယ်များ၊ ပိုးစုန်းကြူး စာအုပ်များထွက်။ နှစ်ဆယ်ရာစု နိုင်ငံရပ်ခြားကဗျာများထွက်
၁၉၉၄ - 'နွေဦးတမန်' စာအုပ်ထွက်။ အမှောင်ရိပ်ဝယ်' စာအုပ်ထွက်
၁၉၉၅ - ''အချစ်မိုးကောင်းကင်'' (၉၅ - ခု၊ ဘာသာပြန်ဆုရ)။ မိန်းမတို့အကြောင်း (၁)။ 'ကမ္ဘာ့ရှုခင်း' အက်ဆေးဘာသာပြန်စာအုပ်များထွက်။
၁၉၉၇ - ''နိုင်ငံတကာရသစာတမ်းငယ်-၂ ထွက်။ မိန်းမတို့အကြောင်း-၂။ မော်တော်ကားတစ်စင်း၏ အတ္ထုပ္ပတ္တိ။ သမိုင်းစကား၊ ပန်းစကား (၁-၂)။ သမိုင်းထဲကမန္တလေး စာအုပ်များထွက်။
၁၉၉၈ - လူလေးသို့ပေးစာ။ ရေပွက်ပမာ။ မိန်းမတို့ အကြောင်း(၃)၊ မရဏအိပ်မက်တစ်ခု၏ မှတ်တမ်းစာအုပ် များထွက်။
၁၉၉၈-ခု၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ ည ၉း၁၅ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ကွယ်လွန်ခဲ့သည်။
ကလောင်အမည်ခွဲများ
မြသန်း၊ မောင်သစ်တည်၊ စောယွမ်း၊ ထက်အောင်၊ မေမေလှိုင်၊ မင်းနန္ဒာ၊ ရဲအောင်ဇေ၊ အုတ်လှငယ်၊ ဇောတိကစသည်ဖြင့် ဖြစ်သည်။ မြသန်းတင့်သည် ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုတိုရှည်၊ ဘာသာပြန်၊ ခရီးသွား စာပေ၊ ပြဇာတ်၊ ရသစာတမ်း၊ သမိုင်းဆိုင်ရာ၊ နိုင်ငံရေးစာပေ၊ ကမ္ဘာ့စာပေရေးရာစသည်ဖြင့် အမျိုးအစားစုံ ရေးသားခဲ့သည်။ ထင်ရှားသည့်စာအုပ်အချို့မှာ
ဘာသာပြန်
၁။ စစ်နှင့်ငြိမ်းချမ်းရေး (စာပေဆုရ) ၁၂-တွဲ၊ ၂။ လေရူးသုန်သုန် (စာပေဆုရ) ၂-တွဲ၊ ၃။ ခန်းဆောင်နီ အိပ်မက် (စာပေဆုရ) ၉-တွဲ၊ ၄။ သုခမြို့တော် (စာပေဆုရ)၊ ၅။ အချစ်မိုးကောင်းကင် (စာပေဆုရ)၊ ၆။ ပါရီကျဆုံး ခန်း ၃-တွဲ၊ ၇။ ရွှေပြည်တော် မျှော်တိုင်းဝေး ၈-တွဲ၊ ၈။ မှော်ရုံတောမှာ မောလှပြီ (ဂေါ်ဂင်၏အထုပ္ပတ္တိဝတ္ထု)၊ ၉။ လူများ၊ သက္ကရာဇ်များ၊ ၁၀။ လေလွင့်သူ၊ ၁၁။ ရေပွက်ပမာ၊ ၁၂။ နှစ်ဆယ်ရာစုဂန္ထင်ဝတ္ထုတိုများ၊ ၁၃။ ရသ စာတမ်း ၃-တွဲ၊ ၁၄။ ဧကရာဇ်တို့၏ဘဏ္ဍာတိုက်၊ ၁၅။ တွိုင်ဘီနှင့်ငြင်းခုံခြင်း၊ ၁၆။ တော်စတွိုင်၏ဘ၀အမြင်၊ ၁၇။ ဘ၀တက္ကသိုလ်၊
ပင်ကိုယ်ရေးအနေဖြင့် ၁။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ဖြတ်မည်၊ ၂။ မေတ္တာအသင်္ချေ၊ ၃။ လိုက်ခဲ့တော့ြ့မနန္ဒာ၊ ၄။ ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ၊ ၅။ ထားကျွန်မလင်၊ ၆။ မာယာဘုံ (၂-တွဲ)၊ ၇။ ခေတ်ပြိုင် ရုပ်ပုံလွှာများ၊ ၈။ ၀တ္ထုတို များ၊ ၉။ နွံထဲကကြာ (သိန်းဖေမြင့်နှင့်)၊
သမိုင်းရေးရာအနေဖြင့် ၁။ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ (၂-တွဲ)၊ ၂။ သမိုင်းထဲက မန္တလေး မန္တလေးထဲက သမိုင်း၊
ကဗျာ(ဘာသာပြန်)အနေဖြင့် ၁။ ဇီမာလမ်းဆုံနှင့် ခေတ်ပေါ်ကဗျာ ၃-ပုဒ်၊ ၂။ နိုင်ငံရပ်ခြားကဗျာများ၊ ၃။ တဂိုး ကဗျာ ဘာသာပြန်များ၊
ကဗျာရေးရာအနေဖြင့် ၁။ မြန်မာကျေးတောနေ့တို့၏ကဗျာများ၊
ခရီးသွားစာပေအနေဖြင့် ၁။ ငွေသောင်ယံ၊ မေရီပိုဗေး၊ ဟွန်ဒါယဉ်ကျေးမှု၊ ၂။ ပုံတောင်ပုံညာသွား တောလား၊ ၃။ မြောက်ဘက်တောင် ကုန်းဒေသမှအပြန်၊
အတ္ထုပတ္တိအနေဖြင့် ၁။ မက္ကဇင်ဂေါ်ကီ၊ ၂။ ဒီရေမြင့်သစ် (သို့မဟုတ်) မော်စီတုန်းနှင့် တရုတ်တော်လှန်ရေး၊
နိုင်ငံရေးအနေဖြင့် ၁။ မာ့က်စ်ဝါဒတွေးခေါ်မျှော်မြင်ရေး၊ ၂။ မာ့က်စ်ဝါဒ ရေသောက်မြစ်သုံးသွယ်၊ ၃။ အနု ပဋိလောမ၊ ၄။ သမိုင်းဆိုင်ရာရုပ်ဝါဒ၊
စာပေရေးရာအနေဖြင့် ၁။ လမင်းကို ထရံပေါက်မှ ခြောင်းကြည့်ခြင်း၊ ၂။ ပီကာဆို၏ ပဉ္စလက်မီးအိမ်၊ ၃။ ကြာညိုနံ့သင်းသော ရေ၀တီ မ၊ ၄။ စာရေးခြင်းအတတ်ပညာတို့ ဖြစ်ကြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...