အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၅)
by ငြိမ်းအေးအိမ် on Sunday, August 5, 2012 at 3:10am ·
1937 ခုနှစ်က “ခွဲရေး-တွဲရေး” နိုင်ငံရေးမူဝါဒအပြောင်းအလဲသည် စစ်တကောင်းသားများ ရခိုင်သို့ အမြောက် အများ ၀င်ရောက်လာစေခဲ့သော အကြောင်းအချက်တစ်ရပ်ဖြစ်ခဲ့သည်.။
အိန္ဒိယခေါင်းဆောင် “ဆာကာ” နှင့် မြန်မာ ခေါင်းဆောင် “ဦးစော”တို့ ကြိုတင်ချုပ်ဆိုသော လူဝင်လူထွက်စာချုပ်တွင် စာချုပ်ချုပ်ဆိုသည့်နေ့ရက်ကစ၍ သုံးနှစ် အတွင်း လူဝင်လူထွက်ဥပဒေများအရ လိုက်နာဆောင်ရွက်ခြင်းမပြုရန်ပါခဲ့သည်။ ထိုသုံးနှစ်အတွင်း နယ်စပ်သည် တံခါးမရှိ သည့်ပုံပေါ်သည်။
မြန်မာတို့က ခွဲထွက်ရေးကို ဇောင်းပေး ဆွေးနွေးလိုက်သည်နှင့် စစ်တကောင်းကုလားများသည် နောင်တွင် ရေမြေကောင်းပြီး စိုက်ပျိုးစားသောက်ရန် လယ်ယာမြေများပြားလှသော ရခိုင်မြေတွင် ခြေချနေထိုင်ရန် အခွင့်အရေး မရတော့မည်ကိုစိုးရိမ်ကာ အလုံးအရင်းဖြင့် ၀င်ရောက်လာကြရာ ဘူးသီးတောင်၊ မောင်တော လမ်းမများသည် ၀င်လာ သော ကုလားများနှင့် မြင်မကောင်းအောင်ပြည့်နှက်နေတော့သည်ဟုဆိုသည်။
“ဦးစော-ဆာကာ”စာချုပ်ကို အကာအကွယ်ယူကာ အမြဲတမ်းနေထိုင်ရန်ရည်ရွယ်ချက်ဖြင့် သုံးနှစ်အတွင်း ကုလားအများ အပြားဝင်ရောက်လာရာ နဂိုရှိရင်းရွာများထက် နှစ်ဆသုံးဆ ပိုများပြားလာသည့်အပြင် အိမ်ခြေနည်းပါးသော ရခိုင်ရွာများတွင်ပင် ၀င်ရောက်နေထိုင်ကြသည်ကို တွေ့ရသည်ဟု “ဘုံပေါက်သာကျော်”၏ 1989ခုနှစ်ရေး စာတမ်း တစ်စောင်တွင် ဖေါ်ပြထားသည်။ လူအင်အားဖြင့်ဖိဝင်လာသော စစ်တကောင်းသားများကြောင့် ဒေသခံရခိုင်တိုင်းရင်းသား တို့ နေရာဖယ် ပေးခဲ့ရသော မြင်ကွင်းကိုထင်ဟတ်ပြနေသည်။
1942 တွင် မောင်တောမြို့ပေါ်လူဦးရေ (15000)ကျော်နှင့် ပတ်ဝန်းကျင်ရွာပေါင်း(144)ရွာထိရှိခဲ့ပြီး ဘင်္ဂလီနှင့် ရခိုင်အချိုးသည်(2:1)ရှိခဲ့ကာ ယခုအခါ (90:10) ခန့်ရှိနေပြီဖြစ်သည်။ တပ်မတော်အရာရှိကြီးတစ်ဦး၏ 1983ခုနှစ်ထုတ် တင်ပြချက်စာတမ်းတစ်စောင်၏စာပိုဒ် (၃၈)တွင်
“ယနေ့ကာလတွင် ဘူးသီးတောင်၌ မွတ်ဆလင်ဘင်္ဂါလီ 95ရာခိုင်နှုန်းနှင့် မောင်တောတွင် 97 ရာခိုင်နှုန်း၊ ရသေ့တောင်တွင် 80 ရာခိုင်နှုန်းအသီးသီးရှိနေကြပြီးဖြစ်လျှက်၊ ရခိုင်ပြည် နယ်မြို့တော် စစ်တွေမြို့တွင်ပင် 55 ရာခိုင်နှုန်း မက တိုးတက်များပြားလာသည့်အပြင် မာန်အောင်ကျွန်းမှလွဲ၍ ရခိုင်ပြည် နယ်အနှံ့အပြားတို့တွင် ဘင်္ဂါလီကုလားများ မလွတ်တန်း ပြန့်နှံ့စွာဝင်ရောက်နေထိုင်ကြလျှက်ရှိသည်” ဟု ဖေါ်ပြပါရှိခဲ့၏။
၁၉၈၃ခုနှစ်က ရှိခဲ့သော လူဦးရေအချိုးအစား အခြေအနေဖြစ်သည်။
(၁၄ရာစုနှစ်တွင် “ကိုဆိုဗို”၌ ဆာတ့် ဦးရေ ၉၆.၆% ရှိပြီး အယ်ဘေးနီးယားက ၃% ရှိကာ ၁၉၉၁ အရောက်တွင် အယ်ဘေးနီးယား ၈၁.၆% နှင့် ဆာ့တ် ၉% သာ ကျန်သည်အထိ လူဦးရေအချိုးအစားပြောင်းပြန်ဖြစ်သွားသော အဖြစ်မျိုး ကို သတိမူဖို့လိုပါမည်။)
2009ခုနှစ် စာရင်းအရ
မောင်တော - 459,360
ဘူးသီးတောင်- 304,288
စစ်တွေ - 288,216
ကျောက်တော်- 253,576
မြောက်ဦး - 237,778
ရသေ့တောင် - 176,638
ပေါက်တော - 170,818
ရှိသည်ကို တွေ့ရပြီး၊ ရခိုင်မြောက်ပိုင်းသည် လူဦးရေအထူထပ်ဆုံးဖြစ်နေသည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော မောင်တော၊ ဘူးသီးတောင်တို့သည် လူဦးရေအများဆုံးဖြစ်သည်ကို တွေ့ရှိရသည်။ ရခိုင်လူဦးရေ၏ တစ်ဝက်ကျော်ခန့်သည် မြောက်ပိုင်းတွင်ရှိနေကြသည်။
1942 တွင် အင်္ဂလိပ်တို့မြန်မာ့မြေပေါ်မှဆုတ်ခွာချိန်တွင် အိန္ဒိယသား အမြောက်အများကို ရခိုင်သို့ခေါ်သွင်းလာ ပြီး၊ မြေယာများပေးခဲ့သည့်အတွက် ကုလားမြေပိုင်ရှင်အများအပြားပေါ်ထွန်းလာခဲ့ပြန်သည်။
(1942)ခုနှစ်အထိ၊ ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင်အိမ် (၁၇)အိမ်/လူဦးရေတစ်ရာကျော်သာရှိပြီး၊ (2009) ခုနှစ်တွင် မွတ်ဆလင်ဦးရေ နှစ်သိန်းရှစ်သောင်းကျော်ထိရှိလာခဲ့သည်။ ရခိုင်တိုင်းရင်းသားဦးရေမှာ ငါးသောင်းတစ်ထောင် ကျော်သာ ကျန်တော့သည်။ မောင်တောမြို့နှင့် (၆)မိုင်ကွာတွင် ရှိသော မင်္ဂလာကြီးချောင်းဝ နတ်မြစ်ကမ်းနဖူးတွင် တည်ရှိသည့် မင်္ဂလာကြီးရွာ၊ ၄င်းရွာကို ရခိုင်သားများက စတင်တည်ထောင်ခဲ့ပါသည်။ ယခုအခါ ယင်းရွာမှာ ဘင်္ဂလီလူမျိုး များသာ ဖြစ်ပြီး ရခိုင်လူမျိုးများမရှိတော့ပေ။ မောင်တောမြို့နှင့် ၂-မိုင်ခန့်ကွာဝေးသည့် ခရစ်သက္ကရာဇ် ၁၇၇၄-ခုနှစ်တွင် တည်ထောင်ပြီး ၁၈၄၈-ခုနှစ်ထိ မြို့သူုကြီးနေထိုင်ခဲ့သော “မြို့သူကြီး”ရွာမှာလည်း ရခိုင်လူမျိုးတစ်ယောက်မျှ မကျန်တော့ ပေ။ မောင်တောမြို့မြောက်ဘက် ၁၂-မိုင် ရှိ “ဦးရှဥ့်ကျံ” ကျေးရွာကို ၁၈၅၄-ခုနှစ်က တည်ထောင်ခဲ့ပြီး ယင်းကျေးရွာတွင် ရခိုင်လူမျိုးများနေထိုင် ခဲ့ကြပါသည်။ ယခုအခါ “ဦးရှဥ့်ကျံ” ကျေးရွာတွင် ရခိုင်လူမျိုး တဦးတယောက်မျှ မကျန်ရှိတော့ ကြောင်း သိရပါသည်။
(1939)ခုနှစ်တွင်၊ ကော်မရှင်နာမင်းကြီး “ဂျိမ်းအက်စ်တာ၊ ဥက္ကဌအဖြစ်ဦးဆောင်ပြီး၊ ဘင်္ဂေါနယ်မှ မွတ်ဆလင် များနှစ်စဉ်တိုးဝင်လာနေခြင်းကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတို့အတွက် နောင်ကာလတွင် အန္တရယ်ကြီး ဖြစ်လာနိုင်/ မလာနိုင်ကို “စုံစမ်းရေးကော်မရှင်” ဖွဲ့ကာ စုံစမ်းခဲ့ကြသည်။ ထိုကော်မရှင်က ယခုကဲ့သို့ စစ်တကောင်းမွတ်ဆလင်များ ရခိုင်သို့ အဆက်မပြတ်ဝင်လာနေခြင်းကို မတားဆီးနိုင်ခဲ့လျှင် နောင်အနာဂတ်တွင် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားမည် ကိုစိုးရိမ်ရကြောင်း သက်သေများအားလုံးက စစ်တကောင်းမွတ်ဆလင်များ ၀င်ရောက်လာနေမှုကို တားဆီးသင့်ကြောင်း အကြံပြုခဲ့ကြသည်။ 1939ခုနှစ်က စုံစမ်းရေးကော်မရှင်၏ စိုးရိမ်ပူပန်ခဲ့မှု၊ နမိတ်ဖတ်ခဲ့မှုများအတိုင်း 1942တွင် ရခိုင်-ကုလား အဓိကရုဏ်းကြီးဖြစ်ပွားလာခဲ့တော့သည်။
ရခိုင်ပြည်နယ်တရားသူကြီးအဖွဲ့ဥက္ကဌ၊ ဦးထွန်းမြဦးကလည်း “ရခိုင်ပြည်နယ် အတွင်း နိုင်ငံခြားသား ဘင်္ဂါလီလူမျိုးများ ခိုးဝင်လွှမ်းမိုးမှု အန္တရာယ်မှ တားဆီးကာကွယ်ရေး”နှင့် ပတ်သက်သည့် တင်ပြချက် စာတမ်း တစ်စောင် ထုတ်ပြန်တင်ပြခဲ့ဖူးသည်။)
1956 တွင် ရခိုင်လူထု၏ထောက်ခံမှုကိုမရရှိခဲ့သူ “ဦးနု”သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအတွက် ဘူးသီးတောင်နယ်တွင် မဲဆန္ဒနယ် တစ်နယ် ပိုသတ်မှတ်ပေးပြီး၊ မွတ်ဆလင်များအား “ဖဆပလ”သို့သိမ်းသွင်းကာ အရွေးခံစေခဲ့ကြောင်း၊ ဘူးသီးတောင်၊ မောင်တောမှ မွတ်ဆလင်အမတ်များကို အရွေးခံခွင့်ပေးခဲ့ပြီး မဲအများအပြား ရရှိရန်အတွက် စစ်တကောင်းကုလားများကို ခေါ်သွင်းက မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သည်ဟု ဆရာဦးမြင့်သိန်း (ညွှန်ကြားရေးမှူး၊ သမိုင်းသုတေသနဦးစီးဌာန)၏ စာတမ်းတစ်စောင်တွင်၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု၏ တွေ့ဆုံ မေးမြန်းချက် OH/P/3056/2009 နှင့် OH/P/0359/2009 ကိုညွှန်းဆိုကိုးကားခဲ့သည်။
ထိုစာတမ်းတွင်ပင်-
ဦးနုသည် “ဖားဝပ်”ရွာကိုရောက်ရှိလာကြောင်း၊ မွတ်ဆလင်တွေ ဖဆပလ ကို မဲပေးလျှင် မှတ်ပုံတင်ထုတ်ပေးမည်၊ နေခွင့်ရမည်ဟု ပြောသွားကြောင်း၊ ၄င်း၏အတွေ့အကြုံကို ပြောပြခဲ့သည်။ မြောက်ဦးမြို့တွင် နေထိုင်ရသည့် “ရတည”တွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးကပြောကြားသည်မှာ ဦးနုသည် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်မတူဘဲ မွတ်ဆလင်များထံမှ မဲရရေးအတွက်နှုတ်မှ အလွယ်တကူ ကတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ “ရတည”ကိုလည်း ၄င်း၏ပါတီကို ထောက်ခံပါက၊ ရခိုင်ပြည်နယ်ကိုပေးမည်ဟု “ရတည”အမတ်များကို ၄င်း၏အိမ်သို့ခေါ်ကာ ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖဆပလ မဲအနိုင်ရရေးအတွက် ထိုအချိန်က ပြည်ထဲရေးဝန်ကြီး၊ဦးဧမောင်(ခ)အဒူလာဒစ်၏ ထောက်ခံမှုဖြင့် ဘင်္ဂါလီများကို ခေါ်သွင်းလာသည်။ ဘူးသီးတောင်တွင် “အဘူခိုင်”ဆိုသူက ဖဆပလ ဥက္ကဌ၊ လ၀က တို့နှင့်ပေါင်းကာ အိမ်ထောင်စုစာရင်းများပြုလုပ်ပြီးမှ တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီ များကို ခေါ်သွင်းလာရာ ရွာပေါင်းလေးဆယ်ကျော်သည် တမဟုတ်ချင်း ရောက်ရှိလာသည်။ ပြင်ပမှ လူပေါင်း များစွာကို ထိုကဲ့သို့ ခေါ်သွင်းလာခြင်းဖြင့် ဆပလ အနိုင်ရရေးဆောင်ရွက်ခြင်းသည် ဦးနု၏လုပ်ဆောင် ချက်ဖြစ်သည်။ ထိုအမှားသည် နောင်တွင် နိုင်ငံကို များစွာအထိနာစေသော အမှားတစ်ခုပင်ဖြစ်သည်။
ဟုဖေါ်ပြထားခဲ့သည်။
ဤသို့ဖြင့် ကုလားဦးရေအဆမတန်များလာခဲ့သည်။ ရခိုင်ဒေသခံများ တဖြည်းဖြည်းနေရာပျောက်လာ၊ နယ်ကျုံ့လာရသည်။ ကိုယ့်ရေကိုယ့်မြေမှ တဖြည်းဖြည်းဆုတ်ခွာပေးလာရသည်။ မြို့ဟောင်း(မြောက်ဦး)မြို့နယ် လွှတ်တော်အမတ် ဦးလှထွန်းဖြူက စစ်မဖြစ်မီက ဘူးသီးတောင်၊ မောင်တောဒေသတွင် ရခိုင်ရွာပေါင်း(၂၀၀)မှ (၃၀၀) ကြားရှိကြောင်း၊ ယခုအခါ(၁၀)ရွာလောက်သာ ကျန်တော့ကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည့်ဖြစ်ရပ်သည် ထိုကာလ ၏ အခြေအနေကို ထင်ဟတ်ပြနေသည်။
0 comments:
Post a Comment