တစ်ကြိမ်မှာတစ်ခု
ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ ကြုံခဲ့ရ သည့် အဖြစ်အပျက်တစ်ခုကိုပြောပြသည်။
နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာသူတစ်ယောက်တည်းလျှော က်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။ သည်လူကကမ်းခြေသောင်စပ်မှာ ကုန်း ကုန်းကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကော က်ကာ ပင်လယ်ရေထဲလွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွား လိုက်၊ တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက်လုပ်နေသည်။
ကျွန်တော့်မိတ်ဆွေ သူ့အနားေ၇ာက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနင့်ပါလာပြီး သဲသောင်ပြင် ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲပြန်ပစ်ထည့်ေ ပးနေခြင်းဖြစ်ကြောင်း သိလိုက် ရသည်။
သည်လူဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ။ ကျွန်တော့်မိတ်ဆွေ စဉ်းစားမရဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီးတည့်တည့်ပင် မေးကြည့်သည်။ “မသိလို့မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”
“ကြယ်ငါးတွေ သမုဒ္ဒ၇ာထဲ ပြန်ပို့ပေးနေတာလေ။ ခင်ဗျား မြင်တဲ့ အတိုင်းပဲ။ အခု ဒီေ၇ကျချိန် သောင်ပြင်ပေါ်မှာတင်ကျန်ခဲ့တဲ့ ကောင်တွေဟာရေတက်တဲ့ အချိန်ေ၇ာက်အောင် ဒီမှာအကြာကြီး စောင့်နေရမှာ။ ဒါပေမယ့် အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီးသေမှာပဲ”
“ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လည်းသဘောပေါက်ပါတယ်” ကျွန်တော်တို့ မိတ်ဆွေကဆိုသည်။ “ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီးရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေအားလုံး ခင်ဗျားဘယ် လိုလိုက်ကောက်မလဲ၊ တစ်ယောက်တည်းလည်းမနိုင်နိုင်ဘူး လေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်းတစ်လျှောက်လုံးဆိုရင် ခုလိုသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ။ သူ့သဘာဝနဲ့ သူဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြော င့် ဘာတွေ ထူးခြားပြောင်းလဲသွားနိုင်မလဲ”
ဒေသခံပုဂ္ဂိုလ်ကပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်တယ်။ ထို့နောက် “တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ” ဟုဆိုကာ ပင်လယ်ေ၇ထဲ လှမ်းပစ်ထည့်လိုက်လေသည်။
ဖေမြင့်
မူရင်း။ ။Jack Canfielfနှင့် Mark V. Hansen တို့၏် One At A Time
--
Be Happy,
Moe Moe.
0 comments:
Post a Comment