ပြည့်စုံသော အလုပ်ပေးတရားတော်...
by Kyaw San on Monday, August 13, 2012 at 6:38am ·
တရားအားထုတ်တယ်ဆိုတာ…
မျှမျှတတကလေးနေ ၊ သတိကလေးထားနေ ၊ ကိုယ်လေးကိုဖြောင့်ဖြောင့်ထား ၊ ခါးလေးတည့်တည့် ၊ ခေါင်းလေးတည့်တည့်ထား ပြီးတော့ ပေါ်တိုင်း ဖြစ်တိုင်းလေးကို သိနေ ၊ ဥာဏ်ကုသိုလ် ဖြစ်နေပါပြီ။
တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ ၊ အတင်းထိန်းထားတောင့်ထား မလုပ်ရဘူး ၊ လုပ်မရှုရ ၊ ချုပ်မရှုရ ၊ ပေါ်တိုင်း ဖြစ်တိုင်း လေးကို သူ့သဘာဝအတိုင်း အမှန်အတိုင်း သိနေတာ သမ္မာဒိဋ္ဌိ ပဲ ၊
ဖြစ်အောင်လည်း မလုပ်ရဘူး
ပျက်အောင်လည်း မလုပ်ရဘူး
ဖြစ်အောင်လုပ်ရင် လောဘ
ပျက်အောင်လုပ်ရင် ဒေါသ
ဖြစ်တိုင်း ဖြစ်တိုင်း သိနေရမယ် မသိရင် မောဟ
သတိထား သတိရှိနေရင် သီလသိက္ခာလည်း ပြည့်စုံသွားတယ် ၊ သမာဓိသိက္ခာလည်း ပြည့်စုံ သွားတယ် ၊ သတိက မဂ္ဂင်ထိုက်တဲ့ သတိဆိုတော့ အဲဒီ သတိကြောင့် စိတ်စင်ကြယ်မှုဖြစ်တယ်။ စိတ်ကြည်မှ အသိအမြင် စင်ကြယ်တယ်။
သီလ၀ိသုဒ္ဓိကို အခြေခံပြီး စိတ္တ၀ိသုဒ္ဓိဖြစ်ရင် စိတ်စင်ကြယ်တော့ ဥာဏဒဿန ၀ိသုဒ္ဓိတွေ အဆင့်ဆင့်ဖြစ်လာရင် ရုပ်နာမ်ပိုင်းခြားသိလာတယ်၊ အကြောင်းအကျိုးတွေ သိလာတယ်၊
သိစရာနဲ့သိတာ အရှုခံနဲ့ရှုစိတ် ဒီ နှစ်ခုကလွဲလို့ ဘာမျှ မရှိ သိစရာကြောင့် သိမှု ဖြစ်တာပဲ ၊ ဘယ်သူကမှ သိအောင် လုပ် နေတာ မဟုတ် ၊ ဘယ်သူကမှ မြင်အောင် ကြားအောင် နံအောင် စားအောင် လုပ်နေတာမရှိ
ပြုတတ်ကြံတတ် ပြောဆိုတတ် သိမှတ်ခံစားတတ်တယ်ဆိုရင် ဒါဟာ အတ္တအစွဲပဲ
သိစရာကြောင့် သိမှုဖြစ်နေတာပဲ ၊ အကြောင်းကြောင့် အကျိုးဖြစ်နေတာပဲ ၊ အကြောင်းနဲ့အကျိုးပဲ ၊ ရှင်းရှင်းလေးပဲ ၊ အစကတော့ တစ်ကိုယ်တည်း တစ်ယောက်တည်းလို့ စွဲလမ်းထားတာ ဒိဋ္ဌိအစွဲပဲ
ဖြစ်ခိုက် မရှု ရုပ်နာမ်စု စွဲမှုဝင်ရောက်သည်
မြဲတယ် ကောင်းတယ် ငါကောင်နှယ် တကယ်ထင်တတ်သည်.. ဆိုတာ အဲဒါပဲ အစွဲဒိဋ္ဌိပဲ
ဖြစ်ခိုက် မှတ်ရှု ရုပ်နာမ်စု စွဲမှုကင်းပျောက်သည်
မမြဲဆင်းရဲ ရုပ်နာမ်ပဲ ဥာဏ်ထဲရှင်းတော့သည်
ဒါဟာ အစွဲကင်းတဲ့ အသိပဲ
စွဲမှုကင်းပျောက် မဂ်လမ်းပျောက် ဆိုက်ရောက် နိဗ္ဗာန်ပြည်
နိဗ္ဗာန်ရောက်တဲ့အကျင့်ဟာ ဒီအကျင့်ပဲ
သိစရာလည်း အမြဲ ဖြစ်ပျက် သိပြီးတာနဲ့ မရှိတော့ဘူး သိတာလည်း အမြဲ ဖြစ်ပျက် သိစရာရော သိတာရော ပေါ်တာလေးရော သိတာလေးရော တစ်တွဲတစ်တွဲ ဖြစ်ပျက် နေတယ်၊
ဖြစ်ပြီး ပျက်နေတဲ့ ဖြစ်လိုက် ပျက်လိုက်နဲ့ နှိပ်စက်နေတဲ့ အတွက် မကောင်းတာတွေဘဲ အသုံးမကျတာတွေဘဲလို့ သိလာတယ်၊
ဤ ကိုယ်ကာယ တစ်လံမျှ၌ နှစ်ဝနာမ်ရုပ် ဖြစ်၍ချုပ်၏၊ နာမ်ရုပ်နှစ်ပါး အလွတ်ထား၍ ဤကားလိပ်ပြာ ဤကား ငါတည်း…၊။
ဘယ်မှာလဲ ငါ ၊ သိစရာ ရုပ်တရား ၊ သိမှုကလည်း နာမ်တရား ၊ အဲဒီ ရုပ်တရားလေးကို အမှီပြုပြီး ဖြစ်လာတဲ့ သိမှုပဲ ငါဆိုတာ မရှိ ငါက သိတာမဟုတ်၊
အဲလို ဖြစ်တိုင်း ဖြစ်တိုင်း အမှန်အတိုင်းသိရင် စွဲမှုတွေ ကင်းပျောက်သွားတယ် ၊ စွဲမှုတွေ ကင်းပျောက်သွားရင် အမှန်သိမှု မဂ်လမ်း ပေါက်သွားမယ်၊
ဘုရားက ဒီတရားကို ခက်ခက်ခဲခဲကြီး မဟောဘူး ။ လူတွေ မသိနိုင်တာကို ဘုရားမဟောပါဘူး ၊ လူတွေ သိနိုင်တာကိုပဲ ဟောခဲ့တာ ၊ စားရင်းသောက်ရင်း နိဗ္ဗာန် ရောက်အောင် ဟောခဲ့ပြောခဲ့တာ ဘုရားပဲရှိတယ်။
စားတတ်ရင် နိဗ္ဗာန် မစားတတ်ရင် အပါယ်ငရဲ ၊ လောဘနဲ့စားရင် ပြိတ္တာ စား ၊ ဒေါသနဲ့စားရင် ငရဲစား၊ မောဟနဲံစားရင်တိရစ္ဆာန်စားတဲ့
ဒါကြောင့် သတိနဲ့စားဖို့ လိုရင်းပဲ ၊ သတိထားနေဖို့ပဲ အရေးကြီးတယ် ၊ လုပ်တာကတော့ ဘာအလုပ်ပဲဖြစ်ဖြစ်ပေါ့ ၊ အမှုမဲ့ အမှတ်မဲ့ မဖြစ်စေနဲ့ အမှတ်မဲ့ ရင် မောဟ ပဲ အမှတ်မဲ့ရင် အလကားနေရင်းနဲ့ မစားရ မသောက်ရဘဲနဲ့ အမှုရောက်နေတယ်၊
အမှတ်မဲ့ရင် အမှုရောက်ပြီးသားပဲ၊ လောဘအမှုရောက်ရင် ပြိတ္တာဖြစ်မယ်၊ ဒေါသအမှုရောက်ရင် ငရဲ၊ မောဟအမှုရောက်ရင် တိရစ္ဆာန်
သတိထားနီုင်မှ ဒီ သုံးခုက လွတ်တယ် သတိထားနိုင်မှ ဖြစ်မယ် …ဟု ရွှေဥမင်ဆရာတော်ဘုရားကြီးသည် ဆုံးမတော်မူပါသည်။
Unlike · · Unfollow Post · Share
- You, Mg Maung, Kyaw San and 23 others like this.
- 18 shares
- Soe Paing သိခွင့်၇တာကျေးဇူးပါ16 hours ago · Like · 2
- Phyu Chay ငါ့အစ်မ တရားအားထုတ်နေပြီလား13 hours ago · Like · 2
- Mar Lar ကျေးဇူးပါသူငယ်ချင်းရေ..သာသနာတော်ကိုပံ့ပိုးနီုင်သောအမျိုးကောင်းသားဖြစ်ပါစေ...10 hours ago · Like · 1
- Kyaw Zin Kyaw ကျေးဇူးတင်ပါတယ်။shareခွင့်ပြုပါ။6 hours ago · Like · 1
- Yekyaw Min ရှယ်ခွင့်ပြုပါခင်ဗျ...ကျေးဇူးပါခင်ဗျ.........:)5 hours ago · Like · 1
- Moe Kha Naing သာဓုပါဗျာ ခုလိုမျှဝေပေးလို့ ကိုရဲကျော်မင်းရေ :)4 hours ago via mobile · Like · 2
- Thein Soenaing အရာရာမှာသတိထားပြီးအသိရှိရမယ်about an hour ago · Like
- Khin Tin ၀ိပဿနာတရားတော် အနှစ်ချုပ်လို့ ပြောနိုင်တယ်..အထပ်ထပ်ဖတ်ပြီး တရားစထိုင်လို့ ရပြီလေ...ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးကြီးမားပါပေတယ်...မောင်ကျော်ဆန်းကိုလည်း ကျေးဇူးတင်ပါတယ်။a few seconds ago · Like
0 comments:
Post a Comment