Friday, August 24, 2012

စပ်စုမိသမျှ ....


သမ္မတ ဦးသိန်းစိန် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီ နှင့် တွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၁
                           နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ဇွန်လ ၁၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ ( National Economic and Social Advisory Council - NESAC ) နှင့်   နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့  သြဂုတ်လ (၂၁) ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့  နယ် စက်မှုလယ်ယာစနစ် တောင်သူပညာပေးဧက(၅၀၀)စိုက်ခင်းရှိ အစည်း
အဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။

                          ယင်းသို့ တွေ့ဆုံ ဆွေးနွေးရာ၌ လယ်ယာကဏ္ဍတွင် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် တောင်သူလယ်သမားများ၏ လူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲမည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနများ၏  ဝန်ထမ်းရေးရာ
ဆိုင်ရာ အထောက် အကူပြု လုပ်ငန်းစဉ်များနှင့်  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ကြကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရှိရသည်။
Tha Voice Weekly
=======================================

စိနနှင့် မဇ္ဈိမတို့ဆုံရာ အနာဂတ်နဂါးမြို့ တော် ရှေ့ပြေးမြို့  ပြစီမံကိန်း

                        စိနနှင့် မဇ္ဈိမတို့ ဆုံရာ အနာဂတ်နဂါးမြို့တော်ရှေ့ပြေးမြို့ပြစီမံကိန်း မန္တလေးမြို့တော်သည် ကမ္ဘာ့လူဦးရေ အများဆုံးနှင့် စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ ကြားဆုံရာ တံခါးဝ ၀င်ပေါက်မြို့တော်ဖြစ်ပြီး အခြားအရှေ့တောင်အာရှနိုင်ငံအချို့နှင့် လည်း ချိတ်ဆက်လျက်ရှိခြင်းကြောင့်  ပြည်တွင်းနေတိုင်းရင်းသားများသာမက ပြည်ပနိုင်ငံမှ ရင်းနှီးမြှုပ်နှံ
လိုသည့် စီးပွားရေးလုပ်ငန်းရှင်များပါမျက်စိကျအကြိုက်တွေ့လျက်ရှိသောမြို့တော်လည်းဖြစ်ကြောင်း ထွန်းသစ္စာအိမ်၊ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
                         မြေငလျင်ကြောကြီးပေါ်တွင်တည်ရှိပြီးဒေသခံမြို့နေလူထု၏ နေထိုင်မှုစရိတ်၊အကြိုက်တို့ကြောင့်မန္တလေးမြို့တော်သည် အထပ်မြင့်အဆောက်အအုံများ တိုးမြှင့်ဆောက်လုပ်၍ လူနေထူထပ်လာမှု ပြဿနာများကို ဖြေရှင်းရန် ခက်သည့်အတွက် မြို့သစ် စီမံကိန်း
များ ဖော်ဆောင်ကာ မြို့ပြ၏ အိုးအိမ် လိုအပ်ချက်ကို ဖြေရှင်းရန် ကြံဆ လျက်ရှိလာကြသည်ဟု မြို့ခံ လူထုထံမှ စုံစမ်းသိရှိရသည်။
                        လက်ရှိ အဆိုပါ မန္တလေး မြို့တော်၏  အိုးအိမ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မန္တလေးမြို့   ၇၃လမ်း၊ သဇင်လမ်းနှင့် ငုဝါလမ်းကြားတွင် တည်ဆောက်မည့် မန္တလေးမင်္ဂလာမြို့သစ် စီမံကိန်းနှင့်မန္တလေးနိုင်ငံတကာ လေဆိပ်နှင့် ၅မိုင်အကွာ တံတားဦးမြို့နယ်အတွင်း  တည်ဆောက်မည့် မန္တလေးမြို့တော်သစ်  စီမံကိန်းနှစ်ခုကို  အကောင် အထည် ဖော်ဆောက်လုပ်ရန် လျာထားလျက်ရှိ
ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) ထံမှ စုံစမ်း သိရှိရသည်။
                       လတ်တလောတွင် မြို့သစ် စီမံကိန်းများနှင့် ပတ်သက်၍ မင်္ဂလာ မန္တလေးမြို့ ပြ  စီမံကိန်း တစ်ခုသာ စတင် ဆောင်ရွက်လျက်ရှိပြီး ယင်း စီမံကိန်းကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စတင် အကောင်အထည်ဖော် ပြီး  ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်း   ငွေကျပ် ၉၁ဘီလီယံ အကုန်အကျ ခံကာ   မြန်မာနိုင်ငံ၌ ကျင်းပမည့်  အရှေ့တောင်အာရှ အားကစားပွဲတော် အမီ     အပြီး တည်ဆောက်သွားမည်ဟု
အကောင်အထည် ဖော်ဆောက် လုပ်သူ CAD ဆောက်လုပ်ရေး ကုမ္ပဏီက ဆိုသည်။
                       သို့သော်    အမေရိကန် ဒေါ်လာ  နှစ် ဘီလီယံ    အကုန်အကျခံ တည်ဆောက်မည့် မန္တလေး မြို့တော်သစ် စီမံကိန်းနှင့်ပတ်သက်၍ ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေး မြို့တော် စည်ပင်သာယာ ကော်မတီ အဆောက်အအုံနှင့် ကုန်လှောင်ရုံဌာနမှူး ဦးမျိုးအောင်က ပြောကြားသည်။
                       မန္တလေးမြို့တော်သစ်စီမံကိန်းသည် အင်းဝယဉ်ကျေးမှုဇုန်နှင့်လွတ်ကင်းပြီး စိုက်ပျိုးမှု အကျိုးနည်းသည့်မြေနေရာအများစု ပါဝင်ကြောင်း၊ အဆိုပါ  မြို့သစ် စီမံကိန်း တည်ဆောက်မည့် မြေဧက နှစ် သောင်းကျော်ကို မူလပိုင်ရှင်များနှင့် မြေတန်ဖိုးညှိနှိုင်း  မှုများပြုလုပ်ပြီး တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိပါက ၁၀ နှစ်အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းကို တာဝန်
ယူတည် ဆောက်ရန် ပြင်ဆင်လျက်ရှိသော သမ၀ါယမဘဏ်ဥက္ကဋ္ဌ ဦးခင် မောင်အေး၏ ပြောကြားချက်အရ သိရသည်။
Tha Voice Weekly
=====================================

ကျူးကျော် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ အချင်းများရာမှ ခုနှစ်ဦး ထိခိုက် ဒဏ်ရာရ

မန္တလေး ၊ သြဂုတ် ၂၁
                          မန္တလေးမြို့   အရှေ့တောင်ပိုင်းရှိ  မြရည်နန္ဒ ရပ်ကွက် ကျုးကျော်သူများ နေထိုင်ရာ ဝင်းအတွင်းသို့   အောင်ပင်လယ်ရဲစခန်းမှ   စခန်းမှူး ဦးဆောင်သော ရဲအင်အား လေးဆယ်ခန့်က ကျုးကျော်သူများ အရေး  ဦးဆောင် လှုပ်ရှားသူ ဦးဝင်းမြင့်ထွန်းကို ဝင်ရောက်ဖမ်းဆီးရာမှ  အမျိုးသမီး ခြောက်ဦးနှင့်  အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း  အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူ
များက ပြောကြားသည်။
                        အောင်ပင်လယ်မြို့ နယ်၊ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ များနှင့် မန္တလေး ခရိုင် ရဲတပ်ဖွဲ့ မှူးက ၁၅ ဧကခန့်ကျယ်သောမန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ် မြရည်နန္ဒာ ရပ်ကွက် ကွင်းအမှတ် (၅၃၇) မြေနေရာတွင်  ကျူးကျော် နေထိုင်သူ အိမ်ထောင်စု  ၅၀ခန့်(လူ၂၀၀၀ ၀န်းကျင်ခန့် )ကို သြဂုတ်လ ၂၁ရက်နေ့ (ယနေ့)နံနက် (၇)နာရီကလာရောက်ဖယ်ရှားခိုင်းခဲ့ရာမှ ယင်းသို့ပြဿနာ ဖြစ်ပွားခဲ့ခြင်း
ဖြစ်ကြောင်း အဆိုပါ မြေဧကတွင် ၀င်ရောက် ကျူးကျော် နေထိုင်နေကြသော ဒေသခံများက The Voice Weekly သို့ ပြောကြားသည်။
“ လယ်မြေတွေ တရုတ်တွေကို အကွက်ရိုက် ရောင်းနေတာသိရလို့ စိုက်ပျိုးလုပ်ကိုင်နိုင်တဲ့လယ်ယာမြေဆုံးရှုံးမှာစိုးလို့ ဝင်ရောက် ကျူးကျော် နေထိုင်ကြတာပါ” ဟု ၎င်းတို့က ဆိုသည်။
Tha Voice Weekly
=======================================

ကားတိုက်သူမှတာဝန်မယူ၍ သေဆုံးသူမြန်မာ လုပ်သား အလောင်းမြေချရန်ဆိုင်းငံ့

                        မဲဆောက်မြို့တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည့် နောင်ဘွားအထည်ချုပ်စက်ရုံမှ မအေးအေးမော်( ၃၃) နှစ်ကိုယာဉ်မောင်းသူ ထိုင်းနိုင်ငံသား (မျှော့လူမျိုး)ကတစုံတရာ တာဝန်ယူမှုမရှိသည့် အတွက် နာရေးကိစ္စမြေချမှုကို ဆိုင်းငံ့ထားပြီး မဲဆောက်ရဲစခန်းတွင် ဥပဒေကြောင်းအရ အမှုဖွင့်တရားစွဲဆို ထားသည်။
                       မြေချရန် ဆိုင်းငံ့ခြင်းနှင့် ဥပဒေကြောင်းအရ  အမှုဖွင့်တရားစွဲဆိုရန် သေဆုံးသူ၏ အလုပ်ရှင်နှင့် နာရေးကူညီမှုအသင်း(မဲဆောက်) အဖွဲ့ကတောင်းဆိုထားခြင်းဖြစ်သည်။ မအေးအေးမော် သည်ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်တွင်အဌားဆိုင်ကယ်နှင့်
မြို့ထဲအသွားတွင် ဂေါ်ဖီထုပ်တင်လာသည့်ကားမှ ၀င်တိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုက်ကယ်မောင်းသူလွှတ်မြောက်ကာမအေးအေးမော်မှာနေရာတွင် ပင်ပွဲခြင်းပြီးသေ ဆုံးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
                        နာရေးကူညီမှုအသင်း (မဲဆောက်)မှ ကိုအရှည်ကြီးက  ” ကားသမားက တိုင်ချင်ရာတိုင် လို့ ပြောတယ် တိုက်တဲ့ကားကို ရဲစခန်းမှာဖမ်းထားတယ် ဒါကြောင့် ဒီအမှုကိစ္စပြီးမှ မြေချဖို့ အလုပ်ရှင်နဲ့ ကျွန်တော် တို့ဆုံးဖြတ်ထားတယ် ” ဟု ပြောသည်။
                         သေဆုံးသူ မအေးအေးမော်သည် ရန်ကုန်တိုင်းဒေသကြီး သံလျှင်မြို့နယ် အောင်ချမ်းသာရပ်ကွက်နေ  ဦးသောင်းရွှေဒေါ်ကြင်ဥတို့၏သမီးဖြစ်ပြီး မဲဆောက်တွင် တရားဝင်အလုပ် သမား လက်မှတ်နှင့် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီးမဲဆောက်မြို့
ပြင်ရှိနောင်ဘွားရပ်ကွက် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။
Popular Myanmar News Journal's Facebook
=============================
                         ဒါလေးတွေကတော့ အခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ သတင်းလေးတွေပါခင်ဗျာ.......   ပထမသတင်းကို ဖတ်ကြည့်ရင်စိတ်ကျေနပ်စရာ ဖြစ်ပါတယ်.... မျှော်လင့်စရာများ ဖြစ်ပါတယ်...... ကျေနပ်စရာ ဖြစ်ပါတယ်။
                         အဲဒီတော့ ကောင်းတယ်ပေါ့ခင်ဗျာ..... ၀မ်းသာပါတယ်။
=============================
                         အဲ ဒုတိယသတင်း...... ဒီသတင်းလေးကတော့ မစားရ ၀ခမန်း.... သွားရည်ကျစရာ.... နောက်ပြီး တိုးတက်လာမှုအတွက် ဂုဏ်ယူစရာပေါ့.....ဂုဏ်ယူနေရင်းနဲ့ ၀မ်းမြောက်နေရင်းနဲ့ စဉ်းစားမိတယ်...... ဒီလို တိုးတက်လာတဲ့ မြို့ပြ အ၀န်းအ၀ိုင်းအတွင်းမှာ
ဘယ်သူတွေ နေကြမှာလဲလို့..... တွေ့ပြီဗျာ..... တရုတ်နှင့် အိန္ဒိယ သို့မဟုတ် နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံမှုတွေကို   စိတ်ဝင်စားတဲ့ နိုင်ငံခြားသား စီးပွါးရေး လုပ်ငန်းရှင်တွေပဲပေါ့...... သေချာတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား၊ တိုင်းရင်းသားတွေ မပိုင်ဆိုင်နိုင်ဘူးဆိုတာရယ်..... မနေနိုင်ဘူး ဆိုတာရယ်ပေါ့....အဲဒီလို ဖြစ်ရတဲ့ အကြောင်းက ပိုက်ဆံ မရှိဘူးလေဗျာ.... မြေကွက်တွေကိုလဲ ဈေးကောင်းပေးရင်ရောင်းရမှာပဲ ပိုက်ဆံရမှာကိုး.... ဒါပြီးရင်တော့ အစွန်အဖျားလေး ရွှေ့ ပေါ့...... ဒါပဲလေ......
                         ဒီတော့ဗျာ...... ဒီသတင်းနဲ့ ပတ်သက်ပြီး တစ်ပိုင်းက ကျေနပ်တယ်၊ တစ်ဝက်က မကျေနပ်ဘူး... မကျေနပ်တာကကိုပိုပြီး စဉ်းစားကြည့်တော့ နိုင်ငံသားတွေရဲ့ အရေးနဲ့ ဆိုင်တယ်..... ဒါကြောင့် လုံးဝ မထောက်ခံဘူး..... တိုင်းရင်းသားစစ်စစ် နိုင်ငံသားပိုင်ဆောင်ရွက်ပေးနိုင်ရင် အပြည့်အ၀ ထောက်ခံမယ်......
=============================
                         နောက်သတင်းတစ်ခု....... ကျူးကျော်နေထိုင်သူများကို ရဲက ရှင်းလင်းတဲ့ သတင်း စိတ်မကောင်းစရာပါပဲ...တကယ်စိတ်မကောင်းစရာပါ...... တိုင်းရင်းသား စစ်စစ်တွေ...... ဒီနိုင်ငံမှာမွေး ၊ ဒီနိုင်ငံမှာ ကြီးပြင်းခဲ့ကြတဲ့ နိုင်ငံသား စစ်စစ်တွေ နေစရာမရှိဘူးကျူးကျော် နေထိုင်ရတယ်..... ဘယ်သူရှင်းပေးမှာလဲ .... ဒီလို ဖြစ်နေတဲ့ တိုင်းရင်းသား စစ်စစ် နိုင်ငံသားစစ်စစ်တွေကို ဘယ်သူ   လှည့်
ကြည့်မှာလဲ...... စဉ်းစားကြည့်မိတယ်.... မသိဘူး၊ အစိုးရလား.....၊ လုပ်ငန်းရှင်လား၊ ကုလသမဂ္ဂလား....၊ အင်န်ဂျီအိုလား....၊ ပါတီလား ဘယ်သူတာဝန်ယူမှာလဲပြော..... ဘယ်လိုစီစဉ်ပေးမှာလဲ ပြော....... ဟား.... ဘာသံမှလဲ မကြားပါလား.... ဒါဆို ဘာလုပ်မှာလဲ.....ဗျာ...
အရေးယူရမယ် ဟုတ်လား...... တည်ဆဲဥပဒေအရအရေးယူမယ်..... အော်.... ဥပဒေအရလား..... ဟုတ်.... ဟုတ်.... ဘာမှ မပြောပါဘူးခင်ဗျ...... မေးကြည့်တာပါ..... ကျွန်တော် မပါဘူးခင်ဗျာ...... ဟုတ်...... ဟုတ်ကဲ့  အခုသွားပါ့မယ်..... ဟုတ်ကဲ့ခင်ဗျ....။
=============================
                         နောက်ဆုံးသတင်း ............    မဲဆောက်မြို့တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည့်    နောင်ဘွား အထည်ချုပ်စက်ရုံမှ မအေးအေးမော်( ၃၃) နှစ်ကိုယာဉ်မောင်းသူ ထိုင်းနိုင်ငံသား (မျှော့လူမျိုး)ကတစုံတရာ တာဝန်ယူမှုမရှိသည့်အတွက် နာရေးကိစ္စမြေချမှုကို ဆိုင်းငံ့ ထားပြီး မဲဆောက်ရဲစခန်းတွင် ဥပဒေကြောင်းအရ အမှုဖွင့်တရားစွဲဆိုထားသည်။
                         `` ကားသမားက တိုင်ချင်ရာတိုင်လို့ ပြောတယ်.....´´ တဲ့.....  ဟုတ်ကဲ့ မေးကြည့်တာပါခင်ဗျ.....  ကျွန်တော် ဘာမှမရှုပ်ပါဘူး...... ဟုတ်...... ဟိုလေ အဲဒါဆို သူတို့ကို ပေးလိုက်တဲ့ စာရွက်စာတမ်းတွေက တရား မ၀င်တာလား ဆရာ..... အော်.... ဟုတ်
တရားဝင် နှစ်နိုင်ငံသဘောတူထားတာတွေလား..... ၀မ်းသာစရာပေါ့ဗျာ..... ဒါဆိုရင်လေ ဟိုလေ အဲဒါ ဘယ်လိုမှာလဲ ဆရာ.... အော်....
သေသေချာချာ မသိသေးဘူးပေါ့နော်..... ဟုတ်.... ဟုတ်.... မေးကြည့်တာပါခင်ဗျာ.... ကျေးဇူးနော်..... ဆရာ.... ဟုတ်ကဲ့.... ဒါနဲ့ ဆရာ ဟို အပေါ်က ကျွန်တော် ပြောမိ မေးမိတဲ့ ဟာတွေကို စိတ်ထဲမထားနဲ့နော်..... ဆရာ၊ စပ်စုချင်တာ တစ်ခုထဲပါခင်ဗျ.... ဟုတ်ကဲ့ ကျေးဇူးနော်... ကျွန်တော် သွားလိုက်ပါဦးမယ်......
(ကွန်ဆူးမား)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...