***လုံးဝမသက်ဆိုင်တော့ပါ ***
*လုံးဝ မသက်ဆိုင်တော့ပါ * ဒီစကားစုလေးကို အရူးတစ်ယောက်လို တစ်တွတ်တွတ် ရေရွတ်နေမိပါတယ် ။ ကျွန်မ နဲ့ တစ်ကယ်မသက်ဆိုင်တော့ဘူးလား ။ ပတ်သတ်ဆက်နွယ်ခွင့် ဆိုတာ အမှန်တစ်ကယ် မရှိရ တော့ဘူးလားး ။ 9လလွယ် 10လဖွားမြင်ခဲ့ရတဲ့ သားလေးနဲ့ သမီးလေးကို သူများတွေထက် သက်စွန့် ဆံဖျားမွေးဖွားခဲ့ရသူပါ ။ ဒီကိုယ်ဝန်ကို မွေးဖွားရင် ကျွန်မအသက်ပါ ဆုံးရှုံးနိုင်တယ်လို့ ပြောထားရက်နဲ့ ရအောင်မွေးဖွားခဲ့ပါတယ် ။
သတိပြန်လည်လာချိန်မှာအနှီးထုတ်ေ ဖွး2လေးတွေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ လူသားလေး နှစ်ဦးက ကျွန်မအမောတွေ ခံစားနေရတဲ့ ဝေဒနာတွေကို ပိန်းကြာရွက်ပေါ်ရေမတင်တကဲ့သို့ လျောကြသွားစေခဲ့ပါတယ် ။ သားလေး နဲ့ သမီးလေးအတွက် လောကဒဏ်ဆိုတာ အံ့တုခံရမယ်ဆိုတဲ့ အသိတွေက ပိုမိုခိုင်မာလာခဲ့ပါတယ် ။ သားလေး နဲ့သမီးလေးကို ထွေးပိုက်ကာ နို့ချိုတိုက်ကျွေးရချိန်တွေက ကျွန်မအတွက် ခွန်အားတွေ ပိုတိုးစေတဲ့ အချိန်တွေရင် ပိုမှန်ပါတယ် ။
မွေးဖွားပြီး ဆေးရုံက ဆင်းတော့ ကလေးလေး နှစ်ယောက်နဲ့ ကျွန်မ အတော်လေး ဗျာများခဲ့ရပေမယ့် ပတ်ဝန်းကျင်ကောင်းတွေ ကြောင့် သွေးနု သားနု တလလောက်ကို ကောင်းမွန်စွာဖြတ်သန်းနိုင်ခဲ့ ပါတယ် ။ တစ်လပြည့်လို့ အလုပ်လုပ်ဖို့ စီစဉ်ရချိန်မှာတော့ ကျွန်မအတွက် ဒုက္ခပေါင်းများစွာကို အတော်လေး ရင်ဆိုင်ရပါတော့တယ် ။ ရပ်ကွက်ထဲက မှိခိုသူ အဘွားအိုအရွယ်မရောက် အဘွားနှစ်ဦးထံ နေ့တွက်
ပေးကာ သားလေးနဲ့ သမီးလေးကို အပ်ခဲ့ရပါတယ် ။ တပါးသူလက်ထဲ အပ်ခဲ့ရတဲ့ အချိန်တိုင်း ကျွန်မရင်တွေ အဆမတန်ကို နာကျင်လွန်းလှတယ်ဆို ပိုလိုက်တာလို့ ထင်နိုင်ပါတယ် ။ ခက်ထန်လှတဲ့ လောကဒဏ်ရယ် နင်ဘဲ ရိုက်ခတ်နိုင်မလား ငါဘဲ အံ့တုခံနိုင်မလား လို့သာ ကြိမ်းဝါးမိလိုက်ပါတော့တယ် ။ ကျွန်မ မေ့ပစ်ထားတဲ့ ဘ၀ အစိတ်အပိုင်းတွေကို လူတွေက ခဏခဏ မေးချင်ကြတယ်ရှင် ။ ကလေး
အဖေကော ...........? ၊ ဆွေးမျိုးမိဘတွေ မရှိကြတော့ဘူးလား.............? အို ! စုံလို့ပါဘဲရှင်။ ဒါတွေကို မေ့ထားချင်လို့ ဆေးရုံကဆင်းတာနဲ့ နယ်မြေသစ်တစ်ခုကို ပြောင်းလာခဲ့လည်း မေးခွန်းတွေကို နောက်ပါးကနေ လိုက်ပါနေဆဲပါလားနော် ။ သားနဲ့ သမီးရေ မေမေကိုမေးနေကြပြီ ။ မေမေ မဖြေချင်တာတွေကို မေးနေကြပြန်ပြီကွယ် ။ သက်ပြင်းမောတွေကို အခါခါ ချရင်း နောက်ကြောင်းဆိုတဲ့ မလှပတဲ့ အတိတ်နေ့ရက်တွေ ဆီကို ပြန်ပြောင်းမြင်ယောင်လိုက်မိပါေ တာ့တယ် ။
လူမှန်းသိတတ်စ အချိန်ထဲက မိဘမဲ့ ဆွေးမျိုးနီးစပ်ဆိုသူတွေထံ ထမင်းစားကျွန်ခံဘ၀နဲ့ ဘွဲ့တစ်ခုရအောင် ကြိုးစားသင်ယူခဲ့ရပါတယ် ။
ဘွဲ့တစ်ခုရချိန် အလုပ်ထဲရောက်ချိန်မှာဘဲ ကိုယ.်လမ်းကို လျှောက်လှမ်းခဲ့ရပါတယ် ။ ဘ၀ဆိုတဲ့ ဇာတ်ခုံပေါ်မှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုတ်ဆောင်နေချိန်မှာ အချစ်ဆိုတဲ့ ဇာတ်ဝင်ခန်းလေးကို ကပြဖို့ ဖူးစာရှင်ပေါ်လာခဲ့ပြန်ပါတယ် ။ကျွန်မရဲ့ မလှပတဲ့ နောက်ခံဘက်ဂရောင်းကြောင့် ချစ်ရသူ မောင်ရဲ့ မိဘတွေက လုံးးဝကို သဘောမတူခဲ့ကြပါဘူး ။ ကျွန်မနဲ့ မောင် လက်ထပ်လိုက်ပြီးချိန်မှာ သူတို့သားကို
အပြီးတိုင် အမွေပြတ်စွန့်လွတ်လိုက်ပါတယ် ။ သူဠေးသားတွေ ထုံးစံအတိုင်း တကယ်ဆင်းရဲခြင်းဆိုတဲ့ ဇာတ်ကွက်တွေကို ရေရှည်မကပြနိုင်ပါဘူး ။ အကြောင်းပြချက်မဲ့စွာ ကျွန်မဘ၀ထဲကနေ မောင် ရုတ်တစ်ရက် ပျောက်ကွယ်သွားခဲ့ပြန်ပါတယ် ။ မောင်ထွက်သွားချိန်မှာ ကျွန်မဗိုက်ထဲမှာ မောင်ရင်သွေလေးတွေ ရှိနေခဲ့ကြပါပြီ။ ဒီအကြောင်းကို မောင် သိတောင် မသိသွားခဲ့ပါဘူး ။ မောင်ကို ပြောပြမယ့်နေ့မှာဘဲ မောင် ကျွန်မဘ၀လေးထဲက အပြီးတိုင်ထွက်သွားခဲ့တယ် ။ ကျွန်မ ဘာလုပ်ရမလဲ ၊ ဘာလုပ်သင့်လဲ အရှုံးဆိုတာကြီးကို ထိုင်တွေးကာ ငိုနေရမှာလား ... ဟင်အင် ..........အခါခါ အရှုံးမခံနိုင်ဘူး ။ ကျွန်မမှာ လုပ်စရာတွေ အများကြီးရှိသေးတယ် ။ လူမဆန်တဲ့သူတစ်ယောက်အတွက် ထိုင်ငိုနေရအောင် ကျွန်မ မမိုက်မဲသင့်ဘူး ။ အဲ ! တကယ်တော့ လူမဆန်တာ မဟုတ်ဘူးရှင့် ။ မောင်က သိပ်ကို
လူသားဆန်သွားခဲ့တာပါ ။
ဗိုက်တဖြေးဖြေး ထွက်လာချိန်မှာ မခံရပ်နိုင်လောက်အောင် ခဏခဏ မောတတ်လာတယ် ။ တခါတလေ ရင်တွေ တအားတုန်ကာ ကတုန်ကရင် တွေ ခဏခဏ ဖြစ်လာပါတော့တယ် ။ ဆေးခန်း ပြကြည့်ချိန်မှာတော့ ဆရာဝန်က နှလုံးခုန်နှုန်းတအားမြန်နေတယ် တဲ့လေ ။ ကလေးမွေးချိန်မှာ အထူး၈ရုစိုက်ဖို့ လိုကြောင်း အထပ်ထပ် သတိပေးခဲ့ပါတယ် ။ ဒီလိုနဲ့ ကိုးလလွယ် ဆယ်လဖွား အမွှာသားလေးနဲ့ သမီး လေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ် ။ ဆင်းရဲခြင်း ဆိုတာ ကျွန်မအတွက် မထူးဆန်းတော့ပေမယ့် သားလေးနဲ့သမီးလေး အတွက်ကြ မဖြစ်စေချင်ဘူး ။ အတတ်နိုင်ဆုံး အကောင်းဆုံးဆိုတာတွေ ကိုဘဲ ဖြစ်စေချင်မိတယ်။ ဘယ်လောက်ဘဲ ခံနိုင်ရည် ရှိသူပင်ဖြစ်လင့်ကစား လူမမယ် မွေးကာစ အမွှာကလေးနှစ်ယောက်နဲ့ မိန်းမသားတစ်ယောက် ရုန်းကန်ဖို့ဆိုတာ အတော်လေးကို ခက်ခဲစေပါတယ် ။ မိခင်တစ်ယောက်ရဲ့ ရင်ထဲ အသဲထဲက စီးဆင်းလာတဲ့ မေတ္တာတရားတွေက အားအင် တွေ အဖြစ်ပြောင်းလဲ စီးဆင်းစေခဲ့တာမို့ ကျွန်မတောင့်ခံနိုင်ခဲ့ပေမယ့် ရက်စက်လှတဲ့ လောကမုန်တိုင်း
တွေ ကျရောက်တဲ့ နေ့တစ်နေ့ကို ရင်ဆိုင်လိုက်ရချိန်မှာတော့ကျွန်မ လက်မြှောက်အရှုံးပေးလိုက်ရပါတော့ တယ် ။
နှလုံးခုန်နှုန်းတွေ မတရားမြန်ကာ ဆေးရုံပေါ်သို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြန်ပါတယ် ။ ဒီတခါတော့ 3လသားအ၇ွယ် သားလေးနဲ့ သမီးလေးပါ အဖော်ပါလာခဲ့ပြီ။ တစ်နေ့ထက်တစ်နေ့ ပိုပိုမောမောလာပြီး ဖြူဖျော့လာခဲ့ပါတယ် ။ ဆေးရုံက အတတ်နိုင်ဆုံး ကူညီကြပေမယ့် ထူးခြားမလာခဲပပါဘူး ။ ကျွန်မမောနေတဲ့ကြားက အသက်ကို မ၀တ၀ရှူနေရပေမယ့် သားလေးနဲ့ သမီးလေး အတွက် အဖြစ်သင့်ဆုံးကို ဆုံးဖြတ်လိုက်ရပါတော့တယ် ။ ဆေးရုံရောက်ထဲက လူတကာလက်ထဲ တပြုံးပြုံးနဲ့ လက်မရွေးတဲ့ သားလေး နဲ့ သမီးေးလက လူချစ်လူခင် အင်မတန်ပေါကြပါတယ် ။ အဖေ အမေဆီက လှတာလေးတွေကိုဘဲ ရွေးတူထားတဲ့ အတွက် ချစ်စရာလည်းကောင်းကြတယ် ။ တာဝန်ကြ သူနာ
ပြုဆရာမကြီးရဲ့ အကြံကို ရင်နာစွာနဲ့ လက်ခံလိုက်ရပါတော့တယ် ။ ကျွန်မရင်ခွင်တစ်ခုလုံး မုန်တိုင်းထန်စွာ ကွဲကြေပျက်စီးစေတဲ့နေ့တစ်နေ့ဆိုလည်း မမှားပါဘူးရှင် ။ အဲဒီနေ့က မိုးတွေတအားရွာနေခဲ့တယ် ။ မိုးသည်းထဲမှာ ကျွန်မရင်တွေကို ကွဲအက်စေမယ့် ဧည့်သည်တွေ ကျွန်မ ကုတင်ဘေးကို ရောက်လာခဲ့ပါတယ် ။ အပြင်ကမိုးတွေထက် ကျွန်မနှလုံးသာားထဲက မျက်ရည်မိုးတွေက ပိုသည်းနေခဲ့ပါ
တယ် ။ ကြင်နာတတ်တဲ့ ပုံစံအမှန်တစ်ကယ်ပေါက်ကာ သားလေးနဲ့ သမီးလေးကို တူတူမွေးစားကာ သားသမီး အရင်းလို မွေးဖွားမယ်ဆိုတာကို ရင်ထဲက အလိုလို သိနေခဲ့ပါတယ် ။ လိုအပ်တဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးပေးရပါတယ် ။ စာချုပ်ထဲကနေရာလေး တစ်နေရာက စာသားလေးကို ဖတ်လိုက်ရတဲ့ အချိန်မှာတော့ ကျွန်မ အသိတွေ ထိန်းချုပ်ဖို့ အင်အားမဲ့ကုန်ပါပြီ ။ ဘာတဲ့ ကျွန်မ နဲ့ သားလေး သမီးတို့သည်ယနေ့မှစတင်ပြီး
***လုံးဝမသက်ဆိုင်တော့ပါ ***
ခိုင်လေး (ရွှေတောင်)
0 comments:
Post a Comment