သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၈)
သစ်ထူးလွင်
|
- မြရည်နန္ဒာကျူးကျော် အရေး ဦးဆောင်သူ ရဲစခန်းတွင် ကိုယ်တိုင် သွားရောက် အဖမ်းခံ
- ကြေးနီစီမံကိန်းအတွက် လယ်ဧက၇၈၀၀ သိမ်းဆည်းခံ ရသဖြင့် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွါး
- ခေတ်သစ် သောနုတ္ထိုမုဆိုးကြောင့် အစွယ်ပေးလိုက်ရသော ဆင်
- အတွင်းရေးမှူးများ ကို ဥက္ကဋ္ဌသူရဦးရွှေမန်း ပြင်းပြင်းထန်ထန် သတိပေး
- အသက် ၇၀ ကျော် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
- သတ္တုတူးဖော်ရေးတွေကြောင့် ဒေသခံတွေရဲ့ ခြံမြေတွေ ပျက်စီး (ရုပ်/သံ)
- ထီးချိုင့် လယ်သမား ဆန္ဒပြပွဲ (ရုပ်/သံ)
- The Voice Weekly သြဂုတ်လ (၂၇)ရက်နေ့ မှ စတင်္ဘာ (၂)ရက်နေ့ 
- မြန်မာသံတော်ဆင့်အပတ်စဉ်သတင်းဂျ
ာနယ် vol-1,no-24 Aug 25-31 - ပြင်ပဈေးကွက်တွင် CDMA 800 MHz ဖုန်းလိုင်းကဒ် ဈေး ကျပ်(၃)သိန်းကျော်အထိမြင့်တက်
- တရုတ် တံတား အသစ် ကျိုးကျ
- ရခိုင်ကိစ္စ ကုလဝန်ထမ်းကို ထောင် ၆ နှစ်ချ
- အမေရိကန်ချစ်ကြည်ရေး ဘတ်စကက်ဘောအဖွဲ့ မြန်မာပြည် လာမည်
- ဆီးရီးယားဆန္ဒပြသူ ၁၄၀ ခန့် သေဆုံး
- ဒလ၌ ကမ်းပါးပြို၍ နေအိမ် ၁၆ လုံး ရွှေ့ပြောင်းခဲ့ရ
- ကွန်ဒိုအသုံးပြု ခရီးသွား လုပ်ငန်း အစပျိုး
- ဒုသမ္မတဦးဥာဏ်ထွန်း မလာမှီ တစ်ည အလို
- အေးရှားဝေါလ် ကုမ္ပဏီရှေ့တွင် ရပ်ကွက်နေ ပြည်သူလူထု ရာနှင့်ချီ ဆန္ဒပြ
- သမ္မတ သဝဏ်လွှာ အငြင်းပွားမှု
- သမ္မတသဝဏ်လွှာ နားလည်မှုလွဲမှား
- လူ ၇၀ ကျော် ပစ်သတ်တဲ့ သေနတ်သမား ထောင်ဒဏ် ၂၁ နှစ်
Posted: 25 Aug 2012 05:34 AM PDT
မန္တလေးမြို့ တော် ချမ်းမြသာ စည်မြို့ နယ်ရှိ မြရည်နန္ဒာ ရပ်ကွက် ကျူးကျော်နေထိုင်
ကြသူများ မပြောင်းရွှေ့ ရေး ဦးဆောင် လှုပ်ရှားခဲ့မှုနှင့် ပတ်သက်၍ ယင်းမြို့ နယ်ရှိ အောင်ပင်လယ် ရဲစခန်းက ပုဒ်မ (၅၀၅)ဖြင့် ဖမ်းဆီးမိန့်  ထုတ်ထားသော---- သတင်းပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Aug 2012 04:40 AM PDT
အဆိုပါ စီမံကိန်းမှ လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများကို ရာဘာတုတ်ဖြင့် ရိုက်ပြီး အသံဖြင့် လူခွဲစေခဲ့ သည့်အပေါ် ဒေသခံများမှ မကျေနပ် မှုကြောင့် သြဂုတ်လ ၂၅ ရက်နေ့ မွန်လွဲ ၂ နာရီ ၅၂ မိနစ်အချိန်တွင် ဒေသခံ ဦးရေ ၁၀၀၀ ၀န်းကျင်ခန့်က အဆိုပါ စီမံကိန်း ဧရိယာ အတွင်းသို့ မောင်းများတီး၍ ဆန္ဒဖော် ထုတ်မှု တပ်ရပ် ပြုလုပ် လျှက်ရှိကြောင်း---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ လယ်ဧက၇၈၀၀သိမ်းဆည်းခံရတဲ့ ဆန္ဒပြလယ်များနဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်များ (ဓါတ်ပုံ - Eleven Media Group ) | ||
Posted: 25 Aug 2012 04:11 AM PDT
သာယာဝတီခရိုင် လက်ပံတန်းမြို့ နယ်နှင့် မင်းလှမြို့ နယ်ကြား မြောက်ဇာမရီ
သစ်တောကြိုးဝိုင်း အကွက်အမှတ် ၆၀ တွင် ဂလိုဘယ်စတား ကုမ္ပဏီမှ ငှားရမ်း အသုံးပြုသော ဖားတိုမယ် အထီး စွယ်စုံဆင်ကြီးကို ဆင်ထိန်းမှ လွှတ်ကျောင်း ထားပြီး နောက်တစ်နေ့ နံနက်တွင် ပြန်ခေါ်ရာ၌ အစွယ်နှစ်ချောင်း စလုံး ဖြတ် တောက် အခိုးခံရသဖြင့်---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 25 Aug 2012 03:50 AM PDT
သြဂုတ်လ ၁၉ ရက် နံနက် ၁၁း၀၀ မှ ၁၁း၄၅ နာရီထိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) သူရဦးရွှေမန်းသည် နေပြည်တော်- ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ပါတီအတွင်း ဒီမိုကရေစီ ကျင့်သုံးကြရန်ကိုလည်းကောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဦးစားပေး ကူညီဆောင်ရွက် သွားကြရန်နှင့် ပါတီဝင် အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိကြရန် မှာကြားသွားကြောင်း ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2012 03:15 AM PDT
အသက် ၇၀ ကျော် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးသည့် ဖြစ်စဉ်တခု
ကြည့်မြင် တိုင်မြို့ နယ် ဈေးကလေး ရပ်ကွက် ထီးတန်း အိမ်ရာတွင် သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွါးခဲ့ကြောင်း ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2012 02:09 AM PDT
ရှမ်းပြည်နယ် ကလော မြို့နယ် ဘော်ဆိုင်း ဒေသ အတွင်းက ကုမ္ပဏီ သတ္တု တူးဖော် ရေးတွေကြောင့် ဒေသ ခံတွေရဲ့ ခြံမြေတွေ ပျက်စီးမှုတွေ ရှိနေပါတယ်။ DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2012 02:05 AM PDT
စစ်ကိုင်းတိုင်း၊ ထီးချိုင့်ခရီုင် က ရွာသူရွာသားတွေဟာ ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်မြေ တွေအတွက် နစ်နာကြေးတွေ ပြန်လည်ရရှိဖို့ ဆန္ဒပြ တောင်းဆို နေကြပါတယ်။ ဒီသတင်းကို ကိုသက် တင်ဆက် ထား ပါတယ်။ ရိုက်ကူး အေးစိုးမိုး DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Aug 2012 01:54 AM PDT
| ||
Posted: 25 Aug 2012 01:44 AM PDT
| ||
Posted: 24 Aug 2012 11:49 PM PDT
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားမှုရပ်ဆိုင်းထားသော CDMA 800 MHz ဖုန်းလိုင်းကဒ်များမှာ အပြင်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျှက်ရှိပြီး ဈေးနှုန်းများမှာလည်း သိသိသာသာမြင့်တက်လာကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရှိရသည်။
CDMA 800 MHz ဖုန်းလိုင်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ် - နှစ်သိန်းဖြင့် ထပ်မံချထားပေးလျှက်ရှိပြီး လက်ရှိတွင် ဝယ်လိုအားမြင့်တက်လျှက်ရှိကာ ငွေကျပ်သုံးသိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ် '' CDMA 800 MHz ဖုန်းတွေက လူကြိုက်များတယ်၊ အထိုင်ဖုန်းအနေနဲ့လည်း သုံးလို့ရတယ် ဖုန်းလိုင်းဆွဲအားကလည်း ကောင်းတယ်၊ တရားဝင် ဈေးနှုန်းကတော့ ငွေကျပ် နှစ်သိန်းခွဲဆိုပေမယ့် ဖုန်းလိုင်းက ရှားတဲ့အတွက် ဈေးကွက်ထဲမှာ နာမည်ပေါက်ဆိုရင် ငွေကျပ်သုံးသိန်း ပေးရပြီး ဝယ်နေကြတယ်၊ နယ်တွေ မှာတော့ ငွေကျပ်သုံး သိန်းသုံးသောင်းလောက်အထိ ပေးဝယ်ရတယ်လို့ ကြားရတယ် '' ဟုမင်္ဂလာဈေးရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်ကြီး အဆိုပါဖုန်းများမှာ ယခင်က အသုံးပြုမှု ၊ ဟန်းဆက်ရွေးချယ်မှု ခက်ခဲနည်းပါးသည့်အတွက် လူငယ်များကြိုက်နှစ်သက် မှုနည်းပါးခဲ့သော်လည်းအင်တာနက် အခုလို 800 MHz တွေ ပြန်ပြီးနားထားတော့ အပြင်ပေါက်ဈေးတွေ တက်သွားတာလည်း ဖြစ်နိုင်ပါတယ်''ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ကျပ်နှစ်သိန်းတန် CDMA 800 MHz ဖုန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇူလိုင်လဆန်းပိုင်းတွင် စတင်ရောင်းချပေးခဲ့ပြီး တစ်လခန့်အကြာတွင်ပြန်လည်ရပ်နား '' CDMA 800 MHz ဖုန်းတွေကို ပြန်ချထားဖို့ရှိပါတယ် လူသုံးများတာကတော့ သူကနယ်မှာဆိုလဲ ကောင်းကောင်း အသုံးပြုလိုရတယ်၊ အင်တာနက်ဆိုလည်း လိုင်းကောင်းကောင်း အသုံးပြုနိုင်တယ်၊ဒါကြောင်အပြင် ဝ၉-၇၃ဝ နှင့်စသော800 MHz ဖုန်းများကို ၂ဝ၁ဝ ပြည့်နှင့်မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်ငါးသိန်းဖြင့်ငှားရမ်းသုံး ဥာဏ်ဥာဏ် (မြစ်မခ) by Myit Makha Mediagroup | ||
Posted: 24 Aug 2012 11:25 PM PDT
ကုန်တင်ကားကြီး လေးစီး သွားလာနေစဉ် မီတာ တရာလောက်ရှိတဲ့ အစိတ်အပိုင်းတခုပြိုကျပြီး ကားတွေ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ ဒီတံတားဟာ ဟာဗင်မြို့ထဲက လေဆိပ်သွား ဟိုက်ဝေးလမ်းမကြီး ပေါ်မှာ ရှိတာ ဖြစ်ပြီး တံတားဆောက်ခဲ့တာ တနှစ်သာ ကြာပါသေးတယ်။ တနှစ် ကျော်ကာလအတွင်းမှာ တခြား အရေးပါတဲ့ တံတားကြီး ခြောက်စင်းမှာလည်း အလားတူ ပျက်စီးမှုမျိုးတွေ ဖြစ်ခဲ့တယ်လို့ ရှင်ဟွာ သတင်းဌာနကဆိုပါတယ်။ တရုတ်ပြည်ရဲ့ ကားလမ်း ရထားလမ်း ကွန်ယက်ကြီးကို လျင်လျင်မြန်မြန် ချဲ့ထွင် ဆောက်လုပ်ရေး စီမံကိန်းကြီးမှာ ခြစားမှုတွေနဲ့ အသုံးစရိတ် ချွေတာမှုတွေကြောင့် အခုလို ဖြစ်ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ် ပြန့်ပြန့်ရှိပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 24 Aug 2012 11:11 PM PDT
သူနဲ့ အတူ တခြားဖမ်းထားတဲ့ ဘူးသီတောင်က မောင်ခင်ရွှေနဲ့ မောင်ခင်ဇော် တို့ကိုလည်း ထောင်ဒဏ် ၃ နှစ် နဲ့ ၂ နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။ မောင်တောခရိုင် တရားရုံးကနေ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပြီး သူတို့ကို ထောင်ချခဲ့တဲ့ အမှုတွေထဲမှာ ဆူပူအောင် လှုံဆောင်မှုလည်း ပါဝင်တယ်လို့ မောင်တော ဒေသခံတွေက တဆင့် သိရပါတယ်။ မကြာခင် ရက်ပိုင်းတွေကတော့ တခြား ဖမ်းထားတဲ့ ကုလ သမဂ္ဂ နဲ့ နိုင်ငံတကာ NGO ပရဟိတ ၀န်ထမ်း တခိျု့ကို လွှတ်ပေးခဲ့ တာလည်း ရှိပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) | ||
Posted: 24 Aug 2012 11:02 PM PDT
အမေရိကန်နိုင်ငံခြားရေးဌာနလက်ေ အဲဒီအစီအစဉ်အရ Charlotte Bobcats အသင်းရဲ့ အထွေထွေ မန်နေဂျာဖြစ်တဲ့ Richard Cho၊ WMBA အမေရိကန် အမျိုးသမီး ဘတ်စကက်ဘောအားကစားသမားဟောင်း အက်လက်ဆဲန် ဖီစ်တာ ( Allison Feaster)၊ လော့စ် အိန်ဂျလိစ် အသင်းနည်းပြလည်းဖြစ်၊ NBA အားကစား သမားဟောင်း တဦးလည်းဖြစ်တဲ့ ဒါဗင်ဟဲန် (Darvin Ham) တို့အပြင် NBA အားကစား သမားဟောင်း မာလ်တီ ကော်လန်း (Marty Colon)တို့ ပါဝင်ကြမှာဖြစ်ပြီး သူတို့အဖွဲ့ဟာ ရန်ကုန်ကို သြဂုတ်လ ၂၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ လာရောက်မှာ ဖြစ်ပါတယ်။ အဲဒီ ခြောက်ရက်ကြာ ခရီးစဉ် အတွင်း သူတို့ တွေဟာ မြန်မာလူငယ်တွေနဲ့ တွေ့ဆုံပြီး အားကစားမြှင့်တင်ရေး အတွက် ဆောင်ရွက်ဖို့ ရှိပါတယ်။ မြန်မာအားကစားနဲ့ ကာယပညာ ဝန်ကြီးဌာနအပြင် မြန်မာ ဘတ်စကက်ဘော ဖက်ဒရေးရှင်းတို့နဲ့ ပူးတွဲပြီး ဘတ်စကက်ဘော သင်တန်းတွေကို ရန်ကုန်တွင်းရှိ တချို့ကျောင်းတွေနဲ့ အားကစားရုံတွေ မှာ ပို့ချပေးဖို့ ရှိပါတယ်။ ဒါ့အပြင် အပြန်အလှန်အားဖြင့် မြန်မာ့ ခြင်းလုံးပညာကိုလည်း သူတို့က လေ့လာသွားမှာ ဖြစ်ပါတယ်။ အခုလို အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အားကစား ချစ်ကြည်ရေး အစီအစဉ်မှာ လက်ရှိနဲ့ ယခင် အားကစားသမားတွေ နည်းပြတွေ ပါဝင်ကြတာ ဖြစ်ပါ တယ်။ ဒီ အားကစားချစ်ကြည်ရေး ကိုယ်စားလှယ်တွေ စေလွှတ်တဲ့အစီအစဉ်တွေကို ၂၀၀၅ ခုနှစ်က စတင်ခဲ့ပြီး အမေရိကန် အားကစားသမားပေါင်း ၂၂၀ ကျော်ကို နိုင်ငံပေါင်း ၅၀ ကျော် ကို စေလွှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ ဒီတကြိမ် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှုဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပေမဲ့ လို့လည်း လွန်ခဲ့တဲ့ နှစ် ငါးဆယ်ကျော် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စဉ်ကလည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီအစဉ်အရ အားကစားနည်းပြတွေ တစ်ဦးချင်း လာရောက်ပြီး သင်တန်းတွေ ပို့ချပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အားကစားသမားတဦးလည်းဖြစ်၊ တက္ကသိုလ် ဘောလုံးသမား တစ်ဦးလည်း ဖြစ်ခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သားဟောင်း ဦးထွန်းအောင်ကို မေးကြည့်ခဲ့ပါတယ်။ “အခုလို အားကစားအစီအစဉ်ဖလှယ်တဲ့ အစဉ်အလာရှိပါတယ်။ မြန်မာပြည် နဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကျနော်တက္ကသိုလ်မှာရှိစဉ်တုန်းက ၁၉၅၂ ခုနှစ်ကနေ ၁၉၅၇ ခုနှစ် ကြားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ ပညာရေးပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့ Fullbright ပညာတော်သင်ဆု ချီးမြှင့်တဲ့ အစီအစဉ်ရှိသလို မနှစ်ကလည်း မြန်မာလူငယ် ခေါင်းဆောင်မှု သင်တန်းကို နိုင်ငံခြားရေးဌာနမှာ မြန်မာလူငယ်တစုအတွက် ကျင်းပပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခု အားကစားချစ်ကြည်ရေးအဖွဲ့ မြန်မာနိုင်ငံကို ဆိုက်ရောက်တဲ့ သြဂုတ်လ ၂၆ ရက် နေ့၊ ညနေ ၄ နာရီမှာ တော်ဝင်လမ်းရှိ အမေရိကန် စင်တာမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိတယ်လို့လည်း သိရပါတယ်ရှင်။ ဒေါ်လှလှသန်း ဗွီအိုအေ(မြန်မာဌာန) | ||
Posted: 24 Aug 2012 10:58 PM PDT
သမ္မတဘာရှာ အယ်လ်-အာဆတ်ဒ်အစိုးရကတော့ သူပုန်တွေဟာ နိုင်ငံခြားကနေ အထောက်အပံ့တွေယူပြီး တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်နေကြတဲ့ အကြမ်းဖက်သမားတွေလို့ပဲ မြင်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဆီရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အာရပ်အဖွဲ့ချုပ်သံတမန်ကတော့ သူ့ကို အခုလို ခန့်အပ်လိုက်တဲ့အပေါ်မှာ ဂုဏ်ယူ ၀မ်းမြောက်မိသလို ကြောက်လည်းကြောက်ပါတယ်လို့ ပြောပါတယ်။ အရင်က အဲဒီနေရာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင် ဗွီအိုအေ(မြန်မာဌာန) | ||
Posted: 24 Aug 2012 10:50 PM PDT
ဒလမြို့နယ် ကျောင်းစုကျေးရွာ ကမ်းပါးထိမ်း အကာအရံမှာ တည်ဆောက်ပြီး တစ်လကျော် အကြာ တွင် ပြိုကျ ပျက်စီးသွားခဲ့၍ နေအိမ် ၁၆ လုံးရွှေ့ပြောင်းခဲ့ရသည်။
တွံတေး တူးမြောင်းတွင်း ရေယာဉ်များ အချိန်မရွေး သွားလာနိုင်စေရေး အတွက် တူးမြောင်းဝအား ချဲ့လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကမ်းပါးပြိုကျမှုအား ကာကွယ်ရန် အတွက် ဒလမြို့နယ် ကျောင်းစု ကျေးရွာ ကမ်းပါးတွင် ကမ်းပါးထိမ်း အကာအရံအား ရွှေမြိုင်ဦး ကုမ္ပဏီမှ ကန်ထရိုက် ယူရ၍ ဆောက်လုပ်ခဲ့ရာ ဇူလိုင်လ (၁၀)ရက်တွင် ပြီးစီးသွားခဲ့သည်။ ထိုအကာအရံမှာ သြဂုတ်လ (၁၇)ရက်ညတွင် ပြိုကျပျက်စီးသွားခဲ့ခြင်းဖြစ် ကမ်းပါးထိမ်း အကာအရံနှင့် ကမ်းပါးပြိုကျ မှုကြောင့် ယခုအချိန်အထိ တစုံတရာ ထိခိုက်မှု မရှိသေးသော်လည်း ထပ်မံပြိုကျမည့် အန္တရာယ် အလားအလာကြောင့် အနီးအနားရှိ နေအိမ် (၁၆)လုံးအား လုံခြုံ စိတ်ချရာသို့ ရွှေ့ပြောင်းနေ ထိုင်စေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ Popular Myanmar News Journal | ||
Posted: 24 Aug 2012 10:43 PM PDT
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုသည် ယခင်နှစ် များထက် ၅၀ ရာခိုင်နှုန်း တိုးလာခဲ့သော ယခုနှစ် ခရီးသွားရာသီ မှစ၍ ခရီးသွား ကုမ္ပဏီ အများဆုံး အသုံးပြုသော ပြည်ပ ရင်းနှီး မြှုပ်နှံသော ဟိုတယ် အချို့၏ အခန်းခ ဈေးမြင့် တက်လာခြင်း၊ အခန်းရရန် အခက်အခဲများ ဖြစ်လာခြင်း တို့ကို ဖြေရှင်းသည့် အနေဖြင့် ခရီးသွားကုမ္ပဏီ အချို့သည် မိမိ ဧည့်သည်များကို ကုမ္ပဏီ အစီအစဉ်ဖြင့် ငှားရမ်း ထားသော ကွန်ဒိုတိုက်ခန်း များတွင် နေထိုင်ရန် နေရာ စတင် ချထား ပေးလာမှုများ ရှိလာကြောင်း ခရီးသွား လုပ်ငန်း နယ်ပယ်က စုံစမ်း သိရသည်။
ရန်ကုန်မြို့တော် ကမ္ဘာအေး စေတီလမ်း ဟာမစ်တစ် မီးပွိုင့်အနီးရှိ နာမည်ကျော် ကွန်ဒို အပါအ၀င် ကွန်ဒိုအချို့ကို ငှားရမ်း သုံးစွဲလျက် ရှိသည်ဟု ယင်းသတင်း ရပ်ကွက်က ဆိုသည်။ အဆိုပါကွန်ဒိုသို့ ကမ္ဘာလှည့် အဖြစ် လာရောက် နေထိုင်သူများတွင် အနောက်တိုင်းသားများ ပါဝင်ပြီး မြန်မာနိုင်ငံအတွင်း ဟိုတယ် ဈေးနှုန်းများ အလွန်အမင်း မြင့်တက်လာမှု ကြောင့် ဖြစ်နိုင်သည် ဟုလည်း ခရီးသွား လုပ်ငန်းရှင်များက ပြောသည်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကြီးများ၏ အခြေခံ အခန်းခ ဈေးနှုန်းကို ဒေါ်လာ ၁၅၀ ထက် ကျော်လွန် ရောင်းချခြင်း မပြုရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနက ဖြေရှင်း ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ယင်းဈေးနှုန်း အတိုင်း စာချုပ်ချုပ်ဆို ရောင်းချပေးသော်လည်း အခန်းကြိုတင် မှာယူ၍ မရခြင်း၊ လိုအပ်သော အခန်း အရေအတွက်ထက် လျော့နည်း ရရှိကာ ဈေးကြီးမြင့်သော အခန်းများကိုသာ ရောင်းချပေးခြင်း၊ ယင်းသို့ ကြိုတင် အခန်းမှာ ယူသောကြောင့် အခန်း ကျသင့်ငွေ၏ ၅၀ ရာခိုင်နှုန်းကို တစ်လခွဲ၊ နှစ်လခွဲကြိုပြီး စရန်ငွေ ပေးခြေရခြင်းများကို ကြုံတွေ့ နေရကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များက တညီတညွတ် တည်း ပြောကြား ကြသည်။ “ဟိုတယ်/ ခရီး ၀န်ကြီးဌာနက လုပ်ပေးပါတယ်။ ဒါကို လိုက်နာတဲ့ ဟိုတယ် ရှိသလို မလိုက်နာတဲ့ ဟိုတယ်လည်း ရှိတယ်။ အခုဆို ကွန်ဒိုတွေမှာ နိုင်ငံခြားသားကို ထားပေးရမယ့် အခြေအနေတွေ ရှိလာတယ်။ ဟိုတယ်ဘွတ်ကင် မရလို့ ဧည့်သည်က လုပ်ပေးပါဆိုရင်၊ ဧည့်သည်က နေမယ်ဆိုရင် အခန်းမရ ရအောင် လုပ်ပေးမယ့် အခြေ အနေရှိတယ်” ဟု Green Palace Travel and Tours Co.., Ltd. အကြီးအကဲ ဖြစ်သူ ဦးစိုးလွင်က ဆိုသည်။ အဆိုပါ ကိစ္စအတွက် ၀န်ကြီးဌာနက တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းအနေနှင့်လည်း ခွင့်ပြုနိုင်ခြင်း၊ လုပ်ပေးနိုင်ခြင်း မရှိကြောင်း အဆိုပါအသင်း အမှုဆောင်လည်း ဖြစ်သူ ၎င်းက အသိပေး ပြောကြားသည်။ လက်ရှိတွင် ခရီးသွား ကုမ္ပဏီများ အနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကြီးများ၏ အခြေခံ အခန်း ဈေးနှုန်း မြင့်လာသဖြင့် ပြည်တွင်း တိုင်းရင်းသားပိုင် ဟိုတယ်များတွင် ခရီးသွား ဧည့်သည်များ တည်းခိုနိုင်ရန် စီစဉ် ကြသော်လည်း ထို ဟိုတယ်များသည်လည်း ပြည်ပ ရင်းနှီး မြှုပ်နှံသော ဟိုတယ်များကဲ့သို့ပင် ဖြစ်လာကြောင်း ခရီးသွား ကုမ္ပဏီ ငယ်များထံမှ သိရသည်။ နိုင်ငံတကာ မီဒီယာများတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခန်းဈေး မြင့်ခြင်း၊ အခန်းငှား မရခြင်းများ၊ သွားလာစရိတ် ကြီးမြင့်ခြင်းများကြောင့် အခက်အခဲဆုံးသော ခရီးစဉ်ဒေသ အဖြစ် ဖော်ထုတ်ပြ ဆို ထားသဖြင့် မြန်မာ့ခရီးသွား လုပ်ငန်း၏ ကောင်းမွန်သော ပုံရိပ်ကျဆင်းနေကြောင်း Myanmar Asiedu Sud Est Voyage ခရီးသွား ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်သတိုးသူဇာအောင်က မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်း အခြေအနေကို နိုင်ငံတကာ စာမျက်နှာထက်မှ ပြောကြားသည်။ “Tour ကုမ္ပဏီတွေ အနေနဲ့ သူတို့ အစီအစဉ် အတိုင်း ကွန်ဒိုမှာ ဧည့်သည် ထားတယ် ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်။ တကယ်သာ ဖြစ်တယ်ဆိုရင် ကောင်းပါတယ်။ ဒီအတွက် Image တော့ကျနိုင်မယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ တကယ် ကုမ္ပဏီကြီးတွေသာ လုပ်တယ်ဆိုရင် ကုမ္ပဏီ Image တော့ အကျခံမှာ မဟုတ်ဘူး။ သူတို့က အတွေ့ အကြုံရှိပြီးသားလေ။ ကုမ္ပဏီငယ်တွေတော့ မသိဘူး” ဟု ၎င်းကဆိုသည်။ အတည် မပြုနိုင်သေးသော သတင်းများ အရမူ မြန်မာ၊ ထိုင်း၊ ကိုရီးယား၊ ဗီယက်နမ်တို့တွင် ရုံးခန်းများ ဖွင့်လှစ်ထားသည့် ကုမ္ပဏီ တစ်ခု ပါဝင်ကြောင်း သိရှိရသည်။ အဆိုပါ ကုမ္ပဏီကို ယင်းသတင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုရန် မေးမြန်းစဉ် ဖြေကြားမည့်သူ မရှိဟု ပြောသည်။ ယင်းအခြေအနေများ မဖြစ်မီက ၃၀၀ ရာခိုင်နှုန်း အထိ မြင့်တက်လာသော ပြည်ပ ရင်းနှီး မြှုပ်နှံမှု ဟိုတယ်များ၏ ဈေးနှုန်းကြီးမြင့်ခြင်း၊ အခန်း မရောင်းချခြင်း တို့ကြောင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကုမ္ပဏီများ၏ ၉၅ ရာခိုင်နှုန်း ခန့်သည် လုပ်ငန်း ဆက်လက် ရှင်သန်ရန် ခက်ခဲလာ ကာ အချို့သည် လုပ်ငန်း မကြာမီ ရပ်တန့် သွားရတော့မည့် အခြေအနေနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာနသို့ ခရီးသွား လုပ်ငန်းများက အသိပေးစာ ပေးပို့ခဲ့ကြသည်။ ယင်းအတွက် အဆိုပါ ၀န်ကြီးဌာနက နေပြည်တော်တွင် ဇွန်လ က လည်းကောင်း၊ ရန်ကုန်တွင် ဇူလိုင်လ အတွင်းက လည်းကောင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ် အထွေထွေ မန်နေဂျာများ၊ တိုင်းရင်း သားပိုင် ဟိုတယ် တာဝန်ရှိသူများ၊ ခရီးသွား လုပ်ငန်းရှင်များ၊ မြန်မာ့ ခရီးသွား လုပ်ငန်း ဖက်ဒရေးရှင်း အောက်ရှိ အသင်းအဖွဲ့ တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ အပြုသဘော ညှိနှိုင်း ဆောင်ရွက်ရန်နှင့် ခရီးသွား ကုမ္ပဏီနှင့် ဟိုတယ်များကြား စာချုပ် ချုပ်ဆိုခြင်း၊ အခန်း ရောင်းချပေးခြင်း၊ ပြင်းထန်လွန်းသော ပေါ်လစီများကို လုပ်သာ ကိုင်သာ ရှိစေရန် ဖြေလျှော့ ပေးခြင်း၊ ၀န်ဆောင်မှုနှင့် သင့်တင့်သော သက်ဆိုင်ရာ ဟိုတယ် အခန်းခ ဈေးနှုန်း သတ်မှတ်ခြင်း၊ Touristclass နှင့်ညီသော Infrastructure နှင့် ၀န်ဆောင်မှုများ၊ HR ဆိုင်ရာများကို မြှင့်တင်ခြင်း တို့ကိုပြုလုပ်ရန် ဟိုတယ်/ခရီးပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောကြားသည်။ “အခုဝန်ကြီးရဲ့လမ်းညွှန်မှု အတိုင်း လုပ်ပေးတယ်။ ဒါပေမဲ့ ဟိုတယ်ရဲ့ပေါ်လစီနဲ့ လုပ်တယ်။ လုပ်တော့ Booking အတွက် တစ်လခွဲ နှစ်လခွဲလောက် ကတည်းက အခန်းရဲ့ ၅၀ ရာခိုင်နှုန်း စရန် တင်ခိုင်းတယ်” ဟု ဒေါ်သတိုးသူဇာအောင်က ဆိုသည်။ လက်ရှိတွင် ပြည်တွင်း တိုင်းရင်းသားပိုင် ဟိုတယ်များသည် ပြီးခဲ့သည့် ဧပြီလတွင် ရှိသော ဈေးနှုန်းဖြစ်သည့် အခြေခံ အခန်းခ ဒေါ်လာ ၃၅ မှ ၄၀ သာ ရှိသော ဈေးနှုန်းမှ ယခုအခါ ဒေါ်လာ ၈၀ မှ ၁၄၀ အထိ တိုးယူခြင်းများ ရှိလာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း အမှုဆောင် ဦးစိုးလွင်က ပြောကြားသည်။ “နိုင်ငံခြားသားပိုင် ဟိုတယ်တွေ ဈေးကြီးတဲ့ အတွက် တိုင်းရင်းသားပိုင် ဟိုတယ်တွေကို စဉ်းစားတယ်၊ ကြယ်ငါးပွင့် ဟိုတယ်မှာ ရှိတဲ့ အခြေခံ ဈေးနှုန်း ၁၄၀ လောက်ကို ကြယ်တစ်ပွင့် လောက်ရှိတဲ့ ဟိုတယ် က အဲဒီ ဈေးအတိုင်း တောင်းတယ်၊ အဲဒါကြောင့် ၀န်ကြီးဌာနကို တိုင်လိုက်တယ်” ဟု မကြာသေးခင်က ဟိုတယ်/ခရီး ၀န်ကြီးဌာနသို့ မြရိပ်ညို ဟိုတယ်နှင့် ပတ်သက်၍ တိုင်ကြားခဲ့သူ JOYFULJUPITER TOURS LTD.., ၏ မန်နေဂျင်း ဒါရိုက်တာ ဦးတင်စိုးက တိုင်းရင်းသား ပိုင် ဟိုတယ်များ၏ ဈေးနှုန်း တိုးယူနေသော အခြေအနေကို ပြောဆိုသည်။ ၎င်းကပင် “စာချုပ်ဈေးတော့ ပေးပါတယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံ ဟိုတယ်တွေက သူတို့က ဘယ်လို ပြန်လုပ်ထားလဲ ဆိုတော့ အန်ကယ်က အခန်း ၁၀ ခန်း တင်ရင် ငါးခန်းကို ဒေါ်လာ ၁၅၀ တန် အခန်းပေးပြီး ကျန်တာကို ၂၀၀/၃၀၀ ရှိတဲ့ အခန်းတွေ ပေးတယ်” ဟု ဟိုတယ် အခန်း မှာယူ ရရှိမှု အခြေအနေ ကို ဆက်လက် ပြောဆိုသည်။ ထို အခြေအနေများကြောင့် ခရီးသွား ကုမ္ပဏီ အချို့မှာ ဧည့်သည် များကို မိမိတို့ အစီအစဉ်ဖြင့် ကွန်ဒို ငှားရမ်းထားရှိခြင်းမှာ ဖြစ်လောက် ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။ “နည်းလမ်းတော့ မဟုတ်ဘူး။ ကွန်ဒိုတွေမှာ သူတို့ အစီအစဉ်အတိုင်း ထားတယ် ဆိုတာ၊ ဟိုတယ်/ခရီး ၀န်ကြီးဌာန စည်းကမ်းနဲ့လည်း မညီဘူး၊ ဥပဒေနဲ့လည်း မညီဘူး။ မလိုလားအပ်တဲ့ပြဿနာဖြစ် လာနိုင်တဲ့ အတွက် တိုင်းပြည်ရဲ့ခရီးသွားလုပ်ငန်း ကဏ္ဍ ပုံရိပ်ကို ကျမယ်” ဟု NATURE LOVERS INTL ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဦးအောင်ဒင်က ဆိုသည်။ ယင်းသို့ ဖြစ်လာခြင်းမှာ ဟိုတယ် အခန်းခ ဈေးကြီးလွန်းခြင်း၊ အေးဂျင့်များကို လိုအပ်သော အခန်းမပေးခြင်း(အခန်း အမှန်တကယ် မရှိခြင်း ဖြစ်နိုင်သကဲ့သို့ ကြိုက်ဈေးဖြင့် ရောင်းလိုခြင်းများကြောင့်)၊ အခန်းခများ ဈေးကြီးသဖြင့် ခရီးသွား ဧည့်သည်နှင့် ကုမ္ပဏီများ အတွက် အကန့်အသတ်ရှိ လာရခြင်း များကြောင့် ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။ “နိုင်ငံခြားသား ဆိုတာ လိုင်စင်ရ ဟိုတယ်မှာပဲ ထားခွင့်ရှိတယ်။ TOURIST တွေထားတာတော့ မကြားမိဘူး။ အကယ်၍ ထားခဲ့ရင်လည်း လက်ပူတိုက်ပြီး ဖြေရှင်းတဲ့ သဘောပဲ။ ဟိုတယ် အခန်းတွေ ရှားပါးလို့ ဈေးကြီးလို့ ဖြစ်တာပဲ။ မတတ်သာလို့ တစ်ခေါက် နှစ်ခေါက် လောက်ထားတာ ပြဿနာ မဟုတ်ပေမယ့် ဒီလိုမျိုးထား တာကို လုပ်ငန်းတစ်ခု အနေနဲ့ လုပ်ရင် ခွင့်ပြုလို့ မရဘူး” ဟု ခရီးသွား ဧည့်လမ်းညွှန် ဦးညီညီက မှတ်ချက် ဆိုသည်။ အဆိုပါကွန်ဒိုတွင် ဧည့်သည် ထားရှိခြင်းသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် ငြိစွန်း သကဲ့သို့ ဟိုတယ်/ခရီး ၀န်ကြီးဌာနက ထုတ်ပေးသော ခရီးသွား ကုမ္ပဏီ ခွင့်ပြုသော စည်းကမ်းချက် နှင့်လည်း ငြိစွန်းကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဇော်ထွဋ်က ပြောကြားသည်။ “အိမ်ရာတို့၊ တိုက်ခန်းတို့၊ ကွန်ဒိုတို့မှာ ထားမယ် ဆိုရင် မလိုလားအပ်တဲ့ ရှုပ်ထွေးမှု တွေ ဖြစ်လာနိုင်သလို နိုင်ငံလုံခြုံရေးနဲ့ လူမှုရေးပိုင်းမှာပါ ပြဿနာ ရှိလာနိုင်တယ်” ဟု ၎င်း၏ ပုဂ္ဂလ အမြင်ကို ပြောဆိုသည်။ မြန်မာ့ ခရီးသွား လုပ်ငန်းသည် ၂၀၀၉-၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး ပုံမှန် ကောင်းမွန် ခဲ့ကြောင်း၊ ယင်းအချိန်က ခရီးသွား ဧည့်သည်ဝင်ရောက်မှု နည်းပါးသော်လည်း ယင်းနယ်ပယ်တွင်းတွင် ဟိုတယ်ဈေးနှုန်းများ၊ အခန်းအခက်အခဲများ၊ ခရီးသွားလာစရိတ်(လေယာဉ်လက် မှတ်ခ)များ မြင့်တက်ခြင်း မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းနှင့် ပြောင်းပြန် ဖြစ်နေသော်လည်း ခရီးသွားတိုးလာ နေပြီး ဟိုတယ်များနှင့် ခရီးသွား လုပ်ငန်းတို့ အကြား ပြဿနာများ တိုးပွားခဲ့ကြောင်း၊ ရှေ့လာမည့်နှစ်များတွင် ခရီးသည် တိုးမြှင့်ရောက်မည် မှန်သော်လည်း ထိုအချိန်တွင် ယခုအတိုင်း ဆက်ဖြစ်နေပါက ခရီးသည် ဆက်လက်တိုးမည့် အခြေအနေ ကောင်းမှ လျော့ပါးခြင်း၊တန့်ခြင်းများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် အသင်း အမှုဆောင် ဦးစိုးလွင်က လက်ရှိ မြန်မာ့ခရီးသွား လုပ်ငန်း အပေါ် သုံးသပ်သည်။ “အားလုံး မျှမျှတတ ဆိုရင် ကောင်းမှာပဲ။ ဒီလိုသာ ဆက်ဖြစ်မယ် ဆိုရင် Image ကျသွားတဲ့ အပြင် ခရီးသည် တိုးလာတာ ကနေ လျော့သွားနိုင်တယ်” ဟု ၎င်းက မှန်းဆသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုတွင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ နေပြည်တော် လေဆိပ်တို့မှ ၀င်ရောက်မှုနှင့် နယ်စပ် ဒေသများမှ ၀င်ရောက် လည်ပတ်မှု ဟူ၍ နှစ်ပိုင်းရှိရာ ၂၀၁၁ ခုနှစ် တွင် မြန်မာနိုင်ငံသို့ ခရီးသည် ၈၁၆ç၃၆၉ ဦး ၀င်ရောက်ခဲ့ပြီး ရန်ကုန် လေဆိပ်နှင့် ဆိပ်ကမ်း များမှ ၃၈၉ç၄၂၈ ဦး၊ နယ်စပ် ဒေသများမှ ၄၂၆ç၉၄၁ ဦး ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်/ခရီး ၀န်ကြီးဌာန၏ စာရင်းအရ သိရသည်။ ယင်းအခြေအနေတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားပိုင်နှင့် ဖက်စပ် ဟိုတယ် ၂၆ လုံးတွင် အခန်းပေါင်း ၄၀၅၄ ခန်း၊ ပြည်တွင်း ပုဂ္ဂလိကပိုင် ဟိုတယ် ၇၃၁ လုံးတွင် အခန်းပေါင်း ၂၂၄၄၂ ခန်း၊ နိုင်ငံပိုင် ဟိုတယ် ခြောက်လုံးတွင် အခန်းပေါင်း ၁၉၉ ခန်းရှိကြောင်း အဆိုပါ ဌာန စာရင်း ဖော်ပြချက်အရ သိရသည်။ Written by The Voice The Voice Weekly |
0 comments:
Post a Comment