Saturday, August 11, 2012

လူသားဖြစ်ခွင့် မဖြစ်ခွင့်

ရေးသားသူ-မောင်သာချို

(တစ်)

လူ့ပြည်က အပ်တစ်ချောင်းနှင့် ဗြဟ္မာ့ပြည်က အပ်တစ်ချောင်းတို့
လမ်း၌ဆုံကောင်းဆုံကြမည်ဖြစ်သော်လည်း လူတစ်ယောက်ဖြစ်လာဖို့ဆိုသည်မှာ မလွယ်ကူလှဟူ၍ မြန်မာ့လူမှုဝန်းကျင်အစဉ်အလာ၌ လက်ခံထားခဲ့ကြဖူးပါသည်။

အမေရိကန်သူပုန်စာရေးဆရာကြီး ဂျက်လန်ဒန် (ဲခေုသညိသည) ကမူ
သူ့နာမည်ကျော်ဝတ္ထုဖြစ်သော ပင်လယ်ဝံပုလွေ (sea wolf)ထဲ၌
ဝံပုလွေလာဆင်ဟူသောဇာတ်ဆောင်နေရာမှ စကားဝင်ပြောထားခဲ့ရာ ''ကမ္ဘာပေါ်မှာ အပေါဆုံးက လူ့အသက်"ဟူသတတ်။

လူ့အဖြစ်ကို ရရှိခြင်းသည် ကောင်းသလား၊ မကောင်းသလား ခွဲခြားရန်
ခက်ခဲနက်နဲလှသော ဤ ကမ္ဘာ၌ လူဖြစ်လာခွင့်၊ မလာခွင့် အခွင့်အရေးများကလည်း တိုင်း ပြည်နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးများအပြင်
လူတစ် ဦးချင်းစီ၏ ဆန္ဒသဘောထား ခံယူ ချက်များ အပေါ်၌လည်း မှီတည်
လျက်ရှိပါသည်။

ယခု ၂၀၁၂ ခုနှစ်အတွင်း မကြာမီလပိုင်းများဆီက တရုတ် ပြည်ကြီးဆီက
သတင်းတစ်ပုဒ် ကမ္ဘာ့မီဒီယာလောကထဲသို့ ရောက် ၍ လာပါသည်။ အသက် ၂၇နှ စ်အရွယ် ဖန်ကျန်းမေဆိုသည့် အမျိုးသမီး၏ သတင်း။ သူက ငါးနှစ်အရွယ် သမီးကလေးတစ် ယောက်ရှိနေခဲ့ပြီး နောက်ထပ် ကိုယ်ဝန်ရှိလာခဲ့လေသောအခါဒေသဆိုင်ရာ အာဏာပိုင်တို့က ပေါင် ၄၀၀၀
ကျော်ဒဏ်ငွေပေး ဆောင်ရန် အမိန့်ချမှတ်ပါသည်။ သို့သော် ဖန်ကျန်းမေ မပေးနိုင်ရှာပါ။

One Child Policy ခေါ် တစ်အိမ်ထောင် ကလေး တစ် ယောက်ဥပဒေကို
ကျော်လွန်ခြင်း ဖြစ်ရာ အာဏာပိုင်တို့က ဖန်ကျန်း မေကို ဆေးရုံသို့
ခေါ်ဆောင်သွားကာ အတင်းဖျက်ချပစ်ကြပါသည်။ ခုနစ်လသားကလေး ပျက်ကျခဲ့ပါပေါ့။

ဤ၌သတင်း မီဒီယာလောကတစ်ခုလုံး ပွက်ညံပွက်ညံဖြစ်၍ လာတော့ကာ
နောက်ဆုံးတော့ အစိုးရက ဖန်ကျန်းမေကို တောင်းပန်ခြင်းဖြင့်
ကိစ္စပြီးသွားခဲ့ရပါ သည်။ သို့သော် ခုနစ်လတိတိ လွယ်ထားခဲ့ရသည့်
ရင်သွေးကလေးကိုမူ ပြန်မရနိုင်ပါလေတော့။

ဒါကတော့ တရုတ်ပြည်၏ စီးပွားရေး၊ လူမှုရေးနှင့်ဆိုင်သော ကိစ္စဟု
မြင်ပါသည်။ လူဦးရေ အ ဆမတန်များပြားတိုးပွားနေသော တရုတ်ပြည်အဖို့ ၁၉၇၈ မှစတင်ကာ One Child Policy ခေါ် တစ်အိမ်ထောင် ကလေးတစ်ယောက်မူကို
ကျင့်သုံးခဲ့သဖြင့် ယခု ၂၀၁၂ ၌ လူဦးရေသန်း ၁၃၀၀ ပဲရှိပါသည်။ အကယ်၍
ထိုပေါ်လစီကိုသာ မကျင့်သုံးခဲ့သော် သန်း ၁၇၀၀ ရှိနေမည်ဖြစ်သဖြင့် သန်း ၄၀၀ ခန့်မျှသော အူဝဲကလေးတို့ကို လူထဲသို့ ရောက်မလာနိုင်ရန် ဟန့်တားထားလိုက်နိုင်ခြင်းဟု ယူဆရပါ၏။ တိုင်း ပြည်တစ်ခု၏ စားဝတ်နေရေး ကြောင့် ကျင့်သုံးခဲ့ရသော ပေါ် လစီဖြစ်သဖြင့် ကောင်းသည်ဆိုး သည်ကို ကျွန်တော်မပြောတတ်။ သို့သော် ...။

(နှစ်)

သို့သော်၏ နောက်မှာကဖြင့် ပြောစရာတွေက အများကြီးပဲဖြစ် ပါသည်။
စားဝတ်နေရေးသောက အပြင်ကလေးငယ်၏ ကရိကထဒုက္ခ

ကိုမခံချင်လို့၊ လွတ်လွတ်လပ်လပ်နေချင်လို့၊
သမီးမိန်းကလေးကိုမလိုချင်လို့၊ သားသမီးတစ်ယောက် တည်းလိုချင်လို့
စသည်စသည်ဖြင့် တားကြဆီးကြ ရှောင်ကြကွင်းကြ ဖျက်ကြဆီးကြတာတွေကဖြင့် နေ
ရာအနှံ့မှာပဲ ဖြစ်ပါသည်။

တရုတ်၊ အိန္ဒိယစသောနိုင်ငံ တို့၌သမီးမိန်းကလေးကို မလိုချင် သောကြောင့် ဖျက်ချကြသော Missing Girls ဟူ၍ရှိပါသည်။ ယောက်ျားကလေးကိုသာ ဦးစား
ပေးသောကြောင့် ယင်းကိုအချို့က Little Emperor တဲ့။ အ နောက်နှင့်
ဥရောပနိုင်ငံများ၌မူ ကျား၊ မဟူ၍
လိင်ကြောင့်အနိမ့်အမြင့်ခွဲခြားတာမျိုးမရှိ။

ဂျာမနီ၌ ၁၉၆၀ နှင့် ၁၉၆၇ ကြားတွင်ဂျာမန်ဇနီးမောင်နှံတို့ အနက် ၃၀
ရာခိုင်နှုန်းက သားသ မီးမယူဘဲရှိခဲ့ကြလေရာ ၁၉၇၂ မှ ၂၀၀၂ အကြားနှစ် ၃၀
အတွင်း တွင် လူဦးရေ ကျဆင်းလာခဲ့ရာ ၂၀၅၀ ၌ ဂျာမန်လူဦးရေ ၇၅ သန်းကနေ သန်း
၅၀ သို့ကျဆင်းသွားမည်ဖြစ်သဖြင့် ၀န်ကြီးချုပ်မာကယ် ကကိုယ်ဝန်ဆောင်သော
အမျိုး သမီးတို့ကို လစာအပြည့်ဖြင့် ခွင့် တစ်နှစ်ပေးမည့်အပြင် ကလေး၏
မူကြိုစရိတ်ကိုပါ နိုင်ငံတော်က တာဝန်ယူကြောင်း ထုတ်ပြန်ပါသည်။

ပြင်သစ်ကမူ သားသမီးယူ လျှင် ပထမကလေးဆိုပါက လစာ အပြည့်နှင့် ခွင့် ၃နှစ်။ ဒုတိယ ကလေးယူသော် ထောက်ပံ့ကြေး ထပ်ပေး။ တတိယ ကလေးယူ သော်ထောက်ပံ့ကြေးနှစ်ဆထပ် ပေးရန် စီမံထားပါ၏။

အမေရိကန်ကမူ ကလေး မွေးသော် လစာမဲ့ခွင့်သုံးလ။ တရုတ်တိုင်ပေက ၂၀၁၁
ခုနှစ်မှ စတင်ကာ ကလေးတစ်ယောက် မွေးတိုင်း ထောက်ပံ့ကြေး ၆၂၅
ဒေါ်လာဟုဆိုပါ၏။

တောင်ကိုရီးယားနိုင်ငံ၏ အစီအမံကမူ ပြုံးချင်စရာဖြစ်နေ မလားမသိ။
ကိုရီးယားအမျိုးသမီး တို့၏ မွေးဖွားနှုန်းက ၁ ဒသမ ၀၉ ဟုဆိုရာ
လူဦးရေကျဆင်းမည်ကို ကြောက်သဖြင့် ကျန်းမာရေးဝန် ကြီးဂျန်ဂျယ်ဟီက
ဝန်ထမ်းများ အိမ်သို့ စောစောပြန်ကြရန်၊ တစ် လကို တစ်ရက် မီးမှိတ်ထားကြ
ရန် ထုတ်ပြန်ခဲ့ရာ လက်တွေ့အ ကောင်အထည်ဖော်ဆောင်ရွက်ရ သူအရာရှိ
ချွိုင်ချင်စွန်က လတစ် လ၏ တတိယမြောက် ဗုဒ္ဓဟူးနေ့ ၌ ည ၇း၃၀ တွင်
အိမ်တိုင်းမီးများ မှိတ်ထားကြရန် လိုက်လံဆောင် ရွက်နေရပါသတဲ့။

ဂျပန်နိုင်ငံကလည်း အမျိုး သမီးတို့၏ ကလေးမွေးဖွားနှုန်းမှာ ၁ ဒသမ ၃
သာရှိသည်ဟု ဆိုပါ သည်။ ထို့ကြောင့် လူဦးရေကျ ဆင်းလျက်ရှိနေပါသည်။

သို့ဖြစ်ရာ တရုတ်ပြည်ကဲ့သို့ အစိုးရပေါ်လစီတစ်ရပ်အနေနှင့် သညန ခ့ငို
စသူငခပ မဟုတ်သည့် တိုင် မိမိတို့ဆန္ဒနှင့် မိမိတို့ တစ် ယောက်လောက်သာ
ပျမ်းမျှမွေး သည့် အနေအထားဖြစ်ရာ ဤသို့ ဖြင့် လူဦးရေကျဆင်းသွားခြင်းဖြစ်
ပါသည်။

(သုံး)

ယခုတလော မြန်မာသတင်း လောက၏ ဖော်ပြချက်များအရ အရှေ့တောင်အာရှ၌
အိမ်ထောင် ပြုချိန်သားသမီးယူချိန် နောက်အ ကျဆုံးနိုင်ငံများတွင်
စင်ကာပူပြီး လျှင်မြန်မာနိုင်ငံဟု ဆိုပါသည်။ မြန်မာမိန်းကလေးတို့
ကိုယ့်အား ကိုယ်ကိုးလာကြတာ၊ သို့မဟုတ် အိမ်ထောင်တစ်ခုကို တည်ဆောက် ဖို့
မ၀ံ့ရဲကြတာ၊ သို့မဟုတ် လွတ် လွတ်လပ်လပ်နေလိုကြတာ စသည်စသည်ဖြင့်
အကြောင်းအမျိုးမျိုးရှိနိုင်ပါသည်။

သည့်နောက်ဆွယ်မှာဖြင့် ဂ ယက်တွေ အနက်တွေက အများ အပြား။

တရုတ်ပြည်၌ one child policy ကျင့်သုံးရာ တစ်ကောင် ကြွက်ကလေးများ
ဖြစ်လာကြသဖြင့် မွေးချင်းဟူ၍မရှိ။ ထို့ကြောင့် အစ်ကိုတို့ ညီတို့ ညီမတို့
အစ်မတို့ မရှိ။ ထို့ကြောင့် ဦးလေး၊ ဘကြီး၊ ဒေါ်လေး၊ ဒေါ်ကြီးဆိုတာတွေ
မရှိ။ မသိ။

ဂျပန်၌ ခိုးခိုးခစ်ခစ် ရယ် တတ်၊ ငိုတတ်သော ကလေးများ ကိုလိုချင်သဖြင့်
ထို့သို့ရယ်တတ် ငိုတတ် ချိုချိုလည်း စို့တတ်သည့် ကလေးအရုပ်များကို
ထုတ်လုပ် ကာစိတ်ဖြေကြရလေသတဲ့။ တစ်ကောင်ကြွက်တို့များလာ၊ ကလေး
မရှိသူတို့များလာသဖြင့် အလှူ၊ မ သာ၊ မင်္ဂလာများ၌ ဆွေမျိုးများနှင့်
သိုင်းသိုင်းဝိုင်းဝိုင်းမရှိဖြစ်လာရာ အငှားဆွေမျိုးလုပ်ငန်းဟူ၍ ဂျပန်မှာ
ပေါ်ပေါက်လာရပြန်သတဲ့။

တိုကျိုတက္ကသိုလ်က ပညာ ရေးစိတ်ပါရဂူအာကီယားရိုဒါက
တစ်ယောက်တည်းသားသမီးအ များစုသည် ပူးပေါင်းဆောင်ရွက် တတ်သော စိတ်နည်းသည်။
အ သင်းအဖွဲ့နှင့် လှုပ်ရှားတတ်သော အလေ့ခေါင်းပါးသည်။ ပေါင်း သင်းဆက်ဆံရေး
ညံ့တတ်သည် ဟုဆိုပါသည်။

ဖခင်အသက်ကြီးမှရသော ကလေးတို့ကမူ အထီးကျန်တတ်၊ စိတ်မမူမမှန်တတ်ကြောင်း
နယူး ယောက်မြို့ မောင့်ဆိုင်းနိုင်းဆေး သိပ္ပံနှင့် လန်ဒန်ဘုရင့်ကောလိပ်
စိတ်ရောဂါပညာဌာနသုတေသီ များကအစ္စရေးကလေး ၁၃၂၂၇၁ ယောက်ကို စောင့်ကြည့်သုတေသ
နပြုကာ ထုတ်ပြန်ခဲ့ကြပါသည်။

အိမ်ထောင်ရယ်လို့မှပြု၊ သား သမီးရယ်လို့မှ ယူမည်ဆိုလျှင် မိခင်၏
မျိုးဥတို့အားကောင်းမောင်း သန်ရှိချိန် ငယ်ရွယ်ချိန်တွင် ယူမှ
သာထိုကလေးသည် ကျန်းမာသန် စွမ်းဥာဏ်ရည်ထက်မြက် သွက် လက်ကြံ့ခိုင်ကာ
စိတ်ပိုင်းဆိုင်ရာ ၌လည်း ပြည့်ဝကြောင်း ကျန်းမာ ရေး အစီရင်ခံစာများက
ဖော်ပြ နေကြပါသည်။

နိုင်ငံတစ်နိုင်ငံအဖို့ လူဦးရေ အလွန်အမင်းနည်းခြင်းသည်
အန္တရာယ်ဖြစ်သကဲ့သို့ လူဦးရေအဆမတန် ပေါက်ကွဲခြင်းကလည်း ရှင်းမရသော
ပြဿနာများဆီသို့ ဦးတည်သွားတတ်ပါသည်။

မိသားစုသည် နိုင်ငံ၏ အ ခြေခံအကျဆုံး အသေးဆုံးယူနစ် ဖြစ်ရာ
နိုင်ငံသားတိုင်းက ကိုယ် စိတ်နှစ်ပါးလုံခြုံကာ
ပျော်ရွှင်ချမ်းမြေ့၍ကျန်းမာကြံ့ခိုင်သော မိသား စုအသိုက်အ၀န်းကလေးများကို
တည်ဆောက်သင့်သည်ဟု ယူဆပါသည်။

မိခင်လောင်း၊ ဖခင်လောင်း များနှင့် မိခင် ဖခင်ဖြစ်နေသူများ အဖို့
နတ်ထွင်းတဲ့ ခံတွင်းနောက် ကြမှ ကြည့်ရှင်းမယ်ဟုဆိုကာ အတားအဆီးမရှိ
မွေးဖွားဖို့မလိုသ လိုကျွေးနိုင်ပါ့မလား၊ မွေးနိုင်ပါ့မလားနှင့်
တားရင်းဆီးရင်း ရှောင် ရင်းကွင်းရင်း သားမဲ့သမီးမဲ့ မိသား စုဖြစ်လိုဖြစ်၊
တစ်ကောင်ကြွက် က လေးတွေဖြစ်လိုဖြစ် နောက်ကျ သား နောက်ကျသမီးများဘ၀နှင့်
ဥာဏ်ရည်မမီ၊ ကြုံလှီညံ့ဖျင်းသော ကလေးတွေဖြစ်လိုဖြစ်သည့် ဘ၀မျိုးကိုလည်း
ရောက်ရှိသွားရန် မ လိုအပ်ပါ။

ကြယ်လစုံသာ ကောင်းကင် ပမာစည်ပင်ဝေဆာသော မိသား စုဘ၀များ
ပိုင်ဆိုင်နိုင်ကြပါစေ ဟူ၍သာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...