Wednesday, August 1, 2012

" လူလူလက်ျာ အလျားလိုက်တွေးနေသည် "


by Lululattyar Yar on Thursday, March 22, 2012 at 12:34pm ·
                                         Pablo Picasso Painting

 တောထုတ်ပစ်ရမယ်
အယုတ္တ အနတ္တ မိန်းမလို မိန်းမရ ပြဋ္ဌာန်းချက်တွေထဲ
ဘရိတ်က လာငြိနေသေး
စိတ္တဇပန်းချီကားတချပ်ရှေ့ ရပ်လိုက်လိုက်မိတဲ့  Abstract မျက်လုံးတစုံလို
ကြုံရာကျပန်းအတွေးနဲ့  ကြက်သီးမွေးညင်းတွေ ဖြိုင်ဖြိုင်ထ
ပြင်ချင်တိုင်း ပြင်လို့ မရတဲ့  အကွပ်ထဲမှာ
တကိုယ်ရည်တကာယ လောင်နေတဲ့ ထင်းတစရဲ့ အပူဟပ်ခြင်းမျိုးနဲ့ 
လည်မျိုရိုက်အသတ်ခံလိုက်ရတဲ့  စိတ်ကူးယဉ်မှုတွေ
... ကျင်းလိုအောင်းရင်း ထောင်းလမောင်းထကြေကွဲ
မြက်ထုံးကိုဖြည်လိုက်တော့
ပျက်သွားတဲ့  ပုံသဏ္ဍာန်ထဲမှာ (အနှစ်သာရကကော... )
ကြွေသွားတဲ့ ကြယ်လို ကျသွားတဲ့ မျက်ရည်နဲ့ 
ပြိုသွားတဲ့ မျက်နှာထဲမှာ (အနှစ်သာရကကော..... )
တောပုန်းလိုလို သူတော်စင်လိုလို အရပ်ပျက်မလိုလို
(အနှစ်သာရကကော.....)
အခုဘဲ မီးညှိပြီး
အခုဘဲ ထိုးချေခံလိုက်ရတဲ့  စီးကရက်တလိပ်လို
ဂုဏ်သိက္ခာမဲ့ဆက်ဆံခံလိုက်ရတာ
မင်းဟာ.......... အိပ်ဇောပိုက်ထဲက ထွက်သွားတဲ့  မီးခိုးဘဲ
မင်းဟာ........... အပ်ကွက်မိဘို့ ကြိုးစားနေရတဲ့ ဘုရင်တကောင်ဘဲ
မင်းဟာ............ ထက်ပိုင်းထပ်အခြားခံလိုက်ရတဲ့  သွားကြားထိုးတံ တချောင်းဘဲ
အလံလို အသုံးဝင်မှုမျိုးနဲ့  ခံ့ခံ့ညားညား တည်ကြက်အလုပ်ခံထားရတာ
ဘာ၏ ညာ၏ မဟုတ်ဘူး
လက်ရေးလှစာအုပ်လို လိုင်းတွေထဲမှာမှ လှနေရတာမျိုးနဲ့ 
လူတွင်မကျယ်ချင်တော့ဘူး ဘ၀မှာ
လင်ဆေးလိုဟန်လို တခါလောက်တော့ တကိုယ်လုံး ထုံကြည့်ဘူးသွားချင်တယ်....။


လူလူလက်ျာ
(၁၄ ၊ ၅ ၊ ၂၀၁၁ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...