မာမာ၏ သုတအလှူ (၁၁-၈)
ကုန်းဘောင်ခေတ်တုန်းက အမှန်တရားကို အသက်နဲ့လဲဝံ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ဘယ်သူလဲ
ကုန်းဘောင်ခေတ်တုန်းက အမှန်တရားနှင့်ပတ်သက်လာလျှင် အသက်နှင့်လဲဝံ့သောပုဂ္ဂိုလ်တစ်ဦး ရှိ၏။ သူသည် မင်းလိုလိုက် မင်းကြိုက်ခစားသူများအကြားမှ မှန်မည်ထင်ရာ ယုံကြည်ရာကို ရဲဝံ့စွာ ပြောဆိုခြင်းကြောင့် ရာထူးမှ မကြာခဏ အချခံရပြီး အိမ်နိမ့်စံဘ၀ဖြင့် ကွယ်လွန်သွားသော ၀န်ကြီးလည်း ဖြစ်ခဲ့သည်။
သူကား ယောအတွင်းဝန် ဦးဘိုးလှိုင်ဖြစ်ပါသည်။ မင
ညောင်သားကို ဘာကြောင့် ထင်းအဖြစ်မသုံးရတာလဲ
လူကြီးသူမများကို ညောင်ပင်မှ ညောင်ကိုင်း၊ ညောင်ခက်၊ ညောင်သားတို့အား မီးမဆိုက်ရန် တားမြစ်လေ့ရှိကြပါသည်။ ညောင်ပင်သည် ကြီးမားသောအပင်မျိုး၌ ပါဝင်၏။ သစ်ပင်များ ကြီးမားလျှင် ရုက္ခစိုး (ခေါ်) သစ်ပင်စောင့်နတ် ရှိသည်ဟူ၍ စွဲမှတ်တတ်ကြလေရာ ညောင်ပင်မှာ အကြီးမျိုးဖြစ်၍ ညောင်ပင်တိုင်းတွင် ရုက္ခစိုးမုချရှိသည်ဟူသော အစွဲသည် အခိုင်အမာ ဖြစ်နေလေပြီ။ ထို့ကြောင့်လည်း အချို့အချို့သော ညောင်ပင်ကြီးများ၌ နတ်စင်များ ဆောက်လုပ်ထားခြင်း၊ ဆီမီးပူဇော်ခြင်းများကို တွေ့မြင်ကြရခြင်း ဖြစ်၏။ ညောင်ပင်အောင်၌ အလေးအပေါ့မစွန့်ခြင်း၊ ညောင်ကိုင်းကို မခုတ်ဖြတ်ခြင်းတို့မှာ ရုက္ခစိုးစိတ်ဆိုးမှာ နတ်စိတ်ဆိုးမှာစိုး၍ ရှောင်ကြဉ်ခြင်း ဖြစ်လေသည်။
တစ်ဖန် ဂေါတမြတ်စွာဘုရားရှင်သည် ညောင်ဗုဒ္ဓဟေကို အမှီပြု၍ ပွင့်တော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များသည် ဘုရားရှင်၏ သာသနာတော်၌ ညောင်ပင်များကို အလေးအနက်ထားကြခြင်း ဖြစ်ပါသည်။ ပိဋိကတ်သုံးပုံက တားမြစ်ခြင်း မဟုတ်သော်ငြားလည်း ရိုသေ ကိုင်းရှိုင်းမှု အားဖြင့် ရှောင်ကြဉ်ခြင်းလည်း ဖြစ်နိုင်ကောင်းပါသည်။ ရှောင်ကြဉ်ခြင်းအားဖြင့် အလေးအမြတ်ထား၍လည်း ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းလောင်းလေ့ရှိပါသည်။
အင်္ဂ၀ိဇ္ဇာ ဓာတ်ရိုက်ဓာတ်ဆင် ပညာရပ်တွင် နေထိုင်မကောင်းပါက ဗုဒ္ဓယတြာအဖြစ် ညောင်ထောက်ခြင်းကို ပြုရ၏။ ကက်ကင်း ဓာတ်ဆင်နည်းဆိုသည်လည်း ရှိပါသေးသည်။ လက်ပံနှင့်မြင်းလား၊ ကင်ပွန်းနှင့်မီးခိုးတို့သည် ကက်ကင်းသဘောအရ ဓာတ်ဝင်နေကြသည်။ ထို့ကြောင့် လက်ပံပင်ကို မြင်းလားအစွယ်ဖြင့်ရိုက်လျှင်သော်လည်းကောင်း၊ ကင်ပွန်းပင်ကို မီးခိုးဖြင့် မှိုင်းတိုက်လျှင်သော်လည်းကောင်း အပင်များ သေတတ်ပါသည်။
ဤသို့နည်းတူ “ညောင်ပင်” ဟူသည် “ပညာ” ၏ ကက်ကင်း ဖြစ်လေသည်။ ထို့ကြောင့် ဓာတ်ရိုက်ဓာတ်ဆင် ပညာရှင်များသည် ပညာကို လိုလားသဖြင့် ညောင်ပင်ကို အလေးအမြတ်ပြုကြလေရာ ညောင်ပင်၏ အစိတ်အပိုင်းကို မီးမြိုက်ခြင်းဖြင့် ပညာကို ထိခိုက်စေတတ်သည်ဟု ယူဆလျက် ရှောင်ကြဉ်
ကြခြင်း ဖြစ်နိုင်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
ငွေဒင်္ဂါးကို မြန်မာပြည်မှာ ဘယ်တုန်းက စသုံးစွဲခဲ့ကြသလဲ
ပစ္စည်းတစ်ခုနှင့်တစ်ခု ရောင်းဝယ်ဖလှယ်ကြရာ၌ ယခုခေတ်၌ ငွေစက္ကကို အသုံးပြုကြပါသည်။ ရှေးကမူ စက္ကမပေါ်သေး၍ ငွေစက္ကူအစား ငွေဒင်္ဂါးများဖြင့် ရောင်းဝယ်ရေးကိစ္စ၌ ဖလှယ်ရေးပစ္စည်းအဖြစ် အသုံးပြုခဲ့ကြသည်။
အမရပူရနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးကိုမှာယူ၍ မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၁)ရက်နေ့တွင် ပြည်တွင်းသုံးဒ
ဖက်ဆစ်ဂျပန်နဲ့ နယ်ချဲ့အင်္ဂလိပ်တို့ ဗိုလ်ချုပ်အပေါ် ဘယ်လိုမြင်ခဲ့ကြသလဲ
မြန်မာတို့အပေါ် ဖက်ဆစ်စနစ်ဖြင့် ဗိုလ်ကျစိုးမိုးခဲ့သော ဂျပန်များ၊ မြန်မာနိုင်ငံအား ကိုလိုနီနယ်ချဲ့ကာ ကျွန်ပြုခဲ့သော အင်္ဂလိပ်မျက်နှာဖြူတို့မှ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ရှုမြင်သုံးသပ်ပုံကို တင်ပြလိုက်ပါသည်။
ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီးက...
“အောင်ဆန်းသည် အကြွင်းမဲ့ ရိုးသားသည်။ သူသည် သတ္တိ ဗျတ္တိနှင့်ပြည့်စုံသော စစ်ခေါင်းဆောင်လည်း
ကုန်းဘောင်ခေတ်တုန်းက အမှန်တရားနှင့်ပတ်သက်လာလျှင် အသက်နှင့်လဲဝံ့သောပုဂ္ဂိုလ်တစ်ဦး
သူကား ယောအတွင်းဝန် ဦးဘိုးလှိုင်ဖြစ်ပါသည်။ မင
်းတုန်းမင်းနှင့် မြောက်ဆောင်တော်မိဖုရားတို့၏ မွေးစားသားအဖြစ် ချီးမြှောက်ခြင်းခံရ၏။ သို့ရာတွင် ဟုတ်တိုင်းမှန်ရာကို ယူဆပြောဆိုသည်ကြောင့် ရာထူးမှ မကြခဏ ချခြင်းခံရသည်။ အသက်(၂၃)နှစ်အရွယ်က မင်းတုန်းမင်းကြီးနှင့် အယူအဆမတူ၍ တစ်ကြိမ်။ ကနောင်မင်းသား လုပ်ကြံခံရအပြီး ဗျစ်ရည်သည် ဆေးခါးကြီးနှင့်တူကြောင်း၊ အနည်းငယ်
သောက်က အပြစ်မရှိကြောင်း ပြောဆိုသဖြင့် ဒုတိယတစ်ကြိမ် ရာထူးချခံရသည်။ တတိယအကြိမ် ရာထူးချခံရပုံက သူမို့သာ လုပ်ရဲသည်ဟုဆိုရမည်။ အဖြစ်က ဤသို့တည်း...
တစ်ခါသော် မင်းတရားကြီး၏ သဘောလွဲမှားနေမှုကို အကြောင်းပြု၍ ဘုရင်မင်းမြတ်သည် အစ်မ၊ နှမ၊ သမီးကညာအပ်နှင်းခြင်း၊ တံစိုးလက်ဆောင်ဆက်သခြင်းကိုအကြောင်းပြုလျက် အတတ်မပညာမရှိသူများကို ၀န်ကြီး၊ အမတ် စသည်ဖြင့် ခန့်အပ်ခဲ့သော် တိုင်းပြည်ပျက်
တတ်ကြောင်း ဘုရင်မင်းတရားကြီးအား မထောက်မညှာ ဝေဖန်ထောက်ပြလျှောက်ထားလိုက်သည် ။ ဤတွင် မင်းတုန်းမင်းတရားကြီးစိတ်တော်ဆိုး၍ ဦးဘိုးလှိုင်အား သူ၏ဖခင် ယင်းတော်ဝန်ကြီးအား ကွပ်မျက်ခဲ့ေ သာလှံကိုပြသလျက် ထိုးမည်ပြုရာ ရင်ကိုကော့လျက် “ထိုးတော်မူပါဘုရား”ဟု လျှောက်တင်ခဲ့သည်။ မင်းတုန်းမင်းက မထိုးဘဲ လှံကိုင်၍ အတွင်းတော် ၀င်သွားသောကြောင့်သာ အသက်
ချမ်းသာရာ ရလေသည်။ အခြားဝန်ကြီးများက အတွင်းဝန်ဦးဘိုးလှိုင်အား ဤမျှ တင်းတင်းမာမာ ဘုရင်ကို ပြန်မလျှောက်သင့်ကြောင်းဝိုင်း၍ ပြောကြသည်တွင် ဦးဘိုးလှိုင်က ပြန်ပြောကြားသောစကားမှာ တန်ဖိုးရှိလှပေသည်။ ဦးဘိုးလှိုင်က..
”ကျွန်ုပ်အား လှံဖြင့်ထိုး၍ သေရခြင်းကား မြတ်ပါ၏။ နေရာတိုင်း မင်းအလိုလိုက်၍ ဆောင်ရွက်ပေးနေရပါမူ မကောင်းမှုဖြစ်ပွားလာပါက နိုင်ငံတော် ပျက်စီးခြင်း ရောက်လေသည်ဟု နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော် သေရကျိုးမနပ်”ဟူ၍ပင် ဖြစ်လေသည်။ ဤသို့ဖြင့် မင်းလိုလိုက် မင်းကြိုက်မခစားသောကြောင့် တတိယအကြိမ် ရာထူးမှ ကျလေသည်။
သောက်က အပြစ်မရှိကြောင်း ပြောဆိုသဖြင့် ဒုတိယတစ်ကြိမ် ရာထူးချခံရသည်။ တတိယအကြိမ် ရာထူးချခံရပုံက သူမို့သာ လုပ်ရဲသည်ဟုဆိုရမည်။ အဖြစ်က ဤသို့တည်း...
တစ်ခါသော် မင်းတရားကြီး၏ သဘောလွဲမှားနေမှုကို အကြောင်းပြု၍ ဘုရင်မင်းမြတ်သည် အစ်မ၊ နှမ၊ သမီးကညာအပ်နှင်းခြင်း၊ တံစိုးလက်ဆောင်ဆက်သခြင်းကိုအကြောင်းပြ
တတ်ကြောင်း ဘုရင်မင်းတရားကြီးအား မထောက်မညှာ ဝေဖန်ထောက်ပြလျှောက်ထားလိုက်သည်
ချမ်းသာရာ ရလေသည်။ အခြားဝန်ကြီးများက အတွင်းဝန်ဦးဘိုးလှိုင်အား ဤမျှ တင်းတင်းမာမာ ဘုရင်ကို ပြန်မလျှောက်သင့်ကြောင်းဝိုင်း၍ ပြောကြသည်တွင် ဦးဘိုးလှိုင်က ပြန်ပြောကြားသောစကားမှာ တန်ဖိုးရှိလှပေသည်။ ဦးဘိုးလှိုင်က..
”ကျွန်ုပ်အား လှံဖြင့်ထိုး၍ သေရခြင်းကား မြတ်ပါ၏။ နေရာတိုင်း မင်းအလိုလိုက်၍ ဆောင်ရွက်ပေးနေရပါမူ မကောင်းမှုဖြစ်ပွားလာပါက နိုင်ငံတော် ပျက်စီးခြင်း ရောက်လေသည်ဟု နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော် သေရကျိုးမနပ်”ဟူ၍ပင် ဖြစ်လေသည်။ ဤသို့ဖြင့် မင်းလိုလိုက် မင်းကြိုက်မခစားသောကြောင့် တတိယအကြိမ် ရာထူးမှ ကျလေသည်။
လူကြီးသူမများကို ညောင်ပင်မှ ညောင်ကိုင်း၊ ညောင်ခက်၊ ညောင်သားတို့အား မီးမဆိုက်ရန် တားမြစ်လေ့ရှိကြပါသည်။ ညောင်ပင်သည် ကြီးမားသောအပင်မျိုး၌ ပါဝင်၏။ သစ်ပင်များ ကြီးမားလျှင် ရုက္ခစိုး (ခေါ်) သစ်ပင်စောင့်နတ် ရှိသည်ဟူ၍ စွဲမှတ်တတ်ကြလေရာ ညောင်ပင်မှာ အကြီးမျိုးဖြစ်၍ ညောင်ပင်တိုင်းတွင် ရုက္ခစိုးမုချရှိသည်ဟူသော အစွဲသည် အခိုင်အမာ ဖြစ်နေလေပြီ။ ထို့ကြောင့်လည်း အချို့အချို့သော ညောင်ပင်ကြီးများ၌ နတ်စင်များ ဆောက်လုပ်ထားခြင်း၊ ဆီမီးပူဇော်ခြင်းများကို တွေ့မြင်ကြရခြင်း ဖြစ်၏။ ညောင်ပင်အောင်၌ အလေးအပေါ့မစွန့်ခြင်း၊ ညောင်ကိုင်းကို မခုတ်ဖြတ်ခြင်းတို့မှာ ရုက္ခစိုးစိတ်ဆိုးမှာ နတ်စိတ်ဆိုးမှာစိုး၍ ရှောင်ကြဉ်ခြင်း ဖြစ်လေသည်။
တစ်ဖန် ဂေါတမြတ်စွာဘုရားရှင်သည် ညောင်ဗုဒ္ဓဟေကို အမှီပြု၍ ပွင့်တော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များသည် ဘုရားရှင်၏ သာသနာတော်၌ ညောင်ပင်များကို အလေးအနက်ထားကြခြင်း ဖြစ်ပါသည်။ ပိဋိကတ်သုံးပုံက တားမြစ်ခြင်း မဟုတ်သော်ငြားလည်း ရိုသေ ကိုင်းရှိုင်းမှု အားဖြင့် ရှောင်ကြဉ်ခြင်းလည်း ဖြစ်နိုင်ကောင်းပါသည်။ ရှောင်ကြဉ်ခြင်းအားဖြင့် အလေးအမြတ်ထား၍လည်း ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းလောင်းလေ့ရှိပါသည်။
အင်္ဂ၀ိဇ္ဇာ ဓာတ်ရိုက်ဓာတ်ဆင် ပညာရပ်တွင် နေထိုင်မကောင်းပါက ဗုဒ္ဓယတြာအဖြစ် ညောင်ထောက်ခြင်းကို ပြုရ၏။ ကက်ကင်း ဓာတ်ဆင်နည်းဆိုသည်လည်း ရှိပါသေးသည်။ လက်ပံနှင့်မြင်းလား၊ ကင်ပွန်းနှင့်မီးခိုးတို့သည် ကက်ကင်းသဘောအရ ဓာတ်ဝင်နေကြသည်။ ထို့ကြောင့် လက်ပံပင်ကို မြင်းလားအစွယ်ဖြင့်ရိုက်လျှင်သော်လည်းကောင်း၊ ကင်ပွန်းပင်ကို မီးခိုးဖြင့် မှိုင်းတိုက်လျှင်သော်လည်းကောင်း အပင်များ သေတတ်ပါသည်။
ဤသို့နည်းတူ “ညောင်ပင်” ဟူသည် “ပညာ” ၏ ကက်ကင်း ဖြစ်လေသည်။ ထို့ကြောင့် ဓာတ်ရိုက်ဓာတ်ဆင် ပညာရှင်များသည် ပညာကို လိုလားသဖြင့် ညောင်ပင်ကို အလေးအမြတ်ပြုကြလေရာ ညောင်ပင်၏ အစိတ်အပိုင်းကို မီးမြိုက်ခြင်းဖြင့် ပညာကို ထိခိုက်စေတတ်သည်ဟု ယူဆလျက် ရှောင်ကြဉ်
ကြခြင်း ဖြစ်နိုင်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
ငွေဒင်္ဂါးကို မြန်မာပြည်မှာ ဘယ်တုန်းက စသုံးစွဲခဲ့ကြသလဲ
ပစ္စည်းတစ်ခုနှင့်တစ်ခု ရောင်းဝယ်ဖလှယ်ကြရာ၌ ယခုခေတ်၌ ငွေစက္ကကို အသုံးပြုကြပါသည်။ ရှေးကမူ စက္ကမပေါ်သေး၍ ငွေစက္ကူအစား ငွေဒင်္ဂါးများဖြင့် ရောင်းဝယ်ရေးကိစ္စ၌ ဖလှယ်ရေးပစ္စည်းအဖြစ် အသုံးပြုခဲ့ကြသည်။
အမရပူရနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးကိုမှာယူ၍ မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၁)ရက်နေ့တွင် ပြည်တွင်းသုံးဒ
င်္ဂါးအဖြစ် ထုတ်ပြန် ကြေညာသုံးစွဲခဲ့ကြသည်။ ငွေဒင်္ဂါး၏ ပုံသဏ္ဍာန်မှာ တစ်ဖက်တွင် ဘိုးတော်ဘုရား၏ နံသင့်
ကျားတံဆိပ်၊ အခြားတစ်ဖက်တွင် ၁၁၄၆-ခု၊ အမရပူရဆင်ဖြူများရှင်နိုင်ငံဟု ရေးသားထားသည်။ ထို့အပြင် ငွေဒင်္ဂါးသာ ထုတ်ခဲ့သည်မဟုတ်သေး။
ကြေးဒင်္ဂါးများကိုပါ ထုတ်လုပ်ခဲ့ပါသေးသည်။ ကြေးဒင်္ဂါး၏ ပုံသဏ္ဍာန်မှာ တစ်ဖက်တွင် ဘိုးတော်ဘုရား၏ နေ့သင့်နံသင့် ငါးရုပ်ဖိုမတံဆိပ်၊ အခြားတစ်ဖက်တွင် ဘိုးတော်ဘုရား နန်းတက်သော ၁၁၄၃ ခု၊ တပို့တွဲလပြည့်ကျော် (၁၄)ရက်ဟု ရေးသားထားသည်။ သို့ရာတွင် မည်သည့်အကြောင်း
ကြောင့်လောမသိ။ ကြေးဒင်္ဂါးများကို ၁၁၇၄ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။
ရွှေဘိုမင်းလက်ထက်သို့ရောက်သောအခါ ၎င်းရွှေဘိုမင်းလက်ထက်၌လည်း ဒင်္ဂါးများ သွန်းလုပ်ခဲ့ဖူးပါသည်။ ဒင်္ဂါး၏ တဖက်တွင် ယုန်ရုပ်ကိုလည်းကောင်း၊ အခြားတစ်ဖက်တွင် ပဒုမ္မာကြာပန်းပုံကိုလည်းကောင်း ထည့်သွင်း သွန်းလုပ်ခဲ့သည်။ ပုဂံမင်းလက်ထက်သို့ ရောက်လေသောအခါတွင်လည်း ဒင်္ဂါးများကို သွန်းလုပ်ပြန်ပါသေးသည်။ ဒင်္ဂါး၏ တစ်ဖက်၌ ရွှေပြည်စိုး၊ အခြားတစ်ဖက်၌ သာသနာတော်သက္ကရာဇ် ၂၃၉၀ ဟု ရေးထားပါသည်။
မင်းတုန်းမင်းလက်ထက်သို့ရောက်သောအခါ ဒင်္ဂါးစက်ကြီးအား ၁၂၂၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၉)ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုနောက် ငွေဒင်္ဂါးများကိုသွးန်လုပ်ရာ တစ်ဖက်တွင် ကဒေါင်းရုပ်ပုံကိုလည်းကောင်း၊ အခြားတစ်ဖက်တွင် ရတနာပုံနေပြည်တော် ၁ိသုံးဒင်္ဂါး၊ ၁၂၁၄ ခု ဟု ရေးထိုးထားပါသည်။ ခြင်္သေ့တံဆိပ် ငွေဒင်္ဂါးမူးပြားတို့ကိုကား ၁၃၁၄ ခုနှစ်ရောက်မှ သုံးစွဲခဲ့ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
ကျားတံဆိပ်၊ အခြားတစ်ဖက်တွင် ၁၁၄၆-ခု၊ အမရပူရဆင်ဖြူများရှင်နိုင်ငံဟု ရေးသားထားသည်။ ထို့အပြင် ငွေဒင်္ဂါးသာ ထုတ်ခဲ့သည်မဟုတ်သေး။
ကြေးဒင်္ဂါးများကိုပါ ထုတ်လုပ်ခဲ့ပါသေးသည်။ ကြေးဒင်္ဂါး၏ ပုံသဏ္ဍာန်မှာ တစ်ဖက်တွင် ဘိုးတော်ဘုရား၏ နေ့သင့်နံသင့် ငါးရုပ်ဖိုမတံဆိပ်၊ အခြားတစ်ဖက်တွင် ဘိုးတော်ဘုရား နန်းတက်သော ၁၁၄၃ ခု၊ တပို့တွဲလပြည့်ကျော် (၁၄)ရက်ဟု ရေးသားထားသည်။ သို့ရာတွင် မည်သည့်အကြောင်း
ကြောင့်လောမသိ။ ကြေးဒင်္ဂါးများကို ၁၁၇၄ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။
ရွှေဘိုမင်းလက်ထက်သို့ရောက်သောအခ
မင်းတုန်းမင်းလက်ထက်သို့ရောက်သေ
ဖက်ဆစ်ဂျပန်နဲ့ နယ်ချဲ့အင်္ဂလိပ်တို့ ဗိုလ်ချုပ်အပေါ် ဘယ်လိုမြင်ခဲ့ကြသလဲ
မြန်မာတို့အပေါ် ဖက်ဆစ်စနစ်ဖြင့် ဗိုလ်ကျစိုးမိုးခဲ့သော ဂျပန်များ၊ မြန်မာနိုင်ငံအား ကိုလိုနီနယ်ချဲ့ကာ ကျွန်ပြုခဲ့သော အင်္ဂလိပ်မျက်နှာဖြူတို့မှ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ရှုမြင်သုံးသပ်ပုံကို တင်ပြလိုက်ပါသည်။
ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီးက...
“အောင်ဆန်းသည် အကြွင်းမဲ့ ရိုးသားသည်။ သူသည် သတ္တိ ဗျတ္တိနှင့်ပြည့်စုံသော စစ်ခေါင်းဆောင်လည်း
ဖြစ်သည်။ မျိုးချစ်စိတ်လည်း ပြင်းထန်သည်။ ထိုကြောင့် ငါတို့ ဂျပန်များသည် သူ့ကို လေးစားသည်”
ဂျပန်စစ်သေသနာပတိ ဂျင်နရယ်အီဒါးက အစည်းအဝေးအပြီး၌ ဒေါက်တာဘမော်အား ....
“အောင်ဆန်းဟာ ငွေကို မမက်မောဘူး။ အာဏာတန်ခိုးကိုလည်း မမက်မောဘူး။ တစ်ကိုယ်ကောင်း လုံးဝမဆန်တဲ့အပြင် ဖြောင့်မတ်တည်ကြည်သူဖြစ်လေတော့ ကျုပ်တို့ ဂျပန်တပ်မတော်တစ်ခုလုံးဟာ အောင်ဆန်းကို လေးစားကြတယ်”
ဟူ၍ ထုတ်ဖော်ပြောကြားခဲ့၏။ ထိုအစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဖြစ်သလိုပင် ၀တ်စားလာခဲ့သည်။ သည့်အတွက် ဂျပန်ဗိုလ်မှူးကြီး ဟီရာအိုကာက...
“အောင်ဆန်းဝတ်လာတဲ့ ကြေမွနေတဲ့ စစ်အင်္ကျီအစုတ်ကိုတွေ့ရတာ ဂျပန်အရာရှိကြီးတွေက သူ့ကို သိပ်လေးစားသွားကြတယ်။
ဒီလိုအ၀တ်အစား၊ ယူနီဖောင်းကို ဖြစ်သလို ၀တ်ထားပုံ ကျုပ်တို့ စစ်သားတွေနဲ့ တူနေတယ်။ ပြီးတော့ အောင်ဆန်းဟာ စကားပြောရာမှာ ပြောသင့်တာလောက် နည်းနည်းပါးပါးပြောပြီး နှုတ်ဆိတ်နေတာကိုလည်း သဘောကျတယ်။ ဒီလို ယူနီဖောင်းအစုတ်အပြဲ ၀တ်ထားတာနဲ့
စကားနည်းတာကတော့ စိတ်ထားဖြူစင်တဲ့ ကျုပ်တို့ဆာမူရိုင်းသူရဲကောင်းေ တွရဲ့ အမှတ်လက္ခဏာတစ်ခုမို့ ဒါတွေကို ကျုပ်တို့ဂျပန်တွေက အလွန်တန်ဖိုးထားကြတယ်။ ဒါတွေကိုထောက်ပြီး အောင်ဆန်းဟာ တို့အထဲကလူပါ။ သူဟာ တို့ကို ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး။
ဂျပန်များဆုတ်ခွာပြီး ဗိုလ်ချုပ်တို့ မိတ္ထီလာခန်းမှာ တွေ့ဆုံဆွေးနွေးကြစဉ် ဖီးလ်မာရှယ်စလင်းက...
“ကျွန်ုပ်သည် အောင်ဆန်းကို လေးစားမိသည်။ ကျွန်ုပ်ထင်သကဲ့သို့ သူသည် ကိုယ်ကျိုးရှာ တာဝန်မဲ့ပြောက်ကျားခေါင်းဆောင်မ ဟုတ်ပေ။ သူသည် မျိုးချစ်ပုဂ္ဂိုလ်အစစ်ဖြစ်၍ စိတ်ကူးယဉ်သမား မဟုတ်ပေ။ လက်တွေ့သမားဖြစ်သည်။ သူသည် အလွန်ရိုးသားသည်။ သူသည်
ပေးခဲ့ပြီးသောကတိအတိုင်းလည်း တည်မည်ဟု ယုံကြည်ရသည်။ ကျွန်ုပ်သည် အောင်ဆန်းနှင့် အလုပ်ဖြစ်သည်။
ဂျပန်စစ်သေသနာပတိ ဂျင်နရယ်အီဒါးက အစည်းအဝေးအပြီး၌ ဒေါက်တာဘမော်အား ....
“အောင်ဆန်းဟာ ငွေကို မမက်မောဘူး။ အာဏာတန်ခိုးကိုလည်း မမက်မောဘူး။ တစ်ကိုယ်ကောင်း လုံးဝမဆန်တဲ့အပြင် ဖြောင့်မတ်တည်ကြည်သူဖြစ်လေတော့ ကျုပ်တို့ ဂျပန်တပ်မတော်တစ်ခုလုံးဟာ အောင်ဆန်းကို လေးစားကြတယ်”
ဟူ၍ ထုတ်ဖော်ပြောကြားခဲ့၏။ ထိုအစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဖြစ်သလိုပင် ၀တ်စားလာခဲ့သည်။ သည့်အတွက် ဂျပန်ဗိုလ်မှူးကြီး ဟီရာအိုကာက...
“အောင်ဆန်းဝတ်လာတဲ့ ကြေမွနေတဲ့ စစ်အင်္ကျီအစုတ်ကိုတွေ့ရတာ ဂျပန်အရာရှိကြီးတွေက သူ့ကို သိပ်လေးစားသွားကြတယ်။
ဒီလိုအ၀တ်အစား၊ ယူနီဖောင်းကို ဖြစ်သလို ၀တ်ထားပုံ ကျုပ်တို့ စစ်သားတွေနဲ့ တူနေတယ်။ ပြီးတော့ အောင်ဆန်းဟာ စကားပြောရာမှာ ပြောသင့်တာလောက် နည်းနည်းပါးပါးပြောပြီး နှုတ်ဆိတ်နေတာကိုလည်း သဘောကျတယ်။ ဒီလို ယူနီဖောင်းအစုတ်အပြဲ ၀တ်ထားတာနဲ့
စကားနည်းတာကတော့ စိတ်ထားဖြူစင်တဲ့ ကျုပ်တို့ဆာမူရိုင်းသူရဲကောင်းေ
ဂျပန်များဆုတ်ခွာပြီး ဗိုလ်ချုပ်တို့ မိတ္ထီလာခန်းမှာ တွေ့ဆုံဆွေးနွေးကြစဉ် ဖီးလ်မာရှယ်စလင်းက...
“ကျွန်ုပ်သည် အောင်ဆန်းကို လေးစားမိသည်။ ကျွန်ုပ်ထင်သကဲ့သို့ သူသည် ကိုယ်ကျိုးရှာ တာဝန်မဲ့ပြောက်ကျားခေါင်းဆောင်မ
ပေးခဲ့ပြီးသောကတိအတိုင်းလည်း တည်မည်ဟု ယုံကြည်ရသည်။ ကျွန်ုပ်သည် အောင်ဆန်းနှင့် အလုပ်ဖြစ်သည်။
အားလုံးပျော်ရွင်ပါစေ
မာမာ
0 comments:
Post a Comment