Thursday, March 22, 2012

News Date:3/22/2012 မလေး ရခိုင် ဒုက္ခသည်များ UNHCR ၏ အသက်မွေးဝမ်းကြောင်း ပညာသင် ကျောင်းများတွင် ပညာသင်ကြားခွင့် ရရှိကြတော့မည်

by Ko Thaung on Thursday, March 22, 2012 at 3:05pm 
ခိုင်မောင်ဦး(မလေး)
နိရဉ္စရာမှ သတင်း.....
3/22/2012
မလေးရှားရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးမှ "UNHCR" ကဒ်ကိုင်ဆောင်သူ ရခိုင်ဒုက္ခသည်များကို အခမဲ့ အသက် မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပို့ ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

UNHCR မှ ဖွင့်လှစ်ထားသော ကျောင်းတွင် တက်ရောက်နေသော ကျောင်းသားများ
သင်ကြားပို့ချမည့် ပညာရပ်များ အထဲတွင် (၁) English ဘာသာရပ် (၂) သင်္ချာ (Mathematics) ( ၃) သိပ္ပံ (Science) နှင့် (၄) လူမူ သိပ္ပံ (Social Science) စသည့် ဘာသာရပ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။


" ဒီဘာသာာရပ်တွေ အားလုံးကို အင်္ဂလိပ်လို ပြသွားမှာပါ။ ဆွေးနွေးတဲ့အခါ သဘောတူညီမူ ရခဲ့တာပါ" ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ARRC မလေးရှား ဒုက္ခသည်များ ကယ်ဆယ်ရေး ရုံးမှ လက်ထောက် အတွင်းရေမူး ကိုမြင့်စိုးက နိရဉ္စရာသို့ ပြောသည်။

မလေးရှားရှိ UNHCR အရာရှိများက မလေးရှားတွင် ရှိနေသော ရခိုင် ဒုက္ခသည်ရုံးများမှ ကော်မတီ အဖွဲ့ဝင်များ အားလုံးအား Chinese Assembly Hall သို့ ဖိတ်ခေါ်ပြီး ဆွေးနွေးစဉ် ဖွင့်လှစ် သင်ကြားမည့် အသက်မွေး ၀မ်းကြောင်း ပညာသင်ကျောင်းတွင် သင်ကြားမည့် ဘာသာရပ်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဆွေးနွေးပွဲမှာ အခု General Education Diploma က ပို ချမယ့် အစီစဉ်တွေ အရင်ဆုံး ဆွေနွေးခဲ့ကြတယ်။ နောက်ပြီး မလေးရှားမှာ ရောက်ရှိနေတဲ့ ဒုက္ခသည် ကလေး ၃နှစ် ကနေ ၆ နှစ် အရွယ်တွေရဲ့ သူတို့  ပညာရေးနဲ့  ပက်သက်ပြီးတော့လည်း ဆွေးနွေး ခဲ့ပါးသေးတယ်" ဟု ကိုစိုးမြင့်က ဆက်ပြောသည်။

ဆွေးနွေးပွဲကို မလေးရှိ နှိုင်ငံရှိ ဒုက္ခရုံး အသီးသီးတို့ မှ တက်ရောက်ခဲ့ပြီး ကိုယ်စလှယ်ပေါင်း ၅၀ကျော်တို့  မှ တက်ရောက် ဆွေးနွေးခဲ့သည်ဟု ကိုစိုးမြင့်က ပြောသည်။

ယခင်နှစ်များက ချင်း၊ ကရင်၊ မွန်၊ ကချင်၊ ဒုက္ခသည်များသာ အဆိုပါ သင်တန်းများကို တက်ရောက် သင်ကြားနိုင်ခဲ့ပြီး ရခိုင် ဒုက္ခသည်များ အနေဖြင့် အခွင့်အရေး မရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်မှ ရခိုင်ဒုက္ခသည်များကို အဆိုပါ သင်တန်းကျောင်းသို့ တက်ရောက်ခွင့် ပေးရန် မ လေးရှား UNHCR က စီစဉ်လာခြင်း ဖြစ်သည်။

သင်တန်း စတင်မည့် နေ့ရက်ကို UNHCR မှ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် ကျေညာမည်ဟု သိရသည်။ အဆိုပါ သင်တန်းကျောင်းနှင့် ပတ်သက်ပြီး UNHCR တာဝန်ရှိသူများက ဖေဖေါ်ဝါရီလက တစ်ကြိမ်၊ မတ်လ ၁၅ ရက်နေ့က တစ်ကြိမ် မြန်မာ ဒုက္ခသည် ရုံးများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း ကိုစိုးမြှင့်က ပြောသည်။

General Education Diploma Training သင်တန်းကို တက်ရောက် သင်ကြားသူများ အနေဖြင့် မလေးရှားနှိင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်သည်သာမက အမေရိကန် တက္ကသိုလ်များတွင် ပညာ တက်ရောက် သင်ကြားရန် အခွင့်အလမ်းများ ရရှိနိုင်ကြမည် ဖြစ်သည်။

General Education Diploma Training တွင် သင်ကြားမည့် ပညာရပ်များသည် အမေရိကန်ရှိ တက္ကသိုလ် ကျောင်းများတွင် သင်ကြားပို့ ချသော ပညာရပ်များနဲ့  ညီမျှကြောင်း ကိုစိုးမြင့်က ပြောဆိုသည်။

UNHCR ကဒ် ကိုင်ဆောင်ထားသူ ရခိုင် ဒုက္ခသည်များ အားလုံး တက်သင် သင်ကြားခွင့် ရမည် ဖြစ်သော်လည်း ၀င်ခွင့် ဖြေဆိုရမည်ဟု သိရသည်။

" ဒီသတင်းက ကျွန်တော် ဒုက္ခသည်တွေကို အင်မတန်မှ အကျိုးပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သင်ခဲ့တဲ့ ပညာရေးထက် အဆင့် မြင့်မားလိမ့်မယ်လို့  ထင်တယ်။ နောက်ပြီး ဒီသင်တန်း ပြီးဆုံး အောင်မြင်သွားရင်လည်း အမေရိကမှာ ကျောင်းတက်ခွင့်ရမယ်။ ဒါ့ပြင် အဲ့ ဒီမှာHigh School Diploma တက်ခွင့်ရှိတယ်။ ဆက်လက် ကျောင်းတက် နိုင်ဖို့ အတွက်လည်း "certificate" လက်မှက် ထုက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီမှာ မလေးရှားမှာလည်း GET ဖြေဆိုခွင့်ရှိတယ်။ ရခိုင်ဒုက္ခသည်တွေ ဒီကျောင်းကို တက်ရောက်သင်ကြားကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု ကိုစိုးမြှင့်က ပြောသည်။

အဆိုပါ ပညာသင်ကျောင်းကို တက်ရောက်ခြင်းအားဖြင့် ပညာရေး အဆင့်အတန်း မြင့်မား လာမည် ဖြစ်သလို တဘက်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် စာပေ ဗဟုသုတများပါ တိုးပွားလာမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...