Thursday, March 1, 2012

ပဌာန်းတရားတော်ကိုလေ့လာခြင်း ( ထက်သန်သောဝီရိယ၊ အဓိပတိတပ်သောဝီရိယ)

by Ba La on Wednesday, February 29, 2012 at 10:31am ·

ပရဟိတ လုပ်ရင်းက ကျွန်တော် တန်ဖိုး အထားဆုံး အလုပ်တစ်ခုကတော့
ပဌာန်းတရားတော် ပြန့်ပွားရေး အလုပ်လေးပါပဲ
ပဌာန်းတရားတော် ပြန့်ပွားရေးအတွက် စေတနာ့ဝန်ထမ်းလုပ်နေတယ်လေ ကျွန်တော်က ။
အဲဒီ ပဌာန်း ဒေသနာတော် ရွတ်ဖတ်ပြန့်ပွားရေး က ဘာတွေလုပ်လဲ ဆိုတော့

သာသနာပျောက်မယ်ဆိုရင် ပဌာန်းတရားတော် က စပျောက်မယ်ဆိုတာ ကို ဘုရားရှင် ကိုယ်တော်မြတ်က အတိအကျ ဟောကြားတော် မူခဲ့တော့ မမှီတမှီ ညာဏ်လေးနဲ့ ပဌာန်းတရားတော် ပြန့်ပွားရင်/ ပြန့်ပွားအောင်လုပ်နိုင်ရင်

ကျွန်တော် သာသနာပြုတာပဲလို့ စဉ်းစားမိရင်း ပဌာန်းတရားတော်ကို

1) မရွတ်တက်သေးသူကိုရွတ် တက်အောင် လိုက်သင်ပေးတယ်
2) ရွတ်တက်သူတွေကို နေ့စဉ်နေ့တိုင်း လေးရွတ်ဖြစ်သွားအောင် တိုက်တွန်းတယ်ပေါ့ ဒါပါပဲ ......


အဲလို တာဝန်တွေကိုပြောရင်း ကျုံပျော်က ညီလေး တစ်ယောက်ကို နေ့တိုင်းပဌာန်း ရွတ်ဖို့ တိုက်တွန်းဖြစ်တယ် ...
အဲ ညီလေးက ဘာပြောလဲ ဆိုတော့ အဓိပါယ် မသိပဲ ရွတ်ရတာ မကောင်းပါဘူး အစ်ကိုရယ်တဲ့ အဓိပါယ် သိခြင်တယ်ဗျာ တဲ့

အဲတော့ သူများတွေကို လိုက်ပြောနေတဲ့ ကျွန်တော်က ပဌာန်း အဓိပါယ်ကိုသိအောင်ကြိုးစားဖို့ တာဝန်ဖြစ်လာတယ်လေ ။

သိပ်ကိုခက်လဲ လွန်းမှာ သေချာတယ် သို့သော် ကြိုးစားကြည့်မယ်နော် .....
ဟိုးအရင်ကတည်းက ရခဲ့တဲ့ စာအုပ်လေးတစ်အုပ်ပေါ့ .... ။
ချောင်ထိုးဖြစ်ခဲ့တာလဲကြာပြီ !!!

အဲစာအုပ်လေးကို ပြန်ဖတ်ရင်း နားလည်တဲ့ဟာလေးကို ပဌာန်း ရွတ်ရင်း အဓိပါယ်ကို သိခြင်သူ သူငယ်ချင်းတွေ အတွက် နည်းနည်းခြင်း ကြိုးစားတင်ပေးလိုက်ရပါတယ်နော် ....

ဒီလိုတင်ပေးတဲ့နေရာမှာ နည်းနည်းခြင်းဖတ်ပြီး တင်ပေးတာ ဖြစ်တဲ့ အတွက် လိုအပ်မှု့ မြောက်များစွာ ရှိနိုင်ပါတယ် ။
ထို့ပြင် လူငယ်များ ဖတ်သာစေရန် လူငယ်များ၏ လက်ရှိ အခြေအနေနှင့် တိုက်ဆိုင်ကာ ကျွန်တော်ကိုယ်တိုင် နားလည်လိုက်သော သဘောတရား အကျဉ်းများကိုသာ နည်းနည်းခြင်း တင်သွားမှာ ဖြစ်ပါတယ် ။

တင်သောစာများ လွဲမှားခဲ့လျှင် ကျွန်တော်၏ အမှား အယွင်း / ညံ့ဖျင်းမှု့သာ ဖြစ်ပါကြောင်း သူငယ်ချင်းတို့ထံ လေးစားစွာ ကြိုတင် ၀န်ခံပြစေ ။

အကြီးအမှူးနှင့် တူသော အကြောင်းတရား ( အဓိပတိ ပစ္စည်း ) ထက်သန်သော ၀ီရိယ ( အဓိပတိ တပ်သော ၀ီရိယ )

လောကမှာ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ အင်မတန်ရိုးရှင်းလွယ်ကူပြီး ၊ မှန်ကန် အကျိုးရှိတဲ့ အလုပ်တစ်ခုကို မလျှော့သော အားထုတ်မှု့ နဲ့ အောင်မြင်တဲ့ အထိ ထပ်ခါ ထပ်ခါ လုပ်သွားခြင်း ပဲဖြစ်ပါတယ် ။

က မ္ဘာ ပေါ်မှာ ရှိတဲ့ ၀ီရိယရှင်တွေရဲ့ ကြိမ်ဖန်များစွာ အားထုပ်မှု့ကြောင့် ၀ိဇ္ဇာ ပညာဆိုင်ရာ ၊ သိပံ္ပ ပညာဆိုင်ရာ အဓိကရ ရှာဖွေတွေ့ရှိ မှု့တွေကို ဖြစ်ပေါ်စေခဲ့ပြီး ၊ လူသားတွေရဲ့လူနေမှုဘ၀ကို အကြီး အကျယ်ပြောင်းလဲ ပစ်နိုင်ခဲ့ပါတယ် ။
က မ္ဘာ့ အံ့ဖွယ် အဆောက်အဦးတွေ ၊ က မ္ဘာ့ စံချိန်တွေကိုလည်း တည်ဆောက်ဖန်တီးနိုင်ခဲ့ပါတယ် ။ နိုင်ငံနယ်နိမိတ် အသစ်တွေ ဖြစ်လာ ရပြီး ၊ကမ္ဘာ့ပထ၀ီ အနေအထားကိုပါ ပြောင်းပစ်နိုင်ခဲ့ပါတယ် ။
သမိုင်းစာမျက်နှာ အသစ်တွေကို လည်းဖွင့်လှစ်နိုင်ခဲ့ပါတယ် ။

တစ်ချိန်တည်းမှာပဲ ကြိုးစားအားထုတ်ပြီး မအောင်မြင်သူတွေရဲ့ ဖြစ်ရပ်မှန်က တော့ သူတို့ဟာ မအောင်မြင်သေးခင်မှာ ဒါမှ မဟုတ် အောင်မြင်ခါနီးမှာ အလုပ်ကို လက်လျော့ ရပ်ပစ်လိုက်ခြင်းပဲဖြစ်ပါတယ် ။ လက်လျှော့ သူတွေဟာ ဘယ်တော့မှ မအောင်မြင်သလို အောင်မြင်သူတွေဟာလဲ ဘယ်တော့မှလက်လျှော့လေ့ မရှိကြပါဘူး။

အလုပ်တစ်ခုကို ထပ်ခါ ထပ်ခါ အားထုပ်ခြင်းဖြင့် မြောက်မြားစွာသော အကျိုးထူးတွေကို ဖြစ်စေပါတယ် ။
မလျှော့သော အားထုတ်မှု့ကို အကြောင်းပြုပြီး ၊ ကိုယ့်ရဲ့ အလုပ်မှာ ကျွမ်းကျင်လာပါတယ် ။ နည်းလမ်းတွေ ပိုင်နိုင်လာပြီးတော့ အခက်အခဲတွေကို ကျော်လွှားလာနိုင်ပါတယ် ။

တကယ်တမ်းကြတော့ အခက်အခဲ ဆိုတာ အဘိဓာန်ထဲမှာ အမှန်တစ်ကယ် ရှိတဲ့ ဝေါဟာရ မဟုတ်ဘဲ မကျွမ်းကျင်မှု ကြောင့် ဆင့်ပွား ဖြစ်လာတဲ့ ဝေါဟာရသာဖြစ်ပါတယ် ။

ကျွမ်းကျင်လာတာနဲ့ အမျှ စိုက်ထုပ်ရမယ့် အား အပြင်း ၊ အပျော့ကို ချိန်ဆလာနိုင်ပါတယ် ။ လုပ်ငန်းစွမ်းဆောင်ရည်လဲ
ပိုမြင့်လာပါတယ် ။

အကြောင်းတရားတို့၏ အစွမ်းသတ္တိများ ဒေါက်တာအေးကျော် 
( အဘိဓမ္မာပြန့်ပွားရေး အသင်းကြီး) စာအုပ်အဓိပတိ ပစ္စည်း ၊ စာမျက်နှာ (31) ထက်သန်သော ၀ီရိယမှ ကူးယူဖော်ပြသည် ။

ခင်မင်လေးစားလျှက်

မောင်ဗလ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...