Friday, March 9, 2012

ဘယ်သူ့ကို မဲပေးဖို့ ၊ လက်တို့ ဖို့ လိုမယ်မထင်

by Wai Maw on Saturday, March 10, 2012 at 10:36am ·


---ဖိုးသောကြာ
၉။၃။၂၀၁၂
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မှာမိုလို့ ဒီအပေါ်မှာ ၀ိဝါဒ အမျိုးမျိုး ကွဲပြားနေတဲ့ ကြားက ၀င်အရွေးခံမယ့် ပါတီတွေကလည်း မဲဆွယ်ကြ၊ ဝေဖန် လေကန်ရေး သမားတွေကလည်း ရွေးကောက်ပွဲ ၀င်လဲ ထူးမှာ မဟုတ်ကြောင်း၊ လိမ်လည်မှုသာ ဖြစ်ကြောင်း ရေပက်မ၀င် ဝေဖန် နေကြပါတယ်။


ဘာပဲပြောပြော အင်အယ်လ်ဒီ ပါတီကဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ ပါတီ အတွက် လှည့်လည် စည်းရုံး မဲဆွယ်တရားဟော တာတွေ အင်တာနက်မှာ၊ ပြည်ပ ရေဒီယို အသံလှိုင်းတွေမှာ ကြားနေရပါတယ်။


အဖျက်အမှောင့် လုပ်ငန်း အဖြစ် အင်အယ်လ်ဒီ ပါတီ ဆိုင်းဘုတ် နေပြည်တော်မှာ အဖျက်ဆီးခံရတာ၊ တရားပွဲပျက်အောင် မန္တလေးနဲ့  ဧရာဝတီတိုင်း မြို့  အချို့မှာ တရားဟောဖို့ နေရာ အခက်အခဲ ဖြစ်စေတာ၊ လမ်းခရီးမှာ အုတ်တွင်းနယ် မိုင်တိုင် အမှတ် ၈၆ မှာ ညနေ ရ နာရီ ခွဲလောက်က လေးဂွ နဲ့ ချောင်း အပစ်ခံရတာတွေ ရှိပါတယ်။

ကြံခိုင်ရေး ပါတီ ဘက်ကလည်း သူ မဲအနိုင်ရဖို့ အရေး၊ မရိုးနိုင်တဲ့ ညစ်ပတ်နည်း ဖြစ်တဲ့ ၀န်ထမ်းတွေကို ခြိမ်းခြောက်ခြင်း၊ ကြိုတင်မဲ ရယူခြင်းတွေ လုပ်နေတာ သတင်းတွေ ထွက်နေတယ်။

သမ္မတကြီး ဦးသိန်းစိန်ကတော့ ရွေးကောက်ပွဲကို အာစီယံ နိုင်ငံတွေ ၀င်လေ့လာဖို့ ခွင့်ပြုမယ်လို့ ပြောသံ ထွက်ပါတယ်။
သန့် ရှင်းတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ ဆုပေး-ဒဏ်ပေး စနစ်နဲ့ စည်းရုံးပြီး အမေရိကန်နဲ့ ဥရောပကလဲ အမြှုပ်ထွက်လောက်အောင် တိုက်တွန်း ပြောဆိုတာလဲ ကြားနေရတယ်။
ပြည်ပက တချို့ သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နအဖ နဲ့ ပူးပေါင်းရပါ့မလား၊ အမေရိကန် ကွန်ထရိုးနဲ့ နိုင်ငံရေး လမ်းစဉ်နဲ့ သွားရပါမလားဆိုပြီး ဝေဖန် နေတာတွေ လည်း တွေ့ နေရတယ်။

ဒေါ်အောင်ဆန်းစုကြည် သဘောတားကတော့ ရှင်းပါတယ်။ သူမ ရွေးကောက်ပွဲဝင်ရခြင်း ရည်ရွယ်ချက်နဲ့တကွ ပြည်ပ သတင်းသမားတွေကို ထုတ်ဖော်ပြောဆိုတာတွေ ကြည့်ရင် သိနိုင်တယ်။

အထင်ရှားဆုံးထဲက သူမ ထုတ်ဖော်ပြောဆို တာတွေ ပြန်ကြည့်ရင် -

ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူးမှာ--

ဝါ။ ။ အခုပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ အစ်မ စိုးရိမ်မိပါသလား။

စု။ ။ ကျမ အစိုးရိမ် မလွန်ပါဘူး။ ဒါပေမယ့် နောက်ကြောင်းပြန်လှည့်သွားနိုင်ခြေ တစ်ခုရှိတယ်လို့ ကျမ သတိထားပါတယ်။ ဒီဖြစ်နိုင်ချေကို မှိန်ဖျော့သွားရအောင် ကျမတို့ တော်တော်ကြိုးစားပမ်းစားလုပ်ရမယ် လို့ ကျမ ထင်ပါတယ်။ အခုဒီလုပ်ငန်းစဉ်ကို အမေရိကန်က အားပေးလုပ်ဆောင်နေတာကို ကျမ တကယ့်ကို လေးစားချီးကျူးမိပါတယ်။ မြန်မာနိုင်ငံအတွင်းက ကျမတို့တွေလည်း ဒီလုပ်ငန်းကြီးရဲ့ အဓိက အခန်းကဏ္ဌ ကပါဝင်မှဖြစ်မယ်လို့ ကျမထင်ပါတယ်။

ဝါ။ ။ တချို့ကပြောကြတယ်၊ အစိုးရက အခုလိုပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာက တရုတ်ရဲ့ သြဇာသက်ရောက်မှု နိုင်ငံမှာ အင်မတန်များလာနေပြီလို့ ယုံကြည်လို့၊ နောက်ပြီး အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကို တန်ပြန်သြဇာ ထိန်းညှိတဲ့ ဟန်ချက်တစ်ခုအဖြစ် အလိုရှိလို့ လို့ပြောကြတယ်။ အစ်မရဲ့ အမြင်ကရော။

စု။ ။ တရုတ်နဲ့ဆက်ဆံရေး နဲ့ဒါ ဆက်စပ်မှု မရှိပါဘူး။ ဗမာ့တပ်မတော်က အရာရှိအမြောက်အမြားဟာ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်း ရှိဖို့ အမြဲတမ်းအလိုရှိခဲ့ကြတာပါ။ အရင်တုန်းကလည်း ကျမတို့မှာ အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါ တယ်။ တချို့ ဗိုလ်ချုပ်တွေဆို အမေရိကန်မှာ သင်တန်းတွေတက်ခဲ့ကြတာပါ။ အလုပ်သမား ၀န်ကြီး ဆိုရင် Fort Benning မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။

--------------------------------------------

နောက် တရုတ် အမေရိကန် ဆက်ဆံ ရေးနဲ့ ပတ်သက်ပြီး သူပြောတာတွေထဲက ---
မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့နေရာ အဖြစ်လောက် တရုတ် မကြည့်သင့် ဆိုပြီး 2012-02-14 Rfa ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ကို လေ့လာကြည့်ရင် ----
တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ဖို့နေရာ တစ်ခုအဖြစ်လောက်သာ မကြည့်မြင်သင့်ပါဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က ထုတ်ဝေခဲ့တဲ့ ကွမ်တုံပြည်နယ်အခြေစိုက် Southern People Weekly ခေါ် ဒက္ခိဏ လူထုမဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောဆိုခဲ့ကြောင်း The Wall Street Journal သတင်းစာကြီးက ဖော်ပြလိုက်တာပါ။
မြန်မာနိုင်ငံဟာ အနာဂတ်မှာ တရုတ်နဲ့ရော အမေရိကန်နဲ့ပါ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ အားထုတ်သွားမှာ ဖြစ်ကြောင်း၊ တရုတ်ပြည်သူတွေအနေနဲ့ မိမိတို့အပေါ် ပိုမို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း၊ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါ ကုမ္ပဏီတွေဟာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ဆက်ဆံရေးကိုလည်း ထည့်သွင်း စဉ်းစားမယ်လို့ မျှော်လင့်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
မူရင်း---http://www.rfa.org/burmese/news/assk-interview-02142012204832.html
။။။။။။။။။။။။။။။။။။။။။။။။။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး သူသွားမယ့် လမ်းစဉ်ကို ချပြနေသလောက် ကွယ်ရာကနေ လက်သီးပုန်း ထိုးနေသူတွေကတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို သုံးပြီး လူထုအားနဲ့ တိုက်ရင် စစ်အာဏာရှင် ပြုတ်ကျနိုင်တယ်လို့ ထောက်ပြ ပြောဆို နေကြပါတယ်။

ခက်ကတာက အဲလိုထောက်ပြ ဝေဖန်နေတဲ့ လူတွေကိုယ်တိုင်က လွှတ်တော်ပ နိုင်ငံရေး သုံးပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ နှစ်( ၄၀ )နီးပါး၊ အနုနည်းအဖြစ် ပြည်သူကို ရှစ်လေးလုံးကစပြီး ပြည်သူ၊ ကျောင်းသား၊ ရဟန်းသံဃာကို မြှောက်ပေး၊ ဒေါ်အောင်ဆန်း စုကြည်ကို ၀န်းရံတယ်ဆိုပြီး အသုံးချ လို့ နည်းပေါင်းစုံနဲ့ နှစ်(၂၀) ကျော် တိုက်လိုက်ကြတာ စစ်အစိုးရက ပြုတ်မကျတဲ့ အပြင် ၁၉၄၈ တုန်းက စစ်သား ၁-သိန်း ရှိရာကနေ လက်ရှိ (၂၀၁၂)မှာ စစ်သား ၅ သိန်း အထိ အင်အား ကြီးလာတဲ့ အထိ ဖြစ်ခဲ့တယ်။
သခင်အားရ ကျွန်ပါးဝ ဆိုတဲ့စကားလို အမေရိကန် တပ်ကြီး ၀င်လာရင် နအဖ စစ်အစိုးရနဲ့ ပေါင်းတိုက်မယ်ဆိုပြီး အော်သူတွေ ကလည်း အော်ခဲ့ကြတယ်။

ဒါပေမယ့် အော်သူ ဆရာကြီး ဖိုးသံကျယ်နဲ့ သူ့ နောက်လိုက် တွေက လက်ရှိ အချိန်မှာ အမေရိကန် ထက်လွှတ်တော် အမတ်၊ အောက်လွှတ်တော် အမတ်၊ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကယ်လင်တို့ မြန်မာ ပြည်ကို ချောင်းပေါက်အောင် လာနေတာကို နိုင်ငံတကာရောက် အနီကြောင်တွေ ဘယ်မှာမှ ကန့် ကွက် ဆန္ဒ ပြတာ မမြင်ရတာ ထူးဆန်းနေတယ်။

အနီကြောင်တွေ အားကိုးနေတဲ့ ဆရာ့ ဆရာကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားကိုလည်း ပြန်ကြည့်ပါဦး။ ရုရှားက ပူတင်ကိုယ်တိုင် မဲ မနိုင် -နိုင်အောင် ညစ်ပတ်ပြီး လွှတ်တော်ထဲက မခွါနိုင်အောင် လုပ်နေတယ်။
လွှတ်တော် ပြင်ပ ရောက်တာနဲ့ အာဏာလက်လွှတ်ရရင် ပူတင် ဘာဖြစ်သွားမလဲ။
တရုတ်မှာလဲ ကွန်မြူနစ် ပါတီကြီးကို ဟန်ပြ ပါတီ ငယ်တွေ ရံပြီး ရွေးကောက်ပွဲ လုပ်ပြနေတယ်။ ဒီမိုကရေစီနိုင်ငံပါလို့ အော်ဟစ် ပြနေတယ်။
ဒါပေမယ့် ပြည်သူ အကျိုးကို တိုးတက်အောင် လုပ်ချင်တဲ့ ပါတီငယ်တွေကို အင်အားချိနဲ့ အောင် အမျိုးမျိုး လုပ်နေတာ မြင်နိုင်တယ်။
အခုတောင် လောလော လတ်လတ် နိုင်ငံရေးသမာေးတွကို ဖမ်းချင်သလို ဖမ်းနိုင်တဲ့ ဥပဒေသစ် ထုတ် လိုက်ပြန်ပြီ။
ပြည်ပရောက် ရဲရဲနီနီ -ရန်ငါစည်းပြတ် တွေလည်း တပ်ပေါင်းစု မူနဲ့ သာလျှင် စစ်အစိုးရနဲ့ ဆွေးနွေးမယ် ပြောနေကြပြီးတော့ လက်တွေ့ မှာကြတော့ ကရင်ကတမျိုး၊ မွန်ကတမျိုး၊ အေဘီက တချိန်၊ လူ့ ဘောင်သစ်က တချိန် ၊ဒေါက်တာ နိုင်အောင်တို့က တစ်ရက်၊ မိုးသီးဇွန်က တနေရာ၊ အကွဲကွဲအပြားပြားနဲ့ တိုးတိုးတဖုံ၊ တိတ်တိတ် တသွယ် ပြည်တွင်း ၀င်ဖို့၊ ငြိမ်းချမ်းရေး ရဖို့ ဆိုပြီး ဆွေးနွေးပွဲတွေ လုပ်နေတာ မြင်ရတယ်။
အထုပ်ကြီးကြီး ပိုင်တဲ့ လူတွေကလည်း ဆွေးနွေးပွဲ လုပ်ပြီး ပြည်တွင်း ၀င်ဖို့ အကွက်ချောင်းကြ၊ အ၈င်္လိပ် လို ဘွတ်ဘက်ရွှတ်ရှက် ပြောတတ်တဲ့ ၈၈ နောက်ပိုင်း ပြည်ပမှာ ထွက်ပြီး ဘွဲ့လေး ရထားတဲ့ ဒီမိုကြောင် တွေကလည်း အင်ဂျီအို ခွင်ဆက်မိဖို့ အတွက် နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် ဆိုတဲ့ စကားပုံလို သူ့ထက်ငါ လက်ဦးအောင် (ဟန်ဆောင်ကာ မူပို) မာန်မတင်း နိုင်ဘဲ မီးရထား ၀န်ကြီး ဦးအောင်မင်းနဲ့ အလုအယက် စကားပြောနေကြပြီ။
ရဲဘော်ကြီး ကျော်သန်းကတော့ တပ်နီတော်တွေကြည့်ပြီး စေတနာ ဒေါသတွေ ပွင့်အန်တာလဲ တွေ့ ရတယ်။



ပြည်သူအပေါင်းတို့ရေ။ --အေပြီလ ၁-ရက်နေ့ ဟာ လက်တကမ်း အလိုမှာ ပဲ ရှိပါတော့တယ်။
ဘယ်သူက အာလူး- ဘယ်သူက ခွပ်ဒေါင်းဆိုတာ သိလောက်ပါပြီ။
ဘယ်သူနဲ့ လက်တွဲရင် ထမင်းဝပြီး၊ ဘယ်သူနဲ့ ပေါင်းမိရင် ဗိုက်မှောက် ရမယ်၊ ဘယ်သူကို ဆရာတင်မိရင် အသက်ပါပျောက် ရမယ် ဆိုတာလဲ ခန့် မှန်း မိလောက်ကြပါပြီ။
ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးပါလို့ လက်တို့ ပြောဖို့ လိုမယ်မထင်ပေါင်။
ရွေးကောက်ပွဲ လက်နက်ဖြင့် တိုင်းပြည် အပြောင်းအလဲ တာဝန်ကျေပြွန်အောင် လုပ်ဆောင် နိုင်ကြပါစေဟု ဆုမွန်ရည်လျှက်-----

--ဖိုးသောကြာ
ထောင်ထွက် - နိုင်ငံရေး ဒုက္ခသည်(ပြည်ပ) -------------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...