ဖုတ်ကောင်များ ဖြစ်ပေါ်လာနိုင်ကြောင်း သိပ္ပံနည်းကျ အကြောင်းပြချက် (၁)
Ko Zombie
ဖုတ်ကောင်များအမှန်တကယ် ရှိ/မရှိ နဲ့ ပတ်သက်ပြီး
တစ်ချို့က ငြင်းပွားနေကြတယ် လို့ထင်ပါတယ်။ Mail ကနေတစ်ဆင့် လှမ်းမေးကြတဲ့သူတွေလည်း
ရှိတယ်။ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ။ ကျွန်တော်ကတော့ ဖုတ်ကောင်တကယ်ရှိ/မရှိ ဆိုတာထက်
ဖုတ်ကောင်ဖြစ်ပွားမှု ပျံ့နှံ့ခြင်း တစ်နည်းအားဖြင့် Zombie Apocalypse ဖြစ်ပေါ်လာရင်
ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ သိထားပြီး အဆင့်သင့်ဖြစ်နေစေချင်တာပါပဲ။
အဲဒါမှ ကပ်ဆိုးကြီးကြုံလာတဲ့အခါ
အသက်ရှင်သန် ကျန်ရစ်မှာ ဖြစ်ပါတယ်။ အပေါ်မှာရေးထားတဲ့ ခေါင်းစဉ်ကတော့ ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံြ့
ကျွန်တော်တို့ လူသားတွေမှာ အကြောက်တရားတွေ
အမြဲဖုံးလွှမ်းလျက်ရှိပါတယ်။ ဥပမာအနေနဲ့ ကလေးတစ်ယောက်ကို သချုင်္ီင်းကုန်းအတွင်း ညဘက်၌
တစ်ယောက်ထဲထားခဲ့ပါက ကြောက်စိတ်များ အလိုလို ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီကလေးကို ကိုယ့်ကိုကိုယ်
ကာကွယ်ဖို့ သေနတ်ပေးထားရင်တောင် ကြောက်စိတ် ဆိုတာဖြစ်လာမှာပါ။ အဲဒါက လူတွေရဲ့ ဗီဇမှာပါလာတဲ့
ကြောက်စိတ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုအတွင်း အထူးသဖြင့် ဘာသာရေးကစလို့ ရုပ်ပြစာအုပ်အဆုံး
ဖုတ်ကောင်များနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အများအပြားရှိပါတယ်။ အဲဒီ ဖုတ်ကောင်တွေဟာ
တကယ်ဖြစ်ပေါ်နိုင်လား၊ လူတွေကိုကြောက်ရွံ့ထိတ်လန့်စေဖို့ တမင်ဖန်တီး
ပြောဆိုတာတွေလားဆိုတာကို
ယနေ့တိုင် လူတွေငြင်းခုန်နေကြတုန်းပါပဲ။ စာဖတ်သူကော ဖုတ်ကောင်တွေ
တကယ်ဖြစ်ပေါ်လာနိုင်တယ်လို့
ယုံပါသလား။ ကျွန်တော်ဆက်လက်တင်ပြမယ့် အကြောင်းအရာများကို
ဖတ်ကြည့်လိုက်ပါခင်ဗျာ။ ဖုတ်ကောင်တွေ အမှန်တကယ်ဖြစ်ပေါ်လာနိုင်တဲ့
သိပ္ပံနည်းကျ အကြောင်းပြချက် ၅ ခု ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
(၁)
ဦးနှောက်ကပ်ပါးပိုး (Brain Parasite - Toxoplasmosa Gondii)
(၂)
အာရုံကြောဆိုင်ရာ အဆိပ်များ (Neurotoxins)
(၃)
ရောဂါဖြစ်ပွားမှုပြင်းထန်သော ဗိုင်းရပ်စ်ပိုးများ (The Real Rage Virus)
(၄)
အာရုံကြောဆိုင်ရာ cell များ အသစ်ပြန်လည် ဖြစ်ပေါ်လာခြင်း (Neurogenesis)
(၅)
ကိုယ်အင်္ဂါအတွင်းရှိ အလွန်သေးငယ်သော စက်ရုပ်များ (Nanobots)
Post အပြည့်အစုံတင်ပေးနိုင်ရန် ကြိုးစားနေပါသည်။ လက်တလောတင်ထားသည့် Post အား အောက်ပါ link တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်-
အကြောင်းအရာ
Toxoplasmosa Gondii ဟု အမည်ရသော ကပ်ပါးပိုးသည်
ကူးစက်ခံရသူအား စိတ်ခံစားမှု ကင်းမဲ့စေ၍ မိမိကိုယ်ကို မည်သူမည်ဝါဟု မသိရှိပဲ ဖုတ်ကောင်ကဲ့သို့ဖြစ်စေနိုင်သော
သဘာဝရှိသည်။ အဆိုပါကပ်ပါးပိုးသည် ကြွက်များကိုကူးစက်နိုင်သော်လည်း ကြောင်၏ကိုယ်တွင်းအင်္ဂါဖြစ်သော
အူအတွင်းသို့ရောက်ရှိမှသာ မျိုးပွားနိုင်သည်။ ကြွက်၏ခန္ဓာကိုယ်တွင် တွယ်ကပ်နေသော ကပ်ပါးပိုး
သည် ယင်းကြွက်အနေဖြင့် ကြောင်၏၀မ်းဗိုက်အတွင်းသို့ရော က်ရှိမှသာ ၄င်းမျိုးပွားနိုင်မည်ကို
သိရှိသောကြောင့် ကြွက်၏ဦးနှောက်အတွင်းသို့ စတင်ကူးစက်သည်။
ထို့နောက် ရောဂါကူးစက် ခံရသောကြွက် သည်
ကြောင်ရှိရာသို့ ရည်ရွယ်ချက်ရှိ ရှိ ပြေးလာသည်။ ရောဂါကူးစက်ခံရသောကြွက်သည် ကိုယ်တိုင်အသိစိတ်မရှိပဲ
အစားခံရန်အတွက် ကြောင်ဆီသို့ပြေးလာခြင်းဖြစ်သည် ။
ယင်းအခြေအနေမှတစ်ဆင့် ဖုတ်ကောင်ဖြစ်ပေါ်ခဲ့လျှင်
ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေတစ်ဝက်အား အဆိုပါ
Toxoplasmosa ကပ်ပါးပိုး ကူးစက်ခံခဲ့ရပါက ရောဂါကူးစက်ခံရသောလူများသည် အသိစိတ်ကင်းကွာ၍
ဆောက်တည်ရာမရဖြစ်ပြီး ရူးသွပ်မိုက်မဲစွာ သောင်းကျန်းမည်ဖြစ်သည်။
ယင်းအကြောင်းအရာမှတစ်ဆင့်
Zombie Apocalypse ဖြစ်ပေါ်ခဲ့လျှင်
ကျွန်တော်တို့အသုံးပြုမည့် ဆေးဝါးများအား
ကြွက်များဖြင့် ကြိုတင်စမ်းသပ်လျက်ရှိသော ကြောင့် လူသားနှင့် ကြွက်တို့ကိုယ်တွင်းအင်္ဂါဖွဲ့စည်းပုံများစွာ
မကွာခြားကြောင်းကို ကောက်ချက်ချနိုင် သည်။ အကယ်၍ Toxoplasmosa ကပ်ပါးပိုးသည် အဆင့်ဆင့်ပြောင်းလဲ၍
လူများ ထံသို့ ကူးစက်မည်ဟု စဉ်းစားကြည့်ပါစို့။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းမရှိသော၊
စဉ်းစားချင့်ချိန်နိုင်မှု မရှိသော လူများအား မည်သို့နှိမ်နင်းမည်နည်း?
အဆိုပါကပ်ပါးပိုးသည် သဘာဝအတိုင်း အဆင့်ဆင့်ပြောင်းလဲခြင်းမရှိပဲ
လူသားတို့စမ်းသပ်မှု ကြောင့်လည်း ဖြစ်ပေါ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်ပါးပိုးများအား
ဇီဝလက်နက်အဖြစ် အသုံးပြုရန် သုတေသနလုပ်ငန်းများ ကမ္ဘာအနှံပြုလုပ်နေကြသောကြောင့် ဖြစ်သည်။
ယင်းလုပ်ငန်း တွင် လုပ်ကိုင်နေသော ၀န်ထမ်းများမှတစ်ဆင့် ကပ်ပါးပိုးများ မပျံ့နှံ့နိုင်ပါဟု
မည်သူမျှ အာမခံနိုင် မည်မဟုတ်ပေ။
အဘိဓာန်တွင် ပါဝင်သော Zombie ဟူသော ဝေါဟာရနှင့်
အဆိုပါကပ်ပါးပိုးကူးစက်နေသော လူများသည် ကိုက်ညီမှုမရှိဟု သင်ငြင်းကောင်း ငြင်းလိမ့်မည်။
သို့သော် ဆောက်တည်ရာမရဖြစ်ပြီး ညည်းတွားနေသည့် လူအုပ်ကြီးသည် ပြတင်းပေါက်မှတစ်ဆင့်
သင့်အားကုတ်ဆွဲနေချိန်တွင် ထိုအနက် အဓိပ္ပါယ်ကွဲပြားနေခြင်းသည် မည်သို့မျှထူးခြားလာမည်
မဟုတ်ပေ။
ကျန်ရှိနေသော အကြောင်းပြချက်များကို အောက်ပါ link တွင် သွားရောက်ကြည့်ရှုနိုင်ပါတယ်-
0 comments:
Post a Comment