လူ နှင့် သူ၏ တန်ဖိုးများ ..
လူသားတိုင်း....
လှပခန်းနားတဲ့ အသုံးအဆောင်တွေတော့ မပိုင်ဆိုင်နိုင်ပါဘူး.....
ကူညီပေးနိုင်မဲ့ လက်တစ်စုံစီတော့ရှိနိုင်ပါတယ်.. ...
ခေတ်မီဆန်းပြားတဲ့ ကားတွေ ယာဉ်တွေတော့ မပိုင်ဆိုင်နိုင်ပါဘူး…..
နွေးထွေးနှစ်သိမ့် အားပေးစကားပြောနိုင်တဲ့ နှုတ်ခမ်း တစ်စုံစီတော့ ရှိနိုင်ပါတယ်.....
ကြီးကျယ်ခန်းနားတဲ့ တိုက်တာ အိုးအိမ်တွေတော့ မပိုင်ဆိုင်နိုင်ပါဘူး.....
ဖြူစင်မြင့်မြတ်တဲ့ နှလုံးသားလေးတွေတော့ရှိနိုင်ပါ တယ်.....
ကြီးကျယ်ထည်ဝါတဲ့ ရည်မှန်းချက်တွေတော့မရှိနိုင်ပါ ဘူး.....
အများအကျိုးအတွက်ဆိုတဲ့ ဆန္ဒတစ်စုံတော့ ရှိနိုင်ပါတယ်.....
မတည်ထည့်ဝင်ဖို့ ငွေကြေးပေါင်းများစွာတော့ မရှိနိုင်ပါဘူး.....
ကိုယ်ကျိုးစွန့်အနစ်နာခံမယ်ဆို တဲ့ ပေးဆပ်မှုကိုယ်စီတော့ရှိနိုင်ပါ တယ်.....
ငွေကြေးတွေ အများကြီးလည်း မပိုင်ဆိုင်နိုင်ကြပါဘူး…..
တက်ကြွတဲ့ ပရဟိတစိတ်ဓါတ် ပြင်းထန်တဲ့ မောင်နှမတွေတော့ဖြစ်လို့ရပါတယ်. ...
ထူးခြားဆန်းသစ်တဲ့ ဇိမ်ခံပစ္စည်းတွေတော့ ရှိချင်မှ ရှိပါလိမ့်မယ်.....
အမြဲယုံကြည်နွေးထွေး အားပေးနေမဲ့ မောင်နှမတွေတော့ရှိပါသေးတယ်.... .
ဒီလိုနဲ့ ကျွန်တော်တို့ လှပကောင်းမွန်တဲ့ လူ့ဘောင်လောကကို ၀ိုင်းဝန်း တည်ထောင်ကြရအောင်.....
Ref: : စိမ်းလန်းမြေ ပရဟိတအဖွဲ့
မေမွန်ကျော်
0 comments:
Post a Comment