Sunday, March 18, 2012

ရသအလင်းဖောင်ဒေးရှင်းမှ ကဗျာဆရာမ မအိအား ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခြင်း

by Eain Dra on Saturday, March 17, 2012 at 2:41pm ·
 
ရသအလင်းဖောင်ဒေးရှင်းက အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးကဗျာဆရာမ တစ်ယောက်ကို ရွေးချယ်ပြီး ဂုဏ်ပြုငွေ ပေးအပ်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။
ရွေးချယ်ခဲ့တဲ့ ဂုဏ်ပြုထိုက်သူ ကဗျာဆရာမ၊စာရေးဆရာမကတော့ ဆရာမမအိဖြစ်ပါတယ်။
ဒီတစ်ခါတော့ ရသအလင်းဥက္ကဌဦးဘိုဘိုဝင်းနဲ့ အိန္ဒြာတို့မြန်မာပြည်မှာ ရောက်နေတာနဲ့ တိုက်ဆိုင်ပြီး ဆရာမ မအိကို ရသအလင်းက ဂုဏ်ပြုငွေ(၃)သိန်းတိတိကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်နိုင်ခဲ့ပါတယ်။



ဥက္ကဌမှ ဆရာမ မအိသို့

၁၆.၃.၂၀၁၂ နေ့ညနေ (၄)နာရီ  စီးတီစတားဟော်တယ်မှာ ပွဲလေးတစ်ခုကျင်းပပြီးဆရာမကို ပေးအပ် ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။
ဂုဏ်ပြုပွဲလေးကို တက်ရောက်ခဲ့ကြတဲ့ ဆရာတွေ ဆရာမတွေကတော့-
မောင်စိမ်းနီ၊ သစ္စာနီ၊မောင်ပြည့်မင်း၊ မောင်လင်းရိပ်၊ ကွန်စစ်ကောင်း၊မိုဃ်းဇော်၊ နိုင်သစ်နီ၊နန္ဒကြယ်စင်၊ အောင်ပိုင်စိုး၊ နိုင်ဦးကို၊ မနော်ဟရီ၊ ရသအလင်းက ဦးဘိုဘိုဝင်း၊အိန္ဒြာနှင့်ပန်ဒိုရာ တို့ တက်ရောက်ခဲ့ကြပါတယ်။


 နိုင်သစ်နီ၊မိုဃ်းဇော်၊နန္ဒကြယ်စင်၊မောင်လင်းရိပ်၊မအိ၊အိန္ဒြာ၊ပန်ဒိုရာ၊အောင်ပိုင်စိုး၊နိုင်ဦးကို ကွန်စစ်ကောင်း၊သစ္စာနီ၊မောင်စိမ်းနီ၊ကိုဘိုဘိုဝင်း၊မောင်ပြည့်မင်း


ဒီပွဲလေးမှာ ဆရာမကို ဂုဏ်ပြုခြင်းအပြင် ကဗျာဆရာ သမဂ္ဂအတွက် ရသအလင်းဥက္ကဌ ဦးဘိုဘိုဝင်းက စင်ကာပူ ဒေါ်လာ (၁၅၀)ကိုပေးအပ်ခဲ့ပြီ ကွန်ပြူတာတစ်လုံးလှူဒါန်းဖို့ စာရင်းပေးသွင်းခဲ့ပါတယ်။

ရသအလင်းဥက္ကဌဦးဘိုဘိုဝင်းမှ ကဗျာဆရာသမဂ္ဂသို့

ဆရာမ မအိက သူရတဲ့ ဂုဏ်ပြုငွေထဲက ငွေတစ်သောင်းကို ကဗျာဆရာသမဂ္ဂရန်ပုံငွေအတွက် ပြန်လည်ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဆရာမ မအိမှ ကဗျာဆရာသမဂ္ဂသို့

ဆရာမ မအိက ရသအလင်းအတွက်အမှတ်တရကျေးဇူးတင်စကားလေး

၁၆နှစ်သမီးကစပြီး ကဗျာကိုရင်ခုန်ခဲ့ရ ဘ၀ဖြတ်သန်းမှုများက ကဗျာပုဒ်ရေပေါင်းများစွာကို ဖန်တီးပေးခဲ့။
ယနေ့အထိ စာမျက်နှာပေါ်မှာ ပုဒ်ရေ ၃၀၀ ခန့် ဖြန့်ကျက်မိ။ ဒါပေမယ့် ကဗျာစုပေါင်းထုတ်ဝေဖို့ စိုးရွံ့ဆဲ။
ရေးရုံနဲ့တင် ကျေနပ်မိတာ ကဗျာ…..။ ရွတ်ရုံနဲ့တင် ကျေနပ်မိတာ ကဗျာ…..။

၂၀၀၉ ခုနှစ် စက်တင်ဘာလထုတ် ရတီမဂဇင်းပါ ချစ်သူမုန်းသူဖတ်ဖို့စာ ကဗျာကို ထန်းရိပ်ညိုမှ ကဗျာဆုပေးခဲ့။ ခုလည်းပဲ ရသအလင်းဖောင်ဒေးရှင်းက အနုပညာဖန်တီးမှု ဂုဏ်ပြုခြင်းအနေနဲ့ ဂုဏ်ပြုခံရတော့ ကဗျာက မိမိကို ချစ်ခြင်းရသ ခံစားလိုက်ရပါတယ်။ ကဗျာက ချောင်ထိုးခံရတဲ့ ခေတ်မဟုတ်တော့ဘူးပေါ့..

ကဗျာဖွဲ့ခြင်း….မဖွဲ့ခြင်းထက် ကဗျာအပေါ်ချစ်မြတ်နိုးခြင်း ၊ ကဗျာနှင့် အနုပညာဖန်တီးသူများအပေါ် စာနာနားလည် ပေးခြင်းများအပေါ် အထူးဥပကာရကျေးဇူးတင်ရှိလှပါကြောင်း ….။

ရသအလင်းဖောင်ဒေးရှင်း ဒီ့ထက်ကြီးမား ဖွံ့ဖြိုးပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်

မအိ
၁၆-၃-၂၀၁၂

+++++++++++

အနုပညာရှင်ကို သူ့အနုပညာက စောင့်ရှောက်သည်။

ရသအလင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...