Monday, March 19, 2012

သူများထက် ဆယ်ဆ ပိုကြိုးစားခဲ့ရသူ

by Moon Angel on Tuesday, March 20, 2012 at 11:31am ·
 Written by သင်းပပ    Monday, 19 March 2012

လူသားတွေရဲ့စိတ်ကို အသံ တစ်ခုတည်းနဲ့ ပျော်ရွှင်မှု၊ ကြည်နူးမှု၊ ၀မ်းနည် ကြေကွဲမှု၊ ရက်စက် ကြမ်းကြုတ်မှု အစရှိတဲ့ ရသ မျိုးစုံကို ပေးစွမ်းနိုင် တာက ဂီတ အနုပညာပါ။
ဒီအချက်အလက်တွေကို နှစ်သက် လက်ခံပြီး များပြားလှတဲ့ ဘာသာရပ် တွေနဲ့ ဂီတ ပညာကို ပြည်ပနိုင်ငံ အထိ သွားရောက် သင်ယူခဲ့တဲ့ ကချင် တိုင်းရင်းသား လူငယ် L. Sut Aung  နဲ့မိတ်ဆက် ပေးချင်ပါတယ်။ ပြည်ပနိုင်ငံကို သွားရောက် သင်ယူခဲ့ရုံ မဟုတ်ဘဲ မြန်မာပြည်ကို ပြန်လာပြီး သင်တန်းဖွင့်၊ ပညာတွေ ဖြန့်ဝေ နေတာကြောင့်လည်း တွေ့ဆုံဖြစ် တာပါ။
ပြည်ပက ရတဲ့ ဒီပလိုမာနဲ့ လစာ ကောင်းတဲ့ အလုပ်ကို ပြည်ပမှာ ရနိုင်ပေမဲ့ ဒီအခွင့်အရေးကို လက်လွှတ်ပြီး ကိုယ့်နိုင်ငံကို ပြန်လာတဲ့ လူငယ် တစ်ဦးရဲ့ စိတ်ဓာတ်နဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို သူ့စကားတွေထဲမှာ တွေ့ကြရမှာပါ။

L. Sut Aung က ၂၀၀၃ ခုနှစ်က Myanmar Friendship ကတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ Music University  မှာ ဂီတ ပညာသင်ကြားဖို့ စကောလားရှစ် ရရှိခဲ့သူ တစ်ဦးပါ။ ၂၀၀၄ ခုနှစ်ကစပြီး ၂၀၀၅ ခုနှစ်အထိ ၅ နှစ်တာ ဂီတပညာကို ဆည်းပူး လေ့လာခဲ့ပါတယ်။ “ကျွန်တော်က ဖိလစ်ပိုင်ကို စကောလားရှစ် ရလို့သာ သွားတာ။ ဟိုရောက်တော့ ဘယ်ကျောင်းလျှောက်လို့ လျှောက်ရမှန်းမသိ၊ ဘယ်လို လျှောက်ရမှန်း မသိ။ ကိုယ့်ဟာကိုယ် ရှာဖွေခဲ့ရတယ်။ ပြီးတော့ အဲဒီအခါကျမှပဲ ဂီတနဲ့နဖူးတွေ့ ဒူးတွေ့ကို စတွေ့တော့တာပဲ။ ဒီမှာ နေတုန်းက ဂစ်တာလေး တီးလိုက်၊ သီချင်းလေး ဆိုလိုက်နဲ့ လုပ်ခဲ့ပေမဲ့ ဖိလစ်ပိုင် ဂီတသင်တန်းကျောင်းရောက်တော့  Systematically  ဖြစ်တဲ့ အခါကျတော့ အခက်အခဲ အများကြီး ရှိတယ်။ ဒီမှာက နိုင်ငံတကာ ဂီတကျောင်း မရှိတော့ ကိုယ် နှစ်သက်ရာကို ရွေးချယ် တက်ခဲ့ကြတာ။ ဟိုမှာကကျတော့ စလုံးရေ စ၊ အစကကို ပြန်သင်ခဲ့ရတာ”လို့ L. Sut Aung  က ဆိုပါတယ်။


L. Sut Aung က Classic Guitar   ကိုသာ ကျွမ်းကျွမ်းကျင်ကျင် တီးတတ်အောင် သင်ယူတီးခတ် ထားပြီး ဒီလောက် ဆိုရင်တော့ ဖြစ်မှာပဲဆိုတဲ့ စိတ် ကူးနဲ့ သွားခဲ့လိုက်တာ ဖြစ်ပါတယ်။ “ဟိုကို ရောက်တော့မှ ဒီအတွေး မဟုတ်ဘူး ဖြစ်နေတယ်။ ဒီမှာ တီးတာနဲ့ ဟိုမှာ သင်တာ အရမ်းကို ကွာဟနေတဲ့ အပိုင်းတွေ တွေ့ရတယ်။ အစကို ပြန်သွားခဲ့ရတာပါ။ ဟိုကိုရောက်ရင် အရင်က ကိုယ့်အနေနဲ့ ဘာတူရိယာပဲ တီးခတ်ခဲ့ပါစေ။ ဂစ်တာပဲဖြစ်ဖြစ်၊ ဒရမ်ပဲ ဖြစ်ဖြစ်ပေါ့နော်။ ဟိုရောက်ရင်တော့ ဂီတအနုပညာရှင်ဖြစ်ချင်တယ်ဆို ရင် ပီယာနိုက မတီးမနေရ၊ မသင်မနေရ  System  သုံးတဲ့ အခါကျတော့ ကျွန်တော် Piano   ကို အစကနေ ပြန်သင်ခဲ့ရပါတယ်။ မြန်မာပြည်အတွက် ကျွန်တော် လုပ်ချင်တဲ့ ဆန္ဒ အဲဒီကစပြီး အကောင်အထည်ဖော်တာပေါ့နော်” လို့ ဆိုပါတယ်။

L. Sut Aung  က Music University   (ဖိလစ်ပိုင်) တက်ရောက်ခဲ့တာ ဖြစ်ပေမဲ့ ဂီတတစ်ခုတည်းမဟုတ်ဘဲ တခြားဘာသာရပ်တွေကိုပါ သင် ကြားခဲ့ရပါတယ်။ Music is not Everything   ဆိုတဲ့ ခံယူချက်ကို ဖိလစ်ပိုင် တွေက စိတ်ထဲမှာ ထားတယ်။ Music  တစ်ခုတည်းနဲ့တော့ လောကကြီးကို ခင်ဗျား ဦးဆောင်နိုင်မှာ မဟုတ်ဘူးဆိုတော့ ဒီ Music  တက်ထားပေမယ့်  တခြားဘာသာရပ်တွေ မသိ ရင် ဒီလောကမှာ အသက်ရှင်နေနိုင်မှာမဟုတ်ဘူး ဆိုတဲ့သဘောပေါ့။ Music  ကို ရူးသွပ်တာကိုတော့ လက်ခံတယ်။ Music is Major   ပေါ့။ ဒါပေမဲ့ နောက်တစ်ခုကတော့ တခြား  Subject  တွေ၊ Bio, သင်္ချာ စသဖြင့် အားလုံးကို ပြန်သင်ယူရတယ်။၏

World History   က အစအကုန်ပြန်သင်ရတယ်။ ကျွန်တော်တို့ဒီမှာက Music  သမားဆိုရင် Music  ပဲ တခြားဘာပညာမှ မလိုဘူး ဆိုပြီးနေတယ်။ ပြည်ပကျောင်း သွားတက်မယ် ဆိုတော့လည်း Music ကလွဲရင် တခြားဘာမှ မလေ့ လာသွားကြ တော့ဘူး။ အဲဒီမှာ အခက်တွေ့ကြရတာပါပဲ”လို့ ပြည်ပမှာ သွားရောက် သင်ယူချင်ကြတဲ့လူငယ် တွေအတွက် သတိပေး စကားပြောခဲ့ပါတယ်။


ဖိလစ်ပိုင်နိုင်ငံမှာ ဂီတပညာကို ကျောင်း တွေမှာလည်း မသင်မနေရ ဘာသာရပ်အဖြစ် ထည့်သွင်းထားတယ်လို့ သိလိုက်ရပါတယ်။ ငယ်စဉ်ကတည်းက ဂီတနဲ့မကင်းကွာခဲ့တာ ကြောင့် ဂီတသမားကောင်းတွေလည်း ပေါ်ထွန်း လာနိုင်တာပါ။ “ကျွန်တော်ဆို တက္ကသိုလ်ရောက် မှ ဂီတကို စသင်တာဆိုတော့ သူများထက် ဆယ် ဆလောက်ကြိုးစားခဲ့ရပါတယ်”လို့လည်း  L. Sut Aung   က ဆိုတယ်။

L. Sut Aung   ဂီတပညာသွားရောက်သင်ယူ တဲ့ ဖိလစ်ပိုင်နိုင်ငံက ဂီတနဲ့ ပတ်သက်ရင်  International Notes  အားလုံးနီးပါး ကျွမ်းကျင် သူတွေ ပေါ်ထွက်ပါတယ်။ တူရိယာနဲ့ ပတ်သက်ရင်လည်း ၀ါးနဲ့ပြုလုပ်တဲ့ တူရိယာအများဆုံး ဖန်တီးထုတ်လုပ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ်္ဘာ မှာ ပတ်္တလားကို ၀ါး(၀ါးပိုးဝါး)နဲ့ ပြုလုပ်တာ ဖိလစ်ပိုင်နိုင်ငံ တစ်ခုတည်း လို့လည်း ဆိုပါတယ်။ “သူတို့က ၀ါးနဲ့ ပတ်သက်ပြီး တူရိယာကို မျိုးစုံလုပ် တယ်။ ရေစီးသံကအစ ၀ါးထဲမှာ ခရုဆံလေးထည့်ပြီး ဖန်တီးထားတယ်။ တစ်သံ နဲ့တစ်သံ မတူအောင်လည်း ဖန်တီးပြုလုပ်ကြတယ်။ ကျွန်တော်တို့က တော့ အဓိက Western Music   ကို အဓိကအခြေခံ သင်ယူခဲ့တာဖြစ်တဲ့အတွက်  သူတို့ရဲ့ ရိုးရာဂီတတွေကိုတော့ သိပ်မရခဲ့ဘူးပေါ့။ မသင်မနေရတော့ မဟုတ် ဘူး။ ဖိလစ် ပိုင်ရိုးရာသီချင်းနည်းနည်းပါးပါးတော့ သင်ခဲ့ရတယ်။ ဖိလစ်ပိုင် ရိုးရာသီချင်းက အရမ်းကို ခက်ပါတယ်။ ဆိုရတာကိုပဲ လေး၊ ငါး၊ ခြောက် လလောက် လေ့ကျင့်ကြိုးစားရပါတယ်”လို့ လည်း  L.Sut Aung  က ပြော ပြပါတယ်။ ပြည်ပမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်တဲ့သူတွေအနေနဲ့ သူတို့ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီးမှ သွားဖို့ဆိုတဲ့ အချက်က လူတိုင်းသိရှိနားလည်ပြီးသားပါ။ လတ်တလော ကမ္ဘာမှာ အသုံး များနေတဲ့ အင်္ဂလိပ်စကားကို ကျေ ညက်ကျင်လည်နေတယ်ဆိုပေမဲ့ ကျောင်း မဟုတ်တဲ့ တချို့နေရာတွေမှာ အခက်အခဲတချို့ တွေ့ကြရစမြဲပါ။ ဒါပေမဲ့ ဖိလစ်ပိုင်မှာတော့ ဖိလစ်ပိုင်စကား မပြောတတ်ပေမဲ့ အင်္ဂလိပ် စကားနဲ့လည်း အဆင်ပြေကြပါတယ်။ ကမ္ဘာမှာ တတိယ အင်္ဂလိပ်စကား အပြောများဆုံးလို့ သတ်မှတ်ထားတဲ့ ဖိလစ်ပိုင်မှာ ဆိုက်ကားဆရာ၊ ကား ဆရာတွေက အစ အင်္ဂလိပ် စကားပဲ ပြောကြတာကြောင့် ဘာသာစကား အခက်အခဲတော့ မရှိဘူး လို့ L.Sut Aung  က ဆိုပါတယ်။

ပြည်ပကို ပညာသင်သွားကြမယ့်သူတွေ အတွက် L.Sut Aung သာမန်တို့ရဲ့ အနာဂတ် အိပ်မက်က “ကျွန်တော့်အနေနဲ့ အများ စုတွေ့ရတာက ပြည်ပကို ပညာသင် သွားကြတဲ့ သူတွေထဲက အများစုက တစ်ဝက်လောက်မှာ အားလျှော့ပြီး ပြန်ပြေးကြ တာပဲ။ သူတို့ကို အထင်သေးလို့ ပြောတာ မဟုတ်ဘူးနော်။ သင်ကြားတဲ့ စနစ်ကြောင့် ခုလိုဖြစ်တာ။ Systematically  ဆိုတော့ မရကြတော့ဘူး။ ဒီမှာက ကိုယ့်ဟာနဲ့ကိုယ် အမှန်ထင်ပြီး လေ့ကျင့်ပြင်ဆင်ခဲ့ကြတာပါပဲ။ ဟိုရောက်တော့မှ နင်တို့ဟာ မှားနေတာ ဒီလို ပြန် ပြင်ရမယ်ဆိုတော့ အစကနေ ပြန်လုပ်ရမယ်ဆိုတော့ သူတို့ လုံးဝမလုပ်ချင်ကြတော့ဘူး။ ကျွန်တော်ကတော့ ပီယာနိုဆိုတာကို လုံးဝမသင်ခဲ့ဘူးတာ။ ဒီတော့ နဂိုကတည်းက သုညဆိုတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ တစ်ခုရှိတာက သင်ပေးတဲ့ ဆရာတွေက တကယ့် နာမည်ကြီးအနုပညာရှင်တွေဆိုတော့ သူတို့ကို အရမ်းအားကိုးလို့တော့ မရဘူး။ ကျောင်းကောင်းရင် ပိုဂရုစိုက်ရ တာက Self-Study   ပါပဲ။ ကိုယ့်ဟာကိုယ် လေ့လာရတယ်။ ကျွန်တော်ဆိုလည်း ဟိုကျမှတွေ့တဲ့ နိုင်ငံတကာ က သူငယ်ချင်းတွေ ကောင်းမှု ပေါ့။ သူတို့က ၀ိုင်းကူညီပေးတယ်။ Concert   တွေ သွားကြည့် လေ့လာတယ်။ စာကြည့်တိုက် သွားတယ်။ ကျွန်တော်ကတော့ သူများတကာထက် ၁၀ ဆ ပိုကြိုးစားခဲ့ရပါတယ်”လို့လည်း သူ့အတွေ့အကြုံ ကို ပြောပြခဲ့ပါသေးတယ်။ ပြည် ပသွားသင်ယူ တဲ့သူတွေအနေနဲ့ ကိုယ် တက်ရောက်သင်ယူမယ့် ကျောင်းရဲ့ နည်းစနစ်နဲ့ သင်ယူမှုကို လက်ခံနိုင် ဖို့ကိုလည်း ကြိုတင်ပြင်ဆင်မှုထဲမှာ ထည့်ထားရ မယ်။ ဇွဲမလျှော့ပါနဲ့ဆိုတဲ့ သဘောကို L.Sut Aung  က ပြောပြခဲ့တယ်။၏



ဖိလစ်ပိုင် Music University   မှာ ၅ နှစ်တာ သင်ကြားခဲ့တဲ့ L.Sut Aung   က L.Sut Aung  သာ ရရှိခဲ့တာပါ။ Bachelor  (ဘွဲ့)တစ်ခု ရနိုင် ဖို့ဆိုရင်တော့ ၈ နှစ်၊ ၉ နှစ် အချိန်ယူရတယ်လို့ လည်း သိရပါတယ်။ ဂီတပညာကို နိုင်ငံတကာ အဆင့်မီ တတ်ကျွမ်းခဲ့ပေမဲ့ မြန်မာပြည်လာပြီး Music Centre  ဖွင့်ခဲ့တဲ့  L.Sut Aung   ရဲ့ဂီတ အပေါ် အမြင်နဲ့ ခံစားချက်ကလည်း စိတ်ဝင်စားစရာပါ။  Music Killing Me တဲ့။ ဂီတက ကျွန်တော့် ဘ၀ကို သတ်လိုက်သလိုပဲ။ တစ်ခါတလေ ကိုယ့်စာတွေ ပြီးဖို့အတွက် အခန်းထဲ မထွက်ရဘူး။ Pratice, Pratice, Pratice, Always Pratice   ပုံစံဖြစ်နေတော့ တစ်ခါတစ်လေ မလုပ်ချင် လောက်အောင်ကို ဖြစ်တယ်။ ပြန်ပြေးချင်တယ်။ ဒါပေမဲ့ ငါ ဒီအထိ ရောက် လာပြီးပြီ။ လွယ်လွယ် ကူကူနဲ့ မဟုတ်ဘူး။ ငါ ဇွဲလျှော့လိုက်ရင် အလကား ဖြစ်သွားမယ်လို့ တွေးမိတယ်။

ပြီးတော့ ကျွန်တော်က ကျွန်တော် တတ်ကျွမ်းတဲ့ အနုပညာနဲ့ မြန်မာပြည်က ၀ါသနာရှင်တွေကို ပညာတွေပြန် လည်ဝေငှပေး ချင်တယ်။ ဖိလစ်ပိုင်မှာဆို အကာဗလာပုံစံနဲ့  သီဆိုနိုင်တဲ့သူတွေ အများကြီး ရှိတယ်။ ပြီးတော့ နိုင်ငံတကာကို သွားရင်လည်း ဖိလစ်ပိုင်လူငယ် တွေက ပထမ အဆင့်နဲ့ အမြဲ အိမ်ပြန်နိုင်ခဲ့ကြတယ်။  အရမ်းကြိုးစားတယ်။ အရမ်းပေးဆပ်တယ်။ အရမ်းတော်တယ်။ ကျွန်တော်တို့နိုင်ငံကို ပြန် ကြည့် လိုက်မိတဲ့အခါမှာတော့ သူတို့လည်း လုပ်နိုင်တာပဲ။ ငါတို့လည်း ဘာလို့ မလုပ်နိုင်ရ မှာလဲ။ လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်တွေ ခေါင်းထဲ ရောက်လာတော့ ကိုယ်လိုချင်တဲ့ နေရာရောက်အောင် ကြိုးစားခဲ့တာပါ”လို့ Sut Aung  က ဆိုပါတယ်။

L.Sut Aung   က သူ့ရည်မှန်းချက်အတိုင်း မြန်မာပြည်ကို ပြန်လာပြီး EULOGIA Music Centre   ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အမှတ် ၁၆၂ (ဃ-၃)ယ ကြည့်မြင်တိုင်အောက်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ EULOGIA Music Centre   မှာ Piano, Drum, Violin, Keyboard, Guitars(Rhythm, Bass, Lead),Special Program (Classical, Blue, Jazz), Wind Instruments (Saxophone Flute, Clarinet), Music Theory (Vocal Technique, Ear Training, Sigh Reading) ဘာသာရပ်တွေကို နိုင်ငံတကာ နည်းစနစ်တွေနဲ့ သင်ကြား ပေးနေတာပါ။ ၂၀၁၁ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်တာကာလ အတွင်းမှာလည်း အရည်အချင်း ပြည့်တဲ့ တပည့်တွေ မွေးထုတ်နိုင် ခဲ့ပါတယ်။ L.Sut Aung    က EULOGIA  သင်တန်းသား၊ သင်တန်းသူ တွေနဲ့ EULOGIA Music Centre  တစ်ခုကိုလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ဂျပ်ဆင်ခန်းမ(ရန်ကုန်တက္ကသိုလ်)မှာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

L.Sut Aung  ရဲ့ တကယ့်ရင်ထဲက အမြင့်ဆုံး မျှော်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ Music School  တစ်ခုလောက် ဖွင့်လှစ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ Music က လူတစ်ယောက်ကို  ပြောင်းလဲသွားစေနိုင်တယ်။ ရောခ့်ဂီတဆိုရင် ရောခ့်ပရိသတ်ပုံစံ၊ ရောခ့်အဆိုရှင် ပုံစံဘယ်လိုဖြစ်သွားမလဲ တွေ့ကြမှာပါ။ Hip Hop ဂီတဆိုရင်လဲ၊ ဒီလိုပဲလေ။ သူ့ပုံစံနဲ့ သူပဲ။ဒါက Music ရဲ့ PowerFul ပဲ။ သူရဲ့ Characrter   ကို ပြောင်းလဲပစ်လိုက်နိုင်တာပေါ့။ ကျြငခ ကို အဓိပ္ပာယ် ဖွင့်ဆိုရရင်တော့ Part of Life  ပေါ့နော်။ ဒီကမ္ဘာကြီး တစ်ခုလုံး အသံတွေ တိတ်ဆိတ်သွားရင် ဘယ်လိုဖြစ်သွားမလဲ။ အခု ကြားနေရတဲ့ Music တွေက ကျွန်တော်တို့ဘ၀ကို ပုံဖော်နေပါတယ်။ Music ကြောင့်သာ ကမ္ဘာလောကကြီး အသက်ဝင်နေတာကိုး။ ဒါကြောင့် Music  ဆိုတာ ဘ၀ရဲ့အစိတ်အပိုင်း တစ်ခု လို့ ပြောချင်ပါတယ်”လို့လည်း  L.Sut Aung  က ဂီတကို အဓိပ္ပာယ် ဖွင့်ပြကြပါ တယ်။

ဘ၀ တစ်ခု လုံးနီးပါးကို ဂီတထဲ နှစ်မြှုပ်ထားတဲ့ L.Sut Aung က သူ့ရဲ့ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားရာမှာ နိုင်ငံ တကာဂီတပညာရှင်များနဲ့ ပူးပေါင်းတင်ဆက်ခြင်းတွေလည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံက နာမည်ကြီး အနုပညာရှင် တစ်ဦးနဲ့ EULOGIA  အဖွဲ့သားတွေ ပူးပေါင်းပြီး   Concert  တစ်ခုကိုလည်း မြန်မာပြည်မှာ တင်ဆက်ပြသ နိုင်ဖို့လည်း စီစဉ် နေတယ်လို့ သိရပါတယ်။

L.Sut Aung က Music မှာပဲဖြစ်ဖြစ်၊ တခြားဘာသာရပ်ပဲဖြစ်ဖြစ်၊ အချိန်အတိုင်း အတာတစ်ခု အထိ ပေးပြီး ဇွဲမလျှော့ဘဲ ကြိုးစား စေချင်တယ် လို့ ယနေ့ လူငယ်တွေကို ပြောပြခဲ့ပါသေးတယ်။



သင်းပပ
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...