Friday, March 23, 2012

ကမ္ဘာ့ အသား မစားရနေ့

by Sat Paing on Friday, March 23, 2012 at 7:29am ·

တစ်နေ့တစ်ခြား တိုးတက်ကောင်းမွန်လာတဲ့ ရွေ့လျားမှုတွေအောက်မှာ
မြန်မာနိုင်ငံဟာလဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်လံ ဆက်လက်ချီတက်နေပါတယ်၊
တစ်ယောက်မကောင်းကြောင်းတွေကို
တစ်ယောက်ယောက်က လိုက်လံဖန်တီးပြီး လူမျိုးအချင်းချင်း ခုချိန်ထိ ကွဲလွဲပြားနေတုန်း။
လွန်ခဲ့တဲ့ ရက်ပိုင်းက မဂ္ဂဇင်းစာအုပ်တစ်အုပ်မှာ ဖတ်ဖူးနေကြအတိုင်း ဆေးလိပ်နဲ့ပက်သက်ပြီး
ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ် ။ ထိုဆောင်းပါးကတော့ ရေးနေကျအတိုင်းထက် ကျော်လွန်ပြီး
အနည်းငယ် ထူးခြားနေတယ်လို့ ကျနော်ထင်ပါတယ်။

ဆေးလိပ်သောက်တဲ့အသက်ပြည့်ပြီးသူတိုင်းဟာ ဆေးလိပ်နဲ့ပက်သက်ပြီး ဆိုကျိုးတွေကို
အနည်းနဲ့အများသိရှိကြမှာ သေချာပါတယ်၊အများအကျိုးလိုလားလို့ လိုလိုလားလားတခမ်းတနား
ဖော်ပြထားတဲ့ထိုခေါင်းစဉ်အောက်မှာ ဆေးလိပ်ဟာ တစ္ဆေတစ်ကောင်ထက်ပိုမိုပြီး
ကြောက်ဖို့ကောင်းနေပါတယ်၊ လက်ခံပါတယ် ကျနော်တို့ ခင်ဗျားတို့အားလုံးနီးပါးဟာ
အများအကျိုးကိုလိုလားချင် လိုလားမယ် ကိုယ့်အကျိုးကို ကိုယ်ကိုယ်တိုင် လိုလားချင်
လိုလားမယ် ဘာပဲဖြစ်ဖြစ် တစ်ခုခုပေါ့၊ အဲ့ဒီအချက်နှစ်ခုတည်းနဲ့ လှူပ်ရှားနေကြတာ ဖြစ်ပါတယ်။

ထိုစာရေးသူ(ဆရာဝန်)များပြောတဲ့အထဲမှာ တစ်နေ့ကိုဆေးလိပ်သောက်သုံးသူတစ်ယောက်ဟာ
ဆေးလိပ် ၅ လိပ်သောက်တာကစလို့ ကမ္ဘာနဲ့ချီပြီး နေ့စဉ်နေ့စဉ်သောက်သုံးနေသူတွေကို
တွက်ချက်ပြသထားတာဖြစ်ပါတယ်။အဲ့ဒီလူတွေဟာ ဆေးလိပ်ကိုမသောက်သုံးပဲနေမယ်ဆိုရင်
ထိုဆေးလိပ်ဖိုးရဲ့ ပိုထွက်လာမယ့်ငွေတွေကိုဘယ်လိုနေရာမှာ ဘယ်လိုသုံးမယ်
ဘယ်လိုဒုက္ခသည်တွေကို ဘယ်လိုကယ်တင်မယ်ဆိုတဲ့အကြောင်း
အဲ့ဒီအခါ ဘယ်သူတွေဘယ်လိုအကျိုးရှိသွားမယ်ဆိုတဲ့အကြောင်းကို
သေသေချာချာ ဂဃဏနဖော်ပြထားတာဖြစ်ပါတယ်၊

ကျနော်ဟာ ခုချိန်ထိ ဆေးလိပ်သောက်သုံးနေသူတစ်ယောက်ပါ
ဒါပေမဲ့ ထိုစာရေးသူများ ပြောစကားကို လက်ခံပါတယ် ။
ပြီးတော့ ထောက်ခံပါတယ်၊ဒါပေမဲ့ မကျင့်နိုင်သေးပါ၊
အဲ့ဒီလိုလုပ်ခြင်းအားဖြင့် လူမှုရေးအရရော စီးပွားရေးအရရော ကျမ်းမာရေးအရရော အစစအရာရာ
ဘက်စုံ ကောင်းမွန်ပါတယ်၊

ဟုတ်ပြီ  . . .ကျနော် ပြောဖူးခဲ့သလိုပဲ ငါးဟင်းနဲ့ထမင်းစားပြီး
ငါးသွားလွှတ်တဲ့သူတွေ ဘယ်လောက်တောင် များပြားနေသလဲဆိုတာ
ဘယ်သူမှ မသိနိုင်ပါဘူး။ ကျနော်တို့ခင်ဗျားတို့ အားလုံးဟာ အများအကျိုးအတွက်
ဆောင်ရွက်နေကြသူများဆို ကျနော်ပြောပါမယ်၊
အရင်ဦးဆုံး ခင်ဗျားတို့ဟာ ဗုဒ္ဓဘာသာ ဒါမှမဟုတ် ဘယ်လို ဘာသာမျိုးဖြစ်ဖြစ်
လက်ခံလို့ရမယ်ထင်ပါတယ်၊ အဓိက ဗုဒ္ဓဘာသာပေါ့
တစ်ပါတ်ကို ကျနော်တို့ဟာ အသား/ငါး ဟင်းဘယ်နှစ်ခွက်
မျှစားသုံးနေကြပါသလဲ ပြန်တွက်ကြည့်ပါ၊
တစ်ပါတ်ကို သုံးရက်ကနေ လေးရက် ဒါမှမဟုတ် အပါတ်တိုင်းနီးပါး
အများအားဖြင့် စားသောက်နေကြတာကို တွေ့ရပါတယ် ဘုရင်လဲ အသား/ငါး စားပါတယ်
လူချမ်းသာတွေလဲ အသား/ငါး စားပါတယ်
သာမန်အခြေခံ လူတန်းစားတွေ လက်လုပ်လက်စားတွေလဲ
ရံဖန်ရံခါ အသား/ငါး စားကြပါလိမ့်မယ်၊
ကမ္ဘာမှာ ဆေးလိပ်သောက်သူ ဦးရေနဲ့ အသား/ငါး စားသောက်သူဦးရေ
အများကြီး ကွာဟပါတယ် ကျနော်အဓိက ပြောချင်တာက
အသား/ငါး စားသုံးတဲ့ ကုန်ကျစရိတ်ကို
ထက်ဝက် ၀က်ပြီး အသီးအနှံ အရွက် ပဲအမျိုးမျိုး အသားတု စတာတွေနဲ့
အစားထိုး ဖြည့်ဆည်းစားသောက်ဖူးပါသလား
နေ့စဉ် စားသုံးနေတဲ့ ပြည်သူလူထုအောက်မှာ အသက်ဆုံးရှူံးနေတဲ့
တိရိစ္ဆာန်လေးတွေ ဘယ်လောက်တောင် များပြားနေသလဲဆိုတာ
စဉ်းစားဖူးပါသလား အရင်အချိန်တွေတုန်းက သူတို့အပြစ်လုပ်ခဲ့ချင် လုပ်ခဲ့ပေမဲ့
အခုဘ၀မှာ အပြစ်ရယ်ဆိုပြီး မယ်မယ်ရရ မလုပ်ဆောင်ခဲ့ပါဘူး။
ဒါပေမဲ့ သူတို့တွေ နေ့စဉ် အသတ်ခံနေရပါတယ် ။
ရောင်းသူရှိလို့ ၀ယ်သူရှိတယ်ဆိုတာတွေ ၀ယ်သူရှိလို့ ရောင်းသူရှိတယ်ဆိုတဲ့
ခပ်ညံ့ညံ့ဆောင်ပုဒ်တွေကို ခပ်ညံ့ညံ့ လူတွေပဲ ကိုင်ဆောင်ပါတယ်။
ကြက် ၀က် အမဲ ဆိတ် စသည့်အကောင်တွေဟာ
လူတွေစားသုံးဖို့အတွက်ရယ်ဆိုပြီး ဖြစ်တည်လာတာမဟုတ်ပါဘူး ၊

ကျနော်ကိုယ်တိုင်ကလဲ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစပြီး အသား/ငါး မှန်သမျှနီးပါး
ရှောင်ကျဉ်ဖြစ်သွားပါတယ်။ ရံဖန်ရံခါသာ မဖြစ်မနေ အခြေအနေတွေကြောင့်သာ
စားသုံးဖြစ်ပါတယ်၊ ကိုယ်နဲ့တိုင်းတာပြီး အရာရာကို
ပုံသေကားချပ်သတ်မှတ်တယ်လို့ မထင်စေချင်ပါ၊ကျနော် စတင် အသားဖြတ်တာကတော့
လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ် ၀န်းကျင်က
ရွှေဘဲမှာ ၀က်သားပေါင်း သွားဝယ်တာကနေစပါတယ်၊
အချိန်က စောသေးလို့ ဘေးနားက လက်ဘက်ရည်ဆိုင်(အိမ်ဆိုင်) လေးမှာ
ကော်ဖီသောက်ရင်း ဆိုက္ကာသမားတစ်ယောက်နဲ့
ထိုင်စကားပြောဖြစ်ပါတယ် ၊ အဲ့ဒီအချိန်မှာ ရွှေဘဲဆိုင်ရှေ့ကို ကားတစ်စီး ထိုးစိုက်လာပါတယ်။
ပြီးတော့ အဲ့ဒီကားပေါ်ကနေ လူတွေက ဘဲအရှင်တွေကို အတွဲလိုက် အတွဲလိုက် ယူဆောင်သွားပြီး
ဆိုင်ထဲ ၀င်သွားတာ တွေ့လိုက်ပါတယ်။ အချိန်က အရမ်းစောနေသေးတဲ့အတွက်
ဝယ်ယူသူဆိုလို့လဲ ကျနော်တစ်ယောက်ထဲပဲ ရှိပါသေးတယ်။
အစက ကျနော်ထင်တာ ရွှေဘဲက လူတွေက ကြက်/ဘဲ ဈေးက
ဘဲအသေတွေကို မှာယူမယ် ပြီးမှ ကင်မယ်ပေါ့။
ဒါမယ့် ခုတော့ အဲ့လိုမဟုတ်ပါဘူး။ ဆိုက္ကားသမား ပြောပုံအရဆို ရွှေဘဲ ဘဲကင် အရသာရှိတာ
ဘာကြောင့်လဲ မင်းသိလားတဲ့။ဆိုတော့...
ကျနော် မသိဘူးလို့ ဖြေလိုက်ပါတယ် ၊ သူက ဆက်ပြောပါတယ်
ဘဲတွေကို စားသုံးသူတွေ မမှာခင် နာရီပိုင်းအလိုထိ အရှင်ပဲ ထားထားပါတယ်တဲ့။
ပြီးမှ ဘဲကို အောက်ခံမီးအပူပေးထားတဲ့ လျှောက်လမ်းပေါ်မှာ ပြေးစေပြီး
ဘဲ ရဲ့ စိတ်ဆန္ဒကို ဆွစေပါတယ်။ အဲ့ဒီအခါ သေဘေးကို စိုးရိမ်တဲ့ ဘဲဟာ
လျှောက်လမ်း သံပူပြားပေါ်မှာ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့
သူ့ရဲ့ ဇောစိတ်တွေဟာ အထွတ်အထိပ်ကို ရောက်လာစေပြီး
နောက်ဆုံး သေဆုံးကာနီးအချိန်မှာ သူ့ရဲ့ ဇောစိတ်တွေကြောင့်
ဘဲရဲ့ အသားတွေဟာ ပြည့်တင်းဖောင်းကားသွားပြီး
အသားတွေဟာ အလွန်ပဲ အရသာရှိသွားတာ ဖြစ်တယ်လို့ အဲ့ဒီမှာ စာဖိုးမှူးလုပ်ခဲ့သူရဲ့
ပြောစကားကို တစ်ဆင့် ကျနော့်အား ဖောက်သည်ချ ပြောပါတယ်။
အဲ့ဒီအချိန်က စပြီး ကျနော်ဟာ ရွှေဘဲ ဘဲကင်ကို စတင်ပြတ်သွားပါတယ်။
နောက်ပိုင်း ၀က်ကလီစာတွေ ကြက်ကလီစာတွေကနေစပြီး
တဖြည်းဖြည်း ခုဆို ခြေလေးချောင်းသား လုံးဝ မစားတော့ပါ။
နောက်ဆို မည်သည့်အသားမှ မစားတော့ဟု ဆုံးဖြတ်ထားပါသည်။

 မြတ်စွာဘုရား ပြောဆိုခဲ့ဖူးတဲ့ ကြားသား မြင်သား
ယုံမှားသားက လွဲလို့ အခြားအသားတွေစားသုံးလို့ အကုသိုလ်မဖြစ်ဖူးဆိုပေမဲ့
အကယ်၍သာ မြတ်စွာဘုရားဟာ အသားငါး စားသုံးသူ မှန်သမျှ အကုသိုလ်ဖြစ်တယ်လို့သာ
မိန့်ကြားခဲ့ရင် ခုမြန်မာနိုင်ငံမှာ အသားငါး စားသုံးသူ
သိသိသာသာ လျော့နည်းသွားမှာလဲ ဖြစ်ပါတယ် ၊ 
မဖြစ်နိုင်မှန်း သိလို့ ထိုသုံးမျိုးကိုသာ မိန့်ကြားခဲ့ဟန်တူပါတယ်၊
အခြား ကျနော်မသိရှိသေးတဲ့ အချက်အလက်တွေနဲ့ အများအပြားပါ၊
အသားစားချင်ရင် ကိုယ့်ဟာကို သတ်စား ဒါဆိုရင် စားတဲ့သူမှာပဲ အပြစ်ဖြစ်ပြီး
ကိုယ်စား ကိုယ်ခံဆိုတဲ့ စကားပုံလေးတောင် ပေါ်လာနိုင်ပါတယ်
ခုတော့ စားသုံးသူတွေ ရှိတဲ့အတွက်ကြောင့် သတ်ဖြတ်တဲ့သူတွေလဲရှိလာပါတယ်
အဓိက ကတော့ စားသုံးသူတွေ ပျောက်ကွယ်သွားမယ်ဆိုရင်
သတ်ဖြတ်တဲ့သူတွေလဲ ပျောက်ကွယ်သွားနိုင်ပါတယ်။
သတ်ဖြတ်တဲ့ သူတွေဟာလဲ မလွှဲသာ မရှောင်သာ အခြေအနေတွေကြောင့်
သတ်ဖြတ်နေရပေမယ့် ကျနော့်အထင် သတ်ဖြတ်ချင်မယ် မထင်ပါဘူး ။
ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှာဖွေစားသောက်ကြမယ်ဆိုရင်လဲ စားသောက်ကြပေါ့။
အသား မစားလို့ ဘာဓါတ်မရရှိမှာတွေ ငါး မစားလို့ ဘာဓါတ်မရရှိမှာတွေနဲ့ ပက်သက်ပြီး
ကျနော်ဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ကို အမှတ်ရမိပါတယ်။
ဆရာဝန်တစ်ယောက်ဟာ ရွာတစ်ရွာမှာ တာဝန်ကျပါတယ် အဲ့ဒီရွာက တစ်ရွာလုံးနီးပါး
စိုက်ပျိုးခြံလုပ်ဆောင်နေသူများ ဖြစ်တဲ့အလျောက် ထမင်းစားတဲ့အခါ
အသီးအရွက်တွေနဲ့ပဲ စားသုံးလေ့ ရှိကြပါတယ်
သူတို့ ရွာမှာ အသား/ငါး ရှားတာလဲ ဖြစ်နိုင်ပါတယ်။
အဲ့ဒီဆရာဝန် ပြောပုံအရ သူဟာ ရွာမှာ နှစ်နဲ့ချီကြာနေထိုင်ခဲ့ပေမဲ့
တစ်နှစ်နေလို့မှ လူနာ တစ်ယောက်တွေ့ရဖို့ ခဲယဉ်းကြောင်း ဘာကြောင့် ဒီရွာက လူတွေ
ရောဂါဘယ ကင်းဝေးကြောင်း လေ့လာကြည့်တဲ့ အခါမှာ
အသီးအနှံရဲ့ အစွမ်းသတ္တိကို သိမြင်ခဲ့ရပါတယ်၊
ခုအချိန်အခါမှာတော့ ဂျာနယ်အတော်များများမှာ
အသီးအရွက်နဲ့ ပက်သက်ပြီး ဆိုးဆေးတွေ ပိုးသတ်ဆေးတွေဟာ အလွန်ပဲ ဒုက္ခပေးကြောင်း
ဖတ်ရှူ့မိလာရတော့ လူတစ်ချို့က အသီးအရွက်စားဖို့ကို ကြောက်လန့်လာကြတာ တွေ့ရပါတယ်
အမှန်တော့ တာဝန်ရှိသူများ ပြောတဲ့အတိုင်း ရေသေချာ ဆေးမယ် စနစ်တကျ ချက်ပြုမယ်ဆိုရင်
အန္တာရယ်ကင်းရှင်းကြောင်း သိရှိမှတ်သားရပါတယ်၊ မြန်မာတွေဟာ ကမ္ဘာနဲ့ချီရင်
လူမျိုးအသီးသီးထဲမှာ သြဇာအာဏာလွှမ်းမိုးမှု အတော်လေးနည်းပါးကြောင်း တွေ့ရှိရပါတယ်
အဲ့ဒီအတွက်လဲ ကမ္ဘာနဲ့မချီတော့ပါဘူး။ မြန်မာနိုင်ငံကိုပဲ တိုက်ရိုက်ရည်ညွှန်းရအောင်
နေ့စဉ် စားသုံးနေတဲ့ အသား/ငါး တွေအစား နှစ်စဉ် အသီးအရွက်အမျိုးမျိုးနဲ့
ထက်ဝက် အစားထိုး ဖြည့်ဆည်းစားသောက်မယ်ဆို
ပိုလျှံထွက်လာမယ့် ငွေဟာ ဆေးလိပ်ဖြတ်လို့ ပိုလျှံထွက်လာမယ့် ငွေထက်
အဆပေါင်းများစွာ သာလွန်နေမှာ သေချာပါတယ်
ဖြစ်နိုင်ရင် ဆေးလိပ်လဲ ဖြတ် အသား/ငါးလဲ ဖြတ် ဒါဆိုပိုလို့ကောင်းတာပေါ့။
အဲ့ဒီလို အသား/ငါး အစားထိုး ဖြည့်ဆည်းလိုက်မယ်ဆိုရင်
အထက်ပါ ဆရာဝန်တွေပြောကြားသွားခဲ့သလို
ကျမ်းမာရေးရော စီးပွားရေးရော လူမှုရေးရော စသည့်အရာများထက် အများကြီး
ပိုမိုသာလွန်သွားပါပြီ လွတ်ငြိမ်းချမ်းသာသွားမယ့် တိရိစ္ဆာန်တွေရဲ့ ဘဝ
အသား/ငါး မစားတော့တဲ့အတွက် ပိုမိုကျမ်းမာလာမယ့် လူ့ဘ၀။
ပိုလျှံလာမယ့် ငွေတွေကို ခုနကလို အမှန်တကယ် လိုအပ်တဲ့နေရာတွေမှာ
ဖြည့်ဆည်းပေးလိုက်ရင် အဆင်ပြေသွားမယ့် ဒုက္ခသည်တွေရဲ့ ဘဝ
အသား/ငါး မစားသုံးတော့တဲ့ အတွက် ကြမ်းတမ်းမလာတော့တဲ့
လူတွေရဲ့ စိတ် အစစအရာရာ အားလုံးဟာ ကောင်းကျိုးတွေကြီးပါပဲ။

အသား/ငါး ကိုများပြားစွာ လွန်လွန်ကဲကဲ စားသုံးမယ်ဆိုရင်လဲ
ထိုသူရဲ့ စိတ်ဟာ ကြမ်းတမ်းလာတယ်လို့ ကျနော် မှတ်သားဖူးပါတယ်၊
အသား/ငါးမှာ ပါဝင်တဲ့ ဓါတ်သတ္တိတွေထက် အသီးအရွက် ပဲအမျိုးမျိုး ဥအမျိုးမျိုး
စတာတွေဟာ ပိုမိုအဟာရ ဖြစ်တယ်ဆိုတာ
ကျနော်တို့ ငယ်ငယ်ကလေးထဲက စာအုပ်တွေထဲမှာ မှတ်သားဖူးပါတယ်၊
ကျမ်းမာရေး ဆရာဝန်တိုင်းလဲ သိကြမယ်ထင်ပါတယ်၊
ဖြစ်နိုင်ရင် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ
ကမ္ဘာ့အသားမစားရနေ့ တစ်နေ့ကို ဖန်တီးပေးသင့်ပါတယ်၊
ကမ္ဘာနဲ့ချီပြီး မဖြစ်နိုင်ခင်မှာပဲ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ
ခုလက်ရှိ သြဇာအာဏာနဲ့ ပြည်သူတွေကြား
ဝင်နိုင် ဆန့်နိုင်လောက်တဲ့ အရည်အချင်းရှိ ပုဂ္ဂိုလ်များ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များဟာ ပြည်သူလူထုကြားထဲ
ပြောဆို စည်းရုံးသိမ်းသွင်း သင့်ပါတယ် ၊

မြန်မာ့အသားမစားရနေ့ဆိုပြီး နေ့လေးတစ်နေ့လောက် သတ်မှတ်လိုက်မယ်ဆိုရင်ဖြင့် နေ့စဉ် သေဆုံးနေတဲ့
တိရိစ္ဆာန် ထောင် သောင်း သိန်း သန်းချီတဲ့ သတ္တ၀ါလေးတွေဟာ တစ်ရက်အသက်ပိုရှင်သွားပါပြီ။
ဘယ်သူမဆို နောက်ဆုံးအချိန် တစ်စက္ကန့် တစ်မိနစ် တစ်နာရီ တစ်ရက်တော့ အသက်ပိုရှင်ချင်ကြမှာပါပဲ
ဆေးလိပ်ဖြတ်တာထက် ပိုမိုပြီး လူ့လောကအတွက် အကျိုးရှိတာက အသား/ငါး ဖြတ်ဖို့ပါပဲ
အစောပိုင်းက ပြောသွားသလို မြန်မာနိုင်ငံမှာ လူသားတိုင်းနီးပါး ဆေးလိပ် မသောက်ပေမဲ့
လူတိုင်းနီးပါး အသား/ငါး စားကြပါတယ် ဘုန်းကြီးတိုင်း ဆေးလိပ် မသောက်ပေမဲ့ ဘုန်းကြီးတိုင်းနီးပါး အသား/ငါး စားကြပါတယ်
စသဖြင့် ယောင်္ကျား မိန်းမ ခွဲခြားလိုက်မယ်ဆိုရင် အဆပေါင်းများစွာ ကွာခြားနေတာကို တွေ့ရပါတယ်၊
ခင်ဗျားတို့ တစ်ရက်စားသုံးမယ့် အသား/ငါးအတွက် ငွေ၄၀၀၀ကျပ် ကုန်ကျမယ်ဆို အဲ့နေ့လေး တစ်နေ့ကို
အခြား သက်သက်လွတ်ဟင်းလျာနဲ့အစားထိုး ဖြည့်ဆည်းလိုက်မယ်ဆိုရင်ဖြင့် ပိုလျှံထွက်လာမယ့် ငွေဟာ
တစ်ဝက်နီးပါး ပါပဲ  ၊ အဲ့ဒါဆိုရင် ခင်ဗျားတို့ တွက်ချက်ကြည့်ပါ မြန်မာနိုင်ငံ လူဦးရည်နဲ့ ပိုလျှံထွက်ပေါ်လာမယ့် ငွေနဲ့
လူသားအကျိုးပြု လုပ်ငန်းတွေ လုပ်ကိုင်လိုက်မယ်ဆိုရင်ဖြင့်  ဆေးလိပ်ထက် အဆပေါင်းများစွာ သာလွန်နေမှာ အမှန်ပါပဲ။
မြန်မာနိုင်ငံမှာ လူသန်းပေါင်း ၅၀ ရှိတယ်ဆိုပါစို့ အဲ့ဒီ သန်း ၅၀ မှာ ဆေးလိပ်သောက်သူ ဘယ်နှစ်ဦး ရှိမည်နည်း။
အထက်ပါ ဆရာဝန်များ တွက်ချက်ပုံ အတိုင်းဆို သန်း ၅၀ ထဲမှာ ဆေးလိပ်ကို သန်း ၂၀ က သောက်သုံးမယ်ဆိုပါစို့
တစ်ယောက်ကို ၅ လိပ်သောက်မယ် တစ်လိပ်ကို ၅၀ ကျပ် ၅ လိပ်ဆိုတော့ ၂၅၀ကျပ် ၊ သန်း ၂၀ဆိုတော့
၂၅၀ x သန်း ၂၀ = သိန်းပေါင်းငါးသောင်း (၅၀၀၀၀၀၀၀၀၀)
အဲ့ဒီသန်း ၅၀ မှာ အသား/ငါး စားသုံးသူ ဦးရေ သန်း ၄၀ ရှိတယ်ဆိုပါစို့။
အသား/ငါး စားသုံးလျှင် ၄၀၀၀ ကျပ် အသီးအရွက် စားသုံးလျှင် ၂၀၀၀ ကျပ် အဲ့ဒီအခါ၂၀၀၀ကျပ် ပိုလာမယ်။
အိမ်ထောင် တစ်စုကို ၂၀၀၀ ကျပ်ပိုလျှင် လူဦးရေ သန်း ၄၀ ဆိုရင် ၂၀၀၀ x သန်း၄၀ =သိန်းပေါင်းရှစ်သိန်း(၈၀၀၀၀၀၀၀၀၀၀)
အထိ အဆပေါင်းများစွာ မြင့်တက်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ထိုသို့သော ပိုက်ဆံများဖြင့် အမှန်တကယ် လိုအပ်မည့်
နေရာများအား ပေးကမ်းထောက်ပံ့လိုက်မည်ဆိုလျှင် မည်မျှ ကောင်းမွန်မည်နည်း။

ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ရှိတဲ့ နိုင်ငံတိုင်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့ နိုင်ငံတိုင်းကို
နိုင်ငံ အသီးသီးအလိုက် လေ့လာစောင့်ကြည့်လျက်ရှိနေပါတယ်၊ ပြည်ပမှာ သွားရောက်ဖျော်ဖြေမှ ပြည်ပမှာ သွားရောက် ပညာသင်မှ
မြန်မာတွေ ထူးချွန်ပြီး မြန်မာကို ကမ္ဘာက သိလာမှာမဟုတ်ပါဘူး အစစအရာရာအားလုံး ကိုယ့်နိုင်ငံအတွင်းမှာပဲ
ထူးခြားကောင်းမွန်မှုတွေကို ပြုမူဆောင်ရွက်မယ်ဆိုရင် မြန်မာကို ကမ္ဘာက အလိုလို သိလာပါလိမ့်မယ်။
ဒါဟာလဲ မြန်မာတွေရဲ့ တမူထူးခြားတဲ့ ဂုဏ်ပုဒ်တစ်ရပ်လဲ ဖြစ်လာနိုင်ပါတယ် ၊ ကမ္ဘာ့ တိရိစ္ဆာန်များ စောက်ရှောက်ရေး အဖွဲ့ဟာ
အခြားနိုင်ငံတွေမှာ ရှိနေပေမယ့် ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ မထွန်းကားတာဟာ အတော်လေးကို ရင်နာဖို့ကောင်းပါတယ်၊
ထိုသူတို့ဟာ ဘာကြောင့် တိရိစ္ဆာန်များအပေါ် ညှာတာထောက်ထားမှု ရှိကြရတာလဲ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပါဘူး။
သို့ပေမယ့် ညှာတာထောက်ထားမှုဟာ မြန်မာတွေထက် သာလွန်နေပါတယ် ဒါဟာ အတုယူစရာ ပညာရပ်တစ်ခုလဲ ဖြစ်ပါတယ်၊
မြန်မာတွေရဲ့ ထင်ပေါ်ကျော်ကြားမှုကို မြန်မာနိုင်ငံမှာပဲ အကောင်အထည်ဖော်ပါ ၊ ကမ္ဘာ့ ဆေးလိပ်မသောက်ရနေ့ ရှိမရှိ သေချာမသိပါ
အကယ်၍သာ  ကမ္ဘာ့အသားမစားရနေ့ကို မြန်မာနိုင်ငံကသာ စတင်အကောင်အထည်ဖော်လိုက်မယ်ဆိုရင်ဖြင့် အနည်းနဲ့အများ
ကမ္ဘာမှာ(သို့)မြန်မာမှာ ထူးခြားမှုတစ်ခု ကောင်းမွန်သော ထူးခြားမှု တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါဟာလဲ ညှာတာထောက်ထားမှု တစ်ခုပါပဲ။
နေ့လေးတစ်နေ့ဟာ အရမ်းကို တိုတောင်းလွန်းပါတယ် အဲ့ဒီနေ့လေးတစ်နေ့ကို ဆေးလိပ်မသောက်သုံးပဲ နေလိုက်တာထက် အသား/ငါး
မစားပဲ နေလိုက်ခြင်းအားဖြင့် ကိုယ့်အတွက်ရော အများအကျိုးအတွက်ရော အဓိက အပြစ်မဲ့ သတ္တ၀ါလေးတွေအတွက် စသဖြင့် အရမ်း
ကောင်းမွန်သွားမှာ ဖြစ်ပါတယ်။

ခင်ဗျားတို့ အားလုံးနီးပါး ကြိုးစားကြည့်ပါ အများကြီး ဖြစ်နိုင်ပါတယ် ယခုမဟုတ်ပေမယ့် တစ်ချိန်မှာ ကျနော်ဟာ
အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ အစီအစဉ်ရှိပါတယ် ၊ အသား/ငါး မစားသူများရဲ့ ငွေ သက်သက်နဲ့သာ
အများအကျိုးပြု လုပ်ငန်းတွေ သေအံ့စဲစဲ သတ္တ၀ါ ကယ်တင်ရေးတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊
ဟိုတစ်လောက ဂျာနယ်တစ်ဆောင်မှာ ဖတ်လိုက်ရပါတယ်။ လင်မယား နှစ်ဦးရဲ့ စေတနာပြည့်ဝစွာ ကြိုးစားပမ်းစားဆောင်ရွက်ထားတဲ့
သတင်းလေးပါ။ ထိုလင်မယားဟာ ခြံကျယ်ကြီး တစ်ခြံဝယ်ပြီး ဘေးမဲ့တော အဖြေဖြင့် ထားထားပါတယ်။ အဲ့ဒီ ခြံထဲသို့
မည်သည့် တိရိစ္ဆာန်မဆို လာရောက်လွှတ်ထားနိုင်ကြောင်း နဲ့ အဲ့ဒီတိရိစ္ဆာန်လေးများအား စောက်ရှောက်တဲ့ ပုဂ္ဂိုလ်ပါ ထားရှိကြောင်း သိရှိရပါတယ်၊
အလွန်ပဲ ချီးကြူးလေးစားစရာ လုပ်ရပ်ပါ။
တစ်နေ့တစ်ခြား ကြမ်းတမ်းခက်ထန်လာတဲ့ လူတွေရဲ့ စိတ်ဟာ အသား/ငါး စားတာတွေကြောင့် မဟုတ်ဘူးလို့
ဘယ်သူ ပြောနိုင်သလဲ အဓိကနဲ့သာမညကို မခွဲခြားနိုင်သရွေ့ တစ်နေ့တစ်ခြား တိုးတက်ရွေ့လျားနေတဲ့ တိုင်းပြည်
အသီးသီးမှာ ကျန်ရစ်ခဲ့မှာကို မလိုလားပါဘူး ဒီထဲမှာ ပါတဲ့အချက်တွေက အသား/ငါးတစ်မျိုးတည်းကို
တိုက်ရိုက်ရည်ညွှန်းပြောတာ မဟုတ်ဘူးဆိုတာ စာဖတ်သူများလဲ သိရှိနိုင်ပါတယ်၊
အချိန်ဟာ စာရေးဆရာ လက်ထဲကဘောပင်တစ်ချောင်းလို အကျိုးရှိမယ့် စာတွေရေးသားရေးနဲ့
ကုန်သွားမယ်ဆိုရင် မှင်ကုန်သွားတာ မနှမြောပေမယ့် ပေါက်တတ်ကရစာတွေ ရေးသားပြီး
ကုန်ဆုံးစေမယ်ဆိုရင်တော့ဖြင့် အလွန်ကြေကွဲဖွယ်ပါပဲ ၊ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ပေမယ့်
အချိန်နဲ့ဒီရေကို လူတွေက စောင့်ကြည့်နေတုန်းပါပဲ ၊ သတ္တ၀ါတွေကို ကယ်တင်ရင်း လူသားအကျိုးပြု
လုပ်ငန်းတွေ ဆောင်ရွက်ရင်း ကိုယ်ကိုယ်တိုင် ဒီဘ၀မှာရော နောင်ဘ၀မှာပါ လာခြင်းကောင်းမယ့်
အနေအထားတစ်ခုကို ယခုသာ ဖန်တီးလိုက်ပါ နောက်ကို ပြန်မဆုတ်ချင်ကြပါနဲ့ ၊

မြန်မာနိုင်ငံက စိုက်ပျိုးခြံလုပ်ဆောင်နေသူများရဲ့ ဘ၀ဟာ အရမ်းကို သနားဖို့ ကောင်းပါတယ်၊
ကျနော် ရှမ်းပြည်သို့ ရောက်သွားစဉ်အခါက စိုက်ပျိုးရေး လုပ်ကိုင်သူအများကို တွေ့ကြုံခဲ့ရပါတယ်၊
သူတို့ဟာ နေ့စဉ် နေပူကျဲတဲအောက်မှာ ပင်ပန်းဆင်းရဲစွာ စိုက်ပျိုးနေပေမယ့် ရရှိလာတဲ့ ငွေကြေးဟာ
အရမ်းကို နည်းပါးနေတာ တွေ့ရပါတယ် တစ်စီးမှ 50 ၊ 100 လောက်နဲ့ ခက်ခက်ခဲခဲ ရောင်းချနေရပြီး
စားဝတ်နေရေးကို နေ့စဉ်ဖြေရှင်းနေရပါတယ် ဒါပေမယ့် သူတို့ရဲ့ မျက်နှာတွေဟာ အစဉ်သဖြင့်
ငြိမ်းအေးချမ်းနေပါတယ်၊ အသား/ငါး သတ်ဖြတ်ရောင်းချနေသူတွေရဲ့ မျက်နှာကို သေချာ ဂရုစိုက်
ကြည့်ကြည့်ပါ။ ကျနော့်အကို ပြောတာလေး သွားသတိရတယ် ၊ ၀က်သားဒုတ်ထိုးရောင်းသူတွေရဲ့
မျက်နှာဟာ အချိန်ကြာလာတာနဲ့အမျှ ၀က်ရုပ်ပေါက်လာပါတယ်  ကျနော်ပြောတာ မယုံဘူးဆိုရင်
အသေအချာ အကဲခတ်ကြည့် ကြည့်ပါ၊ နုတ်ခမ်းတွေ နှာခေါင်းတွေ မျက်လုံးတွေဟာ တစ်ဖြည်းဖြည်း
ပြောင်းလဲမသိ ပြောင်းလဲ လာပါတယ် ၊ အသား/ငါး အစားထိုး ဖြည့်ဆည်းစားသောက်လိုက်မယ်ဆိုရင်ဖြင့်
စိုက်ပျိုးခြံသမားတွေရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ရာလဲ ရောက်ပါတယ် ၊
မြန်မာနိုင်ငံမှာ အသား/ငါး တွေကိုအဓိက ရောင်းချနေသူများဟာ ဘာသာခြားတွေ ဘာသာမဲ့တွေသာ များပြားပါတယ်၊
မြန်မာ လူမျိုးတစ်ယောက်အနေဖြင့်လဲ  ကိုယ့်လူမျိုး အချင်းချင်း အားပေးစောက်ရှောက်တဲ့ အနေနဲ့ အသီးအရွက်ကို
စားသုံးမယ်ဆိုတာထက် ပိုမိုပြီး စားသုံးသင့်ပါတယ် ၊

သင်ဟာ မြန်မာလူမျိုးတစ်ယောက် ဗုဒ္ဓဘာသာတစ်ယောက်ဆိုရင် တိုင်းပြည်က အခြေခံလူတန်းစားတွေကို
အားပေးစောက်ရှောက်တဲ့ အနေဖြင့်ရော မိမိကျမ်းမာရေးပိုမိုကောင်းမွန်လာဖို့ အတွက်ရော မိသားစု ၀င်ငွေ
လျော့နည်းစေမယ့်ထွက်ပေါက်တစ်ခု အနေဖြင့်ရော တိရိစ္ဆာန်လေးများရဲ့ အသက်ကို ကယ်တင်ရာ ရောက်တဲ့အနေဖြင့်ရော
ယခု ယနေ့သာ အသား/ငါးကို စဖြတ်လိုက်ပါ ၊  လူတွေ အသက်ကြီးလာတာနဲ့ အမျှ ရောဂါပေါင်း သောင်းခြောက်ထောင်လောက်
စုံလင်လာတာကလဲ အသား/ငါး စားသုံးတဲ့အတွက် ဖြစ်ပါတယ်။ ထို့ကြောင့် လူတွေ အသက်ကြီးလာတာနဲ့အမျှ အသီးအရွက်ကိုသာ
တစိုက်မတ်မတ် စားသုံးလာတာကို မိမိအိမ်ရှိ အဖိုးအဖွားများကို ကြည့်တာနဲ့တင် သိသာစေနိုင်ပါတယ် ၊
အသက်ကြီးမှ စားတာထက် ယခုလို ငယ်ရွယ်တုန်းမှာ စားလိုက်ခြင်းအားဖြင့်လဲ ကျမ်းမာရေးဟာ သိသာစွာ ကောင်းမွန်လာပါလိမ့်မယ်၊

အသီးအရွက် စားသုံးခြင်းဖြင့် ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာက တိရိစ္ဆာန်လေးများရဲ့ ဘ၀ကို သင်ကိုယ်တိုင် ကယ်တင်ပါ၊
စာရင်းဇယားတစ်ခုအရ နေ့စဉ် ရန်ကုန်တစ်မြို့ထဲမှာတင် ကြက်အကောင်ပေါင်း သောင်းနှင့်ချီ၍သော်လည်းကောင်း
ဝက် အကောင်ပေါင်း ထောင်ဖြင့် ချီ၍သော်လည်းကောင်း အမဲ ဆိတ် စသဖြင့် ရာဂဏန်းကနေစပြီး ထောင်သောင်းသိန်းအထိ
ချီလျှက် အသတ်ခံနေရပါတယ်၊ဒါဟာ ရန်ကုန် တစ်မြို့တည်းအတိုင်းအတာ ဖြစ်ပါတယ် ၊ အကယ်၍ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့်ဆိုလျှင်  ရာကထောင် ထောင်ကသောင်း သောင်းကနေ သိန်းသန်းအထိ ချီလာနိုင်ပါတယ် ၊
ကမ္ဘာနဲ့ပါချီပြီး ပြောဆိုမယ်ဆိုရင်တော့ တွက်ချက်ပြလို့ မရတော့လောက်အောင် နေ့စဉ် အပြစ်မဲ့တိရိစ္ဆာန်လေးများ
ဘယ်လောက်တောင် သေဆုံးနေမယ်ဆိုတာစဉ်းရင် အရမ်းကိုသနားဖို့ကောင်းပါတယ် သင့်မိသားစု အတွက်
ကြက်သား/၀က်သား ချက်ကျွေးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ သင့်ကြောင့် ကြက်တစ်ကောင် ပိုမိုသတ်ဖြတ်ရတော့မယ်ဆိုတာကို
သတိရပါ တဖြည်းဖြည်း အသား/ငါး မစားတာ များလာလေလေ သင့်ရဲ့ ကျမ်းမာရေးဟာလဲ ပိုမိုကောင်းမွန်လာတာကို တွေ့နိုင်သလို
တစ်ဖက်တစ်လမ်းကလဲ အခြေခံလူတန်းစားတွေရဲ့ ဘ၀ကို ကယ်တင်ရာလဲ ရောက်ပါတယ် ၊ ဆက်စပ်တွေးတောမယ်ဆိုရင်ဖြင့်
အများကြီးပါပဲ သင်ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ပါ  အသက်တစ်ချောင်းဟာ သင့်လက်ထဲမှာ ရှိတယ်ဆိုတာကို သတိရပါ
တစ်ယောက် ၀ယ်ယူမှု လျော့နည်းလေ သတ်ဖြတ်မှု လျော့နည်းလေပါပဲ  ငါမစားလဲ အခြားသူတွေ စားမှာပဲဆိုတဲ့
ယုတ်ညံ့တဲ့အတွေးအခေါ်တွေကို စွန့်ပစ်ပါ။ သင်ဟာ ကမ္ဘာကြီးပေါ်က အပြစ်မဲ့ အသက်တွေကို ကယ်တင်သူဖြစ်သလို
သင်ကိုယ်တိုင်ဟာလဲ အပြစ်မဲ့ အသက်သေဆုံးမှုတွေကို အားပေးသူတစ်ယောက်လဲ ဖြစ်ပါတယ် ၊
မြန်မာတွေရဲ့အောင်မြင်မှုကို မြန်မာနိုင်ငံမှာပဲ ဖော်ဆောင်ပါ ကမ္ဘာက သိလာပါလိမ့်မယ်။





ဇာတိ(ဖျာပုံ)
၎.၁.၂၀၁၂
zartipyapon@gmail.com

www.zartinaung.blogspot.com


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...