Monday, March 12, 2012

ဘယ်လိုဦးဆောင်ကြမလဲ

by So Min Oo on Monday, March 12, 2012 at 7:55am ·
 
အခုတလော လုပ်ငန်းခွင်မှာ အဆင် မပြေတာတွေ စိတ်ကသိ ကအောင့် ဖြစ်တာတွေ ကြုံတွေ့နေရတယ် .လူတွေကို ဦးဆောင်ရတာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အလုပ်တစ်ခုပါပဲ ကျွန်မက နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ အတွေ့အကြုံတော့ မရှိဖူးပါဘူး ဒါပေမယ့် အရင်လုပ်ငန်း အတွေ့ အကြုံတွေမှာ နိုင်ငံခြားသားတွေ နဲ့တွဲပြီး ပရောဂျက်တွေကို လုပ်ကိုင် ခဲ့ဖူးပါတယ်..တခါတခါတော့လည်း ကျွန်မတို့မြန်မာနိုင်ငံက လူတွေ ဘာကြောင့် တိုးတက်မှု နှေးနေသလဲဆိုတာ ပြန်တွေးမိတယ်..
ကျွန်မရဲ့အရင် လုပ်ငန်းအတွေ့ အကြုံမှာတော့ တစ်ဦးနဲ့ တစ်ဦး လုပ်ငန်းအတွက်ဆိုရင် ကိုယ်အတွေး သူ့အတွေးဖလှယ်  ကိုယ့်ယုံကြည်ချက် သူ့ယုံကြည်ချက်အတွက် ခုခံကာကွယ်ကြ မတူညီမှုတွေက အလှတစ်ခုစီ ဖြစ်သလို မတူညီမှုတွေ ကွဲပြားခြားနား ချက်တွေကို လက်ခံနိုင်အောင် ကြိုးစားတယ် ..အစည်းအဝေးမှာတော့ ကိုယ့်ခံယူချက်တွေ အတွက် သူငြင်း ကိုယ်ငြင်း အငြင်းအခုံ ဖြစ်ပြီးရင် လုပ်ငန်းခွင်ထဲမှာ ပြန်ပြီး ပျော်ရွှင်စွာ အလုပ်ပြန် လုပ်ကြတယ်..ငြင်းခုံခြင်းဟာ ရန်ဖြစ်တာ မဟုတ်ပါဘူး တစ်ယောက်နဲ့ တစ်ယောက် နေရာလုချင်တာ မဟုတ်ပါဘူး. .ကိုယ်တွေ့ရှိထားတဲ့ ခံယူချက် အလုပ်အတွက် ထိရောက်မယ့် အရာတစ်ခု အတွက် အများ လက်ခံအောင် ပြောဆိုခြင်းပါပဲ..

ယနေ့ ၂၁ ရာစု ဦးဆောင်မှုမှာ အာဏာကို သုံးပြီး ဦးဆောင်တာထက် ဆက်ဆံရေးကို အဓိကထားပြီး ဦးဆောင် လာတဲ့အခါ လုပ်ငန်းမှာ အလုပ်ကော ဝန်ထမ်းတွေပါ ပျော်ပျော် ရွှင်ရွှင် အောင်မြင်စွာ လုပ်ကိုင်လာကြတာကို တွေ့နေရပါပြီ.. တခါတခါ ကျွန်မတို့ မြန်မာလူမျိုးတွေက တခြားနိုင်ငံရဲ့ ဝတ်ပုံစားပုံ ခေတ်မှီပုံတွေကို အတုခိုးကြပါတယ်..ဒါပေမယ့် အလုပ်နဲ့ပါတ်သက်ရင် သင်ယူပုံ ကြိုးစားပုံ တီထွင်ဖန်တီးပုံ မတူညီမှုတွေကို သဘောထားကြီးကြီးနဲ့ လုပ်ခွင့်ပေးပုံ လက်ခံပုံ ရိုးသားပုံ ဦးဆောင်ပုံတွေကို အတုခိုးရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိတယ်..

ဒီတစ်လအတွင်းပေါ့ ကျွန်မ ကုမဏီတစ်ခုမှာ HR Department ကနေ ခေါင်းဆောင်မှုသင်တန်း seminar တွေမှာ ဘာသာပြန်ပေးရတယ်..အဲဒီအချိန်မှာ အထက်လူကြီးနဲ့ ဝန်ထမ်းတွေကြား ပြဿနာတွေ အခက်အခဲ တွေ ဖော်ထုတ်တာကို တွေ့ရတယ်..အဓိက ပြဿနာအများဆုံးက မိမိအထက်လူကြီးရဲ့ ဦးဆောင်မှု ဒဏ်ကို မခံနိုင်တာပါပဲ..ခေါင်းဆောင်တွေက အလုပ်ကို ဖိခိုင်းတာမျိုး သို့ အာဏာသုံးပြီး ခိုင်းတာမျိုး အလုပ်ကို လွဲပြောင်းပေးတဲ့အခါ မကျွမ်းကျင်မှုတွေကြောင့် ဝန်ထမ်းများနှင့် မန်နေဂျာကြား နားလည်မှုတွေလွဲ အထင်တွေလွဲပြီး အဆင်မပြေမှုတွေ တင်ပြ ပြောဆိုလာတာကို ကြားသိရပါတယ်..မန်နေဂျာတွေကလည်း သူ့တို့ ဘာကြောင့် အာဏာသုံးပြီး အလုပ်ခိုင်းရသလဲဆိုတာကို ပြန်လည် ဖြေရှင်းချက်များ ပေးကြပါတယ် .ဝန်ထမ်းတွေက ပြောမှသိတယ် မပြောရင်မသိဘူးတဲ့ ကိုယ့်အသိစိတ်နဲ့ ကိုယ်မလုပ်ဘူးတဲ့ အလုပ်ကို အချောင်ခို တယ်တဲ့ ဒါကြောင့် တချိန်လုံး စကားကို ကြမ်းကြမ်း မပြောချင်ပဲပြော အာဏာသုံးပြီး တွန်းနေရတာပါတဲ့ ကျွန်မလည်း စမ်းသပ်ကြည့်တယ်..ကျွန်မတာဝန်ကျတဲ့ အဖွဲ့မှာ team leader တစ်ယောက်ဖြစ်တော့ စမ်းသပ်ကြည့်တာပေါ့..ကျွန်မရဲ့လုပ်ဖော်ဆောင်ဖက်တွေကို အထက်အောက်စနစ်မသုံးပဲ Motivational Spriit ကို အသုံးပြုပြီး မိတ်ဆွေလိုမျိုး သူငယ်ချင်းလိုမျိုး အလုပ် အတူတူလုပ်တဲ့အခါ အချို့သောသူတွေက အလုပ်ကို ကိုယ့်အလုပ်ကဲ့သို့ သဘောထားပြီး တာဝန်ယူလိုစိတ် ရှိလာကြတာ တွေ့ရသလို အချို့သော သူတွေကတော့ ဘယ်သူမှ မပြောတော့ အလုပ်ကို အချောင်ခိုပြီး ကိုယ်ကြိုက်တာ လုပ်ကြတာပေါ့ တာဝန်ယူလို စိတ်လည်း မရှိတော့ဘူး. တာဝန်ယူလို စိတ်မရှိတဲ့အပြင် team leader ဖြစ်တဲ့ ကျွန်မကိုလည်း လေးစားမှု မရှိလာတာ တွေ့ရတယ်..မထီမဲ့မြင် ပြုလုပ်လာတာတို့ တစ်ခါတစ်ရံ အော်ငေါက်လာတာတို့အထိ ဖြစ်လာပြန်တယ် ...အဲဒီလိုမြင်တွေ့လာတဲ့အခါ ကျွန်မ သုံးသပ်မိပါတယ်..အော် အထက်အောက် စနစ် အာဏာ မသုံးတော့လည်း တချို့လူတွေအတွက် ထိရောက်ပေမယ့် တချို့လူတွေ ကျပြန်တော့လည်း မထိရောက် ပါလားပေါ့. .ဒါနဲ့ပဲ ကျွန်မ ဦးဆောင်မှုလေးကို နည်းနည်းပြောင်းလဲ ကြည့်လိုက်တယ်..ဘယ်သူ့ကိုမှ အရောမဝင်ပဲ အာဏာနည်းနည်းလေးသုံးပြီး ဦးဆောင်ကြည့်တယ်..အဲဒီအချိန်မှာ တွေ့ရှိလာတာကတော့ အလုပ်တွေ ကတော့ ပြီးမြောက်ပါတယ်..ဒါပေမယ့် အားလုံးရဲ့စိတ်ထဲမှာ သူတစ်ပါး ခိုင်းတာကို မနှစ်မြိှု့ကြဘူးလေ. .နောက်တော့ အလုပ်ကို သူပြောသလောက်ပဲလုပ်မယ်..အလုပ်ပြီးရင်ပြီးရောဆိုတဲ့ စိတ်ကလေးတွေ ဝင်သွားကြပြန်တယ် ..အရင်လိုမျိုး အလုပ်ပေါ်မှာ စိတ်ဝင်စားမှု ဖန်တီးနိုင်မှု စေတနာထားမှု အချင်းချင်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု လက်ခံမှုပိုင်းမှာ အားနည်းသွားတာ တွေ့ရတယ်..

မည်သည့် ဦးဆောင်မှုမျိုးက လူတွေအတွက်၊ လုပ်ငန်းအတွက်၊ အဖွဲ့အစည်းအတွက် အကျိုးရှိမလဲလို့ ပုံသေနည်းမရှိပေမယ့် ယနေ့ ကမ္ဘာမှာ အထိရောက်ဆုံး နဲ့ အအောင်မြင်ဆုံးလို့ သတ်မှတ်ကြတဲ့ ဦးဆောင်မှုမျိုးကတော့ ဆက်ဆံရေးကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဦးဆောင်မှုကတော့ မြန်မာနိုင်ငံ အတွက် အရမ်းထိ ရောက်မယ်လို့တော့ တစ်ဦးတည်း တွေးနေမိပါတယ်.. မည်သို့ပင်ဖြစ်ပါစေ..အဖွဲ့အစည်းတစ်ခုအတွက် ဌာနဆိုင်ရာများ အတွက် ဦးစီးဦးဆောင် ဖြစ်သူတွေကတော့ မတူညီမှုတွေ ကွဲပြားခြားနားမှုတွေကို နားလည်ထားပြီး လူတိုင်းရဲ့ အားသာချက် ထူးခြားချက် စွမ်းရည်တွေကို မှန်ကန်တဲ့ နေရာမှာ အသုံးချနိုင်အောင် အဖွဲ့အစည်းအတွက် ဦးဆောင်ဖို့ လိုအပ်ပါလားဆိုတာ တွေ့ရှိလာပါတယ် ..လူတိုင်းက သုံးလို့မရတဲ့ သူတစ်ယောက်မှ မရှိပါဘူး လူတိုင်းမှာ သူ့အလှနဲ့သူ သူ့အရည်အချင်းနဲ့သူပါ ခေါင်းဆောင်တွေကသာ တွေ့အောင်ရှာတတ်ဖို့လိုပါတယ်.. ရာထူးနေရာဆိုတာ ..အာဏာကိုပဲ သုံးဖို့မဟုတ်ပါဘူး..ရာထူးနေရာပေးလိုက်ရုံနဲ့ လူတွေကို မဦးဆောင်နိုင်ပါဘူး အများကလက်ခံတဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်မှသာ  ဦးဆောင်နိုင်မှာပါ အများက လက်ခံတဲ့ ဦးဆောင်သူဖြစ်ဖို့ ဆိုတာကလည်း အများရှေ့မှာ စံပြဖြစ်မှရမှာပါ..စံပြဖြစ်နေရုံနဲ့မပြီးပဲ မိမိ နောက်လိုက် ဝန်ထမ်းများအပေါ် မျှတတဲ့ စေတနာ၊ မေတ္တာ နားလည်မှု တွေထားပြီး ဆက်ဆံရေးကို အခြေခံတဲ့ ဦးဆောင်မှုမျိုး ရှိလာပြီဆိုရင် အဖွဲ့အစည်းတိုင်းမှာ မန်နေဂျာနဲ့ဝန်ထမ်းကြား နေ့စဉ် ဒူဝကြုံတွေ့ နေရတဲ့ ပြဿနာလှိုင်းကြီးက တဖြည်းဖြည်း လျော့ပါးသွားလာလိမ့်မယ်လို့ တွေးနေမိပါတယ်..

လင်းသစ္စာခိုင်ဦး
ရိုးရာလေး အွန်လိုင်းစာမျက်နှာမှ ထပ်ဆင့် မျှဝေလိုက်ပါတယ်ခင်ဗျာ...
စိုးမင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...