အရင်းအမြစ်များ........

ဆိုင်ရာ မူဝါဒအရ တိုးတက်လာခြင်း ဖြစ်သည်ဟု ဆိုကြပါစို့.......။
တိုးတက်ရန် (သို့မဟုတ်) အောင်မြင်ကြီးပွါးရန် အခြေခံအချက်(၃)ချက် လိုအပ်ကြောင်း မှတ်သားဘူးပါသည်။
အခြေခံအချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) သဘာဝ သယံဇာတ အရင်းအမြစ်
(ခ) လူသား အရင်းအမြစ်
(ဂ) ပေါင်းစည်းမှု အရင်းအမြစ်
သဘာဝ သယံဇာတ အရင်းအမြစ်များ ပြည့်စုံကြွယ်ဝစေရန် ဆုတောင်း၍မရ၊ ဖန်တီးယူ၍မရနိုင်ပါ.... သဘာဝ
ဖြစ်တည်မှု အရသာ တည်ရှိနေခြင်း ဖြစ်ပါသည်။ ဥပမာ..... တွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းများ
ပေါကြွယ်ဝခြင်း။
လူသားအရင်းအမြစ်ဆိုရာတွင် ရှိရင်းစွဲသဘာဝသယံဇာတများအားလို
လုပ်သား အင်အား၊ ပညာရှင်အင်အား၊ စီးပွါးရေးလုပ်ငန်းရှင် အင်အား ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဤ.... လူသား အရင်းအမြစ်
အားလုံးသည် မိမိနိုင်ငံသား၊ မိမိတိုင်းရင်းသားများသာ ဖြစ်သင့်ပါသည်။ ဦးနှောက်ငှားရမ်းခြင်းနှင့် ဦးနှောက်ယိုစီးခြင်းများ မဖြစ်ပေါ်
စေရန် ဖြစ်ပါသည်။
ပေါင်းစည်းမှုအရင်းအမြစ်များဆို
အားဖြင့် အသုံးချနိုင်ခြင်းကို ဆိုလိုပါသည်။ ပေါင်းစည်းနိုင်ရန်အတွက် အောက်ပါ မတူညီမှုများကို ချိန်ညှိ ဆောင်ရွက်ရမည်
ဖြစ်ပါသည်-
(က) လူတန်းစား မတူညီမှု
(ခ) ဘာသာရေး မတူညီမှု
(ဂ) အယူအဆ (သို့မဟုတ်) အမြင် မတူညီမှု
လူတန်းစား မတူညီမှုဟု ဆိုရာတွင် သူဌေးနှင့် ဆင်းရဲသားကွာခြားချက်၊ ပညာရှင်နှင့် လုပ်သားကွာခြားချက်
အခွင့်အလမ်းကွာခြားချက်၊ အကျိုး ခံစားမှု ကွာခြားချက်နှင့် စွမ်းဆောင်ရည် ကွာခြားချက်များ ဖြစ်ပါသည်။
ဘာသာရေး မတူညီမှုဟု ဆိုရာတွင် တစ်ဘာသာစနစ်မဟုတ်သည့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုစနစ်ကို
ခွင့်ပြုထားသော နိုင်ငံများတွင် ဘာသာရေး အမြင် ကျဉ်းမြောင်းမှုများအရ ပြောင်းလဲလာသောအတွေးအခေါ် အယူအဆများအား
ဖျောက်ဖျက်ဖုံး ကွယ်၍ နိုင်ငံသားတစ်ဦးချင်းစီတွင် နိုင်ငံသားတည်းဟူသော၊ မိမိနိုင်ငံတည်းဟူသော အမြင် ရင့်သန်စေရန် မဖြစ်
မနေဆောင်ရွက်ရမည်ဖြစ်ပါသည်။ အချို့သော အမြင်ကျဉ်းမြောင်းသူများ အနေဖြင့် မိမိနှင့်ကိုးကွယ်ရာ ဘာသာတူသည့်နိုင်ငံနှင့်
ဘာသာတူသူ လူမျိုးများကိုသာ မိမိတို့၏မူလအစဟုထင်မြင်နေခြင်း
နေထိုင်သူ တစ်ဦးအသွင် ထင်မြင်နေတတ်ကြပါသည်။ ထိန်းညှိပေးနိုင်ရန်နှင့် တိုင်းပြည်ချစ်စိတ် ဖြစ်ပေါ်စေရန်၊ နားလည်စေရန်
ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဘာသာရေးအရ ကွဲပြားမှုများကြောင့် မလိုလားအပ်သော အသွင်သဏ္ဍာန် ဖြစ်ပေါ်လာမှုများအား
ဖျောက်ဖျက် ပစ်နိုင်ရမည်၊ တားဆီးနိုင်ရမည် ဖြစ်ပါသည်။
အယူအဆ (သို့မဟုတ်) အမြင် မတူညီမှုဟု ဆိုရာတွင် သဘာဝအခြေခံ အရင်းအမြစ်များမှ ရရှိလာသော
အခွင့်အရေး များအားလည်းကောင်း၊ ထိုအခွင့်အရေးများမှ ဆင့်ပွါး ရယူနိုင်ခဲ့သော အကျိုးအမြတ် များအားလည်းကောင်း၊ မိမိနိုင်ငံ
အတွင်း စီးဝင်လာစေရေး၊ လျှံကျ မသွားစေရေးနှင့် ကိုယ်တိုင် အကျိုးအမြတ် ခံစားနိုင်ရေးတို့အတွက် လက်တွေ့ ဖော်ဆောင်ပေး
ရမည့် အခြေအနေများကို ဖန်တီးပြသနိုင်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် ရေနံကဲ့သို့ တွင်းထွက် သယံဇာကြွယ်ဝသော နိုင်ငံတွင်
မြို့ပြ အ၀န်းအ၀ိုင်းတွင်သာ လင်းထိန်နေပြီး ကျေးလက်ဒေသများတွင် မှောင်မဲနေခြင်းမျိုးကို တားဆီးနိုင်ရမည်ဖြစ်ပါသည်။ ဘသာဝ
ဓါတ်ငွေ့သိုက်များ ထွက်ရှိလာခြင်းသည်လည်း မထူးဟူသော အယူအဆမျိုးကို ဖျောက်ဖျက်ပစ်နိုင်ရမည်ဖြစ်ပါ
မြန်မာနိုင်ငံတွင် ပြည့်စုံကြွယ်ဝသော သဘာဝသယံဇာတများမကုန်နိုင်အောင်
အရင်းအမြစ် အနေဖြင့်လည်း..... ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော အသိပညာရှင်၊ အတတ်ရှင်များ လောက်ငှစွာရှိပြီး ဖြစ်ပါသည်။
ပေါင်းစည်းမှု အ ရင်းအမြစ်အနေဖြင့်လည်း တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် ကျစ်လျစ်သော ဖွဲ့စည်းအုပ်ချုပ်မှုစနစ်ကို
စတင်နေပြီ ဖြစ်ပါသည်။ ဒေသအလိုက် အစိုးရအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ပြည်သူ့ကိုယ်စားပြုလွှတ်တော်အမတ်
လာပြီ ဖြစ်ပါသည်။ ကမ္ဘာ့အဖွဲ့အစည်း အသီးသီးဖြင့်လည်း ချိတ်ဆက် ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံအား အာဖရိကနိုင်ငံများကဲ့သို့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများ
လိုအပ်ခြင်း မရှိသေးသော်လဲ ဦးဆောင်ဦးရွက်ပြုမှု အပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း တွေ့ရှိနေရပါသည်။
လက်ရှိ အခြေအနေတွင် ဒေသအလိုက် တိုးတက်မှုများအား ဒေသအလိုက် တာဝန်ရှိသူများမှ ကောင်း
မွန်စွာတက်ရိပ်ပြ အခြေအနေများအား ပြသပေးနိုင်ခြင်း မရှိသေးခြင်းပင်ဖြစ်ပါသည်။ စီးပွါးရေးကဏ္ဍအလိုက် အားရ ကျေနပ်စေ
လောက်သော..လက်တွေ့ဆန်သည့် မျှော်လင့်ချက်များချပြနိုင်မှု မရှိသေးခြင်းပင် ဖြစ်ပါသည်။
နေကြပါသည်။ လက်တွေ့ ဆောင်ရွက်ပေးနိုင်စွမ်း ရှိသူများကိုလည်း မျှော်လင့် တမ်းတ နေကြပါသည်။ အခြေခံ လူတန်းစားများ
အတွက် ထူးခြားသည့် စီမံချက်များ မရှိသေးကြောင်းလဲ တွေ့ရှိနေရပါသည်။
လူတန်းစားများအား သတိနှင့်ယှဉ် အသိနှင့် မြင်၍ တိုင်းပြည်၏ တိုးတက်မှု နှုန်းထားများအား လက်တွေ့ကျကျ ဆောင်ရွက်နိုင်
စေရေးအတွက်.... ဆောင်ရွက်ပေးနိုင်သူများအား နိုင်ငံသားတစ်ဦးအနေဖြင့် မြင်လိုလှပါကြောင်း၊ မိမိတို့၏ နိုင်ငံအတွင်းမှမိမိတို့၏
လုပ်အားဖြင့်ရရှိလာသော အခွင့်အရေးနှင့် အကျိုးအမြတ်များအား ကိုယ်တိုင်ခံစားလိုလှပါကြောင်း တင်ပြလိုက်ရပါတယ်.....။
(ကွန်ဆူးမား........)
0 comments:
Post a Comment