Thursday, March 15, 2012

သူရို့ အထင် ၊ သူရို့ အမြင်

by Zay Ya on Thursday, March 15, 2012 at 9:39pm ·
Question : တစ်ပါးသူ တွေရဲ့ အထင်အမြင် ကို ကျနော် ဘာလို့ ကြောက်လန့် နေတတ် ရသလဲ

Answer - လိုရင်း က -- ခင်ဗျား ဟာ ခင်ဗျား မဟုတ်လို့ ၊- ခင်ဗျား ဟာ ခင်ဗျား  - မိမိဘာသာ မိမိ - စင်စစ် ရှင်သန် မနေသေး လို့ပဲ ဖြစ်ပါတယ်။

  အခု ခင်ဗျား ဟာ  - အခြားသူတွေရဲ့ အထင်အမြင်တွေ ကိုသာ စုပေါင်း ထားတယ်။ ဆက်စပ် တွဲယူ ပြီး ရှင်သန်နေ မယ် - ဒါဆို ခင်ဗျား သူတို့ အထင်အမြင် ကို ကြောက်လန့် နေတာ မဆန်းဘူးရယ်။


ခင်ဗျား ဘယ်သူလဲ - ဖြေကြည့်ပါ။ -- အချို့သူတွေက ပြောတယ်။ "ခင်ဗျားက လှတယ်"-- အဲ့လိုနဲ့ ခင်ဗျား လှသွား ရောလား။  အချို့ က ပြောတယ် - "ခင်ဗျား ရုပ်ဆိုးတယ်"- အဲ့လိုနဲ့ ခင်ဗျား ရုပ်ဆိုးသွားရောလား။ အချို့ က "ခင်ဗျားကို တော်တယ်" လို့ ပြောတယ်။ အဲ့လိုနဲ့ ခင်ဗျား တော်သွားပြီး ၊ အချို့က ခင်ဗျားကို "လူပိန်းလို့ ပြောတယ်" - အဲ့လိုနဲ့ ခင်ဗျား လူပိန်းဖြစ်သွားတယ်။ လူအများ အတွက် စကား ဟာ ဆက်ကာ ဆက်ကာ ပြောနေကြမှာပဲ မဟုတ်လား။ ခင်ဗျားလည်း  သူရို့ ပြောလို့ ကြားသိ သမျှ အကုန် ကောက်ယူ နေမယ်။ သိမ်းဆည်း နေမယ်။ အဲ့အခါ ခင်ဗျား ကောက်ယူ သိမ်းဆည်း သမျှ စကား အစုအဝေး တွေဟာ ခင်ဗျားရဲ့ ပုံရိပ် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အဲ့ဒီ ပုံရိပ်မှာ ပဋိပက္ခတွေ - ဝိရောဓိတွေ ထွေပြား လာတော့ တယ်။ ဆိုလိုတာက -

တစ်ယောက်က ခင်ဗျားကို လှတယ်လို့ ပြောပြီး၊ နောက်တစ်ယောက်က ခင်ဗျားကို ရုပ်ဆိုးတယ် လို့ ပြောမယ်။ လူအများက အဘက်ဘက်ကနေ ခင်ဗျားကို အဲ့လို ပြောနေမှာပဲ။ ဟုတ်တယ် မဟုတ်လား။ ခင်ဗျား ကိုယ်တိုင် ကလည်း မနှစ်သက် တဲ့ တစ်ခု ကို ငြင်းဆန် မယ်။ မေ့ပစ်ဖို့ ကြိုးစားမယ်။ နှစ်သက်တဲ့  တစ်ခုကို ကျေကျေနပ်နပ် လက်ခံဖို့ လုပ်တယ်။ ဒါပေတဲ့ ခင်ဗျား ရင်ထဲမှာ အဲ့နှစ်ခု စလုံး ကို ဘယ်ဟာမှ မေ့ပစ်လို့ မရဘူး။ အပြည့်အဝလည်း ကျေနပ် မနေနိုင်ဘူးရယ်။ ခင်ဗျားပုံရိပ်ဟာ - အခြားသူတွေ အတွက်တင် မဟုတ်ဘူး။ ၊ မိမိဘာသာ မိမိလည်း  နှစ်ခြမ်း ( လိုအပ်ရင် သုံးခြမ်း၊ လေးခြမ်း ) ကွဲနေမယ်။ မိမိ ကိုယ် မိမိ ဘာမှန်း ( ဘာကောင်မှန်း ) မိမိဘာသာ တိတိ ပပ မသိနေဘူးပဲ။ hodge-podge သက်သက်။ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်တယ်။ အုတ်လည်း ရော၊ ကျောက်လည်း ရောနေတော့ တယ်။

ခင်ဗျား သန္တာန် ဟာ မိမိအဖြစ်အတိုင်း (ဝါ) အရင်းအတိုင်း - ထင်ရှားမနေ တဲ့ အခါ တစ်ဦးတည်း မတည်ငြိမ်နေနိုင်ဘူး။ ခင်ဗျားရဲ့ ပင်မ ဗဟိုချက်ဟာ ခင်ဗျား သန္တာန်မှာ မရှိဘူး။ အခြားသူ တွေကိုသာ ကြည့်နေရတယ်။ သူတို့ နှာခေါင်းပေါက်ဟာ ကိုယ့်ရဲ့ အသက်ရှူပေါက် ဖြစ်လာတယ်။ သူရို့ ရဲ့ အကြံဥာဏ် အထင်အမြင်တွေနဲ့သာ ပကတိ ခင်ဗျားဟာ - ရောထွေး အုံ့ဆိုင်းနေ တယ်။ ဒါဟာ ခင်ဗျား ကြောက်လန့်နေရတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

ဘာလို့ဆို - အခြားသူတွေ အတွေးပြောင်းရင် ခင်ဗျား လိုက် ပြောင်း ရတော့မယ် မဟုတ်လား ။ အခြား သူတွေ ခါချရင် ခင်ဗျားလည်း - မိမိ ဘာသာ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လိုက် ခါချ ရတော့မယ်။ အဲ့တော့ - ခင်ဗျားဟာ အခြားသူတွေရဲ့ ပါးစပ်ဖျား က ဟိုဘက်ယိမ်း ၊ ဒီဘက်ယိမ်း ဖြစ်နေ တဲ့ သွားကြားထိုးတံ သာသာပဲရယ်  ။ တကယ်တမ်း လည်း အခြားသူတွေ အထင်အမြင်ကို အထင်ကရ ထားပြီး စိုးရွံ့နေသူဟာ - လူအများ ပါးစပ်ဖျားမှာ မိမိ ဘဝကို စတေးထားသူ သက်သက် ဖြစ်ပါတယ်။ ကနေ့ လူ့အဖွဲ့အစည်း ရဲ့ သင်ကြားမှု ဟာ လူတိုင်း ကို အဲ့ဒီ နေရာဆီ ဦးတည် ပေးထား တယ်။

လူ့အဖွဲ့အစည်း မှာ ခင်ဗျားကို ပုံသွင်းယူပေးတဲ့ နည်းစနစ်က ရိုးရှင်းတယ်။ -- သူတို့ က -

"ဒီအဖွဲ့အစည်း အတွင်းမှာ ခင်ဗျား နေထိုင်နေတယ် မဟုတ်လား ။ ဒါ့ကြောင့် ဒီ လူအများရဲ့ အထင်အမြင်ကို လေးစားပါ၊ လူတို့ရဲ့ အထင်အမြင် ကို တန်ဖိုးထားပါ။ သူတို့ အထင်အမြင် အတိုင်း သင့်တင့် မျှတအောင် မိမိ ကိုယ်ကိုယ် ထိန်းကျောင်းနေပါ။" 

ဒါစကားတွေကို  ခင်ဗျား လည်း ငယ်ရာက ကြီးလာရင် ကြားဖူး မှာပါပဲ။ ဒါတွေဟာ လူ့အဖွဲ့အစည်း အတွင်း ခင်ဗျား ရှင်သန်နေရမယ့် စည်းမျဉ်း၊  သေသေဝပ်ဝပ် ရှင်သန် နေထိုင်ဖို့ နည်းစနစ်ပဲ မဟုတ်လား။  အဲ့ဒီ အတိုင်း ကြိုးစားနေထိုင်ရင်း ခင်ဗျားကိုယ် ခင်ဗျား ပုံသွင်း ယူ မယ် ~ လူ့ဘောင်အဖွဲ့အစည်းက ချမှတ်တဲ့ စည်းမျဉ်းတွေ ကို လိုက်နာမယ် ~ ဆိုရင် - ခင်ဗျားကို သူတို့ လေးစားမှာပဲ မဟုတ်လား ။ မလိုက်နာဘူး ဆိုရင်တော့ ~ ကျိန်းသေပါတယ် ~ ခင်ဗျားကို သူတို့ ပြင်းပြင်းထန်ထန် ရှုတ်ချမယ်။ ကန့်လန့် တိုက်ရင် ခင်ဗျား ကို သူတို့ ပစ်ပယ် မယ်။ ဒီထက်ပို ဆိုးဝါးမယ် ဆိုရင်တော့ ခင်ဗျားကို သူတို့ ကိုယ်ထိ လက်ရောက် ပြုလာ မယ်။ သတ်ပစ်ကောင်း သတ်ပစ်နိုင် တယ်။ ခင်ဗျား အဆိပ်သောက် မလား။ ကားစင် တက်မလား။ ကျနော်တို့ ရှေ့မှာ - ခရစ်၊ ဆိုခရေးတီး စတဲ့ ပုဂ္ဂိုလ်တွေ ဟာ အဲ့ဒီ အတွက် သက်သေတွေပဲ ဖြစ်ပါတယ်။



ကျနော့ အနေနဲ့ ပြောလိုတာက - လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေ ဟာ ခင်ဗျား အတွက် ကျွန်ပြုထားတာ သက်သက်။ ခင်ဗျား က ကျွန်အဖြစ် ကောင်းကောင်း အလုပ်အကျွေး ပြုရင် သူရို့ ခင်ဗျားကို လေးစားမယ်။ ဒီလိုမှ မဟုတ်ဘဲ ခင်ဗျား က သူတို့နဲ့ မဆိုင်- သူတို့ အတိုင်း မလိုက်နာပဲ သီးခြား ဖြစ်နေမယ် ဆိုပါတော့။ - ဒါဆိုရင်တော့ -- အဲ့ အဖွဲ့အစည်း တစ်ခုလုံး ဒေါသ အမျက် ထွက်လာကြ ပါလိမ့် မယ်။ ခင်ဗျားကို ကြဉ်ဖယ်ဖို့ အကြောင်း ရှာကြ ပါလိမ့်မယ်။

ဒါ့ကြောင့် -

- To really be a free man and to exist in any society is very difficult.

လွတ်မြောက်သူ လည်းဖြစ်၊ လူ့အဖွဲ့အစည်း အတွင်း အကျအန နေထိုင်လိုသူ လည်း ဖြစ် - အဲ့ဒီ နှစ်ခု အတူတကွ ဖြစ်ဖို့ ဆိုတာ အင်မတန် ခက်ခဲနေပါတယ်။ စင်စစ် မဖြစ်နိုင် သလောက် နီးနီးပဲ။ ဟုတ်တယ်ဟုတ်။

အကြောင်းက - လူ့ဘောင် အဖွဲ့အစည်း ဟာ လွတ်လပ်သူ ကို မလိုလား ဘူး။ လွတ်လပ်သူ တစ်ယောက်  လူ့အဖွဲ့အစည်း တည်ရှိနေရင်  အန္တရာယ် သာ ဖြစ်တယ်။ Zombies တွေလို၊ စက်ရုပ်လို နေထိုင်တတ်ဖို့ သာ လိုတယ်။---- "အားလုံး သတိ" လို့ အော်ရင် - တန်းပြေးစီ၊ မတ်မတ်ရပ်မယ့် သူတွေကို သာ လူ့အဖွဲ့အစည်းက ထောက်ပံ့ပါတယ်။ ချီးမြှောက်ပါလိမ့် မယ်။ ၊ ပုံစံတကျ ညီတူညီမျှ မျက်နှာပိုး သေသေ နဲ့ - စက်ရုပ်လူသား ၊ ပုံစံတူ လူသား တွေဟာ သူရို့ အတွက် ချစ်စဖွယ်တွေ ဖြစ်ပါတယ်။ အထက်အမိန့် တစ်သွေ မတိမ်း တွေ ကို ဒီအဖွဲ့အစည်း က - လက်ခုပ် ဩဘာ ထောမနာ ပြုကြ ပါလိမ့် မယ်။ သူရို့ရဲ့ ရွှေတံဆိပ်တွေ၊ ကြယ်ပွင့်တွေနဲ့ ၊ ဂုဏ်ထူးဆောင် ဘွဲ့တွေဟာ အဲ့ဒီ "ကျွန်ကောင်းကောင်း အပြုခံခြင်း" ကနေ ရရှိတယ်။ ခင်ဗျား က မျက်နှာပိုး သေသေနဲ့ ခိုင်းရာ လုပ်၊ ထားရာနေ၊ စေရာသွား၊ စကား နားထောင်၊ ဘေးရှောင် မသွားရင် - ခင်ဗျားကို မဟား တရား သူကောင်းပြု ကြလိမ့်မယ်။ ဒါပေတဲ့ - လွတ်လပ်သူ တစ်ယောက် အတွက်တော့ အဲ့ဒီ ဆုတွေ၊ တံဆိပ်တွေ - ဘယ်တော့မှ မရဘူး ပဲ။

- ဒါက လည်း သဘာဝ ကျပါတယ်။ - ကောင်းကောင်း ကျွန်ပြု မခံချင်တဲ့သူ ကို  ဘယ်ဆုတံဆိပ်   ချီးမြှင့် ပေးရဦးမလဲ။ လုပ်ချင်း လုပ် ရင် - ခင်ဗျားကို ကျီးအာသလို၊ ခွေးအတွေ ဆွဲသလို ဝိုင်းလုပ်ကြ၊ ဆွဲကြဖို့ပဲ ဖြစ်မယ်။  ဖြစ်ချင်း ဖြစ်ရင် ခင်ဗျားဟာ သူတို့ရဲ့ ရန်သူ  ဖြစ် သွားမယ်။ ဘာသာရေး အဖွဲ့ အစည်း တစ်ခု အတွင်းမှာ - ဘာသာမဲ့ ဟာ ရန်သူ ဖြစ် နေမယ် မဟုတ်လား။ အဲ့လိုမျိုးပဲ။

ဒါ့ကြောင့် ကျနော် ပြောလိုတာက - ခင်ဗျားဟာ သူတို့ အထင်တွေ အတိုင်း ဟိုယိမ်း ဒီယိမ်း ရှိနေသလား - ကြည့်ကြည့်ပါ။ သူရို့ ချမှတ် တဲ့ စည်းမျဉ်း တွေကြား ကိုက်ခဲနေရ သလား။  ခဏ ဖယ်ထားကြည့်ပါ။ မိမိ ဘဝ နေထိုင် ရာ အတွင်း မှာ အခြားသူတွေကို ကြည့်ပြီး မိမိ ဘာသာ ပုံမသွင်းမိဖို့ပဲ လိုပါတယ်။ Be yourself. ခင်ဗျားဟာ အခြားသူ ဘယ်နည်းနဲ့ မှ မဟုတ်ဘူး။  ခင်ဗျား ဟာ ခင်ဗျား သက်သက်။ ခင်ဗျား စစ်စစ် ကိုယ်တိုင်ဖြစ်အောင် ပြောရတာ အားနာစရာပါပဲ - ဒါပေတဲ့ အဲ့ဒီ မိမိ အဖြစ် အရင်းအတိုင်း နေထိုင်ဖို့သာ လိုအပ် နေ ပါတယ် ။ ခင်ဗျားရဲ့ ကောင်းမွေ ဆိုးမွေကို ခင်ဗျား မလုပ်ရင် အခြား ဘယ်သူ့ ဘယ်သူမှ မလုပ်နိုင်ဘူးရယ်။ သူတို့ရဲ့ အထင် အမြင် တွေ ကို ကောက်ယူပြီး ဖော်စပ် ထားတဲ့ ပုံရိပ်ဟာ အိပ်မက်ပုံရိပ် သာ ဖြစ်နေကြောင်း အဲ့ဒီ အခါ ခင်ဗျား မြင်ရပါလိမ့်မယ်။ အဲ့ဒီ အဖြစ် ကို မြင်သွား တဲ့ သူအတွက် ကြောက်ရွံ့စိတ် လည်း ရှိမနေတော့ဘူးရယ်။

.......................
March 15th 2012 at 9:00 PM
.......................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...