Thursday, March 8, 2012


(ရေးသူ.. ပတ်မကြီး)

လမ်းညွှန်ချက် (၁)
ရှေးဦးပထမ မိမိကိုယ်ကို နာမည်ကြီးအောင်လုပ်ရမည်။ နာမည်ကြီးအောင်လုပ်သည်ဆိုရာ
ကိုယ်ကျိုးအတွက်မဟုတ်ပေ။ ပုဂ္ဂိုလ်ခင်မှတရားမင်သည် ဆိုသော ဗမာစကားအရ
နာမည်မကြီးလျှင် မိမိတို့ လုပ်ချင်သလောက် ခရီးမတွင်သည်ကို တွေ့ ရလိမ့်မည်။

လမ်းညွှန်ချက် (၂)
ကိုယ့်ကို သူများက အထက်ကြီးအောင်လုပ်နည်းဖြစ်သည်။ နာမည်ကြိးအောင်လုပ်ခြင်းနှင့်
ဆက်သွယ်ရာတွင် လုပ်ငန်းတစ်မျိုးကို ပြောသည့်ဆိုသည့်အခါ မိမိသည်မည်ကဲ့သို့ 
အလုပ်ကြီးအကျယ်တွေ ဘယ်လိုလုပ်ခဲ့သည်၊ အခု မည်သို့ လုပ်နေသည်၊ နောင်လည်း
ဘာလုပ်ဦးမည် စသည်တို့ ကို ပြောပေးရမည်။ နားထောင်သူများ အကုန်မှတ်မိပေမည်မဟုတ်၊
ပြောတဲ့အတိုင်းလုပ်မည်ဟု တစ်ထစ်ချပြောရန်မလို၊ လုပ်တော့မလိုလိုသာ ပြောရန်ဖြစ်သည်။
ဥာဏ်ကောင်းသူက မှတ်မိစေကာမူ အလွန်ဆုံးသံသယဖြစ်လျှင် (သူတို့ အချိန်မကျသေးလို့ ဘဲ
သို့ မဟုတ်- အခြားဟာတွေများနေလို့ ဘဲဟု သူ့ ဟာသူ ဖြေယူလိမ့်မည်။

လမ်းညွှန်ချက် (၃)
တတိယလုပ်ငန်းကား တပည့်များကိုလည်း သူတို့ ကို တပည့်ဟုမထင်စေနှင့်။ သူတို့ ဘဲဆရာ၊
သူတို့ ဘဲ အာဏာရှင်တွေထင်အောင် လုပ်ပေးရမည်။ ဤနေရာ၌ သတိထားရမည့်အချက်မှာ
တပည့်က အမှန်အတိုင်းသိရှိသွားလျှင် ဆရာအာခံလိမ့်မည်။ တပည့်အချင်းချင်း သိပ်အဆက်
အစပ် မရှိစေနှင့်။ ပြန်ချလိမ့်မည်၊ တတ်နိုင်သမျှသွေးခွဲထားရမည်။ အမုန်းခံစရာရှိလျှင်
ကိုယ်ကိုယ်တိုင် ဘယ်တော့မှမလုပ်နဲ့ ၊ ဓားခုတ်လက်လျှိုမိသူတွေ ရှာထားရမည်။
ကိုယ့်တပည့် နာသွားလျှင် ကျောသပ်ရင်သပ်အလုပ်ကတော့ လုပ်ပေးရမည်။
ကိုယ့်တပည့်အား လာမကြည့်သူ၊ နွေးထွေးမှုမပေးသူတို့ အား မုန်းသွားအောင်တွန်းပေးရမည်

လမ်းညွှန်ချက် (၄)
စတုတ္ထလုပ်ငန်းကား လူပါးလုပ်ပေးရန်ဖြစ်၏။ ကိုယ်မှန်တယ် ဟုတ်တယ်ထင်တိုင်း မလုပ်နှင့်။
ဥပမာ- မိမိတို့ ထဲတွင် နှစ်ဘက်ကျဲနေလျှင် စေ့စပ်မပေးနှင့်။ စေ့စပ်၍မရဘူးထင်လျှင်
တိုက်ပေး။ တစ်ဘက်တော့ ပါလေမယ်စိတ်မကူးနဲ့ ။ တို့ အချင်းချင်း ညီလေမှဘဲဟု တကယ့်
စိတ် တကယ့်စေတနာနှင့် ညီညာအောင်လုပ်လျှင် နှစ်ဘက်စလုံးက မုန်းလိမ့်မည်။ သူတို့ 
ဖြစ်နေတဲ့အထဲ ကိုယ်က ရှောင်နိုင်သမျှရှောင်ပေး။ ဤကိစ္စမျိုးတွင် နှစ်ဘက် စားတတ်ရမည်။
မင်းကြီးစော်ကဲထုံး နှလုံးမူရမည်။ တကယ်ဘက်မလိုက် မနေရအောင်ဖြစ်လေလေ
ယောင်လည်လည် လုပ်ပေးရမည်။ အားလုံးကိစ္စတွေပြီးလောက်ပြီထင်လျှင် ကိုယ်က ၀င်ပြီး
အသားယူပေတော့။

လမ်းညွှန်ချက် (၅)
နိုင်ငံရေးလုပ်ရာတွင် ငွေရေးကြေးရေးကိစ္စမှာ အရှုပ်ဆုံးဖြစ်သည်။ ငွေရေးကြေးရေးကို
ရှင်းရှင်းလုပ်ရမည်။ ကိုယ့်ငွေကိုယ်သုံးတောင် အသုံးမတတ်လျှင် အပြောခံရလိမ့်မည်။
အသုံးတတ်လျှင် ကိုယ့်ငွေမဟုတ်တောင် မစွပ်စွဲရဲ။ သို့ ဖြစ်၍ နိုင်ငံရေးမလုပ်မီ ကိုယ့်ငွေနှင့်
ကိုယ် လွတ်လွတ်လပ်လပ်ရှိရမည်။ သူများပေါ် မှီခိုခြင်းမရှိရ။ သူငယ်ချင်းများ အထောက်အပံ့
နှင့်လုပ်ကြစေကာမူ ပြောစရာဆိုစရာရှိတော့ ငွေရေးကြေးရေးနှင့်ပင် အနှံခံရ၏။ ငွေရေး
ကြေးရေးအတွက် နိုင်ငံရေးလုပ်သူအချင်းချင်း မှီခိုရသည့်အဖြစ်မျိုး ဘယ်တော့မှ မရောက်
စေနှင့်။ ချေးစရာရှိ တခြားကချေး၊ တောင်းစရာရှိ တခြားကတောင်း။ နိုင်ငံရေးအယူအဆ
လုပ်ရပ်ခြင်းမတူလျှင် အပြတ်အသတ်အတွယ်ခံရလိမ့်မည်။ ချေးစရာရှိလျှင် ချေးလိုက်၊
သို့ ရာတွင် ထိုသူအား မိမိ၏နိုင်ငံရေးလုပ်ငန်းတွင် အသုံးချပေး။ ကျေးဇူးတင်စရာရှိနေသဖြင့်
ခိုင်းသမျှ လုပ်ပေးရလိမ့်မည်။

လမ်းညွှန်ချက် (၆)
ဘယ်တော့မှ ချည်ပြီးတုတ်ပြီး အမိမခံနှင့်။ ပြောသည့်ဆိုသည့် လုပ်သည့်နေရာမှာ ကိုယ့်ကို
ဘယ်တော့မှ အမိမခံနှင့်။ ဟိုလိုလို ဒီလိုလို လုပ်နေရမည်၊ ပြောနေရမည်။ ပြောလျှင် မိုးလား
ကဲလားပြော။ သို့ ရာတွင် ပြောရာ၌ တစ်ချက်မှ မကျွံစေနှင့်။ ရှောင်သာ တိမ်းသာ ဆုတ်သာ
တက်သာ ဖြစ်ရမည်။

လမ်းညွှန်ချက် (၇)
ခြိမ်းခြောက်တတ်ရမည်ဖြစ်ပေသည်။ တာဝန်ကို ရှောင်နိုင်သမျှရှောင်ပေးရမည်။ သို့ မှသာ
ကိုယ်က တစ်ပန်းသာသည်။ တာဝန်ခံလုပ်သူများမှာ တာဝန်ကျေပွန်အောင်လုပ်နေရသဖြင့်
ခေါင်းရှုပ်နေ၏။ ခင်ဗျားတို့  ဒါလုပ်မလား မလုပ်ဘူးလား။ ကျုပ် ထွက်လိုက်မယ်၊ ခင်ဗျားတို့ 
ကျုပ်ကို မတိုင်ပင်ရင် ဘယ်လိုအကူအညီမှမပေးဘူး စသည်ဖြင့် ဟုတ်ဟုတ် မဟုတ်ဟုတ်
ခြိမ်းခြောက်ပေးရမည်။ စုပေါင်းတာဝန်ယူတတ်သူများ စုံပေရာ ဤကဲ့သို့ ခြိမ်းပေး
ခြောက်ပေးတတ်သူများအပေါ် အကြောင်းမသိသူ၊ သွေးကြောင်သူ၊ စိတ်အညစ်မခံနိုင်သူ
ူများက အားကိုးလာလိမ့်မည်၊ ကိုယ့်ဘက်ပါလိမ့်မည်ဟု စိတ်သာချထား။

လမ်းညွှန်ချက် (၈)
ကြောက်ဖော်များနှင့် ပေါင်းပေးရမည်။ နိုင်ငံရေးတွင် ရဲဘော်အလွန်နည်းသည်ကိုသိရမည်။
ရဲဘော်ဆိုရာ၌ တုံးတိုက်တိုက် ကမ်းတိုက်တိုက်လုပ်မိသူများဖြစ်ရာ မည်မျှလောက် ကြီးကြီး
ကျယ်ကျယ်ပြောစေကာမူ တကယ်လုပ်မည့်သူများမှာ လက်ချိုး၍ ရေရမလောက် ရှားပါး
သည်ကိုသိထားရမည်။ မိမိနှင့်တိုင်ပင်ဖော်တိုင်ပင်ဘက်များမှာ တကယ်ကျလျှင် ရှောင်သွား
မည့်သူ များသည်ကိုသိထားရမည်။ နိုင်ငံရေးအရှိန်ယူလိုလျှင် ကြောက်ဖော်တွေနှင့်သာ
ပေါင်း။ နိုင်ငံရေးစကားမပြောဘဲ ဘမော်က ဘယ်လိုအသားယူတယ်၊ မောင်စောက ဘယ်လို
ဟူ၍သာ လက်ဘက်ရည်ဆိုင်စကားမျိုးပြော။ ဘယ်သူကို ကျုပ်က ဘု မှုတ်လိုက်တာဘဲ
ဟူ၍သာ လုပ်ပေး။

လမ်းညွှန်ချက် (၉)
လူများစုနှင့်လုပ်ငန်းလုပ်ဆောင်ရန်ဖြစ်သည်။ ဤအတိုင်းသာဆို လူအများစုလုပ်ငန်း
(Mass Action)ကို အစီအစဉ်လုပ်ရန်ခဲယဉ်း၏။ သို့ ရာတွင် အားပျက်စရာမလို၊
ကိုယ် ယုံကြည်စိတ်ချနိုင်သူတစ်ယောက် နှစ်ယောက်နဲ့ သာ တိုင်ပင်ပြီး လူတွေကို လိုချင်တဲ့
ဆီ ရောက်အောင် ညာပြီးဆွဲယူ၊ ချောက်သာ တွန်းပေး၊ ချောက်ကျရင်းကျရင်း လုပ်လာကြ
လိမ့်မည်။

အတိုချုပ်ဆိုရလျှင် ဗမာပြည်ရှိလူဦးရေ (၁၄)သန်းကို လူဟူ၍ မမှတ်ဘဲ စစ်ဘုရင်ကစားရာတွင်
ဟိုရွှေ့ ဒီရွှေ့ ရသော (နယ်)ရုပ်ကလေးတွေဟူ၍သာ အောက်မေ့၊ ကိုယ်လုပ်ချင်ရာလုပ်၊
ကိုယ်လုပ်ချင်ရာလုပ်ဆိုတိုင်း အရမ်းမလုပ်နဲ့ ဦး။ အဖွဲ့ ဆုံးဖြတ်ချက် အမှုဆောင်အဖွဲ့ ဆုံးဖြတ်
ချက်နဲ့ လုပ်တာတောင် (ဟာ.. သူတစ်ယောက်တည်းလုပ်တာတွေ)ဟု လုပ်သူတစ်ယောက်
နှစ်ယောက်ပေါ် ပုံချတတ်ပေရာ အများနှင့်တိုင်ပင်ဟန် လုပ်ပေးရမည်။ ကိုယ့်ကိုယ်ကိုယ်
အထင်ကြီးသူတွေကိုလည်း တိုးတိုးတိတ်တိတ်ခေါ်ပြီး ခင်ဗျားမို့ တိုင်ပင်တာ၊ တခြားလူတွေ
ကို တိုင်ပင်တာမဟုတ်ဘူးဆိုပြီး သွေးနားထင်ရောက်ပုံမက ဦးနှောက်က ဖောက်ထွက်သွား
အောင် လုပ်ပေးရမည်။ ဤကား အကြမ်းမျှသာဖြစ်သေး၏။ အကျယ်ကိုမူကား လုပ်ရင်း
တွေ့ လာလိမ့်မည်။

(၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် အိုးဝေ မဂ္ဂဇင်းမှ ရွေးချယ်ကောက်နုတ်ဖော်ပြပါတယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...